MAHAR MITTA Travel and Tours

MAHAR MITTA Travel and Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MAHAR MITTA Travel and Tours, Travel Company, Yangon.

02/12/2019
မော်လမြိုင် တစ်ညအိပ် နှစ်ရက်ခရီးစဉ်အတွက် ကားငှားရမ်းပေးပါသော အန်တီအေးနှင့် သူငယ်ချင်းများအား မဟာမေတ္တာ မိသားစုမှ အထူးကျေ...
08/11/2019

မော်လမြိုင် တစ်ညအိပ် နှစ်ရက်ခရီးစဉ်အတွက်
ကားငှားရမ်းပေးပါသော အန်တီအေးနှင့် သူငယ်ချင်းများအား မဟာမေတ္တာ မိသားစုမှ အထူးကျေးဇူးတင်ရှိပါကြောင်း။

လာပါ ခရီးထွက်ကြမယ်⛰️🏖️🏕️🗺️ အသက်သာဆုံးစျေးနှုန်း🎁🎁အကောင်းဆုံး ဝန်ဆောင်မှု့ 🆗🆗ကျွမ်းကျင် ဖော်ရွေသော ယာဉ်မောင်းများဖြင့် မဟ...
05/11/2019

လာပါ ခရီးထွက်ကြမယ်⛰️🏖️🏕️🗺️

အသက်သာဆုံးစျေးနှုန်း🎁🎁

အကောင်းဆုံး ဝန်ဆောင်မှု့ 🆗🆗

ကျွမ်းကျင် ဖော်ရွေသော ယာဉ်မောင်းများဖြင့်

မဟာမေတ္တာမှ ဝန်ဆောင်မှု့ပေးနေပါတယ်။

လူကြီးမင်းတို ့စိတ်တိုင်းကျ ကားအမျိုးအစားများကို
ရွေးချယ်ပြီး ပျော်ရွှင်စရာ ခရီးစဉ် များကို ဖန်တီးဖို ့ဖိတ်ခေါ်ပါရစေ။

📱☎️ 09262132100
09254077770
09424882244

🧨🎈🎉သီတင်းကျွတ်ပိတ်ရက်အတွင်း  အနယ်                 နယ်အရပ်ရပ် ခရီးစဉ်မျိုးစုံအတွက် ကား                  များငှားရမ်းပေးပါ...
18/10/2019

🧨🎈🎉သီတင်းကျွတ်ပိတ်ရက်အတွင်း အနယ်
နယ်အရပ်ရပ် ခရီးစဉ်မျိုးစုံအတွက် ကား
များငှားရမ်းပေးပါသော ဧည်သည့်တော်
ကြီးများကို မဟာမေတ္တာမိသားစုမှ အထူး
ကျေးဇူးတင်ရှိပါသည်။

🧨🎈🎁သီတင်းကျွတ် ပိတ်ရက်တွေမှာ ခရီးထွက်ဖို ့အတွက်အဆင်သင့်ဖြစ်နေကြပြီလား 🛩️🚌🚕မဟာမေတ္တာ မိသားစုမှ  လူကြီးမင်းတို ့ရဲ့ ပျော်ရ...
03/10/2019

🧨🎈🎁သီတင်းကျွတ် ပိတ်ရက်တွေမှာ ခရီးထွက်ဖို ့အတွက်အဆင်သင့်ဖြစ်နေကြပြီလား

🛩️🚌🚕မဟာမေတ္တာ မိသားစုမှ လူကြီးမင်းတို ့ရဲ့ ပျော်ရွှင်စရာ ခရီးစဉ် များကို ကားအမျိုးအစားစုံလင်စွာ ကျွမ်းကျင် ယာဉ် မောင်းများဖြင့် အထူးဝန်ဆောင်မှ ု့ပေးနေပါပြီ။

၄၅ /၃၃/၂၅/၁၅/၁၂/၇ နှင့် ၃ ယောက်စီး ကားအမျိုးအစားစုံလင်စွာ ငှားရမ်းနူိင်ပါသည်။


☎️☎️📲 09262132100 , 09254077770,
09424882244

29/07/2019
🇲🇲🇲🇲🇲🇲🔔📷📸📹🎥
14/07/2019

🇲🇲🇲🇲🇲🇲🔔📷📸📹🎥

ဒီ ၁၈ ချက်ထဲကဘယ်လိုနေရာမှာ၊ ဘယ်လိုတွေရိုက်ဖူးပြီးပြီလဲ?

How To Take Photo in Bagan
ပုဂံကို ဘုရားဖူးပုံစံအိမ်နဲ့တော့ ရောက်ဖူးသွားပြီ။ ဒါပေမဲ့ဘုရားတဆူ ၁၅ မိနစ်နှုန်းနဲ့ပတ်ဖူးခဲ့ရတယ်။ ပုဂံဆိုတာ ဘာမှန်းမသိလိုက်ဘူး။ အေးဆေးသွားဖို့ရည်ရွယ်ထားတယ်။ ဒါပေမဲ့ ဘယ်နေရာမှာဘယ်လိုတွေဓါတ်ပုံရိုက်လို့ကောင်းတယ်၊ ဘာလိုတွေရိုက်ရမလဲဆိုတာစဉ်းစားနေရရင် ဒီ Post လေးဖတ်သွားပါ။

ကျွန်တော့ကို IG မှာ follow မယ်ဆိုရင် : www.instagram.com/a.toe

Detail Tips တွေမဖတ်မှီ Pro Tip တချို့ပေးပါရစေ
၁. လုံးဝ ပုံတွေမှာ ကိုယ်တွေကိုထင်းပြီးရုပ်လုံးကြွချင်ဝတ်သင့်တဲ့အရောင်တွေက - အနီ၊အဝါ၊ အပြာ
၂. မျက်စိအေးအေးနဲ့ပုဂံအရောင်နဲ့တသားတည်းကျချင်ရင် - အညို၊အဖြူ၊အစိမ်း၊ကာကီ
၃. မိန်းကလေးများ ဂါဝန်အလွင့်တွေများများသယ်သွားပါ။
၎. မြန်မာဝတ်စုံတွေလဲသယ်သွားပါ။ နန်းဆန်ဆန်ပုံတွေရမယ်။
၅. ကောင်လေးတွေ - ကိုယ့်ဆော်ဘာအရောင်သယ်လာမလဲဆိုတာလဲမေးကြည့်အုံး
၆. ဖြစ်နိုင်ရင် jean ရှောင်ပါ။

ရှေးဟောင်းသမိုင်းအမွေအနှစ်နေရာတွေမလို့ Please have respect. လုံလုံခြုံခြုံဝတ်ပါ။ တောင်ခြစ် မြောက်ခြစ်လုပ်မလာပါနဲ့။ ဓါတ်ပုံတွေနဲ့ပဲ အမှတ်တရတွေယူခဲ့ပါ။

1. မုဒ်ဦး Frame
ဓါတ်ပုံ frame ထဲက Frame။
ဓါတ်ပုံထံမှာကိုပဲ ပတ်ဝန်းကျင်မှရှိတဲ့အရာတွေနဲ့ ဘောင်ခတ်လိုက်တာပဲ။ မုဒ်ဦးအဝင်ပေါက်တွေမှာ လူက အလည်တည့်တည့်ရပ်နေမယ်ဆိုရင် မျက်လုံးက အခြားတနေရာကိုမရောက်တော့ပဲ ပုံကိုကြည့်လိုက်တာနဲ့ မျက်စိက လူကိုတန်းမြင်မှာပါ။
ရိုက်ရန်နေရာ - ဘုရားတော်တော်များများ

2. Ebike Shoot
ပုဂံမှာ ဘယ်သွားသွား ပေါ့ပေါ့ပါးပါးသွားလို့ကောင်းတာ Ebike နဲ့။ ဒီလို Ebike ပေါ်မှာကိုယ့်ချစ်ချစ်နဲ့ အတူတူ လျောက်လည်ရင်း ဓါတ်ဖမ်းလာလဲ့ပါ။
ရိုက်ရန်နေရာ - ဓမ္မရံကြီးသွားလာလမ်း၊ ရွှေဆံတော်နောက်ဘက်တွေမှာလှတယ်။

3. နေပျောက်ထိုး
တချို့သော ပုဂံဘုရားတွေမှာ ပြတင်းပေါက်တွေကိုအုတ်နဲ့ပိတ်ထားပြီး နေကိုနည်းနည်းတော့ ဝင်အောင် အပေါက်တွေဖောက်ထားတယ်။ ဒီအပေါက်တွေထဲကနေ နေပျောက်ထိုးတဲ့အခါ လုံးဝအလန်းစားပုံတွေရမှာပါ။
ဘုရားတဆူနဲ့တဆူက မျက်နှာမူရာအရပ်၊ ရာသီအချိန်ခါ ပေါ်မူတည်ပြီး နေပျောက်ကျတဲ့အချိန်မတူတော့ နယ်ခံကိုမေးသွားမှပဲအဆင်ပြေလိမ့်မယ်။

4. ဘုရားမီးပူဇော်ပုံ
အထင်ကရမဟုတ်တဲ့ တချို့သောဂူဘုရားအသေးတွေမှ ဆီမီးပူဇော်ခွင့်ရှိတယ်။ ဆီမီးပူဇော်တဲ့ပုံ၊ အမွှေးတိုင် ပူဇော်တဲ့ပုံတွေနဲ့ရိုက်ရင် အရမ်း Grand ကျတယ်။

5. ပုသိမ်ထီး
ပုဂံမှာ ပုသိမ်ထီးတွေရိုက်ရင် ပုံတွေအရမ်းထင်းနေမှာအမှန်ပဲ။ အနီ၊အဝါ၊အစိမ်း၊အပြာ၊ ထီးတွေကို ပုဂံရဲ့ အုတ်ရောင်နောက်ကထားပြီးရိုက် လူကလုံးဝရုပ်လုံးကြွနေမှာပါ။

6. တမာလမ်း
“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေမောင်ရေလေ အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား ခွဲခွဲခြားခြားပြောပါမောင်ရေ”

တမာတောမှာ ပျော်လဲပျော် မေ့လဲမမေ့ရလေအောင် ပုဂံရောက်ရင် တမာပင်တွေစိမ်းစိမ်းစိုစိုရှိတဲ့လမ်းမှာ သွားရိုက်ဖြစ်အောင်ရိုက်ပါ။ အညာမြေလို့မထင်ရလေအောင် တလမ်းလုံးစိမ်းစိမ်းစိုစိုရှိပါတယ်။

7. Sunrise Balloon
သူများနိုင်ငံကသူတွေဆိုရင် ပုဂံမနက် sunrise အချိန်မှာ မိုးပျံပူဖေါင်းတွေပျံတာကိုကြည့်ဖို့၊ ဓါတ်ဖမ်းဖို့ကိုပဲbucket list ထဲထည့်ပြီး မြန်မာနိုင်ငံကို တကူးတကလာလည်နေကျတာပါ။ မနက်ထရမှာပျင်းတဲ့သူတွေလဲ တကူးတကထပြီး ရိုက်ဖို့ ကြည့်ဖို့ အကြံပေးပါရစေ။

Tips – Balloon ရာသီချိန်က OCT 7, 2019 TO APR 10, 2020 ဆိုတာကိုတော့ တချက်သတိထားစေချင်ပါတယ်။

8. Boat Ride
ဘုရားလေးဆူဖူးဖို့ တန့်ကြည်တောင်မနက်အစောကြီးသွားတဲ့အခါမှာ ဘာလုံးရာသီဆိုမနက်နေ ထွက်လာတာနဲ့ ဘောလုံးတွေတက်လာအရမ်းမိုက်တယ်။
ညနေ sunset အတွက်လဲ မြစ်ထဲကနေကြည့်ရင် နေမင်းကြီး တူးရင်းတောင်အနောက်ဝင်သွားတာကို လှမ်းရိုက်တာလဲ အရမ်းလှတယ်။ ကောင်းကင်အရောင်မျိုးစုံသန်းတာနဲ့လဲ ရိုက်ရတာ အရမ်းမိုက်တယ်။

9. Sunset Picnic
နေဝင်ချိန်လောက်မှာ မြစ်ကိုကူးပြီး သောင်ထွန်းနေတဲ့အပေါ်မှာ sunset picnic ပုံစံထွက်ကြည့်ပါ။ အနောက်ဘက်ပဲနေထွက်တဲ့ ဘက်လှည့်ပြီးထိုင်မလား၊ အရှေ့ဘက်ဘုရားတွေဘက်လှည့်နေမလား၊ ဘယ်ဘက်ကိုပဲလှည့်ရိုက်ရိုက်အရမ်းမိုက်တယ်။ နေဝင်သွားတဲ့အချိန်ထိနေလို့ရပါတယ်။

10. ဧရာဝတီမြစ်ကမ်းပါး
မြစ်ကမ်းတလျောက်တချို့နေရာတွေမှာ လုံးဝချောက်ကမ်းပါးကြီးလိုဖြစ်နေပါတယ်။ ဒီနေရာတွေမှာရိုက်မယ်ဆိုရင် ပုဂံမှာရိုက်နေရတာနဲ့တောင်မတူဘူး။နိုင်ငံခြားရောက်နေသလိုပါပဲ။ ရိုက်မယ်ဆို ဗူးဘုရား၊ ကျောက်မြတ်မော်ဘုရားတွေမှာကို ချောက်ကမ်းပါးအမြင့်တွေရှိပါတယ်။

11.
၂၀၁၆ တဲက ကမ္ဘာတဝန်းမှာလဲရေပန်းစားတဲ့ pose. ကောင်မလေးက ကောင်လေးကိုတွဲခေါ်လာတာလေး။ ဒီ post နဲ့စနာမည်ကြီးလာတဲ့ Murad and Nataly Osmann (www.instagram.com/followmeto) အတွဲ ကလဲ ပုဂံလာတုန်းက pose သုံးနေရာမှာရိုက်ခဲ့တယ်။ အဲ့တာတွေကိုလေ့လာ ကြည့်ချင်ရင်
- https://www.instagram.com/p/BTt_4BXgkwk/ (unknown temple)
- https://www.instagram.com/p/BThOhg1gbbf/ (အာနန္ဒာဘုရား)
- https://www.instagram.com/p/BTZQ7JPgSHR/ (သဗ္ဗေညု)

ကိုယ်တိုင်လဲ သူတို့သွားခဲ့တဲ့ ဘုရားတွေမှာလုပ်နိုင်သလို ကိုယ်ပိုင်အမိုက်စားလုပ်မယ်ဆိုရင်
ဘုရားအတွင်းကိုဝင်သွားတဲ့ပုံပဲရိုက်မလား၊ မနက် balloon တွေတက်နေတဲ့အချိန်မှာ လက်ဆွဲခေါ်သွားတဲ့ပုံပဲရိုက်မလား။

12. ရွှေစည်းခုံစောင်းတန်း
ရွှေစည်းခုံရဲ့အဖြူရောင်စောင်းတန်းတွေနဲ့ရိုက်ရတာလဲအရမ်းလှတယ်။ စောင်းတန်းလုံးဝတည့်တည့်ကြီးပုံလိုချင်ရင် တောင်ဘက်စောင်းတန်းမှာရိုက်ပါ။ မဟုတ်ဘူး နည်းနည်း ကွေ့သွားတဲ့ပုံလိုချင်ရင် အရှေ့ဘက်စောင်းတန်းမှာသွားရိုက်ပါ။

13. အာနန္ဒာစောင်းတန်း
အာနန္ဒာဘုရားမှာ ကုန်းဘောင်ခေတ်ကဆောက်ထားတဲ့ မြောက်ဘက်စောင်းတန်းမှာရှိတယ်။ ထုံးအရောင်ကို ပြန်ချွတ်ထားပြီး နံရံတွေက နို့နှစ်ရောင်ဖြစ်နေတဲ့အချိန်မှာ တံခါးအနီတွေနဲ့ အရောင် တွေအရမ်းမိုက်တယ်။

14. နွားအုပ်/ဆိပ်အုပ်
သေချာစဉ်းစားကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့အထင်ကရ ခရီးသွားနေရာတွေမှာ နွားတွေ၊ ဆိပ်တွေအုပ်လိုက်နဲ့ ဓါတ်ပုံရိုက်လိုက်လို့ရဖို့ဆိုတာ သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။ ပုဂံမှာတော့ နွားတွေ ဆိပ်တွေ အုပ်လိုက်ကျောင်းနေတာအခွင့်အရေးကြံနိုင်လို့ ဒါလဲအမိအရရိုက်ဖို့မမေ့နဲ့နော်။

15. ယောဂ Pose
ယောဂကျင့်ဖူးလား။ မကျင့်ဖူးလဲရတယ်နော်။ ပုဂံမှာ ကိုယ်လုပ်နိုင်တဲ့ pose နဲ့ယောဂလုပ်တဲ့ပုံစံဖမ်းရတာ အရမ်းအသက်ဝင်တယ်။

16. မြင်းလှည်း
ပြည်တွင်းမှာခရီးသွားမယ်ဆိုရင်မြန်မာဓလေ့အငွေ့အသက်အပြည့်အစုံနဲ့ မြင်းလှည်းနဲ့ ဓါတ်ပုံရိုက်လို့ရတာဆိုပုဂံမှာပဲရှိမယ်။ ပုဂံတဝိုက်လျောက်လည်မယ်ဆို တနေကုန်မှ ၁၂၀၀၀ တည်းပါ။ ဒါပေမဲ့ နေအရမ်းပူတဲ့အချိန်တွေမှာ ဆိုမငှားဖို့တော့တိုက်တွန်းပါတယ်။ မြင်းတွေပင်ပန်းပြီးသေကျာလို့ပါ။

17. ရုပ်သေးရုပ်
ဒါကတော့နောက်ပိုင်း ပုဂံမှာခေတ်စားတဲ့ pose ပါ။ ပုဂံရောက်မှန်းသိအောင်ရိုက်သင့်တဲ့ pose။ လူတိုင်းရိုက်နေကျပုံမလို့ နောက်ပိုင်းမှထည့်ပေးထည့်တားပါ။ နေရာတိုင်းလိုလိုမှာ ရုပ်သေးရုပ်လေးတွေတွဲလောင်းနဲ့။ ရုပ်သေးရုပ်လေးတွေကိုဖြစ်နိုင်ရင် အားပေးခဲ့ပါ။ တခုမှ ဘယ်လောက်မှမရှိပါဘူး။

18. Drone Shots
ဒါကတော့ ဘော်ဘော်တွေထဲမှာဓါတ်ပုံ videoရုးသူတွေအတွက်ပါ။
Drone လွှတ်မယ်ဆို အထင်ကရဘုရားတွေနားမှာ လွှတ်တင်မဲ့အစား လူသိမသိတဲ့နေရာတွေမှာပျံပါ။ ဘုရားပေါ်တက်ပြီး Group photo တို့၊ ၂ ထပ်ဘုရားပျက်နားတို့၊သူသိပ်မသိတဲ့ဘုရားနားမှာရိုက်မယ်ဆို မိုက်တယ်။ ကျွန်တော့အကြိုက်ကတော့ လူသိပ်မသိတဲ့နေရာတွေမှာ ၁ ယောက်ထဲ/ အတွဲ ၂ယောက်ပုံကို ခပ်မြင့်မြင့်နေရာကပျံပြီး ပုဂံဘယ်လောက်လှဆိုတာယှဉ်ပြရတဲ့ပုံမျိုးကြိုက်တယ်။

ပုံကောင်းကောင်းတွေရဖို့ ခေါင်းရှုပ်ခံပြီးနေရာတွေမရှာချင်ဖူး၊ ပုံကောင်းကောင်းတွေလဲရချင်တယ်ဆိုရင် ကျွန်တော့ company – lodggy.com (www.facebook.com/lodggycom) ကနေphoto tour လုပ်ပေးနေပါတယ်။

အသေးစိတ်သိချင်ရင် ဒီ link ကိုဝင်ကြည့်လိုက်ပါ။ 👇👇👇
(https://www.facebook.com/1638824479671702/posts/2333915826829227?sfns=mo)

ကျွန်တော့ကို IG မှာ follow လုပ်ရန် : www.instagram.com/a.toe

Address

Yangon

Telephone

09262132100

Website

Alerts

Be the first to know and let us send you an email when MAHAR MITTA Travel and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAHAR MITTA Travel and Tours:

Share

Category