Natural Breeze Travels and Tours
Natural Breeze Travels and Tours Travel is the only thing you buy,that
make you richer....
Natural Breeze Travels Tours is ready to give services concerning ;
- Out Bound Trips
- Domestic Trip
- International & Domestic Tickets
- Visa Services
- Car Rental
for your satisfaction.
28/12/2016
မင်္ဂလာနံနက်ခင်းလေးပါ
ကျက်သရေမင်္ဂလာအပေါင်း ခညောင်းကြပါစေ
စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ
စီးပွားဥစ္စာဒီရေအလားတိုးတက်ကြပါစေ
တန်ဆောင်တိုင်ကာလတွင် တာဝတိ`ံသာနတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံ လွတ်တင်ပူဇော်သည့်အမှုကို ...
12/11/2015
တန်ဆောင်တိုင်ကာလတွင် တာဝတိ`ံသာနတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံ လွတ်တင်ပူဇော်သည့်အမှုကို ဆောင်ရွက်ကြသည်။ အေးချမ်းသာယာလှတဲ့ တောင်ပေါ်မြို့လေး တောင်ကြီးမှာ တစ်နှစ် တစ်ကြိမ်သာ ကျင်းပတဲ့ နှစ်ပေါင်း(၇၀)ကျော်သက်တမ်းရှိ မီးပုံးပျံပွဲတော်ကို သွားရောက်လေ့လာကြည့်ရှူ့ရအောင် ကျွန်တော်တို့ Natural Breeze Travels & Tours မှ ဖိတ်ခေါ်လိုက်ပါရစေ...
တောင်ကြီးမြို့မီးပုံးပျံ ကျင်းပရေး ကော်မတီမှ ပြုစုထားသောမှတ်တမ်း သက္ကရာဇ်(၁၂၀၀)ခန့်က တည်ရှိနေသော ပအိုဝ်းရွာ“ဒုံတောင်ကျည်း...
02/11/2015
တောင်ကြီးမြို့မီးပုံးပျံ ကျင်းပရေး ကော်မတီမှ ပြုစုထားသောမှတ်တမ်း
သက္ကရာဇ်(၁၂၀၀)ခန့်က တည်ရှိနေသော ပအိုဝ်းရွာ“ဒုံတောင်ကျည်း”ရွာရှိသည်။ ရေကန်(၄)ကန်နှင့် အင်းကြီး(၁)အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေးကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ်(၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉၀)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့်(၄၇၁၂)ပေ တောင်ကြီးမြို့ တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့် ပေ(၅၆၀၀)ကျော် ရှိသည်။ အင်္ဂလိပ်ခေတ်တွင် မီးပုံးပျံများကို အများအပြား လွတ်တင်နေပြီး ဗျောက်အိုးများလည်း အိမ်တိုင်းနီးပါး ဖောက်ကြသည်။ ဗျောက်အိုးဖောက်လျှင် မကောင်းဆိုးဝါးများ ပြေးသည်ဟု အယူရှိသည်။ တန်ဆောင်တိုင်ကာလတွင် တာဝတိ`ံသာနတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံလွတ်တင်ပူဇော်သည့်အမှုကို ဆောင်ရွက်ကြသည်။ ထို့ပြင် တာဝတိ`ံသာ နတ်ပြည်၌ သကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့်အမှုအဖြစ် မှတ်ယူကာ မီးပုံးပျံပူဇော်ခဲ့ကြသည်။ မီးပုံးပျံလွတ်ပါက ကံကောင်းစေသည်၊ ကံဇာတာ တက်သည်ဟူသော အယူရှိခဲ့ကြသည်။ မြန်မာ သက္ကရာဇ် (၁၃၀၃)ခု၊ ခရစ်နှစ်(၁၉၄၁)ခုနှစ် တန်ဆောင်မုန်းလမှာ ကုန်းသာကျောင်းဘုန်းကြီးက ဦးစီး၍ ဦးထား၊ ဦးချစ်၊ ဦးရီ(ဦးဖိုးရီ)တို့ စုပေါင်း၍ ခေါင်အချင်း ပေ(၅၀)ခန့် မီးပုံးပျံကြီးကို ပြုလုပ်ခဲ့ကြသည်။ ၄င်းမီးပုံးပျံကို ပိတ်စဖြင့်ပြုလုပ်ကာ အပ်ချုပ်စက်ဖြင့် ချုပ်လုပ်ခဲ့သည်။ စာရေးကတော် ဒေါ်သင့်နှင့်အဖွဲ့၊ ကူညီကုန်း အောင်မြင်ဝပ်ရှော့ (ဆရာမဒေါ်သန်းမြ၏ အမေ) အုပ်စုက တာဝန်ယူချုပ်ပေးခဲ့သည်။ မီးပုံးပျံချုပ်ချိန်မှာ (၁)လ ကြာမြင့်သည်။ မီးစာကို သံနှင့်ပြုလုပ်၍ သင်္ကန်းစနှင့် ကျစ်၍ ရေနံချေးအသုံးပြုကာ ပြုလုပ်သည်။ မီးစာ၏ အရွယ်အစားမှာ လုံးပတ် အချင်း(၂)ပေခန့် ရှိသည်(လူတပွေ့စာ)။ မီးစာ အမြင့်(၁၀)ပေခန့် ရှိသည်။ ၄င်းမီးစာကို မြေဖြူတောင်ရပ်ကွက် (အနောက်ကုန်း)နေ ဦးလှဖေနှင့် အဖွဲ့က တာဝန်ယူ၍ ပြုလုပ်ပေးခဲ့သည်။ ၄င်းအချိန်က ကုန်းသာကျောင်းသည် တဲကျောင်းကလေးသာ ဖြစ်သည်။ ၄င်းမီးပုံးပျံကို ကုန်းသာကျောင်း ကုန်းပေါ်တွင် လွတ်သည်။ မီးပုံးပျံလွတ်တင် မှိုင်းခံသည့် နေရာနှင့် ကိုက်(၁၀၀)ခန့်အကွာ တောင်စောင်းမှ မီးပုံးပျံ လွတ်တင်မည့် မှိုင်းခံမည့်နေရာထိ မြောင်းတူး၍ ၄င်းမြောင်းအပေါ် သစ်၊ ၀ါးတို့ဖြင့် ခင်းပြီး မြေဖို့ကာ လှိုင်ခေါင်း ပြုလုပ်သည်။ မီးပုံးပျံ မှိုင်းခံမည့်နေရာတွင် ပေပါကို အထက်အောက် ဖွင့်၍ မြေထဲအနည်းငယ်မြှပ်၍ မှိုင်းထွက်ပေါက် ပြုလုပ်သည်။
၎င်းလှိုင်ခေါင်းအစ တောင်စောင်းနေရာတွင် မီးထည့်ရန် မြေကျင်းကျယ်အောင် တူး၏။ လှိုင်ခေါင်းအစတွင် ကျယ်၍ မှိုင်းထွက်ပေါက် ရောက်ခါနီးတွင် တဖြည်းဖြည်းကျဉ်းသွားသည်။ မီးထည့်ရန် လောင်စာအဖြစ် ထင်းများ အသုံးပြုသည်။ မီးပုံးပျံကို ကြိုး(၄)ကြိုးဖြင့် သစ်ငုတ်(၄)ပင်တွင် ချည်နှောင်ထားရသည်။ မီးပုံးပျံကို မှိုင်းထွက်ပေါက်ဖြင့် မှိုင်းခံစေပြီး မှိုင်းထောင်ပါက မီးဇာတပ်ခြင်း အပါအ၀င် လိုအပ်ချက်များ အားလုံးကို ကုန်းသာဘုန်းကြီး ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရသည်။ ၄င်းမီးပုံးပျံ၏ အောက်တွင် ထီး၊ ချိုင့်၊ ဖိနပ်၊ အင်္ကျီ၊ လုံချည်၊ ပိတ်စ၊ ပိတ်အုပ်၊ ပန်းကန်မျိုးစုံ၊ ဆေး၊ ဆီပုံး၊ ရေနံဆီပုံး၊ ဆန်အိတ်ငယ်များ၊ သင်္ကန်း၊ သပိတ်နှင့် နာရီ၊ လူအသုံးအဆောင်ပစ္စည်းမျိုးစုံကို ပန့်သကူပစ္စည်းအဖြစ် ပိတ် လေထီးများဖြင့် မီးပုံးပျံမှ အောက်သို့ ဖြုတ်ချရန် ဆောင်ရွက်ထားသည်။ ၄င်းပစ္စည်းများ ချိတ်ဆွဲရန် အောက်ဆွဲထည်ကို ၀ါးဖြင့် ခိုင်ခံ့အောင် ပြုလုပ်သည်။ ထောင့်လေးထောင့်တွင် အရပ်လေးမျက်နှာကို စောင့်ကြပ်သော နတ်မင်းကြီး(၄)ရုပ် အမြင့်(၈)ပေခန့် ပါရှိသည်။ နတ်သားတစ်ရုပ်စီတွင် ငွေကျပ်(၂၅)ကျပ်စီ ထည့်ထားသည်။ ၄င်းအချိန်တွင် ဆီစိမ်စက္ကူ၊ ရေပါးစက္ကူ(၄)ရွက်ကို တစ်ပြားသာပေးရပြီး တစ်ပဲကို (၁၆)ရွက် ရသည်။ ရှမ်းဆန် အကောင်းဆုံး(နို့ဆီဗူး)(၁၂)လုံးတိုက်၊ (၁၀)ပြည်ကို ၁ကျပ်သာ ပေးရသည်။ ၄င်းအချိန်တွင် ဗမာဆန် ရှမ်းပြည်သို့ မရောက်သေးပေ။ မီးပုံးပျံ မှိုင်းဝပြီး မီးစာကို မီးရှို့ကာ မီးပုံးပျံဆွဲပြီဟု ယူဆသော အချိန်တွင် မီးပုံးပျံကို ကြိုး(၄)ကြိုးဖြင့် သစ်ပင်ငုတ်တွင် ချည်ထားသည့် ကြိုး(၄)ပင်ကို ဘုန်းကြီး(၄)ပါးက ဆရာတော် အချက်ပေးသည်နှင့် တပြိုင်နက် ဓါးရှည်ဖြင့် ခုတ်ဖြတ်ရသည်။ ထိုသို့ ခုတ်ဖြတ်ရာတွင် ရာဟုထောင့်မှ တာဝန်ယူ ခုတ်ဖြတ်ရသော ဘုန်းကြီးမှာ အနည်းငယ်နောက်ကျသွားသဖြင့် ၄င်းမီးပုံးပျံ နာသွားသည်ဟု ဆိုကြသည်။ ၄င်းမီးပုံးပျံသည် အရှေ့ဘက်သို့ တက်သွားပြီး ထီးနှင့်ချိုင့် နှစ်ခုသာ လေထီးနှင့် ကျလာပြီး အမြင့် ကိုက်(၄၀၀)ကျော်တွင် ၀ုန်း ဆိုသော အသံကျယ်ကြီး မည်၍ မီးပုံးပျံ ကွဲကျသွားသည်။ ကြည့်နေသောသူများ လန့်၍ ထွက်ပြေးကြသည်။ ၄င်းမီးပုံးပျံကြီးသည် ယခုအနောက်မြို့ပတ်လမ်း၊ ကုန်းသာကျောင်းအတက် မုတ်ဦးအနီးတွင်ရှိသော မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံ ပန်းခြံတွင် ကျပြီး မီးလောင်ခဲ့သည်။ ၄င်းမီးလောင်နေသော ပိတ်စများကို ရေချောင်းထဲသို့ ဆွဲယူမီးငြိမ်း၍ ယူကြသည်။ အချို့လူများက ရသော ပိတ်စများကို ခြင်ထောင်ချုပ်ရာတွင် တစ်ယောက်ကို ခြင်ထောင် ၁လုံး ၂လုံးစာ ရကြသည်။ ၄င်းမီးပုံးပျံကြီး မအောင်မြင်သဖြင့် ရှမ်းစက္ကူနှင့် ခေါင်အချင်း(၂၄)ပေခန့် အရွယ်အစားကို ပြန်လုပ်၍ အောက်တွင် ငွေဒင်္ဂါးများ ထည့်၍ လေထီးဖြင့် ဖြုတ်ချသည်။
၎င်းမီးပုံးပျံကြီးသည် ကုန်းသာကျောင်းမှ အရှေ့ဘက်သို့ တက်သွားသည်။ မီးပုံးပျံသွားရာ လမ်းကြောင်းအတိုင်း လူအများလိုက်၍ ငွေဒင်္ဂါးများ ကျရာတွင် လိုက်၍ လုကြသည်။ ထိုကဲ့သို့ ရှမ်းစက္ကူဖြင့် ပြုလုပ်သော မီးပုံးပျံမျိုးကို အခြားဘုန်းကြီးကျောင်းများကလည်း ရှမ်းစက္ကူ အရွက်(၄၀၀-၅၀၀)အရွယ်အစား ပြုလုပ်၍ အခါအားလျှော်စွာ လွတ်တင် ကြလေသည်။ (၁၉၄၅)ခုနှစ် တန်ဆောင်မုန်းလတွင် ဂါတ်တဲပွဲကို OurDay ပွဲ အမည်ဖြင့် ပွဲစတင်လုပ်သည်။ ၄င်းအချိန်က လူအများအခေါ်(အာဝါတေး) အသံထွက်သည်။ အချို့က ၄င်းပွဲကို နွားလှည်းများဖြင့် သွားကြသည်။ ဂါတ်တဲဝင်းထဲတွင် ၀င်္ကာဘာ ပြုလုပ်၍လည်းကောင်း၊ အငြိမ့်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ၄င်းပထမအကြိမ် ဂါတ်တဲပွဲတွင် မန္တလေးမှ သြဘာရ မအေးတင်အငြိမ့် စ၍ ကခဲ့သည်။ ၄င်းပွဲကို ဟော်ကုန်းပိုင်း၊ အလယ်ကျင်းပိုင်း၊ တောင်ပိုင်း စသော ရပ်ကွက်များမှ မီးကြာကပ်များ ကိုင်ဆောင်၍ မီးပုံးပျံများ အပျော်သဘောဖြင့် ဈေးကြီးတောင်ဘက်တွင် လာရောက် လွှတ်ကြသည်။ (၄င်းမီးပုံးပျံများတွင် ယမ်း၊ မီးပုံးများ ချိတ်ဆွဲခြင်းမရှိ၊ ရိုးရိုးမီးပုံးပျံများ ဖြစ်ကြသည်။) ဈေးကြီး ပတ်ဝန်းကျင်တွင် ညောင်ပင်ကြီးများ ရှိသည်။ အကာအရံမရှိသေးပါ။ နောင်နှစ်များတွင် ရပ်ကွက်များမှ ဆက်လက်၍ မီးပုံး၊ မီးကြာကပ်များ ကိုင်ဆောင်ခြင်း၊ မြို့လယ်ဓမ္မာရုံဘုရားကို မီးပူဇော်ရန်၊ သင်္ဘောနာနတ်ပင်များ၊ သစ်ပင်သစ်ကိုင်းများ၊ ၀ါးပင်များတွင် မီးပုံးရောင်စုံများ ချိတ်ဆွဲထွန်းညှိကာ ဘုရားမီးပူဇော်ရန် အလှအပဆင်၍ ယူဆောင်လာခြင်း၊ မီးပုံးပျံများလည်း ယူဆောင်လာကာ၊ ယခု ညဈေး(ယခင် ကလေးကစားကွင်း)၊ ဂါတ်တဲဝင်း၊ ဘဏ်နေရာတွင်လည်းကောင်း လွှတ်တင်ခဲ့ကြသည်။ ထိုကဲ့သို့ လွှတ်တင်ခဲ့ကြရာမှ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အပြိုင်အဆိုင် ပြုလုပ်လာကြပြီး ပြိုင်ပွဲအသွင် ဆောင်လာခဲ့သည်။ (ပြိုင်ပွဲ အဆင့်မရောက်သေးပေ)သင်္ဘောနာနတ်ပင်၊ ၀ါးပင်၊ သစ်ပင်များတွင် မီးပုံးရောင်စုံများ ချိတ်ဆွဲ၍ ယူဆောင်လာရာမှ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အပြိုင်အဆိုင် သူ့ထက် ငါလှအောင် ပြုလုပ်လာရာမှ မီးပဒေသာပြိုင်ပွဲ အသွင်ဆောင် လာခဲ့သည်။ ထိုအချိန်က ရပ်ကွက်များမှ ရှမ်းအိုးစည်၊ ဓနုအိုးစည်၊ ရွှေအိုးစည်များ တီးခတ်ကာ မီးလာရောက် ပူဇော်ကြသည်။ မီးပုံးပျံများ လွတ်တင်ပြီး “.......…မီးကို နိုင်ချင်လျှင် ဆယ်နှစ်ဆယ်မိုး ကြိုးစားပါအုံး။” သံချပ်များထိုးကာ ပျော်ရွှင်မြူးတူး ကခုန်ကြသည်။ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် သူ့မီးသာသည်၊ ငါ့မီးသာသည်ဟု အငြင်းပွားကြရာမှ မြို့မိမြို့ဖများနှင့် သမာသမတ် ရှိသူများက အကဲဖြတ်ပေးကြရသော အဆင့်ကို ရောက်ခဲ့ပါသည်။ (၁၉၅၁)ခုနှစ်လောက်တွင် ညဈေးတန်း နေရာတွင် မီးပုံးပျံများကို အောက်တွက် မီးပုံးများ ချိတ်ဆွဲ၍ လွတ်တင်ခြင်း၊ မီးပုံးများကို ကြိုးတွင် တန်းစီ၍ မီးပုံးပျံ နှစ်လုံးတွင် ဆွဲကာ လွတ်တင်ခဲ့ကြသည်။ (၁၉၅၂)ခုနှစ်လောက်တွင် မီးပုံးပျံများကို ယမ်းထုတ်များ ချိတ်ဆွဲ၍ လွတ်တင်လာခဲ့ကြသည်။ ၄င်းအချိန်တွင် (ယမ်းစိမ်း၊ မီးသွေး၊ အုန်းဆံကြိုးကို တောက်တောက်စင်း၍ သုံးမျိုးရောစပ်ကာ မီးဖွားများ ကောင်းကင်တွင် လွင့်စင်စေခြင်းဖြင့် လှပအောင် စီမံပြုလုပ်လာခဲ့သည်။ အုန်းဆံကြိုးထည့်ရခြင်းမှာ အုန်းဆံကြိုးမီးဖွားသည် ကောင်းကင်တွင် ကြာရှည်ခံခြင်းကြောင့် ထည့်ခြင်းဖြစ်သည်။
(၁၉၅၃-၁၉၅၄)လောက်တွင် မီးပန်းများ၊ ဗျောက်အိုးများ ချိတ်ဆွဲကာ မီးပန်းချောင်းကလေးများ ကောင်းကင်တွင် လှပစွာ ကျဆင်းလာစေရန် မီးပန်းစနက်များဖြင့် စတင်ပြုလုပ်လာခဲ့သည်။ ရိုးရာမီးရှူးများဖြင့် ပြုလုပ်သည့် မီးရှူးများပါ ထည့်သွင်းလွှတ်တင်ကြသည်။ (၁၉၅၆-၅၇)ခုနှစ်လောက်တွင် လေယာဉ်သံများ အသုံးပြု၍ မီးကျည်အဖြူရောင်များ စတင် အသုံးပြုလာခဲ့ပါသည်။ ထိုမှတဆင့် (၁၉၅၇-၅၈)ခုနှစ်လောက်မှသာ သိမ်တောင်ဆရာတော်မှ ယမ်းစပ်နည်း (မြန်မာ့နည်း မြန်မာ့ဟန်)ဖြင့် ယမ်းစိမ်း၊ ထုံး၊ ကန့်၊ ဒုတ္ထာများဖြင့် အရောင်များ တီထွင်စမ်းသပ်လာခဲ့သည်။ တောင်ပိုင်းရပ်ကွက်မှ မီးဆရာ ဦးဆောင်သည် ဗမာပြည်မှ ယမ်းစပ်နည်းကို သင်ယူရရှိပြီး အရောင်များ အသုံးပြုလာခဲ့ပါသည်။ ထိုအချိန်က မီးဆရာများ ဖြစ်ကြသော ဦးဆောင်၊ ဦးဖိုးရီ၊ ဦးတုံး စသော နာမည်ကြီး မီးဆရာများသည် ယမ်းစပ်နည်းများကို ကြိုးစာရှာဖွေ၍ လုပ်ဆောင်ခဲ့ကြရာမှ (၁၉၆၀-၆၂)ခုနှစ်များတွင် မီးပုံးပျံများ အဆင့်မြင့်လာခဲ့ပြီး ရောင်စုံ ယမ်းအလှအပများကို ကြည့်ရှု့ခံစား နိုင်ခဲ့ကြသည်။ ၄င်းမီးဆရာ(၃)ဦးမှတဆင့် တပည့်များမွေးဖွားကာ ဆက်လက်၍ မီးပုံးပျံ အဆင့်မြင့်မားလာစေရန် ကြိုးစားရှာဖွေ ခဲ့ကြရာမှ (၁၉၆၉-၇၁)ခုနှစ်လောက်တွင် ခိုပျံ၊ မီးစင်္ကြာ၊ မီးလင်းမြွေများ တီထွင်၍ အသုံးပြုလာခဲ့ကြသည်။ နိုင်ငံခြား ယမ်းစပ် နည်းများ လေ့လာ၍ ဓါတုပစ္စည်းများ အနည်းငယ် အသုံးပြုခဲ့ကြသည်။ (၁၉၆၀-၆၁)ခုနှစ်တွင် မီးပဒေသာ ပြိုင်ပွဲများ အကြီးအကျယ် ပေါ်ထွန်းလာခဲ့သည်။ စေတီပုံများ၊ ကျောင်းဆောင်ပုံများ ပြုလုပ်ပြိုင်ပွဲ ၀င်လာခဲ့ကြသည်။ ကံသာရပ်နှင့် တောင်ပိုင်းတို့ အချင်းများခဲ့ရာမှ မီးပဒေသာပြိုင်ပွဲ ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့ပေ။ (၁၉၇၆-၇၇)ခုနှစ် ၀န်းကျင်တွင် မီးပုံးပျံအဆင့်သည် တိုးတက်ကောင်းမွန်လာခဲ့ပြီး ယမ်း အရောင်စုံများလည်း ကောင်းမွန်လာခဲ့သည်။ ဦးဆောင်(တောင်ပိုင်း)မှ ဦးစန်းလွင်၊ ဦးဖိုးရီ(ချမ်းမြ)မှ ဦးလှကျော်နှင့် ကိုငွေထွန်း၊ ဦးတုံး(ဈေးပိုင်း)မှ ဦးတင်ဝင်း(စံပြ)နှင့် ကိုကျော်မြင့်(စံပြ)၊ စိန်အင်းရပ်ကွက်မှ ဦးတင်လှိုင်၊ ဟော်ကုန်းရပ်မှ ဦးမောင်မောင်၊ ကိုအေးဖေ၊ သိမ်တောင်ဆရာတော်မှ ကိုဖိုးမှီနှင့် ကိုဖိုးကြည် တို့ ပေါ်ထွက်လာခဲ့ကြသည်။ စိန်နားပန် မီးပုံးပျံ-မီးပုံးများဖြင့် မီးပုံးပျံကိုယ်ထည်ပေါ်တွင် ချိတ်များတပ်ဆင်၍ ပုံဖော်လာ ခဲ့ကြလေသည်။ (၁၉၇၀)ခုနှစ်တွင် ကိုယ်ထည်များပေါ်တွင် ပုံများရေးဆွဲ၍ မီးပုံးများဖြင့် သရုပ်ဖော် ချိတ်ဆွဲလာခဲ့ကြသည်။ (၁၉၅၀-၅၁)ခုနှစ် ပြိုင်ပွဲ စတင်ရာတွင် ဒိုင်အဖြစ် ပန်းချီဆရာမောင်၊ သူကြီးဘဟန်၊ သူကြီးဘိုးခင်၊ ဦးစိုးမြင့်(ကန်ရှေ့)တို့က ဆောင်ရွက်ခဲ့ကြသည်။
တောင်ကြီးမြို့ မီးပုံးပျံ ကျင်းပရေး ကော်မတီမှ ပြုစုထားသောမှတ်တမ်း ရုမ်းပြည်နယ် ယဉ်ကျေးမှုစာပေမှ စာပေအချို့မှ ကောက်နုတ်ပြုစုထားသော မှတ်တမ်းတောင်ကြီးမြို့ မီးပုံးပျံ ပညာရှင်များ အသင်းမှ ပြုစုထားသော မှတ်တမ်းဖြစ်ပါသည်။
20/10/2015
စတီးဝဲလ်ရဲ့ ငရဲလမ်း သို့မဟုတ် အာရှလီဒိုလမ်းမကြီး===========================ကမ္ဘာကြီးကို စစ်ကြီးနှစ်ခုဖြင့် ပိုင်းခြား...
12/09/2015
စတီးဝဲလ်ရဲ့ ငရဲလမ်း သို့မဟုတ် အာရှလီဒိုလမ်းမကြီး
===========================
ကမ္ဘာကြီးကို စစ်ကြီးနှစ်ခုဖြင့် ပိုင်းခြားကြည့်လိုက်လျှင် ဒုတိယ ကမ္ဘာစစ်သည် မြန်မာနိုင်ငံသား တိုင်းရင်းသာညီအကိုများ ပါဝင် ပတ်သက်ခဲ့ရပေသည်။ မြန်မာ့သမိုင်းစာမျက်နှာတွေကို လှန်လော်ကြည့်လိုက်ရင် ချန်လှပ်ထားသလိုဖြစ်ခဲ့တဲ့ လီဒိုလမ်းမကြီး အကြောင်းကို ယနေ့ခေတ် လူငယ်မျိုးဆက်တွေကတော့ ကောင်းကောင်း သိကြမှာမဟုတ်ပါဘူး။ ဒီလမ်းမကြီးဟာ မြန်မာနိုင်ငံ တောင်ပိုင်းက သေမင်းတမန်ရထားလမ်းလောက် နာမည်မကြီးခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကို ရွံရှာထိတ်လန့်စွာ ဖြတ်သန်းခဲ့ရတဲ့ ဌာနေ တိုင်းရင်းသားတွေကတော့ သေမင်းတမန်လမ်းမကြီးရယ်လို့ သိကြပါတယ်။ သေမင်းတမန်ရထားလမ်းကတော့ ဂျပန် ဘုရင့်တပ်မတော်အနေနဲ့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဂျပန်တပ်တွေအတွက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံကို မီးရထားဖြင့် ဆက်သွယ်ရန်ပြုလုပ်ထားသော စီမံကိန်းတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် လီဒိုလမ်းမကြီးကတော့ အဲဒီရထားလမ်းနဲ့ မတူပါဘူး။ ဒီလမ်းမကြီးကို အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဗင်နီဂါစတီးဝဲလ်က အိန္ဒိယနိုင်ငံ လီဒိုမှ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ဖောက်လုပ်ရန် စီမံခဲ့ခြင်းဖြစ်ပါတယ်။ သူ့အကြံအစည်ကတော့ တရုတ်ပြည်တွင်းကို ကျူးကျော်ရောက်ရှိနေတဲ့ ဂျပန် တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တရုတ်ကူမင်တန်တပ်များကို အန္တရာယ်များတဲ့ လေကြောင်းလမ်းကို ရှောင်ရှားပြီး မြန်မာပြည်မြောက်ပိုင်း တောင်တန်းများပေါ်မှ လမ်းကြောင်းတစ်ခု ဖောက်လုပ်ပြီး ထောက်ပံ့ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလတွေ ဖြစ်တဲ့ (၁၉၃၀-၃၁)မှာ ဂျပန်က မန်ချူးရီးယားကို ၀င်သိမ်းပြီး တဲ့နောက် တရုတ်-ဂျပန် ဒုတိယစစ်ပွဲကြီး စတင်ခဲ့ပါတော့သည်။ (၁၉၃၇)မှာတော့ စစ်ဟာ ပိုမိုအရှိန်မြှင့်လာခဲ့သလို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း တော်တော်များများကို ဂျပန်က သိမ်းယူနိုင်ခဲ့တာကြောင့် ဂျပန်တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တရုတ်ကူမင်တန်တပ်များကို အင်္ဂလိပ်တို့က လိုအပ်နေတဲ့ စစ်အထောက်အပံ့တွေကို ပေးပို့ရာမှာ အဟန့်အတားတွေ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ကူမင်းမြို့ ကနေ လားရှိုးမြို့ကို ဆက်သွယ်တဲ့ ရထားလမ်းတစ်ခုကို တရုတ်အလုပ်သမားတွေနှင့် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၃၈)မှာအပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း(Burma Road)လို့ ခေါ်တယ်။ လားရှိး-ရန်ကုန်ရထားလမ်း ရှိနေတာကြောင့် ရန်ကုန်မှာ ရှိနေတဲ့ စစ်အထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကံဆိုးချင်တော့ (၁၉၄၂)မှာ ဂျပန်က ဗမာပြည်ကို ၀င်သိမ်းလိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါတော့တယ်။ ဒါကြောင့် တရုတ်တပ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြရာကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ကူမင်းကို ဆက်သွယ်နိုင်မယ့် လမ်းသစ်ဖောက်လုပ်ဖို့ကို အကြံပြုခဲ့ကြရာက လီဒိုလမ်း ဆောက်လုပ်ရေးကြီး ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီချိန်မှာ အာရှပစိတ်ဖိတ်ဒေသရဲ့ အိန္ဒိယ-ဗမာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ်ဖြစ်သူ အမေရိကန် စစ်ဗိုလ်ချူပ် ဂျိုးဇက်(W)စတီးလ်ဝဲလ်က ဒီလမ်းဆောက်လုပ်ရေးကို ကွပ်ကဲခဲ့ရတယ်။ ရန်ကုန်က အထောက်အပံ့တွေ ရပ်ဆိုင်း သွားတာကြောင့် အစီအစဉ်အရ အိန္ဒိယနိုင်ငံ ကချာဒေသနှင့် ဘုံဘေမှာရှိနေတဲ့ စစ်အထောက်အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်း တင်ပို့ပေးနိုင်ဖို့ ဖြစ်ပါတယ်။
ဒီလမ်းမကြီးကို ဖောက်လုပ်တဲ့ အမေရိကန်အင်ဂျင်နီယာတွေဟာ သားရဲတိရစ္ဆာန်များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များနဲ့ ပြည့်နှက်နေတဲ့ မြန်မာပြည်မြောက်ဘက်ပိုင်း တောနက်ကြီးတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ အင်ဂျင်နီယာတွေရဲ့ တာဝန် ကတော့ အိန္ဒိယနိုင်ငံနယ်စပ်အနီး လီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ပြီး ဗန်းမော်မှတဆင့် တရုတ်နိုင်ငံ ဝမ်တိန်နှင့် တရုတ်နိုင်ငံ ကူမင်းသို့ ဖောက်လုပ်ရန် ဖြစ်ပါတယ်။ နဂိုလမ်းမရှိရာ(သျှမ်းပြည်မှာရှိတဲ့) မုံယူလမ်းဆုံ အထိ (၄၆၅)မိုင်ရှည်တဲ့ လီဒိုလမ်းဆောက်လုပ်ရေးကို (၁၉၄၅)အစောပိုင်းမှာ ပြီးတယ်။ ဒီလမ်းပိုင်းကိုတော့ လီဒိုလမ်းမကြီးလို့ ခေါ်ပါတယ်။
အမေရိကန်တပ်မတော်အနေနဲ့ အမေရိကန်ဒေါ်လာ(၁၄၈)သန်း ကုန်ကျပြီး အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံမှ နာဂ၊ ကချင်နဲ့ သျှမ်းနီတိုင်းရင်းသားတွေ၊ တရုတ်အလုပ်သမားတွေ စုစုပေါင်းအင်အား(၂၅ဝဝဝ)လောက်နဲ့ မိုင်တစ်ထောင်ခန့် အရှည်ရှိတဲ့ လမ်းမကြီးကို(၂)နှစ်ကြာအောင် ဖောက်လုပ်ခဲ့ရပါတယ်။ အဲဒီငရဲလမ်းမကြီးဟာ တစ်ထောင်ဆစ် ချိုး အကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့၊ ပေတစ်သောင်းကျော်နက်တဲ့ ချောက်ကမ်းပါးတွေနဲ့ တောင်အသွယ်သွယ်ပေါ်မှာ ဖောက်လုပ်ထားခြင်းဖြစ်ပါသည်။ လမ်းဖောက်လုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့ရသော ဌာနေတိုင်းရင်းသားများအား ဒေသအခေါ် ကမ်နီ သို့မဟုတ် ခတ်ပုံလို့ခေါ်တဲ့ ငှက်ပျောရွက်နဲ့ ဘိန်းကပ်ထားပြီး သော်ပါလို့ခေါ်တဲ့ ၀ါးပြောင်းနဲ့ရှုစေပြီး ငှက်ဖျား၊ အညှောင်းအညာများ ပြေတယ်ဟုဆိုကာ သုံးစွဲလာစေခဲ့ကြရာမှ ယနေ့ချိန်ထိ ရိုးရာအစဉ်အလာပုံစံလိုလို ကျန်ရှိ နေခဲ့ကြသည်ကိုလည်း ၀မ်းနည်းဖွယ် တွေ့မြင်ကြရသည်။
ယင်းကိုလိုနီစနစ်၏ ဆိုးမွေများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများဖို့ ယနေ့ချိန်ထိ နလန်မထူနိုင်အောင်ပင်ဖြစ်သည်။ (၁၉၄၂)ခုနစ် ဒီဇင်ဘာလ(၁)ရက်နေ့ လမ်းဖောက်လုပ်ရေးလုပ်ငန်းကို စတင်ခဲ့ပြီး (၁၉၄၅)ဇန်နဝါရီ(၂၈)ရက်မှာ ပထမ ယာဉ်တန်းအနေနဲ့ ဝမ်တိန်မြို့ကို အောင်မြင်စွာသွားနိုင်ခဲ့ပါတယ်။ ကူမင်းကိုဆက်သွယ်တဲ့ မုံယူလမ်းပိုင်းကနေ မိုင်ပေါင်း(၆၀၀) ကျော်ခန့်ရှိတဲ့ ဗမာပြည်လမ်းပိုင်းကို စစ်ဘက်အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အားတွေနှင့် ပြန်လည်မွမ်းမံ တည်ဆောက် ခဲ့ကြပြန်ပါတယ်။ ဒီလမ်းဆုံဖြစ်တဲ့ မုံယူကနေ ကူမင်းအထိ ဆက်သွယ်ထားတဲ့ ဗမာပြည်လမ်းပိုင်းကို ဗိုလ်ချူပ်ကြီး စတီးဝဲလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စတီးဝဲလ် လမ်းမကြီးလို့ အမည်ပေးခဲ့တယ်။ နောင်မှာတော့ လီဒိုကနေ-ကူမင်းအထိ မိုင်ပေါင်း(၁၀၇၉)မိုင် ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကို စတီးဝဲလ်လမ်းမကြီးလို့ လူသိများလာကြပါတယ်။
(၁၉၄၅)ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ထောက်ပံ့ရေးပစ္စည်းတန်ချိန်(၃၄ဝဝဝ)ကို ဒီလမ်းမကြီးကို အသုံးပြုပြီး ပို့ဆောင်ပေးနိုင်ပါတယ်။ (၁၉၄၇)ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့သော လန်ဒန်မြို့ ဗြိတိသျှ နိုင်ငံခြားရေးရုံးမှ ထုတ်ပြန်ကြေငြာချက်တွင် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း(၈၀၀၀၀)ကျော် သေကြေပျက်စီးခဲ့ကြောင်း ခန့်မှန်းခြေ ထုတ်ပြန်ခဲ့သည်။ ဒါပေမယ့် လီဒိုလမ်းမကြီးကို (၁ဝ)လကြာအသုံးပြုပြီးတော့ သြဂုတ်လအတွင်းမှာ မြန်မာ ပြည်တွင်းရှိ ဂျပန်တပ်များ လက်နက်ချခဲ့ပြီး တစ်လအကြာမှာ လုံးဝတရားဝင် လက်နက်ချအရှုံးပေးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက နှစ်ပေါင်း(၆၀)ကျော်အထိ မွမ်းမံမှုမရှိပဲ တိမ်ကောနေတဲ့ ဒီလမ်းမကြီးရဲ့ တချို့အစိတ်အပိုင်းတွေ ကိုတော့ အသုံးပြုနေဆဲပင်ဖြစ်ပါတယ်။
ဒီစတီးဝဲလ်လမ်းမကြီး သို့မဟုတ် လီဒိုလမ်းမကြီးဟာ ဗမာပြည်အပိုင်းမှာ အနောက်မြောက်ပိုင်းက နာဂဒေသတွေ ဖြစ်တဲ့ ပန်ဆောင်မြို့၊ နန်းယွန်းမြို့နှင့် ရှင်ဘွေယံမြို့တွေကိုဖြတ်သွားပြီး၊ ကချင်ပြည်နယ်ထဲမှာတော့ တနိုင်းမြို့ကနေတဆင့် မြစ်ကြီးနား၊ နမ္မတီးစတဲ့ မြို့ကြီးတွေကိုပါ ဖြတ်သွားပါတယ်။ ဟူးကောင်းလွင်ပြင်ဒေသရဲ့ အလယ်ဗဟိုကနေ ဖြတ်သွားတဲ့ လမ်းမကြီးပါ။ ယနေ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲချိန်မှာ တရုတ်နဲ့ အိန္ဒိယကုန်စည်ဆက်သွယ်ရန် အရေးပါလှသလို ဒေသခံ တွေရဲ့ ဒီဒေသတွေ ဖွံ့ဖြိုးအရေးအတွက် အရေးပါတဲ့လမ်းမကြီးဖြစ်ခဲ့ပါတယ်။
ဟူးကောင်းလွင်ပြင်သည် သဘာဝသယံဇာတနှင့် သစ်တောထွက်ပစ္စည်း အများအပြားထွက်ရှိတဲ့အပြင် ယခုအခါ ကျားဘေးမဲ့တောတခုဖြစ်ပြီး (၈၄၈၄)စတုရန်းမိုင် ဧရိယာကျယ်ဝန်းကြောင်းသိရပါသည်။ ဟူးကောင်း ဟူသော ဘာသာစကား သည် သျှမ်းနီလို ဟိုကောင်းမှ ဆင်းသက်လာသော စကားဖြစ်သည်။ (AD.1296)ခန့်တွင် မိုးညှင်းသို့ သံစေလွှတ်ခြင်းကို တရုတ်မှတ်တမ်းများအရ သိရသည်။ ဟိုကောင်းမှ ဟူးကောင်းဖြစ်လာခြင်းဖြစ်သည်။ ဟိုဆိုသည်မှာ ဦးခေါင်းဖြစ်ပြီး၊ ကောင်း ဆိုသည်မှာ (ဗုံ)စည်တော်ကို ခေါ်သည်။ ဒုတိယ မိန်းကောင်းခေါ် မိုးကောင်းမြို့တည်မင်းတရားကြီး စ၀်ဆမ်လုံဖှ၏ ဗဟိုစည်တော် ခေါင်းလည့်ရာအရပ်ဖြစ်သောကြောင့် ဟိုကောင်းမှ ကာလကြာလာသောအခါ ဟူးကောင်းဖြစ်လာခဲ့သည်။ ရှေးသျှမ်းနီခေတ်ဖြစ်တဲ့ မိုးကောင်းခေတ်တွင် ဆားထွက်သောကြောင့် အားထားရာနေရာလည်းဖြစ်သလို့ ပယင်းနှင့် ရွှေများ လည်း ထွက်ရှိသောကြောင့် အချက်အခြာကြကာ စည်ကားခဲ့သော နေရာလည်းဖြစ်သည်။အထက်မြန်မာပြည် မြောက်ပိုင်းနှင့် ဟူးကောင်းလွင်ပြင်ကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လီဒိုကနေ - ကူမင်းအထိ မိုင်ပေါင်း (၁၀၇၉)မိုင်ရှည်တဲ့ ဒီလမ်းမကြီးမှာ ကျွန်ပ်တို့၏ဘိုးဘေးများ အသက်သွေးချွေးများဖြင့် ပေးဆပ်ခဲ့ရသော သမိုင်းဝင်လမ်းကြီးပင် ဖြစ်သည်။ ထိုလမ်းမကြီးအား အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ကြ ပါစေလို့ တင်ပြလိုက်ရပါသည်။
သီတင်းကျွှတ် ကျောင်းပိတ်ရက်တွင်အနားယူအပန်းဖြေနိုင်ရန် အတွက် Natural Breeze travels & tours မှပျှော်ရွှင်စရာ ဗီယက်နမ်ခရီးစဥ...
12/09/2015
သီတင်းကျွှတ် ကျောင်းပိတ်ရက်တွင်အနားယူအပန်းဖြေနိုင်ရန် အတွက် Natural Breeze travels & tours မှပျှော်ရွှင်စရာ ဗီယက်နမ်ခရီးစဉ်လေးစီစဉ်ထားပါတယ်၊၊
အာရှကျားဟု တင်စားခေါ်ဝေါ်သည့် စိတ်ဝင်စားဖွယ်ရာ ဗီယက်နမ်နိုင်ငံ ရဲ့ မြောက်ပိုင်းမြို့တော် ဟနွိုင်း၊ UNESCO မှ အသိအမှတ်ပြုထားသော ဟလောင်းပင်လယ်အော်ကြီး ၏အလှအပရှုခင်းများကိုခံစားကာ ဘ၀အမောများပြေပျောက်စေမည့် ဟနွိုင်း-ဟလောင်း ၄ ည အိပ် ၅ ရက် ခရီးစဉ်လေးကို စိတ်ပါဝင်စားတယ်ဆိုရင်တော့ ၊ Natural Breeze travels & tours ဖုန်းနံပါတ် 09 73211441 , 0973211442 , 0973211077 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Natural Breeze Travels & Tours မှ မြို့တွင်းမြို့ပြင်၊ ခရီးတို၊ ခရီးရှည်များအတွက် ကားမျိုးစုံတို့ကို အဆင်ပြေလွယ်ကူစွာ ငှ...
04/09/2015
Natural Breeze Travels & Tours မှ မြို့တွင်းမြို့ပြင်၊ ခရီးတို၊ ခရီးရှည်များအတွက် ကားမျိုးစုံတို့ကို အဆင်ပြေလွယ်ကူစွာ ငှားရမ်း အသုံးပြုနိုင်ပါသည်။ လူကြီးမင်း၏ မိသားစုသီးသန့်ခရီးစဉ်များအတွက် ပြည်တွင်း၊ ပြည်ပ Package Tour များစီစဉ်ပေးခြင်း ၊လေယာဉ်လက်မှတ် ၊ ဗီဇာဝန်ဆောင်မှု ၊ Hotel Reservation ပြုလုပ်ပေးခြင်းနှင့် အကြံပေးကူညီခြင်းများဖြင့်လည်း ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
03/09/2015
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်တည်ရှိပြီး ပန်းမြို့ တော်ဟုတင်စားခေါ်ဝေါ်ရလောက်သည့် ချင်းမိုင်မြို့  ၊ ချင်းရိုင် မြို့ နှင့် ရွေတြိဂံဒေသတို့ သို့ လည်ပတ်အပန်းဖြေ ရင်း မမေ့နိုင် သောပျှော်ရွှင်စရာဘ၀အမှတ် တရနေ့ ရက်များ ရရှိစေရန် Natural Breeze Travels and Tours မှလူဦးရေ နှစ်ယောက်မှစ၍ ချင်းမိုင် - ချင်းရိုင်း - ရွှေတြိဂံ ခရီးစဉ် အားကောင်းမွန်သောဝန်ဆောင်မှုများဖြင့်စီစဉ်ပေးလျှက်ရှိပါသည် ။
17/08/2015
14/01/2015
ကဲ ဘာတွေ စားကြမလဲ :)
Address
No-16, First Floor Kyun Taw Road, Sanchaung
Yangon
11111
Alerts
Be the first to know and let us send you an email when Natural Breeze Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Natural Breeze Travels and Tours:
Share
Category