07/08/2021
ဩစတေးလျနိုင်ငံသို့လာရောက်နိုင်ရန်အစိုးရကအလုပ်သမားဗီဇာ၂မျိုးဖွင့်လှစ်လိုက်ပြီ (၆/၈)
✅ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွက်အစိုးရက အလုပ်သမားဗီဇာ ၂ မျိုးဖွင့်လှစ်လိုက်ပြီး ထိုဗီဇာဟာ Subclass 190 နှင့် Subclass 491 တို့ဖြစ်သည်။ Subclass 190 ဟာ ကျွမ်းကျင်ပညာရှင်များကိုခေါ်ယူသောဗီဇာဖြစ်ပြီး၊ Subclass 491 ဟာ သာမှန်အလုပ်သမားများ နယ်ဒေသအတွက် ခေါ်ယူသောဗီဇာဖြစ်သည်။ ထို့ကြောင့် Subclass491 အကြောင်းအနည်းငယ်မိတ်ဆက်ချင်ပါတယ်။
# # Subclass 491 ဗီဇာ သည်
✅ နယ်ဒေသ၊တောမြို့တွေမှာ အလုပ်လုပ်ရမှာဖြစ်ပြီးထိုဒေသတွင်အလုပ်လုပ်ချင်သူဖြစ်ရမည်။
✅ ဗီဇာသက်တမ်း ၅ နှစ်ရမှာဖြစ်ပြီး၊ နေထိုင်ခွင့်၊ ကျောင်းတက်ခွင့် နှင့် ဗီဇာသက်တမ်းရှိသ၍ ဩစတေးလျတစ်နိုင်ငံသို့ ဝင်ထွက်သွားလာခွင့်ရမည်ဖြစ်သည်။
✅ ဩစတေးလျတွင်နေထိုင်ပြီး ၃ နှစ်ပြည့်မြောက်ပါက အမြဲတမ်းနေထိုင်ခွင့်လျှောက်ခွင့်ရှိသည်။
✅ ဒီဗီဇာနဲ့လာလိုသူများ အစိုးရခွင့်ပြုထားသောအေးဂျင့်များမှတဆင့်လျှောက်ရမှာဖြစ်သည်။
🌹 အသက် ၄၅ နှစ်မကျော်ရ
✅ ဗီဇာကြေးက AUD$ 4111 ပေးသွင်းရမည်ဖြစ်သည်။
✅ ပြည်နယ်အလိုက် ကိုယ်သွားချင်သောနေရာများရွေးချယ်ရမှာဖြစ်ပြီး ပြည်နယ်အလိုက် အလုပ်သမားခေါ်ယူရန် ကွဲပြားသည်။ (အောက်တွင်ဖော်ပြပေးထားသည်)
🔴 ဩစတေးလျသို့မလာခင် ဩစတေးလျမှာနေထိုင်သူတစ်ယောက်ယောက်နဲ့ လက်ထပ်ထားပြီးသူများ၊ စေ့စပ်ထားသူများမဖြစ်ရ
🔴 အရည်အချင်းပြည့်မှီမမှီ အင်တာဗျုးဝင်ရမည်ဖြစ်သည်။
🔴 နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး ၆ လရှိသူဖြစ်ရမည်
🔴 ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
🔴 အင်္ဂလိပ်စကားအရည်အချင်းပြည့်မှီသူဖြစ်ရမည်။
✅ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွက် လူပေါင်း ၁၂၃၀၀ သာခေါ်မှာဖြစ်သောကြောင့် ဦးရာလူစနစ်ဖြစ်သည်။
🌹 အသေးစိတ်အချက်လက်များ ကို အောက်ပါ link များတွင်ဝင်ရောက် ဖတ်ရူပါရန်။
https://immi.homeaffairs.gov.au/visas/getting-a-visa/visa-listing/skilled-work-regional-provisional-491