Smile Dream Travel

Smile Dream Travel Discover the world with us !

အာရှရဲ့ ပထမဆုံး Disney Adventure Cruise သင်္ဘောကြီး စင်ကာပူမှာ စတင်ဆိုက်ရောက်ပါပြီ! 🚢✨မင်္ဂလာပါ Disney Fan တို့ရေ... အိမ...
27/05/2026

အာရှရဲ့ ပထမဆုံး Disney Adventure Cruise သင်္ဘောကြီး စင်ကာပူမှာ စတင်ဆိုက်ရောက်ပါပြီ! 🚢✨

မင်္ဂလာပါ Disney Fan တို့ရေ... အိမ်မက်ထဲကအတိုင်း Disney ရုပ်ရှင်တွေထဲမှာ နေထိုင်ရသလို ခံစားချက်မျိုးကို အပြင်မှာ တကယ်ခံစားချင်ပါသလား? 😍

ဒါဆိုရင်တော့ Singapore ကနေ စတင်ထွက်ခွာမယ့် Disney Adventure Cruise သင်္ဘောကြီးက သင့်ကို စောင့်ကြိုနေပါပြီ။

✨ ဘာတွေပါဝင်မှာလဲ?

• 7 Themed Zones: Marvel Landing, Toy Story Place, Disney Discovery Reef အစရှိတဲ့ နယ်မြေ 7 ခုမှာ ပျော်ရွှင်စရာတွေ အပြည့်!

• The Longest Roller Coaster at Sea: ပင်လယ်ပြင်ထက်မှာ အရှည်လျားဆုံး Roller Coaster စီးရင်း ရင်ခုန်လိုက်ပါ။ 🎢

• Meet & Greet: Mickey, Minnie, Spider-Man နဲ့ အခြား Disney သူငယ်ချင်းတွေနဲ့ အနီးကပ် တွေ့ဆုံဓာတ်ပုံရိုက်ခွင့်။ 📸

• Broadway-style Shows: Disney ရဲ့ နာမည်ကြီးပြဇာတ်တွေကို သင်္ဘောပေါ်မှာတင် ကြည့်ရှုနိုင်မှာပါ။

မိသားစုနဲ့အတူ မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးဖို့ အခုပဲ စုံစမ်းလိုက်ပါ! 👨‍👩‍👧‍👦

📍 Departure: Singapore (Marina Bay Cruise Centre)
📅 Sailing Dates: 2026~ 2027 အတွင်း လအလိုက် ရွေးချယ်နိုင်ပါပြီ။
💰 Starting Price: From $1200++ USD per cabin

အသေးစိတ်သိရှိလိုပါက Message Box ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 📩



မြန့်မာ့ရိုးရာနှစ်သစ်ကူးအခါသမယ ရုံးပိတ်ရက်ကြေငြာခြင်းနှင့် နှစ်သစ်ဆုတောင်းSmile Dream Travel ရဲ့ ဧည့်သည်တော်ကြီးများအားလ...
10/04/2026

မြန့်မာ့ရိုးရာနှစ်သစ်ကူးအခါသမယ ရုံးပိတ်ရက်ကြေငြာခြင်းနှင့် နှစ်သစ်ဆုတောင်း

Smile Dream Travel ရဲ့ ဧည့်သည်တော်ကြီးများအားလုံးနှင့် မြန်ာမာပြည်သူ ပြည်သားများအားလုံးကျန်းမာခြင်းသာခြင်းများနင့်ပြည့်စုံပြီး ဘေးဘယာဝေးကွာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့် 🙏🙏




#2026

လေယာဉ်ပေါ်မှာကျင်းပတဲ့ Smile Dream Travel ရဲ့ဧည့်သည်တော်ကြီးရဲ့ မွေးနေ့ပွဲ 💛🤍
05/01/2026

လေယာဉ်ပေါ်မှာကျင်းပတဲ့ Smile Dream Travel ရဲ့ဧည့်သည်တော်ကြီးရဲ့ မွေးနေ့ပွဲ 💛🤍

31/12/2025

2026 ခုနှစ်ကို ကြိုဆိုရင်း Smile Dream Travel ၏မိတ်ဟောင်းမိတ်သစ်များအားလုံး နှစ်သစ်မှစတင်ကာ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စီးပွားဥစ္စာဒီရေအလားတိုးတက်ပါစေကြောင်း Smile Dream Travel အဖွဲသားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။




မြစ်ကြီးနား-မန္တလေး-တာချီလိတ်- ချင်းမိုင်-ချင်းရိုင်-မွန်းဂျမ် ခရီးစဉ်သို့လိုက်ပါခဲ့ကြသော ဧည့်သည်တော်ကြီးများအားလုံးကိုက...
15/05/2025

မြစ်ကြီးနား-မန္တလေး-တာချီလိတ်- ချင်းမိုင်-ချင်းရိုင်-မွန်းဂျမ် ခရီးစဉ်သို့လိုက်ပါခဲ့ကြသော ဧည့်သည်တော်ကြီးများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ဒီတစ်ခါ Smile Dream ရဲ့ခရီးစဉ်လေးက နယ်စပ်ဖြတ်ကျော်ခရီးစဉ်လေးဖြစ်ခဲ့ပြီး အားလုံးတပျော်တပါးသွားခဲ့ကြရတဲ့ခရီးစဉ်လေးတစ်ခုဖြစ်တာမို့ အားလုံးပဲအမှတ်တရရှိနေကြမယ်လို့ ယုံကြည်ပါတယ်....။

#ခရီးစဉ်မှတ်တမ်း

Day 1: ခရီးစဉ်ပထမဆုံးနေ့မှာ မြစ်ကြီးနားကလာကြတဲ့ ဧည့်သည်တော်ကြီးများကို မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကြိုဆိုနှုတ်ဆက်ပြီး တစ်ညတာအနားယူဖို့ မန္တလေးမြို့ ရှိဟိုတယ်သို့ သွားရောက်ခဲ့ကြပါတယ်။ ညစာကို မန္တလေးရဲ့ နာမည်ကျော် Classic Tea Room မှာသုံးဆောင်ခဲ့ကြ ပြီး တစ်ညတာအိပ်စက်အနားယူခဲ့ကြပါတယ်။

Day 2 နေ့မနက်စောစောမှာတော့ မန္တလေးမဟာမြတ်မုနိဘုရားကိုဖူးမြော်ကန်တော့ကြပြီး ကျောက်ဆည်ရွှေသိမ်တော် ဆုတောင်းပြည့်ဘုရား ဖူးပြီးနောက်မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချီတက်ခဲ့ကြပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလတ်မြို့သို့ ခရီးဆက်ခဲ့ကြပါတယ်။ တာချီလိတ်မြို့သို့ရောက်ရှိပြီး တာချီလိတ်မြို့ရှိ ရွှေတိဂုံပုံတူစေတီသို့ သွားရောက်ဖူးမြော်ခဲ့ ကြပါသည်။ ညစာကို တာချီလိတ်ရှိ အလင်းဆိုင် Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာအိပ်စက်အနားယူခဲ့ကြသည်။

Day 3 နေ့မနက်မှာတော့ နယ်စပ်တံတားဖြတ်ကျော်ပြီး ထိုင်းနိုင်ငံနယ်နမိတ်ဖြစ်တဲ့ မယ်ဆိုင်မြို့ ထဲကိုရောက်ရှိခဲ့ကြပါတယ်။ ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်ကနေမှတဆင့် ရွှေတြိဂံနယ်မြေဖြစ်တဲ့ မြန်မာ လာအို ထိုင်းနိုင်ငံနယ်စပ်ဆုံရာနေရာသို့သွားရောက်ခဲ့ကြပြီး Big Buddha ဘုရားဖူးပြီး မဲခေါင်မြစ်ထဲမှာ လှေစီးခြင်းများကိုပြုလုပ်ခဲ့ကြပါတယ်။ မဲခေါင်မြစ်အတွင်းလှေစီးရင်း လာအိုနိုင်ငံ တွင်းရှိ ကျွန်းစျေးလေးကို လည်ပတ်ခွင့်ရရှိနေသည့်အတွက် လာအိုမြေကိုချေချရင်း စျေးတစ်ပတ် ပတ်လည်ခဲ့ကြပါသေးသည်။ လှေစီးပြီးနောက်မှာတော့ နေ့လည်ထမင်းစားချိန်ရောက်ပြီမို့ ထိုင်းရိုး ရာအစားအစာတွေကို Local Restaurant တွင်သုံးဆောင်ပြီး ချင်းရိုင်မြို့ရှိ ရှုခင်းများလှပသည့်သည့် Singha Park၊ သိုးငယ်လေးများနှင့် ချစ်စရာကောင်းလှတဲ့ Akha Farm Ville ကိုဝင်ရောက်လည်ပတ်ခဲ့ကြပါတယ်။ ထိုမှတစ်ဆင့် ချင်းမိုင်မြို့ကို ခရီးဆက်ခဲ့ကြပြီး ည ၈း၀၀ ဝန်းကျင်မှာတော့ ချင်းမိုင်မြို့ ကိုရောက်ရှိခဲ့ကြပါတော့တယ်။ ချင်းမိုင်မြို့ရှိ ဟိုတယ်တွင် check in ဝင်ပြီးနောက် ဟိုတယ်မှာပဲ buffet dinner သုံးဆောင်ပြီး တစ်ညတာအိပ်စက်အနားယူခဲ့ကြ ပါတယ်။

Day 4 နေ့မှာတော့ ဟိုတယ်မှာ နံနက်စာကိုချင်းမိုင်မြို့၏အထင်ကရ khao Soi ခေါက်ဆွဲ နှင့် ဟင်းလျှာများကိုသုံးဆာင်ပြီးလှပသည့်ပန်းခင်းကြီးများရှိရာ မွန်းဂျန်သို့ခရီးဆက်ခဲ့ကြပါတယ်။ မွန်းဂျန်မြို့ရှိ ပန်းခင်းကြီးများနဲ့ သစ်ခွခြံများကို လည်ပတ်ရင်း တောင်ပေါ်ဒေသထွက် စတော် ဘယ်ရီချိုချိုလေးတွေ ဝယ်စားခဲ့ရတဲ့အရသာဟာလည်း သူမတူအောင်ကောင်းလွန်းခဲ့ လှပါတယ်။ နေ့လည်စာကိုတော့ ချင်းမိုင်မြို့ကနာမည်ကျော် ပန်းအစစ်များဖြင့် လှပစွာတည်ဆောက်ပြုပြင် ထားပြီး အရသာကောင်းမွန်လှသည့် Galae Restaurant တွင်သုံးဆောင်ခဲ့ကြပါသည်။ ထို့နောက် ချင်းမိုင်မြို့ဟောင်းကို မြင်းလှည်းများဖြင့်လှည့်ပတ်ကြည့်ရှုရင်း မြို့ဟောင်းတွင်းရှိအထင်ကရ နေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် စံပါယ်ပန်းများလှူဒါန်းပြီး ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟုကျော်ကြားသည့် ဆုတောင်းပြည့် စံပါယ်ဘုရား၊ ချင်းမိုင်မြို့အမြင့်ဆုံး တောင်ပေါ်တွင်တည်ရှိသည့် သာယာလှပသည့် ချင်းမိုင်မြို့ရှုခင်းများကို အပေါ်စီးမှ မြင်တွေ့နိုင် သည့် Doi Suthep ဘုရားတို့ကိုသွားရောက်ဖူးမြှော်ခဲ့ကြပါသည်။ ယင်းနောက်တွင် MAYA Shopping Mall တွင်ဝင်ရောက်လည်ပတ်ပြီးနောက် ညစာကို မြန်မာစားစရာများနှင့် ရေနွေးကြမ်းများ စိတ်ကြိုက်တည်ခင်းဧည့်ခံပေးသည့် မြန်မာဆိုင် Millionaire တွင်သုံးဆာင်ပြီးနောက် ချင်းမိုင်မြို့ညစျေးကို ပတ်ကာ တစ်ညတာအိပ်စက်အနားယူခဲ့ကြသည်။

Day 5 နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် မဲ့ကချန်ရေပူစမ်းသို့သွားရောက်ကာ ရေပူစိမ်ခဲ့ကြပြီး အနုပညာလက်ရာမြောက်လှသည့် ချင်းရိုင်မြို့ရှိ ဘုရားဖြူ ဘုရားသို့သွားရောက်ခဲ့ ကြပါသည်။ နေ့လည်စာကို ဘုရားဖြူဝန်းရှိ ဘူဖေးနေ့လည်စာဖြင့်သုံးဆောင်ပြီးနောက် ကွမ်ရင် မယ်တော်ရုပ်ထုကြီးရှိရာကွမ်ရင်မယ်တော်ကျောင်းနှင့် နတ်ပြည်အလားတင်စားရသည့် ရေပန်း ရေငွေ့များဖြင့်လှပလွန်းသည့် Lalita Café သို့သွားရောက်လည်ပတ်ခဲ့ကြပါသည်။ ထို့နောက် ဘုရားပြာသို့သွားရောက်လည်ပတ်ပြီးနောက် ချင်းရိုင်မြို့ မြစ်ကမ်းနဘေးရှိနာမည်ကျော် De Lanna restaurant တွင် ညစာသုံးဆောင်ပြီး ချင်းရိုင်ညစျေးတန်းကိုလည်ပတ်ပြီးနောက် ဟိုတယ်သို့ပြန် ကာ တစ်ညတာအိပ်စက်အနားယူခဲ့ကြသည်။

Day 6 နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ချင်းရိုင်မြို့ရှိ ဒူးရင်းဆိုင်တွင် မွန်ထောင်း ဒူးရင်းသီးများ ဝယ်စားခဲ့ကြပြီး ချင်းရိုင်မြို့ရှိ Black Temple (သတ္တဝါများ၏ရုပ်ကြွင်းများဖြင့် လှပစွာပြသထားသည့်အနုပညာပြခန်း) သို့သွားရောက်ခဲ့ကြသည်။ ထို့နောက်တွင် တောင်ပေါ်လက် ဖက်စိုက်ခင်းဖြစ်သည့် Choi Fong လှေကားထစ် လက်ဖက်စိုက်ခင်းသို့သွားရောက် ခဲ့ကြပါသည်။ (လက်ဖက်စိမ်းကိတ်နှင့် Green Tea အရသာများကို မြည်းစမ်းခဲ့ကြသည်) နေ့လည်စာကို အခါလူမျိုးများနေထိုင်ရာတောင်တန်းပေါ်ရှိ Ozone တွင် စွဲမက်ဖွယ်ကောင်းသည့် အခါရိုးရာ ဟင်းလျှာများဖြင့် သုံးဆောင်ခဲ့ကြပြီးနောက် မယ်ဆိုင်မြို့ရှိ ဦးအောင်ဇေယျဘုရား (Black Scorpion) နှင့် မယ်ဆိုင်မှန်တံတား၊ မယ်ဆိုင်စျေးများသို့သွားရောက်လည်ပတ်ခဲ့ကြပါသည်။ ညစာကို မယ်ဆိုင်မြို့ရှိ မူကထဆိုင်တွင် ဘူဖေးသုံးဆောင်ခဲ့ပြီးနောက် ဟိုတယ်သို့ပြန်ကာတစ်ည တာအိပ်စက်အနားယူခဲ့ကြသည်။

Day 7: နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် နယ်စပ်ဖြတ်သန်းဂိတ်ကိုဖြတ်ကာ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး တာချီလိတ်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လွယ်ယွန်းခမ်း စေတီတော်ြမတ်ကြီးကိုသွားရောက်ဖူးမြှော်ခဲ့ကြပါသည်။ ထို့နောက်တွင် တာချီလိတ် မောလ်ဒိုက်ဟုနာမည်ကျော်သည့် Vela Varee Restaurant တွင် အနားယူ နေ့လည်စာ သုံးဆောင်ပြီးနောက် တာချီလိတ်လေဆိပ်မှတဆင့် မန္တလေးသို့ပြန်လည် ထွက်ခွာ ရောက်ရှိခဲ့ကြပြီး ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူကြကာ နောက်တစ်နေ့နံနက် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြစ်ကြီး နားသို့ ပြန်လည်ထွက်ခွာခဲ့ကြကာ ပျော်ရွှင်ဖွယ်ရာခရီးစဉ်ပြီးမြောက် အောင်မြင်ခဲ့ကြပါတော့သည်။


၂၀၂၅ခုနှစ် မတ်လ (၂၈) ရက်နေ့တွင်  ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်ကြောင့် များစွာသော ကြီးမားဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသေ...
05/04/2025

၂၀၂၅ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်ကြောင့် များစွာသော ကြီးမားဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသောပြည်သူများနှင့်ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။
ထို့ကြောင့် ကျမတို့ Smile Dream Travel မိသားစုမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ငွေကျပ် သိန်း ၅၀ အား ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေရာဒေသများအတွက် ပံ့ပိုးလှူဒါန်းခဲ့ပါသည်။

01/01/2025

၂၀၂၅ ခုနှစ် ထိုင်း ပြည်ဝင်ခွင့် ဗီဇာ နှင့်ပက်သက်သမျှ

၂၀၂၅ ခုနှစ် ၁ ရက် ဇန်နဝါရီလမှစပြီး ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် ၊ ဗီဇာနှင့် သိထားသင့်သည့် အပြောင်းအလဲများ မှာ

💢 14 Visa Free

ဆက်ရှိနေပါမယ် ။ မြန်မာပါတ်စပို့များ ဗီဇာဖရီးကင်းလွတ် ၁၄ ရက်ကို ယခင်ကအတိုင်း ရရှိမည်ဖြစ်ပါသည်။ ( နယ်စပ်များမှ ဝင်ရောက်ခွင့်မပြုပါ )

💢Visa On Arrivial

Visa On Arrival ( VOA ) ကိုအောက်ပါနိုင်ငံများအနေဖြင့်ဆက်ရှိနေပါမယ်။

🔶Africa:
Namibia, Seychelles, Tunisia

🔶America:
Bolivia, Costa Rica, El Salvador, Mexico, Paraguay, Venezuela

🔶Asia:
Bhutan, China, India, Kazakhstan, Kyrgyzstan, Taiwan, Uzbekistan,

🔶Europe:
Armenia, Belarus, Bulgaria, Georgia, Malta, Romania, Russia, Serbia

🔶Middle East
Cyprus, Ethiopia, Saudi Arabia

🔶Oceania
Fiji, Nauru, Papua New Guinea, Vanuatu

💢Visa Free ရက်ပေါင်း ၆၀ ရရှိသည့်နိုင်ငံများ

လက်ရှိမှာ နိုင်ငံ ၉၃ ခုမှ နိုင်ငံသားတွေဟာ ထိုင်းမှာ ဗီဇာ မလိုဘဲ ရက် ၆၀ နေထိုင်နိုင်ပြီး ရက် ၃၀ သက်တမ်းတိုးနိုင်ပါတယ်။ အဲဒီနိုင်ငံတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

🔶Africa:
Mauritius, Morocco, South Africa
🔶Americas:
Brazil, Canada, Colombia, Cuba, Dominica, Dominican Republic, Ecuador, Guatemala, Jamaica, Mexico, Panama, Peru, Trinidad and Tobago, United States, Uruguay
🔶East/Central Asia:
Bhutan, Brunei, Cambodia, China, Hong Kong, India, Indonesia, Japan, Kazakhstan, Laos, Macao, Malaysia, Maldives, Mongolia, Philippines, Singapore, South Korea, Sri Lanka, Taiwan, Uzbekistan, Vietnam
🔶Europe:
Albania, Andorra, Austria, Belgium, Bulgaria, Croatia, Czech Republic, Denmark, Estonia, Finland, France, Georgia, Germany, Greece, Hungary, Iceland, Ireland, Italy, Kosovo, Latvia, Liechtenstein, Lithuania, Luxembourg, Malta, Monaco, Netherlands, Norway, Poland, Portugal, Romania, Russia, San Marino, Slovak Republic, Slovenia, Spain, Sweden, Switzerland, Ukraine, United Kingdom
🔶Middle East:
Bahrain, Cyprus, Israel, Jordan, Kuwait, Oman, Qatar, Saudi Arabia, Turkey, United Arab Emirates
🔶Oceania:
Australia, Fiji, New Zealand, Papua New Guinea, Tonga

💢 E-Visa စနစ်

(Non L-A Visa မှလွဲ၍ Visa အမျိုးအစား အားလုံးသည်။

💢 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ (မြန်မာ စံတော်ချိန်)က စတင်ကာ ထိုင်း သံရုံးဟာ E-Visa Payment အတွက် စာရင်းပေးသွင်းမှုကို စတင်လက်ခံမှာ ဖြစ်ပါတယ်။ E-Visa ကို https:/www.thaievisa.go.th/ မှာ လျှောက်ထားပြီးနောက်မှာ လျှောက်ထားသူဟာ www.thaiconsularyangon.com/evisapay မှာ ငွေပေးချေဖို့အတွက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

💢 Visa လျှောက်ထားသူဟာ တစ်ရက်မှာ Request No. တစ်ခုပဲ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပြီး Request No. တစ်ခုကို အများဆုံး လျှောက်ထားသူ ၁၀ ယောက်ကိုပဲ လက်ခံမှာ ဖြစ်ပါတယ်။ “ Request Number ကို QR Code နဲ့တကွ E-Visa System က ထုတ်ပေးတဲ့ Payment Info Summary မှာ ဖော်ပြထားပါတယ်။ )

💢 E-Visa Payment အတွက် စာရင်းပေးသွင်းပြီးနောက်မှာ လျှောက်ထားသူဟာ ချိန်းဆိုထားတဲ့ ရက်မှာ သံရုံးကို သွားရမှာပါ။ သံရုံးဝန်ထမ်းကို ပြသဖို့အတွက် QR Code ပါတဲ့ Payment Info Summary နဲ့အတူ E-Visa Payment Reservation Confirmation Page ရဲ့ Screenshot ကို ယူထားနိုင်သလို ပရင့်ထုတ်ထားနိုင်ပါတယ်။ သံရုံးက ငွေပေးသွင်းမှု မူလ စာရွက်စာတမ်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့ လျှောက်ထားသူတွေကို ငြင်းဆိုပိုင်ခွင့်ရှိပါတယ်။

💢 Visa ဌာနက ကောင်းမွန်တဲ့ အခြေအနေ ရှိတဲ့ USD ငွေသားကိုပဲ လက်ခံမှာ ဖြစ်ပါတယ်။ Visa ကို လက်ခံသည် ဖြစ်စေ ငြင်းပယ်သည် ဖြစ်စေ Visa Fee ကို ပြန်လည်ပေးအပ်မှာ မဟုတ်တာကို သတိပြုပါ။

💢 ငွေပေးချေမှုအောင်မြင်ပြီးနောက်မှာ ၁၅ မိနစ်အတွင်း လျှောက်ထားသူရဲ့ အီးမေး သို့မဟုတ် E-Visa အကောင့်ထံကို Receipt ပေးပို့မှာ ဖြစ်ပါတယ်။ Visa ဌာနက ကောင်တာမှာ Receipt ကို ထုတ်ပေးမှာ မဟုတ်တော့ပါဘူး။ Visa Processing Time ဟာ ငွေပေးချေပြီးနောက် ၁၅ ရက်အထိ ကြာမြင့်မှာပါ။

(၂) Non L-A Visa

💢 MOU အလုပ်သမား ကုမ္ပဏီတွေကပဲ အလုပ်သမားတွေကိုယ်စား Non L-A Visa ကို www.thaievisa.go.th မှာ လျှောက်ထားနိုင်ပါတယ်။ အဲဒီ စနစ်ဟာ စတင်နေပြီ ဖြစ်ပြီး MOU ကုမ္ပဏီတွေထံ Username နဲ့ Password ကို ပေးပို့ထားပါတယ်။

💢 Non L-A Visa Payment အတွက် MOU ကုမ္ပဏီတွေဟာ လက်ရှိ Username နဲ့ Password ကို အသုံးပြုကာ https://thaiconsularyangon.com/labour-visa to မှာ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ (E-Visa System ရဲ့ Login နဲ့ မတူပါဘူး။)

မှတ်ချက်။ ။ အထက်ပါ စနစ်ဟာ ရန်ကုန်မှ ထိုင်း သံရုံးမှာ လျှောက်ထားတဲ့ E-Visa အတွက်ပဲ အကျုံးဝင်ပါတယ်။

Ref : Royal Thai Embassy , Yangon

to original writer

31/12/2024

✨ Happy New Year 2025 ✨

နှစ်သစ်မဂ်လာအချိန်အခါသမယလေးမှာ အားလုံးပဲ ပျော်ရွှင်ခြင်း ကျန်းမာခြင်း များနဲ့ပြည့်စုံပြီး စိတ်ကူးသစ် အိမ်မက်သစ် အလုပ်အကိုင်အသစ်တွေကို စိတ်ရှိသလို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ✨✨✨




25/12/2024

ပျော်ရွှင်ဖွယ်ရာ Christmas 🎄 နေ့လေးဖြစ်ပါစေကြောင်း နှင့် Santa 🎅 ဆီကနေ မျှော်လင့်မထားတဲ့လက်ဆောင်မွန်တွေရရှိပါစေကြောင်း Smile Dream Team မှဆုတောင်းပေးလိုက်ပါတယ်ရှင်

May God Bless You Always ✨🍀
Merry Christmas to you all ✨✨🍀

18/10/2024

Smile Dream နဲ့အတူသွားခဲ့တဲ့ မင်းသားချောလေးရဲ့ Dubai Vlog လေး ✨🍀

Address

No. 15 (7A), Baho Road, Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959401727691-2

Alerts

Be the first to know and let us send you an email when Smile Dream Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smile Dream Travel:

Share

Category