Gold Stone Travel & Tours - ဟဂ်ျနှင့်အွမ္မရာဟ်အထူးဝန်ဆောင်မှုကုမ္ပဏီ

  • Home
  • Myanmar
  • Yangon
  • Gold Stone Travel & Tours - ဟဂ်ျနှင့်အွမ္မရာဟ်အထူးဝန်ဆောင်မှုကုမ္ပဏီ

Gold Stone Travel & Tours - ဟဂ်ျနှင့်အွမ္မရာဟ်အထူးဝန်ဆောင်မှုကုမ္ပဏီ ဆော်ဒီဟဂ်ျဝန်ကြီးဌာနလိုင်စင်နံပါတ် ၄၈၅၁
ဖြင့်ဟာဂျီ ၂၀၀ ခေါ်ဆောင်ခွင့်ရရှိထားပါသည်။

ကျွန်တော်တို့  "Gold Stone Travel & Tours Co.,Ltd" က Hajj🕋 ခရီးစဉ်တွေကို နှစ်ပေါင်းများစွာ စီစဉ်ပေးလာခဲ့ပြီး၊ ဟာဂျီတွေရဲ...
23/07/2026

ကျွန်တော်တို့ "Gold Stone Travel & Tours Co.,Ltd" က Hajj🕋 ခရီးစဉ်တွေကို နှစ်ပေါင်းများစွာ စီစဉ်ပေးလာခဲ့ပြီး၊ ဟာဂျီတွေရဲ့ စိတ်ကျေနပ်မှုကို ရှေးရှုကာ ဝန်ဆောင်မှုပေးနေတဲ့ Company တစ်ခုဖြစ်ပါတယ်။🥰 ယခုအခါမှာတော့ ကျွန်တော်တို့ Company ကနေ Umrah သွား‌ရောက်ချင်သူတွေအတွက် အကောင်းဆုံး ၀န်ဆောင်မှုတွေနဲ့အတူ သင့်တင့်တဲ့ စျေနှုန်းနဲ့ အတူ ခေါ်ဆောင်သွားဖို့ Package လေး တစ်ခု စီစဥ်ထားပါတယ်။❤️ ဒီ Umrah Package မှာ-
(၁) အသွားအပြန် လေယာဥ်လက်မှတ်✈️
(၂ ) အွမ်ရာဟ် ဗီဇာ
(၃) မက္ကာဟ်၊ မဒီနာတွင် တည်းခိုးရန် ဟိုတယ်များ🏨
(၄) အထင်ကရ အလည်အပတ်ခရီးစဥ်များ🕌
(၅) ဟာဂျီများ သက်သောင့်သက်သာ ရှိစေရန် ကျည်ဆန်ရထား ဖြင့်စီစဥ်ပေးခြင်း 🚄🚄🚄

စတာတွေပါ၀င်တာကြောင့် အတူလိုက်ပါချင်တဲ့ မိတ်ဟောင်း၊ မိတ်သစ်၊ ဆွေမျိုးတို့က အောက်မှာ ဖော်ပြထားတဲ့လိပ်စာ၊ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ..👌
လိပ်စာ🏠 - အမှတ်(၁၈၀)၊ ၄-လွှာ၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ☎️ -09454496668, 095075930

ရုံးခွဲ 🏠- အမှတ် ၁၄B၊ စကားဝါလမ်း မော်လမြိုင်မြို့၊
ဖုန်း ☎️ -09454496668, 095075930

#အွမ်ရာဟ် #ဟဂျ်

ဇူလ်ဟစ်ဂျ်ဟ်လ (၉)ရက်နေ့(အာရဖသ်နေ့)နှင့်➖➖➖➖➖➖➖➖➖➖➖➖➖ဇူလ်ဟစ်ဂျ်ဟ်လ (၁၀)ရက်နေ့ ➖➖➖➖➖➖➖➖➖➖ဟာဂျီများသည် အာရာဖတ်တွင် တစ်နေ့တာ...
26/05/2026

ဇူလ်ဟစ်ဂျ်ဟ်လ (၉)ရက်နေ့(အာရဖသ်နေ့)နှင့်
➖➖➖➖➖➖➖➖➖➖➖➖➖
ဇူလ်ဟစ်ဂျ်ဟ်လ (၁၀)ရက်နေ့
➖➖➖➖➖➖➖➖➖➖

ဟာဂျီများသည် အာရာဖတ်တွင် တစ်နေ့တာကုန်ဆုံး၍ ဝူကုဖ် (ဆိုင်းငံ့ပြီးနောက်)
နောက် မူဇ်ဒါလီဖာသို့ ဆက်လက်ထွက်ခွါကြသည်

မူဇ်ဒါလီဖာသည် အာရာဖတ်နှင့် မီနာကြားရှိ သန့်ရှင်းသော လွင်ပြင်တစ်ခုဖြစ်သည်။

ဇူလ်ဟစ်ဂျဟ် ၉ ရက်နေ့တွင် ဤနေရာတွင် ညအိပ်ခြင်းသည် အရေးကြီးသော ဟာ့ဂ်ျထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်။

နေဝင်ပြီးနောက် ဟာဂျီများသည် အာရာဖတ်မှ မူဇ်ဒါလီဖာသို့ ခရီးထွက်ကာ မဂ္ဂရစ်နှင့် အီရှာတို့ကို ပေါင်း၍ဝတ်ပြုရပြီး ကောင်းကင်အောက်တွင် တညတာအေဗာဒသ်ပြု အိပ်စက်ကာ ရှိုင်တွာန်အကြီးအားကျောက်ခဲဖြင့် ပစ်ပေါက်ရန် ကျောက်စရစ်ခဲများ
(များသောအားဖြင့်အလုံးရေ၄၉မှ၇၀ထိ)
ကို စုဆောင်းကြသည်။

ဒီညဟာ အလွန်ပဲထွတ်မြတ်တဲ့ညဖြစ်ပြီး ဇိကိရ်နှင့် ဒိုအာတွင် ကုန်ဆုံးရမည်။

ထို့နောက် ရှိုက်သွာန်ခဲပေါက်ဖို့အတွက် အနည်းဆုံးခဲလုံး (၄၉)လုံး လိုအပ်ပါသည်။ အနည်းငယ်ပိုကောက်သွားရပါမည်။
ခဲလုံး ၇၀ခန့် လိုရမယ်ရပိုကောက်သွားလျှင် ပိုကောင်းမည်ဖြစ်ပြီး ထိုခဲလုံးများကို ရေဆေးသန့်စင်
လိုက်လျှင်ပို၍ကောင်း ပါမည်။

တချို့လမ်းမှာ ခဲထုပ်လေးတွေဝေပေးနေတာလဲ ရှိပါတယ် ။

မုဇ်ဒလိဖာ မှာ
နံနက်ဖဂျရ်နမာဇ်ဝတ်ပြုပြီးသည့်အချိန်အထိ ဆိုင်းငံနေရမည်။
မုဇ်ဒလိဖာမှာ ဖဂျရ်နမာဇ်အပြီး ခေတ္တဆိုင်းငံနေခြင်းဟာ ဝါဂျိဗ်တာဝန်ဖြစ်ပါသည် ။

ဇိလ်ဟဂ်ျလ(၁၀)ရက်နေ့ နံနက်ဖဂျရ်နမာဇ်ဝတ်ပြုပြီး
ခဏနားကာမီနာသို့
ဆက်လက်ထွက်ခွာရတော့မည်ဖြစ်သည်။

ရှိုက်သွာန်အကြီးကို ခဲ ၇ လုံးဖြင့်ပေါက်ရမည်။ (ခဲပေါက်ရန်အကောင်းဆုံးအချိန်မှာ နေထွက်ချိန်ကစပြီး မွန်းလွဲချိန်အထိဖြစ်ပါသည်။)
မွန်းလွဲချိန်ကနေ မဂ်ရိဗ်အချိန်အထိပေါက်ခွင့်ရှိပါသည်။ မဂ်ရိဗ်အချိန်ကျော်သွားပါက မက္ကရူဟ်အချိန်ဖြစ်သွားပြီး နံနက်ဖဂျရ်အချိန်မှာ ကုန်ဆုံးပါတယ်။

ရှိုင်သွာန်အကြီးတစ်ခုတည်းကိုပဲ
ခဲ(၇)လုံးနှင့် တစ်လုံးချင်းစီ
ပစ်ပေါက်ရမှာဖြစ်ပြီး ခဲလုံးလေးကို လက်ညှိုးလက်မဖြင့် ညှပ်ကိုင်ပြီး ဂျိုင်းပေါ်အောင်မြှောက်ကာ ပေါက်သည့်အခါတိုင်း
"ဗိစ်မိလ္လာ အလ္လာဟုအက္ကဗရ်" ဟုဆို၍ပေါက်ရမည် ဖြစ်ပါသည် ။

ခဲပေါက်ပြီးနောက် ဟဂ်ျရဲ့ကုရ်ဗာနီပြုလုပ်ရပါမည်။ ဟဂ်ျရဲ့ကုရ်ဗာနီကို ဒမ်မေရှုကုရ် ဟုခေါ်ပြီး ၎င်းသည် ဝါဂျိဗ်တာဝန်ဖြစ်သည်။

ကုရ်ဗာနီပြီးမှသာ ဆံပင်ရိတ်ခြင်း၊ ဖြတ်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။

အမျိုးသမီးများအနေဖြင့်
ကုရ်ဗာနီပြီးမပြီးကို ဟဂ်ျအေးဂျင့်များမှ
ကြေငြာပေးပါသည် ။

ထိုအချက်များကို အစဉ်လိုက်ပြုလုပ်ရမည်ဖြစ်သည်။ အစဉ်လိုက်မလုပ်ပါက
ဒမ်ပေးဆောင်ရမည်။

🕋ဟာဂျီများအတွက်အထူးအကြံပြုချက်‼️ယခုနှစ် 2026ခုနှစ်တွင် အရှင့်အိမ်တော်သို့ သွားရောက်ကြမည့် ဖန်းဆင်းရှင်၏ဧည့်သည်တော်အပေါင်...
16/05/2026

🕋ဟာဂျီများအတွက်အထူးအကြံပြုချက်

‼️ယခုနှစ် 2026ခုနှစ်တွင် အရှင့်အိမ်တော်သို့ သွားရောက်ကြမည့် ဖန်းဆင်းရှင်၏ဧည့်သည်တော်အပေါင်းအတွက် အကြံပြုချက်အချို့ကိုတင်ပြအပ်ပါတယ်။

‼️ယခုအချိန်ဆိုရင်ဖြင့် မြန်မာနိုင်ငံဒေသအသီးသီးမှ ဟာဂျီများသည် အမျိုးမျိုးသော ဟဂျ်ခရီးသွားဝန်ဆောင်မှုကုမ္ပဏီကြီးများ၏ဦးဆောင်မှုနှင့်အတူ အရှင့်အိမ်တော်ရှိရာ မက္ကဟ်ရွှေမြို့တော်သို့ ထွက်ခွါခဲ့ကြပြီးဖြစ်ပါတယ်

‼️အထူးသတိပြုရန်အချက်မှာ ဟာဂျီများအနေနှင့် အရှင့်အိမ်တော်သို့ရောက်ရှိသည်နှင့် မိမိအဖွဲ့တာဝန်ခံများနှင့်အတူ အွမ်မရာပြုလုပ်ပြီးပါက ဟဂျ်ကာလ(၅)ရက်တာမတိုင်မီ ရက်အတွင်းအလွန်အကျွံသဝါးဖ်ပြုခြင်း နှင့် အွမ်မရာနောက်ထပ် အကြိမ်ရေများစွာပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်
(ဟဂျ်ကာလ၅ရက်တာပြီးဆုံးပါက မိမိစိတ်ကြိုက် သဝါးဖ် အွမ်မရာများအားပြုလုပ်နိုင်ပါသည်)

‼️အဘယ်ကြောင့်ဆိုသော် ဟာဂျီများအနေဖြင့် ရေပြောင်း မြေပြောင်း ရာသီဉတုပြောင်းသည့်အခြေအနေများအပေါ်တွင် ခံနိုင်ရည်မရှိပါက ဖျားနာ၍နေထိုင်မကောင်းဖြစ်တတ်ပါသည်။

‼️ထိုသို့ နေမကောင်းဖြစ်လျှင် အရေးကြီးသည့် ဟဂျ်တာဝန်များ လုပ်ဆောင်ရာတွင် ပျက်ကွက်လျော့လျဲမှုများဖြစ်ပေါ်လာနိုင်ပါသည်။

‼️ထို့ကြောင့် ဟာဂျီများအနေဖြင့် အထူးအရေးကြီးသည့် ဟဂျ်ကာလ(၅)ရက်တာ တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့ရောက်ရှိသည့်အချိန်မှ ဟဂျ်ကာလ(၅)ရက်တာပြီးဆုံးချိန်ထိ အထူးဂရုပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

🕋ခရီးတစ်လျှောက်လုံး သင့်နှလုံးသားကို အလ္လာဟ်အရှင်မြတ်နဲ့ ချိတ်ဆက်ထားပါစေ 💫

🕋အလ္လာဟ်အရှင်မြတ် ဟာဂျီတိုင်းရဲ့ ဟဂ်ျကို လက်ခံပြီး ခရီးစဉ်စဆုံး လွယ်ကူပြီး ကောင်းချီးမင်္ဂလာများပေးသနားတော်မူပါစေ။

အာမီးန်
Gold Stone Travel&Tour

Gold

ဟဂျ်ခရီးစဉ်အစ➖➖➖➖➖✅အင်မတန်မွန်မြတ်လှသော ဟဂျ်ခရီးစဉ်ထွက်ခွါခါနီးတွင်ဆွေမျိုးသားချင်းများ ၊မိတ်ဆွေများအိမ်နီးချင်းများထံမိ...
16/05/2026

ဟဂျ်ခရီးစဉ်အစ
➖➖➖➖➖

✅အင်မတန်မွန်မြတ်လှသော ဟဂျ်ခရီးစဉ်ထွက်ခွါခါနီးတွင်ဆွေမျိုးသားချင်းများ ၊မိတ်ဆွေများအိမ်နီးချင်းများထံမိမိအပြစ်များနှင့်ပြောမှားဆိုမှားခဲ့မိသည်ကိုခွင့်လွှတ်ပေးပါရန် ပြောဆိုပြီး ၎င်းတို့အားကောင်းမြတ်သောဒိုအာပြုပေးရန်ပြောဆိုရမည်။

✅ဆွေမျိုးသားချင်းများ မိတ်ဆွေများ အိမ်နီးချင်းများကိုနှုတ်ဆက်သောအခါ

“ကျွန်ုပ်သည်အသင်တို့အားအလ္လာဟ်အရှင်မြတ်ထံအပ်နှံပါ၏။ထိုအရှင်မြတ်ထံအပ်နှံထားသောအရာများသည်
ပျက်စီးဆုံးရှုံးသည်ဟူ၍မရှိပေ။””ဟုဒိုအာပြုရမည်။

✅အိမ်မှမထွက်ခွါမီ နဖိလ်ဆွလားသ်(၂)ရကအသ်ဝတ်ပြုကာ အိမ်တံခါးဝအနီးသို့ရောက်လျှင်စူရဟ်ကဒ်ရ်(အင်းန္နာအန်ဇလ်နာ——)ကိုအလွတ်ရပါက အဆုံးထိဖတ်ပါ။

✅အိမ်ပြင််ရောက်လျှင်မိမိတတ်စွမ်းသမျှဆွဒကဟ်ပြုပါ။ထို့နောက် အာယသွလ်ကုရ်စီဖတ်ပြီးအောက်ပါဒိုအာကိုဖတ်ပါ
“”အို…အလ္လာဟ်အရှင်မြတ်၊ကျွန်တော်မျိုး/မတို့၏ဤခရီးစဉ်တွင်ကောင်းမှုကုသိုလိကို၎င်း၊သပ်က်ဝါအပြစ်ဒုစရိုက်ဟူသမျှမှရှောင်ကြဉ်နိုင်ရန်၎င်း၊အရှင်မြတ်နှစ်သက်တော်မူသောအမလ်ကျင့်စဉ်များကို၎င်းအရှင်မြတ်ထံတော်ပါးမှတောင်းခံအပ်ပါသည်။ကျွန်တော်မျိုး/မတို့၏ ဤခရီးစဉ်ကိုလွယ်ကူစေတော်မူပါ။၎င်းပြင်ကွာဝေးသောလမ်းခရီးကိုတိုတောင်းစေတော်မူပါ။အရှင်မြတ်သည်သာလျှင် လမ်းခရီးတွင်ကျွန်တော်မျိုး/မတို့၏အဖော်ဖြစ်ပါ၏။ထို့အတူကျန်ရစ်ခဲ့သောကျွန်တော်မျိုး/မတို့၏အိမ်သူအိမ်သားများအားလည်းထိန်းသိမ်းစောင့်ရှောက်ပေးတော်မူသောအရှင်ဖြစ်၏။
အို….အလ္လာဟ်အရှင်မြတ် ခရီးစဉ်၏ပြင်းထန်မှုဒုက္ခရောက်စေမှုတို့မှ၎င်း၊မကောင်းသောအခြေအနေများမြင်တွေ့ရခြင်းမှ၎င်း၊အိမ်ပြန်ရောက်သောအခါအိမ်သူအိမ်သားတို့အားမလျော်ကန်သောအခြေအနေအဖြစ်မျိုးကိုမြင်တွေ့ရခြင်းမှ၎င်း၊တိုးတက်ပြီးမှဆုတ်ယုတ်ရသောအဖြစ်ဆိုးမှ၎င်း၊ညှဉ်းပန်းနှိပ်စက်ခံရသူ၏ကျိန်ဆဲခြင်းမှ၎င်း အရှင်မြတ်ထံတော်ပါးတွင်ခိုလှုံခွင့်ရရှိရန်တောင်းခံအပ်ပါသည်။ ‘“””

✅အစီးအနင်းပေါ်ရောက်လျှင် ''ဗစ္စမစ်လ္လာဟ်”ဆိုလျက်
အစီးအနင်းဒိုအာဖတ်ပါ။

အစီးအနင်းဒိုအာ၏မြန်မာအဓိပ္ပယ်မှာ'''ဤအစီးအနင်းကိုကျွန်တော်မျိုး/မတို့အားနိုင်နင်းစေတော်မူသောအရှင်မြတ်သည်စင်ကြယ်သန့်ရှင်းတော်မူပါ၏။အမှန်စင်စစ်ကျွန်တော်မျိုး/မတို့သည်ဤအစီးအနင်းကိုနိုင်နင်းရန်ခဲယဉ်းလှပါသည်။ဧကန်အမှန်ကျွန်ျတာ်မျိုး/မတို့သည်မိမိ၏အရှင်ထံတော်သိူ့ပြန်ကြရမည်သာဖြစ်၏’’’’

📌📌📌📌📌📌📌အထူးမှတ်သားထားရန်မှာအကယ်၍ဒိုအာများ၏အာရ်ဗီစာသားကျက်မှတ်ရန်ခက်ခဲပါကဒိုအာများ၏အဓိပ္ပယ်ကတွင်ပါရှိသောအကြောင်းအရာများကိုမိမိတို့တတ်ကျွမ်းသောဘာသာစကား(ဉပမာ-မြန်မာဘာသာ)ဖြင့်ဒုအာတောင်းဆုပြုပါ

ရဖီကေဟဂျ်မှ ကောက်နုတ်တင်ပြပါသည်။

A new phone charging station has been installed at Masjid al-Haram, making it easier for pilgrims to stay connected duri...
27/04/2026

A new phone charging station has been installed at Masjid al-Haram, making it easier for pilgrims to stay connected during their prayers and rituals.

မတ်စ်ဂျိဒိ ဟရာမ်တွင် ဟာဂျီများ ဆက်သွယ်ရေးပိုမိုလွယ်ကူအဆင်ပြေစေရန် မိုဘိုင်းလ်ဖုန်းအားသွင်းသည့်စတေရှင်အသစ်တခု တပ်ဆင်ထားရှိထားပါသည်။

မွန်မြတ်လှသော ဟဂျ်ကျင့်စဉ်၏အလှတရားများ➖➖➖➖➖➖➖➖➖➖➖➖➖➖➖🕋နှစ်စဉ်နှင့်အမျှ ကမ္ဘာအရပ်ရပ်မှ ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တ...
19/04/2026

မွန်မြတ်လှသော ဟဂျ်ကျင့်စဉ်၏အလှတရားများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🕋နှစ်စဉ်နှင့်အမျှ ကမ္ဘာအရပ်ရပ်မှ ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တို့သည် မက္ကာဟ်မြို့တော်ရှိ
ကအ်ဗဟ်ကျောင်းတော်သို့ လာရောက်၍ ဟဂျ်ပြုကြကုန်၏

🕋ထိုသို့ လာရောက်ဟဂျ်ပြုကြကုန်သော မွတ်စလင်မ်များတွင် လူကြီးလူငယ်လူရွယ်လူလတ်များ ၊အမျိုးသမီးများ၊အမျိုးသားများ ၊စိတ်ဓာတ်နူးညံ့သိမ်မွေ့သူများစိတ်ဓာတ်ခက်ထန်သူများ ၊ဘုရင် ၊သမ္မတ ၊အရာရှိ၊သူဌေးသူကြွယ်များ ၊ဆင်ရဲသား ၊ပညာရှိ ၊ပညာမဲ့ ၊ကုန်သည်ပွဲစား ၊အစရှိသောလူတန်းစားပေါင်းစုံပါဝင်ကြသည်။

🕋သို့ဖြစ်၍ ဟဂျ်သည် တိုင်းပြည်ပေါင်းစုံ လူမျိုးပေါင်းစုံလူတန်းစားပေါင်းစုံပါဝင်သော ကမ္ဘာ့မွတ်စလင်မ်
ညီလာခံကြီးပင်ဖြစ်ချေသည်။

🕋ဖော်ပြပါအတိုင်းကမ္ဘာ့အရပ်ရပ်မှဘာသာစကားအမျိုးမျိုးပြောဆိုကြကုန်သော အဝတ်အစားအမျိုးမျိုးဝတ်ဆင်ကြကုန်သော လူတန်းစားအလွှာပေါင်းစုံပါဝင်ကြကုန်သော ကမ္ဘာ့မွတ်စလင်မ်တို့သည်ကအ်ဗာ
ကျောင်းတော်သို့လာရောက်ကြသောအခါ မိမိတို့အမြဲတစေဝတ်ဆင်ကြသောအဝတ်အစားများကိုမဝတ်ကြတော့ဘဲ အဲဟ်ရမ်ခေါ် ဝတ်ဖြူကိုသာ ဝတ်ဆင်
ကြကုန်၏။

🕋ဟာဂျီများသည် အဲဟ်ရမ် ဝတ်ရုံကိုရုံပြီး လဗ်ဗိုက်” ထူးသည့်ချိန်မှစ၍ ဆံလည်းမသကြတော့ပေ။ခြေသည်းလက်သည်းများလည်း မထိကြတော့ပေ။ဆံပင်များတွင်ဆီများလည်း မထည့်ကြတော့ပေ။ရေချိုးပြန်လျှင်လည်းအမွှေးအကြိုင်ဆပ်ပြာမပါ သာမန်ပင်ချိုးကြသည်။ ထို့ကြောင့်ဟာဂျီများသည် အဲဟ်ရမ်ရုံထားသည့်အချိန်တွင် ဖုန်များပေလူးကာ ဆံများရှည်လျက်ရှိကြပေသည်။ထိုချိနိတွင် ဟာဂျီများသည် တဆင်တည်း တသံတည်းတသွေးတည်းဖြင့် တဆူတည်းသော အလ္လာဟ်အရှင်မြတ်အားအာရုံပြုကာ ချစ်ကြည်မြတ်နိုး ရိုသေခန့်ညားလျက် အရှင်မြတ်အားချီးမွမ်းတသခြင်းတွင်သာ နစ်မွန်းလျက်ရှိကြကုန်သည်။ ဟာဂျီများ၏ အသွင်ကားမြတ်နိုးဖွယ်ရာကောင်းလှပေသည်။

🕋ဝတ်ပြုရာတွင်လည်း မိမိတို့အမြဲတစေပြောဆိုလေ့ရှိသော ဘာသာစကားများကိုစွန့်၍ အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်ဖြစ်သော အရဗီဘာသာစကားဖြင့်သာဝတ်ပြုကြကုန်၏

🕋ထို့ကြောင့် ကမ္ဘာအရပ်ရပ်မှ လာကြကုန်သောမွတ်စလင်မ်များတွင် လူတန်းစားအမျိုးမျိုးပါဝင်ကြသော်ငြား
ဟဂျ်ပြုရာတွင်လူတန်းစားခွဲခြားမှု အလျင်းမတွေ့ရပေ။

🕋ကမ္ဘာ့အရပ်ရပ်မှ ဤမျှများပြားလှသောမွတ်စ်လင်မ်များတနေရာတဌာနတည်းတွင်စုရုံး၍ ကြမ်းကြုတ်သောစကားတခွန်းမျှမပြောကြရပေ။အချင်းချင်း တဦးနှင့်တဦးခိုက်ရန်ဒေါသမဖြစ်ကြရပေ။

🕋ဟဂျ်သည် အလ္လာဟ်အရှင်မြတ်အားချစ်ကြည်မြတ်နိုး၍လိုက်နာပြုကျင့်ရသောအစ္စလာမ်သာသနာ့ကျင့်စဉ်တရပ်ဖြစ်ပေရာ အဲဟ်ရမ်ဝတ်ဆင်ထားသည့်အခါ၌ မိမိတို့သားမယားများနှင့် မေထုန်သံဝါသပြုရန်ဝေးစွ
ကာမဂုဏ်နှင့်စပ်လျဉ်းသောစကားကိုပင်မပြောကြရပေ။

🕋အခြားအချိန်များတွင်အချို့လုပ်ပိုင်ခွင့်ရှိသောကိစ္စများကိုပင် အလ္လာဟ်အရှင်မြတ်၏ကျောင်းတော်ပရဝုဏ်အတွင်း၌ ထွဋ်မြတ်သောလများတွင်မပြုကြရပေ။

🕋ဟဂျ်ကျင့်စဉ်ကား ကောင်းမွန်မြင့်မြတ်လှပါဘိတကား

ဇူလ်ဟစ်ဂျာ ၉ ရက်။ အာရာဖတ်လွင်ပြင်➖➖➖➖➖➖➖➖➖➖➖➖➖‼️မိုးသောက်ချိန်မှ နေဝင်ချိန်အထိ ကောင်းကင်အောက် အရိပ်မရှိသောနေရာများတွင် သ...
18/04/2026

ဇူလ်ဟစ်ဂျာ ၉ ရက်။ အာရာဖတ်လွင်ပြင်
➖➖➖➖➖➖➖➖➖➖➖➖➖

‼️မိုးသောက်ချိန်မှ နေဝင်ချိန်အထိ ကောင်းကင်အောက် အရိပ်မရှိသောနေရာများတွင် သန်းပေါင်းများစွာ သောအဖန်းဆင်းခံများ ရပ်နေကြသည်။ ဤနေရာ၌ သင်၊ သင်၏ဒိုအာနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သာ ရှိသည်။

‼️ဤသည်မှာ ဝူကုဖ်ဖြစ်သည်။ သင်၏ ဟဂ်ျကို အဓိပ္ပာယ်ဖွင့်ဆိုသော ရပ်တည်မှု ပင်တည်း။

‼️တမန်တော် မိုဟာမက်ﷺ သည် နှုတ်ဆက်တရားဒေသနာ ဟောကြားသည့်နေ့။ အလ္လာဟ်အရှင်မြတ်သည် သူ၏ဘာသာတရားကို ပြီးပြည့်စုံစေသည့်နေ့။ သင်ရိုးသားစွာ ရပ်တည်ပါက သင်၏အပြစ်များကို ဆေးကြောပေးသည့်နေ့ပင်တည်း။

‼️သို့သော် ဤကဲ့သို့ ကွင်းပြင် နေရောင်အောက်တွင် နာရီပေါင်းများစွာ ရပ်နေရန် အတွက်ပြင်ဆင်မှု အချို့လည်းလိုအပ်၏။

✅ရေဓာတ်ဖြည့်တင်းရန်အတွက် (ရေ နှင့်ဓာတ်ဆားများ

✅ပေါ့ပါးသော မုန့်များ။

✅နေရောင်ကာခရင်မ်။ ထီး။

✅ဆုတောင်းဖျာ။ (ဂျာနမာဇ်အခင်း)

✅သယ်ဆောင်ရလွယ်ကူသော အားသွင်းကိရိယာ။ (ပါဝါဘန့်)
✅ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများ။

✅သင့်တော်သော အဝတ်အစားများ

‼️သင်၏နှလုံးသား အာရုံစူးစိုက်နိုင်ရန် သင့်
ခန္ဓာကိုယ်သည် ခံနိုင်ရည်ရှိရန် လိုအပ်သည်။

‼️အဘယ်ကြောင့်ဆိုသော်
၎င်းသည် သင့်ဘဝတစ်လျှောက်လုံးတွင် ဒိုအာအတွက် အစွမ်းထက်ဆုံး သောပြတင်းပေါက်ကို ရယူခြင်းအကြောင်းဖြစ်သည်။

‼️ဘာယူဆောင်လာရမည်ကို သိပါ။ မည်သို့ပြင်ဆင်ရမည်ကို သိပါ။ ယနေ့သည် သင့်ထံမှ အရာအားလုံးကို တောင်းဆိုပြီး သင့်အား အရာအားလုံးကို ပြန်လည်ပေးမည်ကို သိပါ။

📌ဝုကူဖေအရဖာဟ် (အရဖားသ်ကွင်းပြင်၌ဆိုင်းငံ့ခြင်း)ပြုရာတွင် အမြတ်ဆုံးမှာ ကစ်ဗ်လာဘက်သို့မျက်နှာမူ၍ မဂ္ဂရိဗ်အချိန်ထိ ဆိုင်းငံ့နားနေခြင်းဖြစ်သည်။

📌အချိန်ပြည့်ရပ်နိုင်စွမ်းမရှိပါက ရပ်နိုင်သမျှရပ်ပြီးထိုင်လိုက်ပါ။ထို့နောက်ပြန်လည်ရပ်နိုင်စွမ်းရရှိလာပါကပြန်ရပ်ပါ။အချိန်ပြည့် ခယရိုကျိုးစွာဖြင့် သလ်ဗီယဟ်ကိုအကြိမ်ကြိမ်ရွတ်ဖတ်နေပါ။

📌ကျိုးနွံစွာဖြင့်အလ္လာဟ်အရှင်မြတ်အားဇစ်က်ရ်ပြုခြင်း၊ကျမ်းမြတ်ကုရ်အာန်သိလာဝသ်ပြုခြင်း၊ ဒရူးဒ်ရှရီးဖ်နှင့်အိစ်သစ်ဂ်ဖာရ်ရွတ်ဖတ်ခြင်းတို့တွင်နစ်မွန်းနေပါ။
သာသနာရေးရာလိုအပ်ချက်များ၊လောကီရေးရာလိုအပ်ချက်များ၊မိမိအတွက်၎င်း၊မိမိ၏သားသမီး ညီအကိုမောင်နှမများ ဆွေမျိုးမိတ်ဆွေများနှင့်မွတ်စ်လင်မ်ထုတရပ်လုံးအတွက် မိမိတတ်ကျွမ်းသော ဘာသာစကားဖြင့် ဒုအာပြုနေပါ။

📌ဤနေရာသည် ဒုအာကဗူလ်ဖြစ်သောနေရာဖြစ်ပေသည်။
❌ထို့ကြောင့် ဤနေရာတွင် မလိုအပ်ဘဲအချင်းချင်း အကြောင်းမဲ့စကားများစုဖွဲ့ပြောဆိုခြင်းကိုလည်းရှောင်ကြည်ရပေမည်။

📌ဆိုင်းငံ့ချိန်၌ တောင်းဆိုရမည့်ဒုအာများကို တောင်းခံသောအခါ ဒုအာဆုတောင်းသောအခါလက်မြှောက်သကဲ့သိူ့ လက်မြှောက်ရမည်။ လက်ညောင်းသောအခါ လက်ကိုချလျက် ဒုအာပြုခွင့်ရှိ၏။ထို့နောက် တဖန်ထပ်မံ၍ လက်မြှောက်နိုင်ပါက လက်မြှောက်ကာ ဒုအာတောင်းခံရပါမည်။

📌ဆိုင်းငံ့ချိန်တွင် ကိုယ်တော်မြတ်(ဆွ)သည်အချိန်ပြည့် ဒုအာ၊ဇစ်က်ရ် အစရှိသည်တို့ဖြင့်ကုန်လွန်စေခဲ့ကြောင်းဟဒီးစ်တော်များတွင်ပါရှိ၏။
သို့သော် ဟဒီးစ်တော်များတွင် မည်သည့်ဒုအာ၊ ဇစ်က်ရ်ကိုသာဖတ်ရမည်ဟု သတ်မှတ်ထားခြင်းမရှိပေ။

🇸🇦 UPDATE: Barriers placed in front of Masjid an-Nabawi on April 6 had been removed on April 9. Authorities installed a ...
16/04/2026

🇸🇦 UPDATE: Barriers placed in front of Masjid an-Nabawi on April 6 had been removed on April 9. Authorities installed a new gateway with four arches and a digital signage panel for pilgrims.

ဧပြီလ ၆ ရက်နေ့တွင် မာ့စ်ဂျစ်ဒိနဗဝီရှေ့တွင် ထားရှိခဲ့သော အတားအဆီးများကို ဧပြီလ ၉ ရက်နေ့တွင် ဖယ်ရှားခဲ့ပြီးအာဏာပိုင်များသည် ဟဂျ်ဘုရားဖူးများအတွက် ခုံးလေးခုပါသော ဝင်ပေါက်အသစ်တစ်ခုနှင့်
ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တစ်ခု တပ်ဆင်ခဲ့သည်။

Ref;; Islamic information is at Masjid an Nabawi-Madinah

The maintenance of the Kaabah continuesကအ်ဘာကျောင်းတော်၏ ပြုပြင်ထိန်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်နေပါသည်Ref:;haramain
16/04/2026

The maintenance of the Kaabah continues

ကအ်ဘာကျောင်းတော်၏ ပြုပြင်ထိန်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်နေပါသည်

Ref:;haramain

‼️‼️ဟဂျ်ခရီးစဉ် နှင့်အွမ်မရာခရီးစဉ်များတွင် ➖➖➖➖➖➖➖➖➖➖➖➖➖➖➖မဒီနာမြို့တော်သို့သွားရောက်ခြင်း➖➖➖➖➖➖➖➖➖➖➖💚ဟဂျ်ပြုလုပ်ပြီးနေ...
16/04/2026

‼️‼️ဟဂျ်ခရီးစဉ် နှင့်အွမ်မရာခရီးစဉ်များတွင် ➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မဒီနာမြို့တော်သို့သွားရောက်ခြင်း
➖➖➖➖➖➖➖➖➖➖➖

💚ဟဂျ်ပြုလုပ်ပြီးနောက် ဤခရီးစဉ်တွင် အမြတ်ဆုံးသောအရာမှာ အလ္လာဟ်အရှင်မြတ်၏အချစ်တော် နှစ်ဘဝခေါင်းဆောင် မြတ်နဗီမုဟမ္မဒ်သခင်(ဆွ)၏ ရောင်ဝ်သွာတော်အား ဇိယာရသ်ပြုခြင်းဖြစ်သည်။

💚ရောင်ဝ်သွာတော်၏ ရှေ့တော်မှောက်သို့ရောက်ရှိရခြင်းနှင့် ရှေ့တော်မှောက်မှ ဒရူးဒ်စလာမ်ပို့သခြင်းကြောင့် အတိုင်းအဆမရှိသောဗရ်ကသ်တော်များရရှိပေမည်။

''အကြင်သူသည် ငါတမန်တော်၏ ကဗရ်(သင်္ချိုင်း)ကို ဇိယာရသ်ပြု၏
ထိုသူ့အတွက် ငါကိုယ်တော်၏ ရှဖာအသ်(ကြားဝင်အသနားခံပေးမှု)ဝါဂျီဗ်ဖြစ်၏ ဟုတမန်တော်မြတ်(ဆွ)က မိန့်ကြားတော်မူခဲ့၏။

💚တမန်တော်မြတ်(ဆွ)က''အကြင်သူသည် ငါကိုယ်တော်၏ ကဗရ်အနီး၌ ဒရူးဒ်ဖတ်လျှင် ငါကိုယ်တော်သည်ဤသို့ရွတ်ဖတ်ခြင်းကိုကြားတော်မူ၏
၎င်းပြင် အကြင်သူသည် ဝေးလံသောနေရာမှ ကျွန်ုပ်အပေါ်သို့ ဒရူးဒ်ပို့သပါလျှင် ၎င်းကိုကျွန်ုပ်ထံသို့ပို့ဆောင်ပေးကြ၏ ဟုမိန့်ကြားတော်မူခဲ့သည်။

💚အကြင်သူသည် တမန်တော်မြတ်(ဆွ)၏ကဗရ်အနီးသို့လာရောက်ပြီး စလာမ်ဆက်သလျှင် ကိုယ်တော်မြတ်(ဆွ)သည်ဤသို့ပြုသည်ကိုကြားတော်မူပြီး ထိုသူအားစလာမ်၏အဖြေလည်းပေးတော်မူကြောင်း ဆင့်ပြန်ချက်များအရ သိရှိရ၏။

💚တမန်တော်မြတ်(ဆွ)၏ဗလီ “မတ်စ်ဂျိဒေနဗဝီ”၌ နမာဇ်တကြိမ်ဝတ်ပြုခြင်းသည် “မတ်စ်ဂျိဒေဟရာမ်”မှအပ အခြားသောဗလီ၌ဝတ်ပြုသောနမားဇ် အကြိမ်(၁၀၀၀)ထက်ပိုမြတ်၏ “” ဟု တမန်တော်မြတ်(ဆွ)က မိန့်ကြားတော်မူခဲ့၏။

💚ဇိယာရသ်ပြုသူတို့သည် မိမိသက်တမ်းအတွင်း မဒီနာမြို့တော်တွင်အနည်းဆုံး တစ်ကြိမ်သွားရောက်ပြီး (၈)ရက်နေထိုင်သင့်သည်။
သို့မှသာ မတ်စ်ဂျိဒေနဗဝီတွင် နမာဇ် အကြိမ်(၄၀) ပြည့်မြောက်မည်ဖြစ်သည်။
အကယ်၍ အကြင်သူသည် မဒီနာမြို့တော်တွင် ရက်အချို့သာနေထိူင်ရ၍နမာဇ်အကြိမ်(၄၀)မပြည့်ပါက အပြစ်မဖြစ်သကဲ့သို့ ထိုသူ၏ဟဂျ်ကိုလည်း မည်သို့မျှ မထိခိုက်ပေ။

💚အကြင်သူတဦးအပေါ် ဟဂျ်ပြုလုပ်ရန် ဖရပ်ဇ်တာဝန်ရှိလျှင် ထိုသူသည် ဦးစွာဟဂျ်ပြုရမည်။ပြီးမှသာ မဒီနာ သို့ဇိယာရသ်ပြုရန်သွားရောက်ခြင်းသည်ကောင်းမြတ်၏

💚အကယ်၍ ဟဂျ်ပြုရန်ဖရပ်ဇ်တာဝန်မရှိသူဖြစ်လျှင် ပထမ မဒီနာသို့သွားပြီးနောက်မှဟဂျ်ပြုရပေမည်။
ဟဂျ်ပြုလုပ်ပြီးနောက်မှ မဒီနာသို့သွားလျှင်လည်း သွားနိုင်၏
မည်သို့ပင်ဖြစ်စေ နှစ်မျိုးစလုံးပြုခွင့်ရှိ၏

💚မဒီနာမြို့တော်သို့ဝင်ရောက်ခြင်းမပြုမီ ဦးစွာရေချိုးခြင်းသည် မွတ်စ်သဟဗ်ဖြစ်၏။ဝုဇူဖြင့်လည်းလုံလောက်၏။ပြီးနောက်မိမိထံတွင်ရှိသောသန့်ရှင်းကောင်းမွန်သည့်အဝတ်အစားကိုဝတ်ဆင်ရမည်။ထို့နောက် အမွှေးအကြိုင်လိမ်းရမည်။

💚အကယ်၍မဒီနာမြို့သို့မဝင်မီထိုသို့ပြုလုပ်ရန်မဖြစ်နိုင်ပါက မြို့တွင်းသို့ဝင်ရောက်ပြီး တည်းခိုရာနေရာများတွင် မိမိပစ္စည်းများအား နေရာချပြီးမှသာ ဆောင်ရွက်နိုင်သည်။

💚ပြီးလျှင် လမ်းတလျှောက်ရိုသေလေးစားမှုနှင့်တကွ စိတ်ရောကိုယ်ပါ ဒရူးဒ်ဖတ်လျက် မတ်စ်ဂျိဒေနဗဝီသို့ သွားရမည်။ဤမြေသည် မွန်မြတ်သောမြေဖြစ်ပြီး ဤမြေပေါ်တွင် တမန်တော်မြတ်(ဆွ)၏မွန်မြတ်သောခြေရာတော်များနေရာမလပ်ကျရောက်ခဲ့သည်ကို အမြဲသတိချပ်ရမည်။

💚မဒီနာမြို့တော်သို့သွားသောအခါ လမ်းခရီးတွင် ဒရူးဒ်ရှရီးဖ်များစွာရွတ်ဖတ်နေရမည်။မဒီနာမြို့ရှိသစ်ပင်များကိုမြင်ရသောအခါ ဒရူးဒ်ရှရီးဖ်ကို သာပို၍ မြောက်မြားစွာရွတ်ဖတ်နေရမည်။
မြို့တော်၏ကြီးကျယ်မြင့်မြတ်မှု ရိုသေအပ်သောနေရာဟုစဉ်းစားလျက် အလွန်တရာ ခဖယရိုကျိုးစွာဖြင့် မဒီနာမြို့တွင်းသို့ဝင်ရမည်။

ရဖီကေဟဂျ်မှထုတ်နုတ်တင်ပြပါသည်။

Address

No. 180, (4th Floor)Botathaung Pagoda Road, Pazundaung Township
Yangon
11162

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959764310593

Alerts

Be the first to know and let us send you an email when Gold Stone Travel & Tours - ဟဂ်ျနှင့်အွမ္မရာဟ်အထူးဝန်ဆောင်မှုကုမ္ပဏီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold Stone Travel & Tours - ဟဂ်ျနှင့်အွမ္မရာဟ်အထူးဝန်ဆောင်မှုကုမ္ပဏီ:

Shortcuts

Share

Category