MRSI Travels - Domestic Department

MRSI Travels - Domestic Department MRSI -ပြည်တွင်းခရီးစဉ်
Email : [email protected]
Phone number

🎉ထိုင်ဝမ်စုပေါင်းခရီးစဉ်ပြန်စမယ်နော်။အားပေးကြပါဦးနော်台灣聯合行程即將開始,請多多支持喔😁
26/09/2024

🎉ထိုင်ဝမ်စုပေါင်းခရီးစဉ်ပြန်စမယ်နော်။
အားပေးကြပါဦးနော်
台灣聯合行程即將開始,請多多支持喔😁

လေယာဥ်လတ်မှတ် ဝယ်ပြီး ဆေးစစ်ချက် အောင်မြင်မှသာ လေယာဥ် စီးနင်းခွင့် ရရှိမည်  journalမကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြ...
12/12/2020

လေယာဥ်လတ်မှတ် ဝယ်ပြီး ဆေးစစ်ချက်
အောင်မြင်မှသာ လေယာဥ် စီးနင်းခွင့် ရရှိမည်

journal

မကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်သော်လည်း လေယာဥ် လတ်မှတ်ဝယ်ယူပြီး ဆေးစစ်ချက် အောင်မြင်ပြီးမှသာ လေယာဥ် စီးနင်းခွင့်ကို ရရှိမည်ဖြစ်သည်ဟု လေကြောင်းလိုင်း
အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ
ဒီဇင်ဘာ ၁၂ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ချက်တွင်
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ရက်မှစ၍ စတင်ဆောင်ရွက်သွားရန် COVID 19
ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏ လမ်းညွန်မှုအရ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးလာပြီး ပြည်တွင်းလေကြောင်းလိုင်းများသိရှိရန် ဆက်လက်အသိပေးရန် အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

" လတ်မှတ်ဝယ်ပြီးရင် သူတို့သတ်မှတ်ထားတဲ့စင်တာ မှာ သွားစစ်ရင် ဦးစားပေးစစ်ပေးမယ်။ ကျသင့်တဲ့အခကိုတော့ ပေးရမယ်။ စစ်ဆေးချက်အောင်ရင် လေယာဥ် စီးခွင့်ပြုမယ်။လတ်မှတ်ကကြိုဝယ်ရမယ်။ သွားမယ့် ရက်ထက် အဲဒါမှ လတ်မှတ် ပြပြီး ဆေးစစ်ရမှာ။ လောလော ဆယ် Stay at Home ဒေသတွေကနေ Stay at Home မဟုတ်တဲ့ ဒေသကို သွားရင် သက်ဆိုင်ရာ မြို့ရောက်တဲ့အချိန်ကျရင် Q ဝင်ရမယ်။ သုံးရက် သို့မဟုတ် ၇ ရက် ဝင်ရမယ်။ဒါပေမယ့် အဲဒါကိုလည်း ဖြေလျော့ပေးဖို့အတွက်ပြန်ညှိနှိုင်းနေတယ်"ဟု လေကြောင်းလိုင်းတစ်ခုမှ
အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း Travelling journal သို့ပြောသည်။

ထို့ပြင်လေကြောင်းလိုင်းများကလည်းမြို့အားလုံးသို့
ခရီးစဥ်မဆွဲပဲ ခွဲပြီးဆွဲသွားရန်အတွက် ညှိနှိုင်းနေကြောင်းသိရသည်။

"ပြုံဆွဲရင်တော့ သူလည်းခရီးသည်မရ ကိုယ်လည်းခရီးသည်မရ ဖြစ်မှာစိုးတယ်။ ခရီးသည် ရရှိမှုပေါ်ကိုမူတည်​ပြီး ဆွဲသွားမှာပါ။ အဲဒီအတွက် ကြေညာချက်ထွက်လာပါအုံးမယ်။အခုတော့ လေကြောင်းလိုင်းတွေ ညှိနေကြပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ဒီဇင်ဘာ ၁၅ရက်နေ့ထိ ခရီး စဥ်များ ပျံသန်းပြေးဆွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း သိရသည်။

journal

Scheduled Flights

26/11/2020

မြန်မာနိုင်ငံအပါအဝင် ဖွင့်ဖြိုးဆဲ ၂၃ နိုင်ငံမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ သွားရောက်မည့် အခါ USD 15,000 Visa Bond ပေးရမည်။

Dec 24 ရက်နေ့မှ စပြီး ၆ လ ကြာအောင် တည်မည့် အမိန့်ကြေငြာစာတစ်ခု က အမေရိကန် သမတ ဒေါနယ် ထရမ့် က Nov 24 တွင် ကြေငြာလိုက်သည်။

အာဖရိကန်နိုင်ငံ အများ အပြားနှင့် အိရန်၊ မြန်မာ၊ ဘူတန်၊ အာဖကန် နိုင်ငံ ပတ်စပို့ ကိုင်ဆောင်သူများ အမေရိကန်နိုင်ငံ ခရိးသွား ဗီဇာ (Visa Type B) လျောက်သော အခါ မှာ ကန်ဒေါလာ ၁၅၀၀၀ တန်ရှိ Refundable Visa Bond ကို ပြရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော နေ့ရက်အတွင်း ‌နေရပ်သို့ မပြန်သူများ ပြန်လည် ထုတ်ယူခွင့်ရှိမည် မဟုတ် ကြောင်း၊ Dec 24 တွင် ယင်းစည်းမျဉ်းမှာ အကျိုးသက်ရောက်မည် ဖြစ်ပြီး ၆လ သက်တမ်းရှိမည်ဟု ဖော်ပြထားပါသည်။

11/09/2020

ပြည်တွင်းလေ ကြောင်းလိုင်းများ (၁၁.၉.၂၀၂၀) မှ (၁.၁၀.၂၀၂၀) ထိ ယာယီရပ်ဆိုင်း

မန္တလေးသို့သွားရောက်မည့် သူများ အထူး သတိပြုရန်။
06/09/2020

မန္တလေးသို့သွားရောက်မည့် သူများ အထူး သတိပြုရန်။

❗မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်မည့် ခရီးသွားများသိရှိပါရန်❗================================မန္တလေးမြို့အပါအဝင် မန္တလ...
03/09/2020

❗မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်မည့် ခရီးသွားများသိရှိပါရန်❗
================================

မန္တလေးမြို့အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များ၊ ေကျးရွာများ သို့ သွားရောက်မည့် ခရီးသွားမိတ်ဆေွများအနေဖြင့်

✔️ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ
✔️ ကျန်းမာရေးထောက်ခံစာ
✔️ မှတ်ပုံတင် မူရင်း၊ မိတ္တူများယူဆောင်သွားရန်လိုအပ် ေကြာင်းအသိပေးအပ်ပါသည်။

နေပြည်တော်ကိုလာရောက်သူမည်သူမဆို ကွာရန်တင်းဝင်ရမယ်❗====================================နေပြည်တော်ကိုလာရောက်သူမည်သူမဆို စက...
03/09/2020

နေပြည်တော်ကိုလာရောက်သူမည်သူမဆို ကွာရန်တင်းဝင်ရမယ်❗
====================================နေပြည်တော်ကိုလာရောက်သူမည်သူမဆို စက်တင်ဘာလ(၂) ရက်နေ့မှစပြီး ကွာရန်တင်းဝင်ရမယ်လို့ နေပြည်တော် ကောင်စီက စက်တင်ဘာလ ၁ ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။နေပြည်တော်ကို အခြားအရပ်ဒေသမှ ဝင်ရောက်လာလာသူတွေ၊ နေပြည်တော်ကနေအခြားအရပ်ဒေသကို သွားရောက်သူတွေ၊ဝန်ထမ်းဖြစ်စေအရပ်သားဖြစ်စေအားလုံး ကွာရန်တင်းထားရှိရာနေရာမှာအာခေါင်တို့ပတ်နမူနာယူ ပြီး အဖြေပိုးမတွေ့မှသာမိမိသက်ဆိုင်ရာသွားလိုရာနေရာအလိုရှိရာလုပ်ငန်းခွင်တွေကို သွားရောက်ခွင့်ပြုမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး က ပြော ပါတယ်။မဖြစ်မနေလာရမယ့်သူတွေရှိရင် လည်းလက်ရှိနေပြည်တော်ရှိဆောင်ရွက်ချက်တွေကိုသိရှိလိုက်နာကာလိုအပ်တာတွေကိုပြင်ဆင်ဆောင်ရွက်ပူးပေါင်းနိုင် အောင်အသိပေးချင်တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီနေ့စက်တင်ဘာလ၂ရက်နေ့ကစပြီး နေပြည်တော်သို့ဝင်ရောက်သူများအားလုံးကိုစိစစ်သွားမှာဖြစ်ပြီး
တာဝန်ရှိသူများစီစဥ်ပေးတဲ့စည်ပင်ရိပ်သာကိုနေထိုင်စေမှာဖြစ်ကာအာခေါင်တို့ပတ်နမူနာယူပြီးအဖြေမှာNot detectedဖြစ်မှာသာအလိုရှိရာကိုဆက် သွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ညွှန်ကြားချက်အရလိုအပ်ချက်အရဆောင်ရွက်တာဖြစ်တဲ့အတွက်နေပြည်တော်မှဆောင်ရွက်ချက်များနှင့်ပက်သက်လို့မသိရှိသေးသည့်အများပြည်သူများကိုအသိပေးပြောကြားရတာ လို့ ဦးခင်မောင်လေး ကပြန်လည်ဖြေကြားခဲ့ပါတယ်။
သတင်း - ပိုးဥ(နေပြည်တော်)



27/08/2020

ကာလ မျာပြည်တွင်းခရီးသွားများ အနေဖြင့် မိမိသွားမည့်ဒေသသို့ အောက်ပါအချက်(၃) ချက်ကို ယူဆောင်သွားဖို့မမေ့ပါနဲ့နော် ❗️

(၁)⚠️⚠️⚠️မိမိနေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး​မှ မိမိ နေထိုင်ကြောင်းထောက်ခံချက်
(၂)⚠️⚠️⚠️ ကျန်းမာရေး ရောဂါကင်းရှင်းကြောင်းထောက်ခံချက်
(၃) ⚠️⚠️⚠️ခရီးသွားရာဇဝင်

စသော အချက် (၃)ချက်ကို ပြင်ဆင်သွားဖို့ရန် အတွက် တိုက်တွန်းအပ်ပါတယ်
𝐌𝐚𝐬𝐤 & 𝐇𝐚𝐧𝐝 𝐒𝐚𝐧𝐢𝐭𝐢𝐳𝐞𝐫 𝐆𝐞𝐥 လေးတွေကို လည်း ယူသွားဖို့,မမေ့နဲ့အုံးနော် 😉


Myanmar Rising Star International Travels
No. 340(B), Between Bo Ywe Street & 23rd Street , Strand Road, Latha Township,Yangon, Myanmar
Tel: 09253060409,09253060410,095107621

Address

No (340/B), 1st Floor, Strand Road, Latha Township
Yangon
11131

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+959253060409

Alerts

Be the first to know and let us send you an email when MRSI Travels - Domestic Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MRSI Travels - Domestic Department:

Shortcuts

Share

Category