စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု့လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု့လုပ်ငန်း

စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု့လုပ်ငန်း we serve fully and customized for Bodhgaya Pilgrimage tour Local business

❤ကောင်းချင်းမဂ်လာအခါခါပြည့်စုံကျပါစေ❤စိန်ရောင်ခြည် မိသားစုရဲ့ဘုရားဖူး ဧည့်သည်တော်များ အတွက်အထူး မေတ္တာ စေတနာ လာပြီနော်၂၀...
11/01/2023

❤ကောင်းချင်းမဂ်လာအခါခါပြည့်စုံကျပါစေ❤

စိန်ရောင်ခြည် မိသားစုရဲ့
ဘုရားဖူး ဧည့်သည်တော်များ အတွက်
အထူး မေတ္တာ စေတနာ လာပြီနော်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ထွက်ရှိမည့်
၈ ည ၉ ရက်ခရီးစဥ် နှုန်းထားလေးဖြစ်ပါတယ်ရှင့်
အမေရိကန် ဒေါ်လာ $760

ထွက်ရှိမည့် အထူးလျော့စျေးနှုန်းထား ခရီးစဥ်
၂၈.၁.၂၀၂၃ မှ ၆.၂.၂၀၂၃
😍😍😍😍😍😍😍😍😍😍😍😍😍

လိုက်ပါဖူးမျော်လိုသူဘုရားဖူးဓမ္မမိတ်ဆွေ အားလုံးတို့အနေဖြင့် နိုင်ငံကူးလက်မှတ် Passport သက်တမ်း အနည်းဆုံး ရှစ်လ ဖြစ်ရပါမယ်ရှင့်။
အသေးစိတ်အချက်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🙏ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း သွားရောက်ဖူးမျော်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်🙏

🕋မြန်မာဘုန်းတော်ကြီးကျောင်းတည်း
ရောက်ရှိဖူးမျော်ရန်နေရာဌာနများ👉
ဖွား ၊ပွင့်၊ ဟော ၊ စံ
(သံဝေဇနိယလေးဌာန)
🙏မြတ်ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂယာ🙏
🙏မဟာဗောဓိစေတီ
🙏သတ်တဌာန(၇)ဌာန
🙏ဒုက္ကရစရိယာတောင်
🙏ဃနာနို့ဆွမ်းဆက်ကပ်ရာနေရာသုဇာတာအိမ်
နေရာ စေတီကုန်း
🙏ရွှေခွက်မျောရာနေရာ
🙏မြတ်ရှစ်ဆုပ်လှုဒါန်းရာနေရာ

🙏တရားဦးဟောတော်မူရာ မိဂဒါဝုန်တော🙏

🙏ပဉ္စဝဂ္ဂီ(၅)ဦး ဘုရားရှင်အားခရီးဦးကြိုဆိုရာ
ချောက်ခဏ္ဍီစေတီတော်
🙏ရွှေအုတ် ကျောင်းတော်ရာ
🙏အာသောက ကျောက်စာတိုင်
🙏အနတ္တလက္ခဏသုတ် ဟောရာ ဓမ္မေခစေတီ
🙏ကုမာရဒေဝီကျောင်းတော်ရာ
🙏မူလဂန္ဓကုဋီတိုက်

🙏ဖွားတော်မူရာ လုမ္မိနီ🙏

🙏ဘုရားလောင်း ဖွားတော်မူရာ လုမ္မိနီ အင်ကြင်း
တော
🙏မယ်တော်မာယာ သားဆုပန်ရာနေရာ
🙏နိငြောဓါရုံကျောင်း
🙏သားတော်ရာဟုလာ သာမဏေဝတ်စေခြင်း
အထိမ်းမှတ် စေတီ
🙏ကပိလဝတ် နေပြည်တော်ဟောင်း

🙏မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ
ကုသိနာရုံ🙏
မြတ်စွာဘုရားရှင်တရားကျင့်ကြံအားထုတ်ရာ
🙏ဘုရားရှင် ရေကြည်တော်သုံးတော်မူရာနေရာ
ဌာန
🙏တေဇောဓာတ်လောင်ကျွမ်းရာ အင်္ဂါရစေတီ
🙏ရေသပ္ပါယ်ရာ ကကုဓမြစ်
🙏မဟာပရိနိဗ္ဗာန စေတီတော်ကြီး

အစရှိသော နေရာဌာန များသို့ သွားရောက်ဖူးမျော်လေ့လာရပါမည် ရှင့်။

👍ခရီးစဉ်တစ်လျောက်
ရန်ကုန်-ဂယာ-ရန်ကုန်
ဗီဇာ
ဝင်ကြေးများ
ကေဘယ်စီးနင်းခများ
တည်း၊စား
အားလုံးစားရိတ်ငြိမ်းအပြီးစီးခရီးစဥ်လေးဖြစ်ပါတယ်ရှင့်။
(သတ်မှတ်နှုန်းထားထက်ထပ်မံကောက်ခံခြင်းမရှိပါ
ညမောင်းခရီးစဉ်မပါရှိပါ။
👨‍👩‍👧‍👦လိုက်ပါဖူးမျော်မည့်ဘုရားဖူးမိသားစုများအား
ကုမ္မဏီမှ
ခရီးဆောင်အိတ်ကြီးတစ်လုံး
ဘေးလွယ်အိတ်တစ်လုံး
ယောဂီတဘတ်
စိန်ရောင်ခြည်ရင်ထိုး
မှတ်စုစာအုပ်၊ဘောပင်
ဦးထုပ်
ဘုရားစာအုပ်
နေကထိုင်
သွားတိုက်တံ၊သွားတိုက်ဆေး
မျက်နှာသုပ်ပဝါ
ဘီး
ခရီးသွားအသက်အာမခံ
အိန္ဒိယနိုင်ငံတွင်ဆက်သွယ်နိုင်ရန်အတွက်ဖုန်းနံပါတ်များရေးသွင်းထားသောလည်ဆွဲကပ်များကို
လက်ဆောင်ပြန်လည်ပေးအပ်ပါမည်။

လိုက်ပါဖူးမျော်လိုသူ ဓမ္မမိတ်ဆွေများအနေဖြင့်
စာရင်းပေးသွင်းလိုပါက
မြန်မာကျပ်ငွေ နှစ်သိန်း(သို့)အမေရိကန်ဒေါ်လာ
ဖြင့်👉 #စိန်ရောင်ခြည်ဘုရားဖူးလုပ်ငန်း
( Legend Travel&Tour)
ရုံး အမှတ်(104)ကမ်းနားလမ်းနှင့်ကုန်သည်လမ်း
(37)လမ်းအောက်ဘလောက်(မြန်မာ့လေကြောင်းရုံးနှင့်ကပ်လျက်)
📲09795500796
📲09-788845610,09420131459
သို့လည်းကောင်းဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။
Facebook Messanger မှလည်း မေးမြန်းစုံစမ်းနိုင်ပါသည်။

ကိုယ်တိုင်ရောက်သွားသလို ဖူးမြင်ရမည့်မြေမြတ်မဟာ ဗုဒ္ဓဂယာ အကြောင်းhttps://youtu.be/Fm0NuT9jfM0ကြည့်ရှုရန် လင့်ကိုနှိပ်ပါ ....
29/12/2022

ကိုယ်တိုင်ရောက်သွားသလို ဖူးမြင်ရမည့်
မြေမြတ်မဟာ ဗုဒ္ဓဂယာ အကြောင်း
https://youtu.be/Fm0NuT9jfM0

ကြည့်ရှုရန် လင့်ကိုနှိပ်ပါ . . ..
About the Great Buddha Gaya
နောက်ခံစကားပြောပါသည်။
-------------------------------
အိန္ဒိယ - ဗုဒ္ဓဂယာအကြောင်းများ
တင်ပေးနေသော Youtube Link
https://www.youtube.com/

မဂ်လာရှိသော နံနက်ခင်းလေးမှာ မဂ်လာအပေါင်းနဲ့ပြည့်စုံကျပါစေလို့ စိန်ရောင်ခြည်မိသားမှ ဆုမွန်ခြွေသ နှုတ်ခွန်းဆက်သပါတယ်ရှင့်🙏...
25/12/2022

မဂ်လာရှိသော နံနက်ခင်းလေးမှာ မဂ်လာအပေါင်းနဲ့ပြည့်စုံကျပါစေလို့ စိန်ရောင်ခြည်မိသားမှ ဆုမွန်ခြွေသ နှုတ်ခွန်းဆက်သပါတယ်ရှင့်🙏🙏🙏

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းအားလုံးတို့ရဲ့
အထွတ်အမြတ်ထားရာ မြတ်ဘုရားရဲ့ ဒေသနာတော်များကို ဖူးမျော် လှုဒါန်းနိုင်ရန်နှင့် ဘုရားရှင် လှည့်လည် သီတင်းသုံးတော်မူရာ နေရာဒေသများကို မျက်မြင်ကိုတွေ့ လေ့လာ.ဆည်းပူးနိုင်ရန်အတွက် သွားရောက်ဖူးမြော်နိုင်ကျစေရန် နိဗ္ဗာန်ဆော် အပ်ပါတယ်ရှင်

📰နှစ်စဥ် ထွက်ရှိမြဲခရီးစဥ်များကို စိန်ရောင်ခြည် မိသားစုမှ ပို့ဆောင်စီစဥ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိပါသည်။

မကြာမှီရောက်ရှိလာတော့မည့် ၂၀၂၃ နှစ်သစ်မဂ်လာရက်မြတ် ဇန်နဝါရီလတွင် တရားထူးတရားမြတ်များ ဟောကြားတော်မူရာ ဗုဒ္ဓဂယာ မြေမြတ်မဟာသို့ 🙏🙏🙏

၇ ညအိပ် ၈ ရက်ခရီးစဥ်များ(USD 750$)
(နိုင်ငံကူးလက်မှတ်သက်တမ်းရှိသူများ)

သံဝေဇနိယလေးဌာန၊ အဝိဇဟိတလေးဌာန
နှင့် အခြားသော ဗဟုသုတရဖွယ်နေရာများ

၁၄ ညအိပ် ၁၅ ရက်ခရီးစဥ်
(သက်တမ်းရှိနိုင်ငံကူးလက်မှတ်ကိုဆောင်ထားသူများ)

သံဝေဇနိယလေးဌာန၊ အဝိဇဟိတလေးဌာန
နယူးဒေလီ၊ တပ်မဟာ၊ ကြာဖူးပုံသဏ္ဍန် ဘာသာပေါင်းစုံ ဝတ်ပြုကန်တော့ ဆုတောင်းရာ​နေရာ
အစရှိသော နေရာဌာနများကို

စီစဥ်ပြုလုပ်ပို့ဆောင်ပေးနေပါပြီ၊ သွားရောက်လိုက်ပါဖူးမျော်လိုသော ဧည့်သည်တော်များအနေဖြင့် နှစ်စဥ် (ဇန်နဝါရီလမှစ ဧပရယ်လအထိ)
လေယာဥ်လက်မှတ်များ ပြောင်းလဲသောကြောင့်
ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါသည်ရှင့်

&Tour
#စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း
အမှတ်(၁၀၄)ကုန်သည်လမ်းနှင့်ကမ်းနားလမ်းကြား
၃၇ လမ်း ၊ မြန်မာ့လေကြောင်းရုံးကျောချင်းကပ်၊
ကျောက်တံတားမြို့နယ်၊ရန်ကုန်။

သို့လည်းကောင်း

09795500796

09788845610

သို့လည်းကောင်း

Page Messanger မှ လည်းကောင်း အသေးစိတ်အချက်မေးမြန်းစာရင်း ပေးသွင်းနိုင်ပါသည်

🙏ကုသိုလ်ထူးများရစေဖို့ စိတ်မှာရည်မှန်းသွားရောက်ကျစို့🙏

❤နှစ်သစ်ကူးမှာ ကုသိုလ်ထူးဖို့ ဂယာဘုရားဖူးသွားကျပါစို့❤စိန်ရောင်ခြည် မိသားစုရဲ့ဘုရားဖူး ဧည့်သည်တော်များ အတွက်အထူး မေတ္တာ ...
22/12/2022

❤နှစ်သစ်ကူးမှာ ကုသိုလ်ထူးဖို့ ဂယာဘုရားဖူးသွားကျပါစို့❤

စိန်ရောင်ခြည် မိသားစုရဲ့
ဘုရားဖူး ဧည့်သည်တော်များ အတွက်
အထူး မေတ္တာ စေတနာ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ထွက်ရှိမည့်
၇ည၈ ရက်ခရီးစဥ် နှုန်းထားလေးဖြစ်ပါတယ်ရှင့်
အမေရိကန် ဒေါ်လာ $750
😍😍😍😍😍😍😍😍😍😍😍😍😍

လိုက်ပါဖူးမျော်လိုသူ
ဘုရားဖူးဓမ္မမိတ်ဆွေ အားလုံး
အမြန်ဆုံး စာရင်း ပေးသွင်းဖို့တော့ လိုပါမယ် ရှင့်

🙏ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း
ကောင်းကျိုးလိုအင်ဆန္ဒနှင့်ပြည့်စုံကျပါ
စေ။
မဇ္စျိမဒေသဗုဒ္ဓဂယာ မြေမြတ်မဟာ
ဘုရားဖူးခရီးစဥ်

🕋မြန်မာဘုန်းတော်ကြီးကျောင်းတည်း
ရောက်ရှိဖူးမျော်ရန်နေရာဌာနများ👉
ဖွား ၊ပွင့်၊ ဟော ၊ စံ
(သံဝေဇနိယလေးဌာန)
🙏မြတ်ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂယာ🙏
🙏မဟာဗောဓိစေတီ
🙏သတ္တဌာန(၇)ဌာန
🙏ဒုက္ကရစရိယာတောင်
🙏ဃနာနို့ဆွမ်းဆက်ကပ်ရာနေရာသုဇာတာအိမ်
နေရာ စေတီကုန်း
🙏ရွှေခွက်မျောရာနေရာ
🙏မြတ်ရှစ်ဆုပ်လှုဒါန်းရာနေရာ

🙏တရားဦးဟောတော်မူရာ မိဂဒါဝုန်တော🙏

🙏ပဉ္စဝဂ္ဂီ(၅)ဦး ဘုရားရှင်အားခရီးဦးကြိုဆိုရာ
ချောက်ခဏ္ဍီစေတီတော်
🙏ရွှေအုတ် ကျောင်းတော်ရာ
🙏အာသောက ကျောက်စာတိုင်
🙏အနတ္တလက္ခဏသုတ် ဟောရာ ဓမ္မေခစေတီ
🙏ကုမာရဒေဝီကျောင်းတော်ရာ
🙏မူလဂန္ဓကုဋီတိုက်

🙏ဖွားတော်မူရာ လုမ္မိနီ🙏

🙏ဘုရားလောင်း ဖွားတော်မူရာ လုမ္မိနီ အင်ကြင်း
တော
🙏မယ်တော်မာယာ သားဆုပန်ရာနေရာ
🙏နိငြောဓါရုံကျောင်း
🙏သားတော်ရာဟုလာ သာမဏေဝတ်စေခြင်း
အထိမ်းမှတ် စေတီ
🙏ကပိလဝတ် နေပြည်တော်ဟောင်း

🙏မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ
ကုသိနာရုံ🙏
မြတ်စွာဘုရားရှင်တရားကျင့်ကြံအားထုတ်ရာ
🙏ဘုရားရှင် ရေကြည်တော်သုံးတော်မူရာနေရာ
ဌာန
🙏တေဇောဓာတ်လောင်ကျွမ်းရာ အင်္ဂါရစေတီ
🙏ရေသပ္ပါယ်ရာ ကကုဓမြစ်
🙏မဟာပရိနိဗ္ဗာန စေတီတော်ကြီး

အစရှိသော နေရာဌာန များသို့ သွားရောက်ဖူးမျော်လေ့လာရပါမည် ရှင့်။
👉ခရီးစဉ်အတွက် သတ်မှတ်နှုန်းထားမှာ
အမေရိကန်ဒေါ်လာ $750
ဖြစ်ပါတယ်။

👍ခရီးစဉ်တစ်လျောက်
ရန်ကုန်-ဂယာ-ရန်ကုန်
ဗီဇာ
ဝင်ကြေးများ
ကေဘယ်စီးနင်းခများ
တည်း၊စား
အားလုံးစားရိတ်ငြိမ်းအပြီးစီးပါခင်ဗျာ။
(သတ်မှတ်နှုန်းထားထက်ထပ်မံကောက်ခံခြင်းမရှိပါ
ညမောင်းခရီးစဉ်မပါရှိပါ။
👨‍👩‍👧‍👦လိုက်ပါဖူးမျော်မည့်ဘုရားဖူးမိသားစုများအား
ကုမ္မဏီမှ
ခရီးဆောင်အိတ်ကြီးတစ်လုံး
ဘေးလွယ်အိတ်တစ်လုံး
ယောဂီတဘတ်
စိန်ရောင်ခြည်ရင်ထိုး
မှတ်စုစာအုပ်၊ဘောပင်
ဦးထုပ်
ဘုရားစာအုပ်
နေကထိုင်
သွားတိုက်တံ၊သွားတိုက်ဆေး
မျက်နှာသုပ်ပဝါ
ဘီး
ခရီးသွားအသက်အာမခံ
အိန္ဒိယနိုင်ငံတွင်ဆက်သွယ်နိုင်ရန်အတွက်ဖုန်းနံပါတ်များရေးသွင်းထားသောလည်ဆွဲကပ်များကို
လက်ဆောင်ပြန်လည်ပေးအပ်ပါမည်။

လိုက်ပါဖူးမျော်လိုသူ ဓမ္မမိတ်ဆွေများအနေဖြင့်
စာရင်းပေးသွင်းလိုပါက
မြန်မာကျပ်ငွေ နှစ်သိန်း(သို့)အမေရိကန်ဒေါ်လာ
ဖြင့်👉 #စိန်ရောင်ခြည်ဘုရားဖူးလုပ်ငန်း
( Legend Travel&Tour)
ရုံး အမှတ်(104)ကမ်းနားလမ်းနှင့်ကုန်သည်လမ်း
(37)လမ်းအောက်ဘလောက်(မြန်မာ့လေကြောင်းရုံးနှင့်ကပ်လျက်)
📲09795500796
📲09-788845610,09420131459
သို့လည်းကောင်းဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။
Facebook Messanger မှလည်း မေးမြန်းစုံစမ်းနိုင်ပါသည်။

စိန်ရောင်ခြည်ရဲ့ အမျိုးတွေ အားလုံး မဂ်လာပါရှင့်အားလုံးသတိရ လွမ်းဆွတ်လျက်ပါ။အားလုံးသော မိတ်ဆွေသစ် မိတ်ဆွေဟောင်းအားလုံးကို...
22/12/2022

စိန်ရောင်ခြည်ရဲ့ အမျိုးတွေ အားလုံး မဂ်လာပါရှင့်
အားလုံးသတိရ လွမ်းဆွတ်လျက်ပါ။

အားလုံးသော မိတ်ဆွေသစ် မိတ်ဆွေဟောင်းအားလုံးကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု့တွေနဲ့
နွေးထွေးပြူဌာစွာဖြင့် ကြိုဆိုနေပါတယ် ရှင့်။

🙏ဗုဒ္ဓဂယာမြေမြတ်မဟာ🙏၇ည၈ရက် ခရီးစဥ် နှစ်သစ်ကူး အထူးလျော့စျေးနှုန်း မြန်မာကျပ်ငွေ (၂၀၅၀၀၀၀ကျပ်) ခရီးစဥ်တလျောက် စား၊တည်းငြိ...
21/12/2022

🙏ဗုဒ္ဓဂယာမြေမြတ်မဟာ🙏

၇ည၈ရက် ခရီးစဥ် နှစ်သစ်ကူး အထူးလျော့စျေးနှုန်း မြန်မာကျပ်ငွေ (၂၀၅၀၀၀၀ကျပ်)

ခရီးစဥ်တလျောက် စား၊တည်းငြိမ်း၊ ဝင်ကြေးများအပြီးစီးဖြစ်ပါတယ်ခင်ဗျ။

မိမိတို့ ကိုယ်တိုင်လှုဒါန်းရန်နှင့် လက်ဆောင်ပစ္စည်းများဝယ်ယူရန်သာ ငွေသားလိုအပ်ပါမယ်နော်။

ပြည်ပနိုင်ငံတွင် သုံးရန်လိုအပ်သော ငွေကြေးများကိုလည်း ကာလပေါက်စျေးနှုန်းထားအတိုင်းလဲလှယ်နိုင်ရန် ကူညီဆောင်ရွက်ပေးပါမည်။

ခရီးစဥ်တလျောက်တွင်လည်း ရန်ကုန်လေဆိပ်မှစတင်၍
မြန်မာTour Leader ပါဝင်ကူညီဆောင်ပေးပါမည်။

တခြားသော ခရီးစဥ်နှုန်းထားများကိုလည်း ထပ်မံကြေဌာ ပေးပါမည်ခင်ဗျာ။

အသေးစိတ်အချက်လက်များကို သိရှိလိုပါက

(အမှတ်၁၀၄)၃၇ လမ်း ကျောက်တံတားမြို့နယ်။
အောက်ဘလောက်၊ မြန်မာ့လေကြောင်းရုံးကပ်လျက်တွင် စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု့လုပ်ငန်း Travel&Tour
သို့လည်းကောင်း ဖော်ပြပါဖုန်းနံပါတ်များသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

09795500796
09788845610

ဘုရားရှင်တို့၏ အဆုံးအမတော်---------------------------ခန္တီပရမံ တပေါ တိတိက္ခာ၊နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။န ဟိ ပဗ္ဗဇိတော ...
21/12/2022

ဘုရားရှင်တို့၏ အဆုံးအမတော်
---------------------------
ခန္တီပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

တိတိက္ခာ = သည်းခံခြင်း ဟုဆိုအပ်သော၊

ခန္တီ = သည်းခံခြင်း ခန္တီသည်၊

ပရမံ = မြတ်သော၊ တပေါ = အကျင့်တည်း၊

နိဗ္ဗာနံ = ကိလေသာမှ ငြိမ်းခြင်း နိဗ္ဗာန်ကို၊

ပရမံ = မြတ်၏ ဟူ၍၊

ဗုဒ္ဓါ = ဘုရား ပစ္စေက ဗုဒ္ဓါတို့သည်၊

ဝဒန္တိ = ဟောကြားတော် မူကြကုန်၏။

ပရူပဃာတီ = သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲလေ့

ရှိသောသူသည်၊ ပဗ္ဗဇိတော = ရဟန်းမည်သည်၊

နဟောတိ = မဖြစ်။ ပရံ = သူတစ်ပါးကို၊

ဝိဟေဌ ယန္တော = ညှဉ်းဆဲသောသူသည်၊

သမဏော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။

အငြိုငြင် အဆင်းရဲခံရခြင်း၊ သည်းခံခြင်းသည်

အမြတ်ဆုံးသော အကျင့်ဖြစ်၏။

နိဗ္ဗာန်သည် အမြတ်ဆုံးဟု ဘုရားရှင်တို့ ဟော၏။

သူတစ်ပါးအား သတ်ပုတ်သော ရဟန်းဟူ၍ မရှိ။

သူတစ်ပါးအား နှိပ်စက်သော သူမြတ်၏ဟူ၍ မရှိ။

---------------------------------------

သဗ်ဗပါပဿ အကရဏံ၊ ကုသလဿုပသမ်ပဒါ။
သ စိတ်တ ပရိယောဒပနံ၊ ဧတံ ဗုဒ်ဓါနသာသနံ။

သဗ္ဗပါပဿ = အလုံးစုံသော အကုသိုလ်ကို၊

ယံအကရဏံ = အကြင် မပြုခြင်း သည်လည်းကောင်း၊

ကုသလဿ = ကုသိုလ်ကို၊

ယာဥပသမ္ပဒါ = အကြင် ပြည့်စုံစေခြင်း လည်းကောင်း၊

ယံသစိတ္တ ပရိယောဒပနံ =

အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည် လည်းကောင်း၊

အတ္ထိ = ရှိ၏၊ ဧတံ = ဤ အလုံးစုံသည်၊

ဗုဒ္ဓါနံ = မြတ်စွာဘုရားတို့၏၊

သာသနံ= အဆုံးအမတော်တည်း။

ခပ်သိမ်းသော မကောင်းမှုတို့ကို ကြဉ်ရှောင်ခြင်း၊

ကောင်းမှုကို ဆည်းပူးခြင်း၊ မိမိ၏ စိတ်ကို

စင်ကြယ်စေခြင်း ဤသည်လျှင်

ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။

------------------------------------

အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေစ သံဝရော။
မတ်တညုတာစ ဘတ်တသ်မိ ံ၊
ပန်တဉ်စသယနာသနံ။
အဓိစိတ္တေစ အာယောဂေါ။
ဧတံ ဗုဒ်ဓါန သာသနံ။

အနုပဝါဒေါ = မစွပ်စွဲ မကဲ့ရဲ့ခြင်းသည် လည်းကောင်း၊

အနုပဃာတော = မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည်

လည်းကောင်း၊

ပါတိမောက္ခေ = အကြီးဖြစ်သော ပါတိမောက္ခေ

သံဝရသီလ၌၊ သံဝရော = စောင့်စည်း ပိတ်ပင်ခြင်းသည်

လည်းကောင်း၊ ဘတ္တသ္မိ ံ = ဆွမ်းဘောဇဉ်၌၊

မတ္တညုတာစ = အတိုင်းအရှည်ကို သိသည်၏

အဖြစ်သည် လည်းကောင်း၊

ပန္တဉ္စသယနာသနံ = ဆိတ်ငြိမ်ရာ ဖြစ်သော

ကျောင်း၌ နေခြင်းသည် လည်းကောင်း၊

အဓိစိတ္တေ = ရှစ်ပါးသော သမာပတ်ဟု ဆိုအပ်သော

စိတ်ကို အစိုးရခြင်း အဓိစိတ္တ သိက္ခာ၌၊

အာယောဂေါစ = လုံ့လပြုခြင်းသည် လည်းကောင်း၊

အတ္ထိ = ရှိ၏၊ ဧတံ = ဤအလုံးစုံသည်၊

ဗုဒ္ဓါနံ = မြတ်သောဘုရားတို့၏၊

သာသနံ = အဆုံးအမတော်တည်း။

မကဲ့ရဲ့ အပြစ်မတင်ခြင်း၊ မသတ်ပုတ် မညှဉ်းဆဲခြင်း၊

ရဟန်းတို့၏ ပါတိမောက် အကျင့်သီလကို

စောင့်စည်းခြင်း၊ ဆွမ်း၌ အတိုင်းအရှည်ကို

သိခြင်း၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ

နေရာသို့ ကပ်ခြင်း၊ သမာဓိတရား၌ လုံ့လပြုခြင်း

..ဤသည်ပင်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။

--------------------------
Photo Thaw Be

သက်ရှည် ကျန်းမာ စိတ်ချမ်းသာ

လိုရာဆန္ဓပြည့်၀ကြပါစေ။ . . . .

စိန်ရောင်ခြည် ရဲ့ ဘုရားဖူးမိတ်ဟောင်းမိတ်သစ်များ ကျန်းမာချမ်းသာ ချင်းတွေနဲ့ပြည့်စုံနိုင်ကျပါစေ🙏🙏🙏ကျွန်တော်များ စိန်ရောင်ခ...
20/12/2022

စိန်ရောင်ခြည် ရဲ့ ဘုရားဖူးမိတ်ဟောင်းမိတ်သစ်များ ကျန်းမာချမ်းသာ ချင်းတွေနဲ့ပြည့်စုံနိုင်ကျပါ
စေ
🙏🙏🙏

ကျွန်တော်များ စိန်ရောင်ခြည် ဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းမှ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဥ်များကို ပြန်လည်စတင်၍ ပို့ဆောင်ပေးနေပါပြီခင်ဗျာ

ရက်တို ရက်ရှည် ခရီးစဥ်
၄ည၅ရက်ခရီးစဥ်
၇ည၈ရက်ခရီးစဥ်

၁၄ည ၁၅ ရက်ခရီးစဥ်

မိသားစုသီးသန့်ခရီးများ
အသင်းဖွဲ့လိုက် ခရီးစဥ်များကို
၂၀၂၃ ဇန်နဝါရီ လမှ စတင်၍ ပြန်လည် ထွက်ရှိမည်ဖြစ်ပါသည်။

သွားရောက်လိုသော ခရီးစဥ်များအတွက် သက်တမ်းရှိ နိုင်ငံကူးလက်မှတ်(passport)ကိုင်ဆောင်ထားရပါမည်။

ထွက်ရှိမည်ခရီးစဥ်အားလုံးမှာ စားရိတ်ငြိမ်းခရီးစဥ်များဖြစ်ပါသည်။

ထွက်ရှိမည် ခရီးစဥ် နှုန်းထားများကို အချိုသာဆုံးနှုန်းထားအကောင်းဆုံး ဝန်ဆောင်မှုများဖြင့် စီစဥ်ပြုလုပ်ပေးမှာ ဖြစ်ပါတယ် ခင်ဗျ။

ခရီးစဥ် ရက်အတိကျနှင့်နှုန်းထားများကို မကြာမီရက်ပိုင်းအတွင်း #စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု ွင် ပြန်လည် ကြေဌာပေးပါမည်ခင်ဗျာ။

မိတ်ဟောင်းမိတ်သစ်များအားလုံးကို မျော်နေပါမယ်ခင်ဗျ❤❤❤❤❤
09795500796
09788845610

နှစ်တစ်ရာကျော်က ဗောဓိပင်တူးဖော်ရေး မှတ်တမ်း (၁၈၉၂)၁၈၆၂ ခုနှစ် ဒီဇင်ဘာလ  ကျွန်ုပ်တွေ့ရသည့်အချိန်၌ ဗောဓိပင်မှာ များစွာ အို...
20/12/2022

နှစ်တစ်ရာကျော်က ဗောဓိပင်တူးဖော်ရေး မှတ်တမ်း (၁၈၉၂)

၁၈၆၂ ခုနှစ် ဒီဇင်ဘာလ ကျွန်ုပ်တွေ့ရသည့်အချိန်၌ ဗောဓိပင်မှာ များစွာ အိုမင်းနေပြီ ဖြစ်သည်။ အကိုင်းသုံးကိုင်း ဖြာထွက်နေသော အနောက်ဘက်ရှိ ကိုင်းမ ကြီး တစ်ကိုင်းသာ စိမ်းစိုလျက်ရှိ၍ ကျန်သော အကိုင်းများမှာ အခေါက်များကွာကျလျက် ခြောက်သွေ့နေကြသည်။ ထို့နောက် ၁၈၇၁ ၌ တစ်ကြိမ်၊ ၁၈၇၅ ၌ တစ်ကြိမ် ထပ်မံ ရောက်ရှိသော အချိန်၌မူ ဗောဓိပင်မှာ တစ်ပင်လုံး လုံးဝ ခြောက်သွေ့ သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ထို့နောက် များစွာ မကြာမီ ၁၈၇၆ ခုနှစ်၌ လေမုန်တိုင်း တိုက်ခတ်ရာ ကျန်ရှိနေသော ဗောဓိပင်ခြောက်ကြီးမှာ အနောက်ဘက် နံရံပေါ်သို့ လဲကျသွားခဲ့သဖြင့် ဤသည်ပင် ဗောဓိပင်အို၏ နောက်ဆုံး သက်တမ်းကုန်ခြင်း ဖြစ်ခဲ့သည်။ သို့သော်လည်း ဗောဓိပင်အို၏ အစေ့များမှာ များစွာ စုဝေးကျန်ရစ်ခဲ့သကဲ့သို့ အပင်ပေါက်ငယ်များသည်လည်း လှဲကျသွားသော အပင်အိုနေရာ၌ ပေါက်ရောက်နေကြကြောင်း တွေ့ခဲ့ရသည်။

ထို့နောက် ၁၈၈ဝ ပြည့်နှစ်၌ ဘုရားကျောင်းဆောင်၏ နောက်ဘက် နံရံ အပြင်ဘက်မှ ဝဇိရာသန ပလ္လင်တော်ကို ဖော်ထုတ် တွေ့ ရှိခဲ့သည့်အခါ ဗောဓိပင် ရှိတော်မူခဲ့မည့် မူလနေရာ၌ မူလ ဗောဓိပင်ဟောင်း၏ အစိတ်အပိုင်းများ မြေအောက်၌ ရှိနေနိုင်သေး ကြောင်း ကျွန်ုပ်တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ဝဇိရာသန ပလ္လင်တော် တွေ့ ရှိခဲ့ရာနေရာ၏ အနောက်ဘက် ခပ်လှမ်းလှမ်း နေရာကို တူးဖော်စေခဲ့သည်။ ကျောက်သား ပလ္လင်တော် မျက်နှာစာ၏ အပြင်ဘက်၊ ပလ္လင်တော် တွေ့ ရာနေရာ၏ အောက် (၃) ပေအနက်၊ ခေတ်သစ်အပင်ပေါက်ရာမြေသားသစ် မြေပြင်၏ အောက် ပေ (၃ဝ) အနက် သဲမြေထဲမှ ဗောဓိပင်ဟောင်း၏ လုံးပတ်ကြီးမားသော အပိုင်း (၂) ပိုင်းကို တူးဖော်တွေ့ ရှိခဲ့သည်။ အပိုင်းတစ်ပိုင်းမှာ (၆) လက်မခွဲ ရှိ၍ အခြားတစ်ပိုင်းမှာ (၄) လက်မ ရှိသည်။ အလျား (၃၂) ပေ၊ အမြင့် ပေ (၃ဝ)၊ ထု (၁၄) ပေ ရှိသည့် ဘုရားကျောင်းဆောင် နောက်ပိုင်းကို ထောက်ကန်ထားသည့် အုတ်နံရံထုထည် တစ်ခုလုံးသည် ဤနေရာ၌ တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်း (၁၂ဝဝ) ကျော် ကြာပြီ ဖြစ်သည့်အတွက် ယခု မြေအောက်မှ တူးဖော် တွေ့ ရှိခဲ့သည့် ဗောဓိပင်၏ အစိတ် အပိုင်းနှစ်ပိုင်းမှာ အေဒီ (၆ဝဝ) မှ (၆၂ဝ) ကာလအတွင်း၌ သျှသျှင်္ကမင်း ခုတ်လှဲဖြတ်တောက်ခဲ့သော ဗောဓိပင်ဟောင်း၏ အစိတ်အပိုင်းများ ဖြစ်နိုင်ပေသည်။

ဗောဓိပင်တော်ကို မလိုမုန်းထားသူတို့ အကြိမ်အရေအတွက် များစွာ ခုတ်လှဲဖြတ်တောက်ခဲ့ကြသည်မှာ သေချာသည့် ဖြစ်ရပ် ဖြစ်သော်လည်း ထိုဖြစ်ရပ်၏ သက်သေကိုမူ အနည်းမျှသာ တူးဖော်တွေ့ရှိခဲ့သည်။ တိဗက် သမိုင်းဆရာ တာရာနာထ က အေဒီ (၁) ရာစုဝန်းကျင်၌ အနောက်ဘက်တိုင်းပြည်မှ ဘုရင်တစ်ပါးဖြစ်သည့် ဟုနိမန္တသည် မဂဓတိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့ ကြောင်း မှတ်တမ်း တင်ထားသည်။ ဗုဒ္ဓဂယာရှိ ဘုရားကျောင်းမှာ ထိုအချိန်က ဖျက်ဆီးခံခဲ့ရကြောင်း သိရသဖြင့် စင်္ကမ အဆောက်အဦးနှင့် တကွ ဗောဓိပင်သည်လည်း ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဟရ်သျှ ဝရ်ဓန မင်း ကွယ်လွန်ပြီးနောက် အဓိသေနမင်းနှင့် ၎င်းကို ဆက်ခံသော ဗြာဟ္မဏမင်းဆက်များ အုပ်စိုးစဉ်ကာလ အေဒီ (၇) ရာစုနောက်ပိုင်း၌မူ ဗောဓိပင်တော်သည် မသမာသူများဘေးမှ ကင်းလွတ်ခဲ့မည် ဖြစ်ကြောင်း မှန်းဆကြည့်ရသည်။ ထိုခေတ် ကာလအတွင်း တရုတ်နိုင်ငံမှ ဘုရားဖူးများလည်း ဗုဒ္ဓဂယာသို့ အကြိမ်ကြိမ် လာရောက်ဖူးမြော်ခဲ့ကြကြောင်း သိရ၍ ဗောဓိပင် ထိုနေရာ၌ တည်ရှိနေကြောင်းကို သူတို့၏ မှတ်တမ်းများ၌ ဖော်ပြခဲ့ကြသည်။ အကယ်၍ ထို တရုတ်ဘုရားဖူးများ ဖူးတွေ့ခဲ့ရသော ဗောဓိပင်တော်သည် သူတို့ ဖူးမြော်ခဲ့ကြပြီးနောက် နောက်ထပ် တစ်ရာစု ကာလ ဖြစ်သည့် အေဒီ (၇ဝဝ) မှ (၈ဝဝ) ထိ ဘေးကင်းခဲ့မည် ဆိုပါလျှင် မဂဓတိုင်း ဘုရင် ပုဏ္ဏ ဝမ္မဏမင်း အသစ်တဖန် စိုက်ပျိုးခဲ့သော ဗောဓိပင်သည် အေဒီ (၈၁၃) ဝန်းကျင်၌ ထီးနန်း ထူထောင်ခဲ့ကြသည့် ဗုဒ္ဓဝါဒမင်းဆက်များဖြစ်ကြသော ပါလမင်းများ လက်ထက်ထိ ဆက်လက် ရှင်သန်လျက် ရှိနေမည် ဖြစ်သည်။ ထို့နောက် ထိုဗောဓိပင်သည် ဗုဒ္ဓဝါဒီ ပါလမင်းဆက် ကုန်ဆုံးချိန် အေဒီ (၁၂ဝ၁) ခုနှစ် မဂဓတိုင်းကို ဘခ်တိယာ ခါလ်ဂျီ ကျူးကျော်ဝင်ရောက်သည့်အချိန်ထိ ဘေးကင်းလျက် တည်ရှိနေခဲ့မည်ဟုလည်း မှန်းဆ ကြည့်ရသည်။ မွတ်စလင် ကျူးကျော်တပ်များသည် ပေသျှဝါရှိ ဗောဓိပင်ကို ထိခိုက်အောင် ဖျက်ဆီးခဲ့ခြင်း မရှိသည့် အတွက် ဗုဒ္ဓဂယာမှ ဗောဓိပင်ကိုလည်း ဖျက်ဆီးခဲ့မည် မဟုတ်ဟု ယူဆရသည်။

ဗောဓိညောင်အမျိုးအစားသည် ကြီးထွားမူလျင်မြန်၍ သက်တမ်းတိုသည့် အပင်မျိုးဖြစ်သည့်အတွက် အသောကမင်းလက်ထက်မှ ယနေ့ခေတ် အထိ တစ်ပင်သက်တမ်းကုန်လျှင် အပင်သစ်တစ်ပင် အစားထိုးပေါက်ခြင်းဖြင့် ရှင်သန်ခဲ့မည် ဟု ယူဆရသည်။ မကြာခဏ ဖျက်ဆီးခံရသည့် အကြိမ်အရေအတွက်များပါ ထည့်သွင်းတွက်ချက်လျှင် ဗုဒ္ဓဂယာ၌ ဗောဓိပင်သည် အကြိမ်ပေါင်း (၁၂) ကြိမ်၊ (၁၅) ကြိမ်မှသည် အကြိမ် (၂ဝ) ထိ အသစ် အသစ် အစားထိုး ပေါက်ရောက် ကြီးထွားခဲ့မည် ဖြစ်သည်။

မြန်မာ မှတ်တမ်းစာ၌ ပသေနဒီကောသလမင်းကြီးသည် ဗောဓိပင်ကို တံတိုင်း (၂) ထပ်ဖြင့် ကာရံခဲ့၍ အသောကမင်းကြီးသည် ထို နှစ်ထပ်ကို ဝန်းရံကာ တတိယမြောက် တံတိုင်းကို လှူဒါန်းခဲ့ကြောင်း ရေးသားထားသည်။ ထိုအချက်ကို လက်ခံစဉ်းစားပါလျှင် ပသေနဒီ ကောသလမင်း လှူဒါန်းခဲ့သော တံတိုင်း နှစ်ထပ်မှာ သစ် အကာအရံ တံတိုင်းဖြစ်ခဲ့မည် ဟု ယူဆရ၍ သူ့နောက် နှစ် (၂၅ဝ) ဝန်းကျင်ခြား၍ နန်းတက်ခဲ့သော အသောကမင်းလက်ထက်၌ ထို သစ်အကာရံ တံတိုင်းများသည် များစွာ ပျက်စီးလျက် ရှိခဲ့ပေလိမ့်မည်။ ထို့ကြောင့် အသောကမင်းက ဗောဓိပင်၏ အရှေ့ဘက်၌ ဘုရားကျောင်းဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့သည့် အခါ၌ ထို ပသေနဒီကောသလမင်း လှူဒါန်းခဲ့သော သစ်အကာအရံတံတိုင်းကို ဖယ်ရှားခဲ့မည်ဟုလည်း တွက်ဆရသည်။

( ကင်နင်ဂမ်၏ ၁၈၉၂ တူးဖော်ရေးမှတ်တမ်းမှ ထုတ်နုတ်ပြန်ဆိုသည်)

ဘိကခြု ေ က သ ရ (Bhikkhu Kesara)

ပုံ- 1864-65 ခုနှစ် မပြုပြင်မီ မြောက်ဖက်မှ ဖူးတွေ့ရသော မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်။

အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ မဟာဗောဓိပင်ကြီးအား (Forest Research Institute, Dehradun India ) ...
18/12/2022

အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ
မဟာဗောဓိပင်ကြီးအား (Forest Research Institute, Dehradun India ) အဖွဲ့ ပညာရှင်များ နှင့်ဂေါပကများမှ
ဗောဓိပင်ကြီးကြံ့ခိုင်သန်မာရေးအတွက် နှစ်စဉ်စစ်ဆေးစမ်းသပ်မှု့ ကို (၁၅.၁၂.၂၀၂၂)ရက်နေ့ က ဆောင်ရွက်ခဲ့ပါတယ်။
ဒီနှစ်လာရောက်စစ်ဆေးတဲ့ ရုက္ခဗေဒပညာရှင်များက Dr.Amit Pandey and Dr. San than Barthwal
တို့ ဖြစ်ကြပါတယ်။

ကြည်ညိုစရာ
အိန္ဒိယနိုင်ငံ မြေမြတ်မဟာ ဗုဒ္ဓဂါယာ မှ
Buddha Tree - မဟာဗောဓိပင်
~~~~~~~~~~~~~~~~~~~~~~~~~~

သက္ကတိုင်း ကပိလဝတ်ပြည့်ရှင် ဘုရာသုဒ္ဓေါဓနကြီးနဲ့ မိဖုရားခေါင်ကြီး မယ်တော်မာယာတို့မှ မဟာသက္ကဇ်(၆၈)ခုနှစ် ကဆုန်လပြည့်သောကြာနေ့မှာ အလောင်းတော်သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်တော်မူခဲ့ပါတယ်။

ထိုနေ့၌ပင် မာဂဓတိုင်း ဗုဒ္ဓဂယာ(ဂယာမြို့အနီး)မှာပင် မဟာဗောဓိပင်ကလေး တစ်ပင်ပေါ်ထွက်ပေါက်ရောက်လာခဲ့ပါတယ်။

ထိုမဟာဗောဓိပင်ငယ်လေးဟာ အလောင်းတော်
သိဒ္ဓတ္ထမင်းသားလေးရဲ့ ဖွားဖက်တော်သစ်ပင်လေးဘဲ ဖြစ်ပါတယ်။

အလောင်းတော်မင်းသားဟာ သက်တော်(၂၉)နှစ်
အရွယ်အရောက် မဟာသက္ကရာဇ်(၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာပင် ထီးနန်းစွန့်ခွါ၍ တောထွက်တော် မူလာခဲ့ပါတယ်။

ထို့နောက် အလောင်းတော်ဟာ ရဟန်းပြုတော်မူပြီး
မာဂဓတိုင်း ဥရုဝေလတော မှာပင် (၆)နှစ်တိုင်တိုင်
ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူခဲ့တာလည်းဘဲ ဖြစ်ပါတယ်။

မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့(ဘီစီ-၅၂၈)မှာ ဖွားဘက်တော် ဗောဓိပင်
အောက်မှာပင် သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူကာ အနှိုင်းမဲ့ကျေးဇူးရှင် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့တာလည်းဘဲ ဖြစ်ပါတယ်။

ထိုနေရာဟာ အလောင်းတော်မြတ် သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူပြီး သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိတော်မူသည့် နေရာဌာနဖြစ်သောကြောင့်
ထိုနေရာ၌ ပေါက်ရောက်နေသော ညောင်ဗုဒ္ဓဗောဓိပင်ကို မဟာဗောဓိပင်ဟု ခေါ်တွင်လာခြင်းဘဲ ဖြစ်ပါတယ်။

ထိုဗောဓိပင်ကြီးကို မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကတည်းက ရဟန်းရှင်လူ အပေါင်းတို့က မြတ်စွာဘုရား၏ကိုယ်ပွားတော် ကိုယ်စားတော်အဖြစ် ကိုးကွယ်ဆည်းကပ်လာခဲ့ကြသလို မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်းတွင်လည်း အလားတူပင် ကိုးကွယ်ဆည်းကပ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထိုဗောဓိပင်ကြီး သမိုင်းအစဉ်အဆက်နှင့်ပတ်သက်၍ စာပေပညာရှင်များ၏ ရေးသားတင်ပြချက်များကို
ကောက်နှုတ်တင်ပြရရင်တော့-

(၁) ဗောဓိပင်ကြီးကို အသောကမင်းကြီးကိုယ်တိုင် ဗုဒ္ဓဘာသာဝင်မဖြစ်မီက ခုတ်လှဲဖျက်စီးစေခဲ့ပါတယ်။ယင်းနောက် ဗောဓိပင်ကြီးရဲ့တန်ခိုးအစွမ်းဖြင့်
သူ့အလိုအလျောက် ပြန်လည်ပေါက်ရောက်လာခဲ့ပါတယ်။

(၂) အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပြီးနောက် ဗောဓိပင်အားကြည်ညိုသဒ္ဒါပွားပြီးအမြဲဆည်းကပ်ပူဇော်နေတာကို မနာလိုစိတ်ဖြစ်တဲ့မိဖုရားကြီးက ဖျက်စီးဖို့ကြိုးစားခဲ့ပြန်ပါတယ်။

(၃) ခရစ်(၆)ခုနှစ်မှာတော့ သျှီဝဘုရာင်ဆာဆင်္ကာက သုံးကြိမ်တိုင်တိုင်ခုတ်လှဲမီးရှို့ဖျက်စီးခဲ့ပြန်ပါတယ်။
ယင်းတို့ဖျက်စီးပြီးတိုင်းမှာ
မာဂဓဘုရင် ပူရာဏဗာရမင်းက ပြန်လည်စိုက်ပျိုးခဲ့ပြန်ပါတယ်။

(၄) ခရစ်နှစ်(၁၁၉၃)ခုနှစ် မတ်လမှာတော့
မဂိုလ်စစ်ဗိုလ်ချုပ်ကြီး မိုဟာမက်ဂိုရီတစ်ကြိမ်ခုတ်လှဲဖျက်စီးခဲ့ပြန်ပါတယ်။

(၅) (၁၈၇၆)ခုနှစ်မှာတော့ မုန်တိုင်းဒဏ်ကြောင့် တစ်ကြိမ်လဲကျ၍ ဗောဓိပင်ကြီးဟာ သေဆုံးသွားခဲ့ပါတယ်။
ထိုနေရာမှာဘဲ ကျောက်စာဝန် ကင်နင်ဂန် ကနဂိုဗောဓိပင်မှ မျိုးယူပျိုးထားတဲ့ဗောဓိပင်ငယ်ကို ထပ်မံစိုက်ပျိုးခဲ့ပါတယ်။

ထိုကျောက်စာဝန်မင်းကြီး စိုက်ပျိုးထားခဲ့သော ဗောဓိပင်ကြီးမှာ
ယနေ့လူအများဖူးတွေ့နေကြရတဲ့ ဗောဓိပင်ကြီးဘဲ ဖြစ်ပါတယ်။

ယနေ့အချိန်မှာ ဖူးတွေ့နေရတဲ့ ဗောဓိပင်ကြီးမှာ မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့တဲ့ ဗောဓိပင်ကြီးမှ အစဉ်အဆက်မျိုးပွားစိုက်ပျိုးလာခဲ့သော
မဟာဗောဓိပင်ကြီးဘဲ ဖြစ်ပါတယ်။

Mahar Bodhi
တည်နေရာ - မာဂဓတိုင်း
Photo - Ven Thaw Bi
ကိုးကား - အထွဋ်အမြတ်နေရာ

Crd Mahar Bawdi Tree

Address

No. 104, 37st, (Lower Block)Between Merchant Road & Strand Rd, Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

01-241262

Alerts

Be the first to know and let us send you an email when စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု့လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စိန်ရောင်ခြည်ဘုရားဖူးဝန်ဆောင်မှု့လုပ်ငန်း:

Shortcuts

Share

Category