Afshan Family Travels & Tour Co,Ltd

Directions Contact the business

Afshan Family Travels & Tour Co,Ltd Afshan Family Travels & Tour Co,Ltd
UMRAH AND HAJJ SERVICE

05/09/2026

🛑 ဆော်ဒီအာရေဗျနိုင်ငံ ပညာတော်သင် application ထပ်မံဖွင့်လှစ်ပြီ။ 🛑

16 September | 2026 တွင် ဆော်ဒီနိုင်ငံရှိ တက္ကသိုလ်များ ပြည်တွင်း၊ ပြည်ပ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကျောင်းသား/သူများ ဒုတိယအကြိမ် 2nd Semester အတွက် ပညာတော်သင် ခေါ်ယူနေပြီ ဖြစ်ပါသည်။ ဒါဟာ အရင်နှစ်တွေကနဲ့ မတူဘဲ ထပ်ပြီးတော့ ဖွင့်ပေးတဲ့ အစီအစဉ် အသစ်ပါ။ ပုံမှန်ဆို တစ်နှစ်နေမှ တစ်ခါ ဖွင့်တာပါ။ ဒါပေမဲ့ အခု ဖွင့်မယ့် application duration က ရက်တိုပါတယ်။ ဒါကြောင့် လျှောက်လိုတဲ့သူတွေ စာရွက်စာတမ်း အကုန် စုံလင်စွာ အခုကတည်းက ပြင်ဆင်ထားမှ အချိန်မီပါလိမ့်မယ်။

𝐀𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭 တစ်ဦးကို ဆော်ဒီနိုင်ငံတွင်းရှိ ဖောင်ဖွင့်ထားသော တက္ကသိုလ်များအနက် မိမိနှစ်သက်ရာ တက္ကသိုလ် (၁၀) ခုအထက်ကို ရွေးချယ်နိုင်ပြီး Major/Program ပေါင်း (၂၅) ခုတိတိအား apply လုပ်ခွင့်ရှိပါတယ်။

𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (အစိုးရအထက်တန်း စနစ်ဟောင်း (၁၀) တန်း သို့ စနစ်သစ် (၁၂) တန်း သို့ IGCSE ပြီးမြောက်ထားသည့် တက္ကသိုလ်ဝင်တန်းအဆင့်) 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫'𝐬 𝐃𝐞𝐠𝐫𝐞𝐞 ဝိဇ္ဇာဘွဲ့တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများနှင့် 𝐏𝐨𝐬𝐭𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (ဝိဇ္ဇာဘွဲ့ရရှိပြီး ဘွဲ့လွန်တန်းများ တက်ရောက်လိုသော 𝐃𝐢𝐩𝐥𝐨𝐦𝐚 | 𝐌𝐚𝐬𝐭𝐞𝐫'𝐬 | 𝐏𝐡.𝐃 (ဘွဲ့လွန် ဒီပလိုမာတန်း၊ မဟာဝိဇ္ဇာ/သိပ္ပံတန်း၊ ပါရဂူတန်း) တက်ရောက်မည့် ကျောင်းသား/သူများ ဖောင်လျှောက်နိုင်သော ကာလ 👇🏻👇🏻

(16 September | 2026 မှ 6 October | 2026 ထိ)

ဆော်ဒီနိုင်ငံ၊ ပညာရေးဝန်ကြီးဋ္ဌာန လက်အောက်ရှိ တက္ကသိုလ်များကို ဖောင်လျှောက်ရန် website link 👇🏻👇🏻

https://studyinsaudi.moe.gov.sa/

🛑 မှတ်ချက်။ ။ မက္ကဟ်မြို့နှင့် မဒီနဟ်မြို့တွင်ရှိသော တက္ကသိုလ်များကို "မွတ်စ်လင်မ်" များသာ လျှောက်ခွင့်ရှိမည်။ ကျန်မြို့များတွင်ရှိသော တက္ကသိုလ်များကို "မွတ်စ်လင်မ်" ဟုတ်သူရော "မွတ်စ်လင်မ်" မဟုတ်သူပါ လျှောက်ခွင့်ရှိသည်။ 🛑

𝐓𝐡𝐞𝐨𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐭𝐫𝐚𝐜𝐤𝐬 (𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐒𝐭𝐮𝐝𝐢𝐞𝐬 အထူးပြု 𝐦𝐚𝐣𝐨𝐫) 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫'𝐬 𝐃𝐞𝐠𝐫𝐞𝐞 (ဝိဇ္ဇာဘွဲ့တန်း) အတွက် ဘာတွေပြင်ဆင်လာရမလဲ။ 👇🏻👇🏻

https://www.facebook.com/share/p/1BSzd6kwhB/

𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 (ပညာသင်ဆု) လျှောက်မည့် 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭 တွင် ရှိရမည့် စာရွက်စာတမ်းနှင့် အခြေအနေများ

https://www.facebook.com/share/12AuMHCmPC6/

🏫 BIM Language and Training Center 🏫

အရဗီ ဘာသာစကား 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 အပြင် ကျန် skills များကို နိုင်ငံတကာ ဘာသာစကား စံချိန်စံညွှန်းညီ သီးသန့် လေ့လာချင်တာဆိုရင် 𝐌𝐮𝐬𝐥𝐢𝐦 𝐖𝐨𝐫𝐥𝐝 𝐋𝐞𝐚𝐠𝐮𝐞 (ကမ္ဘာလုံးဆိုင်ရာ မွတ်စ်လင်မ်များ ကောင်စီအဖွဲ့ချုပ်) မြန်မာပြည် ကိုယ်စားလှယ်လည်းဖြစ်၊ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 မှ 𝐏𝐡.𝐃 (ပါရဂူဘွဲ့)ရ တစ်ဦးလည်းဖြစ်သည့် ဒေါက်တာ အစတ်ဒ် ဗင်န် အိစ်မာအီးလ်
https://www.facebook.com/share/1BeQAXtvqa/

တည်ထောင်ထားတဲ့ 𝐔𝐀𝐄 နိုင်ငံ၊ 𝐃𝐮𝐛𝐚𝐢 မြို့ အခြေစိုက် BIM Language and Training Center👇🏻👇🏻

https://www.facebook.com/share/1A8VyDRXob/

🏫 𝐀𝐥 𝐖𝐚𝐡 𝐘𝐚𝐲𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 🏫

ဆော်ဒီနိုင်ငံ တက္ကသိုလ်များမှ ကမ္ဘာတစ်ဝန်း 𝐀𝐜𝐜𝐫𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 (အသိအမှတ်ပြု) Degree ဘွဲ့ရပညာရှင်များ run နေတဲ့ အမျိုးသမီး (သီးသန့်) 𝐎𝐧𝐥𝐢𝐧𝐞 𝐟𝐚𝐜𝐞 𝐭𝐨 𝐟𝐚𝐜𝐞 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 ဖြစ်တဲ့ 𝐀𝐥 𝐖𝐚𝐡 𝐘𝐚𝐲𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 👇🏻👇🏻

https://www.facebook.com/share/1Dv4rEEcZz/

🏫 𝐃𝐚𝐫 𝐀𝐥-𝐓𝐚𝐰𝐡𝐞𝐞𝐝 𝐀𝐜𝐚𝐝𝐞𝐦𝐲 🏫

ပြည်ပလည်း ထွက်ဖို့မရှိ၊ ဒီတိုင်း ပြည်တွင်းကနေပဲ 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐒𝐭𝐮𝐝𝐢𝐞𝐬 ကို Online Class ကနေ ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင် 𝐃𝐚𝐫 𝐀𝐥-𝐓𝐚𝐰𝐡𝐞𝐞𝐝 𝐀𝐜𝐚𝐝𝐞𝐦𝐲 👇🏻👇🏻

https://www.facebook.com/share/1B5XuDgYRT/

🏫 𝐀𝐥 𝐇𝐚𝐫𝐚𝐦𝐚𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 🏫

မက္ကဟ်မြို့ရှိ 𝐔𝐦𝐦 𝐀𝐥 𝐎𝐮𝐫𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 က မဟာဝိဇ္ဇာတန်းမှ ပညာရှင်ကြီး ရှိုက်ခ် အလီမှ ကြီးကြပ်ဖွင့်လှစ်ထားသော 𝐀𝐫𝐚𝐛𝐢𝐜 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 & 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐒𝐭𝐮𝐝𝐢𝐞𝐬 သင်တန်းပဲ ဖြစ်ပါတယ်။ 👇🏻👇🏻

https://www.facebook.com/share/16RjHq5oZJ/

အထက်ဖော်ပြပါ 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞𝐬 များတွင် (၅) နှစ် (၁၀) နှစ် အချိန်ပေးစရာ မလိုဘဲ နှစ်အနည်းငယ်သာပေးပြီး အရဗီ၏ အနှစ်သာရကို သိရှိပြီး 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐒𝐭𝐮𝐝𝐢𝐞𝐬 ကို စနစ်တကျ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ 𝐐𝐮𝐚𝐧𝐭𝐢𝐭𝐲 (အရေအတွက်) မွေးထုတ်သော 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞𝐬 များမဟုတ်ဘဲ 𝐐𝐮𝐚𝐥𝐢𝐭𝐲 (အရည်အသွေး)ကိုသာ မွေးထုတ်ပါတယ်။

🛑 𝐈𝐬𝐥𝐚𝐦𝐢𝐜 𝐒𝐭𝐮𝐝𝐢𝐞𝐬 မေဂျာများ လေ့လာမည့် ကျောင်းသား/သူများအနေဖြင့် အရဗီ ဘာသာစကားနှင့် စာပေနှင့် အခြားသော ပညာရပ်များ မသင်ယူလာဘဲ ကိုယ်လွတ်ရုန်း နိုင်ငံအတွင်းမှ ထွက်လာရလျှင်ပြီးသောဆိုကာ လျှောက်ပါက ဒီကိုရောက်လာလည်း တက္ကသိုလ်မှ စာမလိုက်နိုင်၍ ထုတ်ပယ်ကာ နိုင်ငံသို့ ပြန်ပို့ပါလိမ့်မည်။ ဖောင်လျှောက်သူတိုင်း စာမေးပွဲ ဖြေဆိုရမည်။ အောင်မြင်မှသာ လက်ခံမည်။ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ၏ သဘောသဘာဝမှာ မဲနှိုက်သည့်အလား ဖြစ်ပါသည်။ မည်သူမည်ဝါ တထစ်ကျ လက်ခံခြင်းခံရမည်ဟူ၍ မရှိဘဲ စာရွက်စာတမ်း ခိုင်မာပြီး အမှတ်စာရင်း ကောင်းမွန်ကာ GPA မြင့်မားသောသူများကိုသာ အထူးထား လက်ခံပါလိမ့်မည်။ 🛑

Scientific tracks major လျှောက်မည့်သူများအနေဖြင့် IELTS/Duolingo/TOEFL နှင့် အခြားသော ဘာသာစကားဆိုင်ရာ ကျွမ်းကျင်လက်မှတ်များ ပြင်ဆင်ထားရမည်။ အတတ်ပညာ လက်မှတ်များကိုလည်း Additional documents များအနေဖြင့် ထည့်သွင်း apply လုပ်နိုင်သည်။

ကျား/မ မရွေး လျှောက်နိုင်သည်။ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အမျိုးအစားအနေဖြင့် Fully Funded နဲ့ Partial (၂) မျိုး ရှိပါသည်။ ဒါကြောင့် apply လုပ်တဲ့အခါ သေသေချာချာ ပါဝင်တဲ့ service တွေကို ကြည့်ရှုဖို့ လိုအပ်ပါတယ်။

🛑 𝐈𝐔𝐌 - 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐕𝐨𝐢𝐜𝐞𝐬 က 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်သော service မပေးပါ။ မိမိဘာသာ လုပ်ရမည်။ 🛑

#ဆော်ဒီပညာသင်ဆု

🏫 𝐈𝐔𝐌 - 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐕𝐨𝐢𝐜𝐞𝐬 🏫

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Afshan Family Travels & Tour Co,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Afshan Family Travels & Tour Co,Ltd:

Shortcuts

Share

Category