BooTaw & Brothers Company Limited

BooTaw & Brothers Company Limited Yangon Tour and Car Rental Services

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆို ဘာတွေလိုမလည်း ? ***************************************ယာဉ်မောင်းလိုင်စင် သက်တမ်းတိ...
31/07/2020

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆို ဘာတွေလိုမလည်း ?
***************************************
ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရာတွင် အောက်ဖော်ပြပါအထောက်အထားများ ကြိုတင်ယူဆောင်သွားရန်လိုအပ်ပါသည်။

၁ ။ ယာဉ်မောင်းလိုင်စင်မူရင်း
၂ ။ ယာဉ်မောင်း မှတ်ပုံတင်မိတ္ထူ
၃ ။ အောက်ခံအပြာပတ်စ်ပို့အရွယ် ဓါတ်ပုံ ( ၂ ပုံ )
၄ ။ ကိုယ်စားဆောင်ရွက်ပါက ကိုယ်စားလှယ်၏ ဓါတ်ပုံပါ စိစစ်ရေးကဒ်
မိတ္ထူ တို့ကို တစ်ပါတည်းယူဆောင်သွားရမည် ဖြစ်ပြီး

ကျသင့်မည့် ကုန်ကျစရိတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

"သ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၃၀၀၀ ကျပ်
အာမခံကြေး = ၂၅၀၀ ကျပ်
စုစုပေါင်း = ၅၅၀၀ ကျပ်

******************************

"က" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၁၂၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၁၇၅၀၀ ကျပ်

******************************

"ခ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၅၅၅၀၀ ကျပ်

***************************

"ဂ" "ဌ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်
အာမခံကြေး = ၆၅၀၀ ကျပ်
စုစုပေါင်း = ၆၆၅၀၀ ကျပ်

*****************************

"ဃ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်
အာမခံကြေး = ၆၅၀၀ ကျပ်
စုစုပေါင်း = ၆၆၅၀၀ ကျပ်

*********************************

"င" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၇၅၀၀၀ ကျပ်
အာမခံကြေး = ၆၅၀၀ ကျပ်
စုစုပေါင်း = ၈၁၅၀၀ ကျပ်

******************************

"ဟ" ယာဉ်မောင်းလိုင်စင်(သုံးဘီးမောင်းလိုင်စင်)
သက်တမ်းတိုးခ = ၃၀၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၃၅၅၀၀ ကျပ်

*********************************

"စ" စပယ်ယာလိုင်စင်
သက်တမ်းတိုးခ = ၁၅၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၂၅၀၀၀ ကျပ်

*********************************

မှတ်ချက် ။သက်တမ်းကုန်လျှင် ဒဏ်ကြေးပါပူးတွဲ ဆောင်ရမည်ဖြစ်ပါသည်။
ကိုယ်စားလှယ်ထား ဆောင်ရွက်ခြင်း အား အထူးဆောင်ရွက်ပေးနေပြီ ဖြစ်ပါသည် ။ ဆက်သွယ်ရန် ဖုန်း - 09406677887 ( or ) Messenger Box .

01/07/2020



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကိုထပ်မံတိုးမြှင့်
………………………………………………………………………………………………………………………………………………………………………………………………
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇူလိုင်လ ၃၁ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့် ကို ဇူလိုင်လ ၃၁ ရက်နေ့ အထိ ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း Terminal 3 ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ခရီးသည်များအနေဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်းချမှတ်ထားသော ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

• Further Extension of Temporary Measures at Yangon International Airport
According to the notice from the Department of Civil Aviation issued on June 28, 2020, the earlier restriction for all airlines operating international air services to and from Yangon International Airport has been further extended up to July 31, 2020, 2359 Hours MST.
Although the International Flights (commercial) continues to suspend at YIA Terminal 1 until July 31, 2020, Terminal 3 (Domestic) remains operational for all the domestic flights. Travelers are advised to observe the precautionary measures at all times in the airport to protect the spread of COVID-19.

Source: Yangon International Airport's Page

24/06/2020

CarAccident ဖြစ်နိုင်သောစက်မှုပိုင်းဆိုင်ရာချို့ယွင်းချက်များ
====================================================================================================

မော်တော်ယာဉ်စီးရေတိုးပွားလာခြင်းနှင့် အတူယာဉ်တိုက်မှုများနှင့် ယာဉ်ကြောကျပ်တည်းမှုများလည်း တိုးတက်လျက် ရှိသည်။ ယာဉ်မတော်တဆမှု (Auto Accident) များလျော့နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းမျိုးစုံနှုင့် ကြီးကြပ်စစ်ဆေးအရေးယူ နေသော်လည်းယာဉ်တိုက်မှုဖြစ် စဉ်များမှာ ဖြစ်မြဲဖြစ်နေသည်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူများ အသက်အန္တရာယ်ရှိသည်။ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးပြီး မသန်မစွမ်းဖြစ်ရ သည်။ ယာဉ်မတော်တဆမှုများကို လေ့လာလျှင်အကြောင်းအရင်းများစွာရှိသည်။ မော်တော်ယာဉ်စက်မှုပိုင်းဆိုင်ရာ ချို့ယွင်း ပျက်စီးခြင်း၊ ယာဉ်မောင်းသူ၏ ပေါ့လျော့မှု၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု၊ စည်းကမ်းမလိုက်နာမှု၊ လမ်းအခြေအနေ၊ ရာသီဥတုမိုးလေဝသ အခြေအနေ၊ ယာဉ်ကြောထိန်းချုပ်မှု စနစ်စသောအကြောင်း တရားပေါင်းများစွာ ရှိသည်။

ယာဉ်တိုက်မှုများကိုလေ့လာသုတေသန ပြုလုပ်ချက်များအရ မော်တော်ယာဉ်၏ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းပြစ်ချက်များ ကြောင့် ဖြစ်ပွားရသော ကိန်းဂဏန်း ရာခိုင်နှုန်း အချိုးအစားမှာ (၁၂) ရာခိုင်နှုန်းမှ (၁၃) ရာခိုင်နှုန်းအထိရှိကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းအရေးအတွက် စက်မှုပိုင်းဆိုင်ရာအားနည်းချက်များကိုလျှော့ချနိုင်လျှင် ခရီးပြည်သူများ အတွက် အန္တရာယ်သက်ရောက်မှု လျော့နည်းသွားမည်။

🔹 ဘေးကင်းလုံခြုံရေး အထောက်အကူပြု နည်းပညာများ 🔹

(၂၁) ရာစုတွင် မော်တော်ယာဉ်နည်းပညာများပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ကွန်ပျူတာနှင့် IT နည်းပညာများကို မော်တော် ယာဉ်ပညာတွင် ပေါင်းစပ်ထုပ်လုပ်ထားသဖြင့် ပိုမို၍ ဘေးကင်းလုံခြုံသောအဆင့်မြင့် ကားများထုတ်လုပ်လာနိုင်သည်။

ABS ဘရိတ်စနစ်၊ လေအိတ်စနစ်၊ ညကြည့်မြင်ကွင်း၊ Back Camera အလိုအလျောက် ဘရိတ်ဖမ်းပေးနိုင်သောစနစ်၊ ရေဒါစနစ်၊ အလိုက်သင့် ပြောင်းလဲပေးနိုင်သောရှေ့မီးကြီးစနစ်၊ ဒရိုင်ဘာသတိပေးစနစ်၊ တာယာလေဖိအားစောင့်ကြည့်စနစ်၊ GPS လမ်းပြစနစ်၊ ယာဉ်တိုက်မှု ကြိုတင် ကာကွယ်နိုင်သောစနစ်စသော နည်းပညာအသစ်များသည် Vehicle Safety အတွက် အထောက်အကူပြုပေးသောနည်းပညာအသစ်များဖြစ်သည်။

🔹 အရေးကြီးအဆင့်တွင်ရှိသော Vehicle Safety 🔹

အမြဲလှုပ်ရှားသွားလာသော မော်တော်ယာဉ်တစ်စီးသည် ပွန်းစားမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ရသည်မှာ လောကနိယာမ ဖြစသည်။ ပျက်စီးတတ်သော သဘောရှိသော မော်တော်ယာဉ်များကို ပုံမှန်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှသာ လုံခြုံစိတ်ချရသော အခြေအနေတွင်ရှိမည်။

ပုံမှန် စစ်ဆေးထိန်းသိမ်းခြင်းများအပြင် အထူးစစ်ဆေးပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်ပေးရသည်။ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ယာဉ်တိုက်မှုဖြစ်ရသော ဖြစ်စဉ်များကို စုံစမ်းဆေးဖော်ထုတ်လျှင် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင် များ၏ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်များရှိနေသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။

လုံးဝအမှားမခံသော အလွန်အရေးကြီးသော လေကြောင်းပျံသန်းရေး ခရီးစဉ်များ၌ပင် စက်ချို့ယွင်းမှုကြောင့် ဖြစ်ပွားရသော လေကြောင်းမတော်တဆမှု ဖြစ်စဉ်များရှိနေပါသည်။ Air Safety ကို အထူးအလေးအနက်ထား၍ စနစ်တကျ ထိန်းချုပ်ပြီး စီမံခန့်ခွဲ့ကြသည်။ အဘယ်ကြောင့် အရေးကြီးအဆင့်ထားရပါသနည်း။ လေကြောင်း မတော်တဆမှုဖြစ်လျှင် လေယာဉ် တစ်စီးလုံးရှိ လူအားလုံး အသက်ဆုံးရှုံးနိုင်သောကြောင့် ဖြစ်ပါသည်။

မော်တော်ယာဉ် မတော်တဆမှုများတွင် စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို အရေးတကြီး အလေးအနက်မထား ကြခြင်းမှာ လေယာဉ်တစ်စီးပျံသန်းနေသကဲ့သို့ အန္တရာယ်မများ၍ ပေါ့ဆနေခြင်း ဖြစ်မည်ထင်သည်။ အကယ်၍သာ ကျွန်တော်တို့အားလုံးသည် Road Safety, Vechicle Safety ကို လေကြောင်းပျံသန်းရေး၊ လုံခြုံရေးလောက် အလေး အနက်ထားလျှင် အန္တရာယ်များ ယခုထက် လျော့ကျလာပါမည်။

🔹 Accident ဖြစ်နိုင်သောစက်မှုပိုင်းဆိုင်ရာချို့ယွင်းချက်များ 🔹

တာယာဘီးများ _ တာယာကွဲထွက်၊ ပွင့်ထွက်၍၊ ဘီးပေါက်သွား၍ ယာဉ်တိုက်မှုဖြစ်စဉ်သည် အများဆုံးဖြစ်သည်။ မော်တော် ယာဉ်တစ်စီးတွင် တာယာဘေးကင်းလုံခြုံရေး (Tire Safety) သည် အရေးကြီးသောအချက်ဖြစ်သည်။ ကျွန်ုပ်တို့ မော်တော် ယာဉ် တစ်စီးပေါ်တွင် လိုက်ပါစီးနင်းနေခြင်းသည် စင်စစ် တာယာဘီးများပေါ်တွင် ခွစီးနေခြင်းသာဖြစ်သည်။

အရှိန်ပြင်း မောင်းနှင်နေသော ကားတစ်စီးတွင် လမ်းမျက်နှာပြင်နှင့် ထိတွေ့ဆက်ဆံနေရသော တစ်ခုတည်းသောအရာမှာ တာယာဘီးများသာ ဖြစ်သည်။ တာယာဘီးတစ်လုံး၏ ခွန်အားနှင့် စွမ်းဆောင်နိုင်ရည်သည် ၎င်းတာယာဘီးအတွင်း၌ ရှိနေသော လေဖိအားကြောင့်သာဖြစ်သည်။ လေဖိအား ကျဆင်းသွားလျှင် ထိုတာယာသည် စွမ်းရည်မရှိသော၊ ခွန်အား မရှိသော၊ ဝန်မထမ်းနိုင်သော တာယာမျိုးသာဖြစ်သွားမည်။

မှန်ကန်သော လေဖိအားရှိသော တာယာသည် ခွန်အားရှိသော တာယာ၊ သန်မာသော တာယာဖြစ်သည်။ တာယာ လေဖိအား မမှန်လျှင် အန္တရာယ်ရှိရုံမျှမက တာယာသက်တမ်းကို တိုစေသည်။ ခရီးမထွက်မီ တာယာအားလုံး၏ အခြေအနေကို စစ်ဆေးပါ။ ဘီးနတ်များ တင်းကြပ်ပါစေ။ တာယာပန်းသားများ ကောင်းရမည်။ အတွင်းကြိုးသား ပေါ်နေသော ပန်းမရှိသောကတုံးတာယာသည် သင့်ကိုဒုက္ခပေးနိုင်သော တာယာဖြစ်သည်။ တာယာများကို စနစ်တကျ စစ်ဆေးထိန်းသိမ်းပါ။ သက်တမ်းလွန်သော တာယာများကို မသုံးမိပါစေနှင့်။ တာယာတစ်လုံး ထမ်းဆောင်နိုင်သော ဝန်အား သည် အကန့်အသတ် ရှိသည်။ Over- weight မထမ်းခိုင်းပါနှင့်။ Over Pressure မထိုးပါနှင့်။ အနာအဆာရှိသောတာယာ၊ လိမ်ဖယ်နေသောတာယာများမသုံးပါ ပါနှင့်။ တာယာများအလိုင်းမန့်မှန်အောင် ထိန်းသိမ်းပါ။

🔹 စတီယာရင်အဆက်များ 🔹

မော်တော်ယာဉ်တစ်စီးလုံး၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းကျောင်းပေးသော ပဲ့ကိုင်စနစ်သည် စတီယာရင် ဖြစ်သည်။ စတီယာရင် အဆက်များ ချောင်၍၊ ပွန်းစား၍၊ တိုက်ရော့ ပြုတ်ထွက်၍ ထိန်းမနိုင်သော ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်သည်။ ပါဝါစတီယာရင်စနစ် ချို့ယွင်း၍ စတီယာရင် ထိန်းကျောင်းမှု အားနည်းပြီးယာဉ်တိုက်မှု ဖြစ်နိုင်သည်။

🔹 ကားအောက်ပိုင်းဆပ်စပန်းရှင်း 🔹

စတီယာရင်စနစ်နှင့် ဆက်စပ်နေသောအရာမှာကားအောက်ပိုင်း၊ ဘောလ်ဂျွိုင်း၊ တိုက်ရော့ အဆက်များ ဖြစ်သည်။ ဘောလ် ဂျွိုင်း ဂေါ်လီပြုတ်ထွက်၍ လမ်းခရီးတွင် ဒုက္ခကြုံရသောကားများကို မကြာခဏ မြင်တွေ့ရသည်။ အမြန်လမ်း ခရီးဝေးသွား နေစဉ် ဘောလ်ဂျွိုင်း ပြုတ်ထွက်ပါက ကားမှောက်ပြီး ဂျွမ်းပြန်သွားနိုင်သည်။

ကားအောက်ပိုင်းစနစ်များ၊ ရှော့ဘားမျုား၊ ထိန်းချုပ်တန်းမှ ရာဘာဘွတ်များ၊ လေးပင်များ၊ ကင်းပင်များ ပုံမှန် စစ်ဆေးပြုပြင် ထိန်းသိမ်းထားသင့်သည်။ တော့ရှင်းဘားများ၊ ကွိုင်စပရိန်များ၊ ကားလေးထုပ်များ၊ လေးပုခက်များပုံမှန်စစ်ဆေးပါ။ U-Bolt များ တင်းကြပ်နေပါစေ။

🔹 ဘရိတ်များ 🔹

ကားတစ်စီးလုံး၏ ရွေ့လျားမှုဖြစ်စဉ်တိုင်းတွင် အရှိန်ထိန်းရန် ဘရိတ်ကောင်းကောင်းဖမ်းမိဖို့လိုသည်။ ဘရိတ်လျှော့၍၊ ဘရိတ်ပေါက်သွား၍ ဖြစ်ကြရသော ယာဉ်တိုက်မှုက ပို၍များသည်။ လေဘရိတ်၊ ဟိုက်ဒြောလစ်ဆီဘရိတ်၊ Hand ဘရိတ် အားလုံးကောင်းဖို့လိုသည်။ ဆာဗိုယူစနစ်သုံးသောဘရိတ်များဆာဗိုကောင်းကောင်းမိအောင် အမြဲဂရုစိုက်ထိန်းသိမ်းပါ။

ဘရိတ်ရှုးခြမ်းများ၊ ဘရိတ်လိုင်နာများ၊ ဘရိတ် ဝါရှာများအချိန်မှန်လဲပေးပါ။ ဘရိတ်ပိုက်လိုင်းမှာဆီယိုစိမ့်မှုရှိ/မရှိစစ်ဆေးပါ။ ဘရိတ်ချိန်ညှိပေးပါ။ ABS ဘရိတ်စနစ်တွင် သတိပေးမီးလုံးလင်းလာပါကချက်ချင်းစစ်ဆေး ပြုပြင်ပါ။ Speed ဆင်ဆာများ မကောင်းပါက ABS ဘရိတ်အလုပ်မလုပ်ပါ။

🔹 Hub ဘောလ်များ 🔹

ဘီး Hub ဘောလ်များသည်လည်း ကြာကြာသုံးလျှင် ဘောလ်ကြွေ ပျက်စီးတတ်သည်။ Hub ဘောလ်များတွင် အမဲဆီ လဲလှယ်ပေးသင့် သည်။ Hub ဘောလ်များဖရီးကစားမှု အနည်းဆုံးဖြစ်စေရန် ချိန်ညှိပေးရသည်။

🔹 မီးကြီးနှင့် အချက်ပြမီးများ 🔹

နေ့/ညအချိန်မရွေး မောင်းနှင်သွားလာနေသော မော်တော်ယာဉ်များတွင် အန္တရာယ်ကင်းဝေးစေရန် မီးကြီး (Head Light) နှင့် အချက်ပြမီးများသည်လည်း အရေးကြီးသည်။ မီးကြီးများ အလင်းပြင်းအားမကောင်းပါက ညအချိန် ရာသီဥတု မကောင်းလျှင် မြင်ကွင်း မရှင်းမလင်းဖြစ်ပြီး Accident ဖြစ်နိုင်သည်။ အချက်ပြမီးများသည် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အဓိကျသည်။

🔹 မှန်ဝိုင်ဘာများ 🔹

မိုးသည်းထန်စွာရွာနေစဉ် ဝိုင်ဘာမကောင်းပါက မြင်ကွင်းကွယ်နေတတ်သည်။ ယာဉ်မောင်းသူ၏ မြင်ကွင်း ကြည်လင် ပြတ်သားမှုရှိမှ အန္တရာယ်ကိုရှောင်နိုင်ပါမည်။ ဝိုင်ဘာ (၂) ချောင်းစလုံးကောင်းနေရန် ဂရုစိုက်ပါ။ နောက်မှန်ဝိုင်ဘာပါ ကားများတွင် လည်းဝိုင်ဘာသည် ယာဉ်မောင်းသူများကိုများစွာအထောက်ကူပြုပါသည်။

🔹 ဘီးနပ်နှင့် Hub နပ်များ

ဘီးနပ်များချောင်၍ ဘီးကျွတ်ထွက်ကာယာဉ် တိမ်းမှောက်ဖူးသော သာဓကများ ရှိခဲ့ဖူးပါသည်။ ဘီးနပ် နှင့် Hub ဘောလ်နပ်များ စိတ်ချနေရန် စစ်ဆေးတင်းကြပ်လျှင် မှန်ကန်သောလှည့်အား (Torque) ရှိဖို့လိုပါသည်။

🔹 Joint-Nut များ 🔹

ဂျွိုင်းရှပ် အဆစ်များကို Universal Joint Cross ဘောလ်နှင့် ဂျွိုင်းနတ်များကဖမ်းပေးထားသည်။ ဂျွိုင်းနတ်ပြုတ်ထွက်၍ ဂျွိုင်းတစ် ချောင်းလုံး ပြုတ်ထွက်သွားပါက အန္တရာယ်ဖြစ်နိုင်သည်။

စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များသည် ကြိုတင်ပြုပြင်၍ ပုံမှန်စစ်ဆေးထိန်းသိမ်းပါက မလိုလားအပ်သော ယာဉ်တိုက်မှုများကို လျှော့ချနိုင်ပါမည်။

crd : ဆရာမာစတာ (စက်မှု)

22/06/2020

မင်းတပ်ခရိုင်အတွင်းရှိ ဟိုတယ်များထဲမှ (၆)ခုကို စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ပါသည်။မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဥ...
19/06/2020

မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ပါသည်။


Credit to original uploader

19/06/2020

Happy Birthday, Daw Aung San Su Kyi. We stand with you.

Respectfully credit to the Video from Junior Creative.

18/06/2020


ခရီးသွားဧည့်သည်များ၊ ယာဉ်ဝန်ထမ်းများ၊ Taxi ယာဉ်မောင်းများ နှင့် မော်တော်ယာဉ်ပိုင်ရှင်များ လိုက်နာရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဋ္ဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်များအား စုစည်း၍တင်ပြပေးလိုက်ပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဋ္ဌာနမှ မော်တော်ယာဉ်စီးနှင်းခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း လိုက်နာရန် ညွှန်ကြားထားပါသည်။

(က) ခရီးသွားဧည့်သည်များအနေဖြင့် အောက်ပါအချက်များကို
လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။



ကြပ်ပေးရပါသည်။




( ၁ ) ယာဉ်ဝန်ထမ်းများအား ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) နှင့် အနည်းဆုံးAlcohol 60%ပါဝင်သောလက်သန့်ဆေးရည်တို့ ကို အလုံအလောက်ထောက်ပံ့ပေးရပါမည်။



ခရီးသွားဧည့်သည်များ၊ ယာဉ်ဝန်ထမ်းများ၊ Taxi ယာဉ်မောင်းများ နှင့် မော်တော်ယာဉ်ပိုင်ရှင်များ လိုက်နာရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်များအား စုစည်း၍တင်ပြပေးလိုက်ပါတယ်။

(က) ခရီးသွားဧည့်သည်များအနေဖြင့်လိုက်နာရန်ဆောင်ရွက်ချက်များ

(၁) ဝန်ထမ်းအများစု အလုပ်တက်/ဆင်း အများဆုံးပြုလုပ်သည့်အချိန်ဖြစ်သော မနက်အစောပိုင်း( နံနက် ၈နာရီမှာ ၁၀ နာရီကြား ) နှင့် ညနေပိုင်း ( ညနေ ၄နာရီမှ ၆နာရီကြား) အချိန်ကို တတ်နိုင်သမျှရှောင်၍ သွားလာသင့်ပါသည်။

(၂) ကားမှတ်တိုင်တွင် စောင့်ဆိုင်းသည့် အချိန်တွင်လည်း တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆ပေ)ခန့်ခွာ၍စောင့်ဆိုင်းပြီး တတ်နိုင်သမျှ စုပြုံစောင့်ဆိုင်းခြင်း မပြုရပါ။

(၃) ယာဉ်ပေါ်သို့ မတက်မှီနှင့် ယာဉ်ပေါ်မှ ဆင်းသည့်အချိန်တိုင်းတွင် အနည်းဆုံး Alcohol 60% ပါဝင်သော လက်သန့်ဆေးရည်ကို မိမိနှင့်အတူ တစ်ပါတည်း ဆောင်ထားသင့်ပါသည်။

(၄) မိမိစွန့်ပစ်မည့် အမှိုက်များ ( ဥပမာ - တစ်ရှုးများ ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ ၊ (Mask)များ ၊ရေသန့်ဘူးခွံများ) ကို ကားပေါ်တွင် စွန့်ပစ်ခြင်း၊ ချန်ထားခဲ့ခြင်းများ မပြုလုပ်ဘဲ မိမိတို့နှင့်အတူယူဆောင်သွားပြီး အဖုံးပါသောအမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ရပါမည်။

(၅) ထိုင်ခုံများသည် ရှေ့နောက်ဖြစ်လျှင် ရှေ့နောက်တစ်တန်းထဲ မထိုင်ရပါ။ဥပမာ - ရှေ့ခုံတွင် ထိုင်သူသည် ထိုင်ခုံ၏ ညာအစွန်တွင်ထိုင်လျှင် နောင်ခုံတွင်ထိုင်သူသည် ထိုင်ခုံ၏ဘယ်အစွန်၌ ထိုင်ရပါမည်။

(၆) ရထားနှင့် ကားပေါ်ရှိထိုင်ခုံများသည် မျက်နှာချင်းဆိုင်(၂)ယောက်ထိုင်ခုံများဖြစ်ပါက (၂)ယောက်မထိုင်ဘဲ တစ်ယောက်ချင်းစီသာ ညာအစွန်တွင်ကပ်၍ထိုင်ပါ (သို့) ထိုင်ခုံ၏ ဘယ်အစွန်၊ညာအစွန်တွင် ကပ်၍ထိုင်ပါ။ မျက်နှာချင်းဆိုင် အများထိုင်ခုံတန်းရှည်များဖြစ်ပါကပူးကပ်၍မထိုင်ဘဲ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာထိုင်ရန်နှင့် တစ်ဖက်ခုံတန်းတွင် ထိုင်သူနှင့် မျက်နှာချင်းဆိုင်တည့်တည့်မဖြစ်စေရန် ဂရုပြုရပါမည်။

( ခ ) ယာဉ်ဝန်ထမ်းများအနေဖြင့် လိုက်နာရန် ဆောင်ရွက်ချက်များ

( ၁ ) လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် ကားပြတင်းပေါက်များ တတ်နိုင်သမျှ ဖွင့်၍ မောင်းနှင်သင့်ပါသည်။

( ၂ ) ခရီးသည်များအားဘယ်အစွန်၊ညာအစွန်တစ်လှည့်စီ( zig-zag ) တတ်နိုင်သမျှ ခပ်ခွာခွာ ထိုင်စေရန်အတွက်ယာဉ်ပေါ်ရှိ ထိုင်ခုံများတွင်အမှတ်အသားများထားရှိ၍ စနစ်တကျ ထိုင်ရန် ကြီးကြပ်ပေးရပါသည်။

( ၃ ) ခရီးသည်များအား ယာဉ်ပေါ်သို့မတက်ရောက်မှီ လက်ဆေးရန်၊ ယာဉ်ပေါ်မှ ဆင်းလျှင် လက်ဆေးရန်နှင့် ခရီးစဉ်တစ်လျှောက် ပါးစပ်နှင့် နှာခေါင်းစည်း( Mask ) တပ်ရေးကိုကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ရမည် ။

( ၄ ) ခရီးစဉ်တစ်လျှောက်တွင် ကျန်းမာရေးအသိပညာပေး အချက်အလက်များကို ရုပ်သံဖြင့် ပြသခြင်း(သို့) အသံဖိုင်ဖြင့် ပြောကြားခြင်းများ ပြုလုပ်ရပါမည်။

( ဂ ) Taxi ယာဉ်မောင်းများ အနေဖြင့်လိုက်နာရန်ဆောင်ရွက်ချက်များ

( ၁ ) လေဝင်/လေထွက် ကောင်းမွန်စေရန်အတွက် ကားပြတင်းပေါက်များတတ်နိုင်သမျှဖွင့်၍ မောင်းနှင်သင့်ပါသည်။

( ၂ ) Taxi ယာဉ်၏ ရှေ့ထိုင်ခုံ နှင့် နောက်ထိုင်ခုံတို့ကြားတွင် မှန်ဖြင့်သော်လည်းကောင်း ပလတ်စတစ်ဖြင့်သော်လည်းကောင်း လုံခြုံစွာ အကာအရံ ပြုလုပ်ထားရပါမည်။

( ၃ ) ခရီးသွားပြည်သူများအား ယာဉ်၏ နောက်ထိုင်ခုံတွင်သာ ထိုင်စေ၍ ခရီးပို့ဆောင်ပေးရပါမည်။

( ၄ ) ခရီးသွား ပြည်သူနှင့် ထိတွေ့မှုနှင့် ငွေလက်ခံ ကိုင်တွယ်ရမှု လျော့နည်းစေရန်အတွက် Online booking နှင့် Online Payment တို့ကို တတ်နိုင်သမျှ အသုံးပြုပါ။

( ဃ ) ယာဉ်ပိုင်ရှင်များ အနေဖြင့် လိုက်နာရန် ဆောင်ရွက်ချက်များ

( ၁ ) ယာဉ်ဝန်ထမ်းများအား ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) နှင့် အနည်းဆုံး Alcohol 60% ပါဝင်သောလက်သန့်ဆေးရည်တို့ကို အလုံအလောက်ထောက်ပ့ံပေးရပါမည်။

( ၂ ) Physical Distancing တတ်နိုင်သမျှ ရရှိစေရန်အတွက် ပို့ဆောင်နိုင်သော ခရီးသည်အရေအတွက်၏ တစ်ဝက်ကိုသာ တင်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ရပါမည်။

( ၃ ) ဘယ်အစွန်ညာအစွန် တစ်လှည့်စီ ( zig-zag ) ခပ်ခွာခွာထိုင်စေရန်အတွက် ယာဉ်ပေါ်ရှိထိုင်ခုံများတွင် အမှတ်အသားများ ပြုလုပ်ထားရပါမည်။

( ၄ ) ပါးစပ်နှင့်နှားခေါင်းစည်း( Mask) တပ်ဆင်မထားသော ခရီးသည်များအား လုံးဝတင်ဆောင်ခြင်းမပြုရန် ညွှန်ကြားထားရပါမည်။

( ၅ ) ခရီးသည်များလက်ဆေးနိုင်ရန် ဝင်ပေါက်၊ထွက်ပေါက်များတွင် အနည်းဆုံး Alcohol 60% ပါဝင်သောလက်သန့်ဆေးရည်များ အလုံအလောက်ထားရှိပေးရပါမည်။

( ၆ ) ယာဉ်မောင်း မောင်းနှင်သည့်နေရာနှင့် ခရီးသွားပြည်သူများ စီးနှင်းသည့်နေရာကြားတွင် မှန်ဖြင့်သော်လည်းကောင်း၊ပလတ်စတစ်ဖြင့်သော်လည်းကောင်း အကာအရံ လုံခြုံစွာ ပြုလုပ်ထားရပါမည်။

(၇) ခရီးစဉ်တစ်လျှောက်တွင် ကျန်းမားရေး အသိပညာပေး အချက်အလက်များကို ရုပ်သံဖြင့်ပြသခြင်း (သို့) အသံဖိုင်ဖြင့်ပြောကြားခြင်းများ ပြုလုပ်နိုင်ရန်အတွက် စီစဉ်ပေးရပါမည်။

Source: MOHT ( Tourism National Guidelines For COVID-19 Safe Services (Beta Version - IV )

    ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော ဟိုတယ်၊မိုတယ်နှင့် တည်းခိုခန်းးစာရင်းများအား မြို့နယ်အလိုက် စု...
16/06/2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော ဟိုတယ်၊မိုတယ်နှင့် တည်းခိုခန်းးစာရင်းများအား မြို့နယ်အလိုက် စုစည်းဖော်ပြပေးလိုက်ပါသည်။




At Bahan Township
Melia Yangon Hotel
Beauty Land (I)
Hotel 63 Inn
Golden Butterfly Hotel
Jewel
The Ambo Hotel
Golden Valley Inn
Thamada Family Hotel
Rainbow Hotel
Ambassador Hotel
Yuzana Hotel
Excel Palace Hotel
Golden City Hotel
Kaung Lay Inn
Excel Treasure Hotel
Shwe Gon Dine Hotel
Shwe Taung Tan Hotel(K.H)
Aye Chan Tha Hotel
Hotel Pho Sein
Hotel Wish
Shwe Khayar Hotel
Regal Central Hotel
Business Alliance Hub Hotel
PleasureView Hotel
Royal Platinum Hotel
New Golden Forward
Reno Hotel
Serene Valley Hotel
Hotel Lavender
Hotel Lexus
Hotel H Valley Yangon
Hotel Shwe Yee (Yangon)
Shin Ye Htut Hotel
Virati Hotel
Platinum Square Hotel
Rose Villa Resedence
Winner Inn
100 Moon Inn
Elephant Inn
Cloud 10 Inn
KANBAWZA Hill Villa
Perstige Residence Hotel

At Yankin Township
Sedona
Mercure
Power Palace
Golden Stone Hotel
Hotel Yankin
Real Link Hotel
Hotel Pyithaya
My Dream Hotel
Myananda Hotel
Orchid Inn
Wishton Hotel Yangon

At Thingyankyun Township
Goal Hotel (Thuwana)
Royal Ruby Hotel
8 Days Hotel
Myanmar Sports Hotel
Asian Smile Hotel
Royal Malikha Hotel
Hotel Captain
Mother’s Home Motel
Lucky Day Motel
Hi Friends

At South Okkalarpa Township
Pan Ya Mon Inn
Sein Taung Gyi Hotel
Woodside Inn
Hato Inn

At North Okkalarpa Township
Hotel Galaxy
Holly Hotel
Grand Garden Hotel
Ruby Palace
Motel Aye Myint Moh
Sumo Hotel(II)
Hotel Theory

At Pabedan Township
White House
Central Hotel
Sunflower Hotel
Clover Hotel(City Center)
Yangon Guest House
Polo Guest House
Garden Guest House
Mahabandoola Guest House
May Flower Inn
Sule Sapphire Inn
Alinntan Motel

At Dawpon Township
Sein Tan Khon Hotel
Thiri San Eain Hotel
Royal – Boss Hotel

At Mingalar Taung Nyunt Township
Rose Garden
Shangri-La Serviced Apartment
Taung Paw Thar Hotel
M Z Hotel
Akyitaw Hotel
Comet Hotel
Sunflower Inn
Shwe Li Inn

At Mingalar Don Township
Myanmar Life Hotel
Venus Star Hotel
K.C Hotel
Moon House
Aung Myin Thu Guest House

At Dagon Township
Olympic Hotel
Alfa Hotel
Sunny Holiday Hotel

At InnSein Township
City Golf Resort Hotel
Shwe Nantha Hotel
Golden Silk Road Hotel
Yay Wa Di Guest House
Hotel Shwe Ni
Dream Hotel
Senses Inn
Pandora Motel
Best In Myanmar Service
Air Port Inn
Airport Avenue Hotel
Yangon Great City Hotel

At Mayangone Township
Shwe Taung Hotel
K H Hotel
Hotel Sidney
Aungthapyay Hotel(II)
Hotel Parami (Yangon)
Hotel Bayint Naung Hotel
Shin Ye Htut (Super) Hotel
Royal Pavilion Hotel
Aung Tha Pyay Hotel (III)
Sunshine Princess Hotel
Rose Palace Hotel
Hotel Broadway Yangon
Seoul Hotel Myanmar
Virtue Highland Hotel
Hotel Prime
8 Mile Hotel
The Gandamar Hotel
Highland Lodge
Mango Hill Myanmar Inn
Green Land Motel
Myitta Inn
New Woodland Motel
Union Square Inn
Baho Road Motel
Mya Masion Inn
Inya Lake
Mingalarpar Sweet Hotel
Hotel Scion

At Alone Township
Sakura Hotel
Hotel Ngu Yar
Rose Bank Inn
Zealax Hotel

At Kyi Myint Taing Township
Aung Hein Motel
Grace Treasure Hotel
Kanyarzar Guest House

At Hlaing Township
Lotte Hotel
Golden Guest Inn
Royal White Elephant Hotel
Golden Aye Yeik Mon Hotel
Silver Moon Hotel
Yawar Ma Hotel
Hotel V A N
International City (IC)
The Moon Hotel
Vega Star Hotel
Inya View Hotel
Gemsy Hotel
Bike World Explores Myanmar Inn

At Pazondaung Township
Three Seasons
Everest Hotel
Htoo Htike Hein Hotel
Orchid Hotel
Hotel 51
Ocean Pearl Inn

At Saungchaung Township
Liberty
Queen Shin Saw Pu
Hotel Windsor
Golden Palace Hotel
Sweet Hotel
Accord Hotel
Hotel Green
Sumo Hotel
Royal Khattar Hotel
Pyay Garden Hotel
Hotel Vista(Yangon)
Hotel Azure
1 2 1 Motel
Sanchaung Hotel

At Tamwe Township
Chatrium Hotel
Fame
New Kantaw Yeik
Eden Palace Hotel
Yadana Show Hotel (I)
Kan Thar Yar Hotel
Hotel Shwe Eain Taw
Green Leaf Hotel
Green Paradise Hotel
Sky Star Hotel
Asahi Hotel
Royal Holiday Hotel
Chicago Hotel
588(Awba)Hotel
Crystal Inn
Mico
H Plus Hotel
Royal Landmark Hotel

At Hlaingtharyar Township
Hlaing Thar Yar Hotel
Awei Metta Hotel
Golden Hlaingthaya
Ta Bin Shwe Htee
Motel Kan Thaya
Lotus Motel
Horn Motel
Rainbow Motel
Sun Moon World Motel

At Kyauktada Township
Sule Shangri-La
Pullman Yangon Center Point
Beauty Land Hotel (II)
Panorama Hoetl
City Star Hotel
Aung Tha Pyay Hotel
Hotel K Yangoon
Sanctuary Yangon Hotel

At Lathar Township
Chitsaya Hotel
Lamadaw Plaza Hotel
Best Western(China Town)
Yangon Regency Motel
Yangon Than Lwin Hotel

At Lan Ma Taw Township
Friendship Hotel
M . G . M Hotel
Hotel Bahosi
RGN City Lodge Hotel
Westend Guest House
Bliss Guest House
Royal 74 Motel
Four River Youth(Yangon)
Family Treasure Yangon Motel
Bliss Lixe Hotel

At Botahtaung Township
River View
City Hotel Yangon
Bo Myat Tun Hotel
Princess Hotel (II)
Hotel 63
YAMA Hotel
Grand Laurel Hotel
Botahtaung Hotel
Grand Guesthouse

At Thanlyin Township
Mya Myint Moh Motel
Excel River View Hotel
Oasis Hotel
W.H Hotel(Taung Tan Phyu)
Shwe Than Hlyin Hotel
Minn Nanda Garden Guest House

At Shwe Pyi Thar Township
Shwe Pyi Thar Motel
Min-tha-mee Guesthouse
Smart Palace Hotel

At Hlaingtharyar Township
Myint Myat San Yar Motel
Hlaing Thar Yar Internation Hotel
Royal Kan Thar Yar Hotel

At Dagon Myothit (North) Township
Hotel Bo Bo Min
Great Glory
Pinlon Village Hotel & Resort
River View Platinum Hotel
Diamond Sky Motel
588 Hotel
Superme Hotel

At Dagon Myothit (South) Township
Green Ice Hotel

At Dagon Myothit (Port)
Ngwe Zin Yaw Guest House

At Tharkayta Township
Up Town Hotel
Aye Nandar Hotel
Beautiful Hotel
Jasmine Hotel
Hotel Novel
Hotel Kamarkyi
Jinn Hotel

At Kamayut Township
Sakura Residence I
Comfort Inn
Guest Care
Summer Palace
Yoma Hotel (II)
Ruby Garden Hotel
Princess Hotel
San Yar Shwe Pyi Hotel
Golden Lotus
Novotel Yangon Max
The Varsity House
Royal GT Boutique Inn
Khaing Shwe Wah Motel
Serenestays Hotel

Source: MOHT

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Zaw Gyi Version Below  #ဒီတစ်ပါတ်မှာတော့ ကျွန်တော်တို့ Bootaw and Brothers Page ကနေပြီးတော့ ခရီ...
15/06/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

Zaw Gyi Version Below #

ဒီတစ်ပါတ်မှာတော့ ကျွန်တော်တို့ Bootaw and Brothers Page ကနေပြီးတော့ ခရီးသွားလုပ်ငန်းသို့ ဝင်ရောက် လုပ်ကိုင်လိုသော မော်တော်ယာဉ်မောင်းများအနေဖြင့် ကြိုတင်လေ့လာသင့်သော လုပ်ငန်းသုံးအင်္ဂလိပ်စာ( Applicable English For Tour Driver ) အား ပညာဒါန အနေဖြင့် မျှဝေချင်ပါတယ်။ English Speaking Tour Driver အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများအနေဖြင့် နိုင်ငံခြားခရီးသွားများနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် ယခုပို့စ်အား ရည်ရွယ်ရေးသားခြင်းဖြစ်ရာ စာဖတ်သူအနေဖြင့်လည်း မိမိတို့ ပါတ်ဝန်းကျင်ရှိ အင်္ဂလိပ်စာလေ့လာချင်သူများ ၊ Tour Driver အဖြစ်အသက်မွေးဝမ်းကြောင်း ပြုချင်သူများ အားယခုပိုစ့်အား ပြန်လည်မျှဝေခြင်းဖြင့် ကူညီနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့အပ်ပါသည်။ Sharing is Caring ’’ပါ။

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

ဒီတစ်ပါတ်မှာတော့ ကျွန်တော်တို့ Bootaw and Brothers Page ကနေပြီးတော့ ခရီးသွားလုပ်ငန်းသို့ ဝင်ရောက် လုပ်ကိုင်လိုသော မော်တော်ယာဉ်မောင်းများအနေဖြင့် ကြိုတင်လေ့လာသင့်သော လုပ်ငန်းသုံးအင်္ဂလိပ်စာ
( Applicable English For Tour Driver ) အား ပညာဒါန အနေဖြင့် မျှဝေချင်ပါတယ်။ English Speaking Tour Driver အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများအနေဖြင့် နိုင်ငံခြားခရီးသွားများနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် ယခုပို့စ်အား ရည်ရွယ်ရေးသားခြင်းဖြစ်ရာ စာဖတ်သူအနေဖြင့်လည်း မိမိတို့
ပါတ်ဝန်းကျင်ရှိ အင်္ဂလိပ်စာလေ့လာချင်သူများ ၊ Tour Driver အဖြစ်အသက်မွေးဝမ်းကြောင်း ပြုချင်သူများ အား
ယခုပိုစ့်အား ပြန်လည်မျှဝေခြင်းဖြင့် ကူညီနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့အပ်ပါသည်။ ‘‘ Sharing is Caring ’’ပါ။


Address

Yangon

Alerts

Be the first to know and let us send you an email when BooTaw & Brothers Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share