Tripper Myanmar

Tripper Myanmar If the world is book, we can read the pages more than one. We are Tripper! ENJOY YOUR HOLIDAY WITH TRIPPER!

ပြဒါးလင်းဂူ....
22/11/2022

ပြဒါးလင်းဂူ....

"ဝမ်းနည်းကြေကွဲခြင်း"                                            ကိုဝေဇင်           အသက်-၃၅ နှစ်   (ဧည့်လမ်းညွှန် - ညောင...
27/03/2021

"ဝမ်းနည်းကြေကွဲခြင်း"

ကိုဝေဇင်
အသက်-၃၅ နှစ်
(ဧည့်လမ်းညွှန် - ညောင်ဦးမြို့)

၂၀၂၁ ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံအတွင်း ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်းဝင် ကိုဝေဇင် (အသက်-၃၅နှစ်)သည် ၂၇.၃.၂၀၂၁ ရက်နေ့တွင် ရှေးဟောင်းယဉ်ကျေးမှုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ၌ ကျဆုံးခဲ့ကြောင်းသိရှိရသည့်အတွက်လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှအထူးဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

photo Credit > FB
.

We are very proud of Bagan.Congratulations...
06/07/2019

We are very proud of Bagan.
Congratulations...

Explore Myanmar
09/02/2019

Explore Myanmar

ကီမိုတောင်ထိပ်ဆီသို့...ချင်းပြည်နယ်ရဲ့အထင်ကရနေရာတနေရာဖြစ်တဲ့ ကီမိုတောင် (သို့)ကျောက်ပန်းတောင် (သို့) ကီမာမောင်တောင်ထိပ်သ...
06/01/2019

ကီမိုတောင်ထိပ်ဆီသို့...

ချင်းပြည်နယ်ရဲ့အထင်ကရနေရာတနေရာဖြစ်တဲ့ ကီမိုတောင် (သို့)ကျောက်ပန်းတောင် (သို့) ကီမာမောင်တောင်ထိပ်သို့ ကျနော်မရောက်ဖူးတဲ့နေရာလည်းဖြစ်တာမို့ ရန်ကုန်ကနေခရီးစတင်ခဲ့ပါတယ်...... ဒီတောင်ကတော့ တော်တော်ထူးခြားတဲ့တောင်လည်းဖြစ်သလို ပင်လယ်ရေမျက်နှာပြင် ၄၂၀၀ပေမြင့်ပြီ ပလက်ဝမြို့နယ်အတွင်းမှာတည်ရှိပါတယ်....

တောင်ရဲ့ထူးခြားချက်ကတော့ မြန်မာနိုင်ငံမှာအထူးခြားဆုံးသော ကျောက်တောင်ဖြစ်ပါတယ်... ကျောက်ပေါ်မှာ အပင်တွေပေါက်ရောက်ပြီ စမ်းရေတွေလည်းစိမ့်ထွက်နေတာရယ်..... ဇိမ်ခံရေကူးကန်တွေလည်းနေရာအနှံ့တွေ့နေရပါတယ်..... မြန်မာအခေါ်အဖြစ် ကျောက်တောင်က ပန်းကဲ့သို့ ပွင့်လန်း လှပနေခြင်းကြောင့် ကျောက်ပန်းတောင်ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ကျောက်ဆောင်ကြီးဟာ အလျား၂မိုင်ပတ်ချာလည်ကျယ်ဝန်းပြီး ကျောက်ဆောင်တောင်ပေါ်ထိပ်လည်း Level ညီညာနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်.... စိမ့်စမ်းရေတွေလည်း အလွန်အေးမြပြီ Purified Water အဆင့် R O System ကဲ့သို့သော ph7.0 အဆင့်လောက် သောက်သုံးလို့ရပါတယ်.... ကျောင်ဆောင်တောင်ထိပ်မှာ နှစ်ရာချီအပင်တွေ၊ကြိမ်ပင်၊၀ါးဇုံပင်စသည်များဖြင့်ဝိုင်းရံထားပြီး တောင်ထိပ်ရောက်ဖူးသူတိုင်း ရောက်ရှိကြောင်းကျောက်ပြင်ပေါ်နေရာအနှံ့နာမည်ရေးထိုးကြတာကိုမြင်တွေ့ရမှာပါ.......ဒေသခံတွေကတော့ ရောက်ဖူးသူတိုင်းအသက်၅နှစ်သက်တမ်းထပ်တိုးရှည်တယ်လို့ဆိုစဖူးကြတယ်.... ညနေခင်းမှာဆို တောတိရိစ္ဆာန်တွေရဲ့ အသံမျိုးစုံကြားနေရပါမယ်.... ချင်းပြည်နယ်၏ နောက်ဆုံးကျန်တောရိုင်း တိရစ္ဆာန်​များလည်းအဲ့တောင်မှာကျက်စားနေတုန်းလို့အခုထိလူကြီးတွေကဆိုဖူးကြတယ်....

လမ်းခရီး.......

ကျနော်ကတော့ ရန်ကုန်ကနေသွားရတာမို့ ချင်းပြည်နယ်ရောက်အောင်သွားတယ်... မတူပီမြို့ရဲ့ ဘုံတလာရေတံခွန် လည်ပတ်အပြီး မတူပီကနေ မနက်၇နာရီ ရှေးယခင် ချင်းတွေရဲ့ ဆိုဒီယမ်ကလိုရိုက်မြို့ဖြစ်တဲ့ ဆမီးမြို့ကို နေ့လည်၁၂နာရီရောက်အောင်သွားတယ်.... မိုင်အကွာအဝေးဖြင့် ၉၀မိုင်ရှိပြီ... ဆမီးမြို့ကနေ တောင်ခြေရွာ ဖြစ်တဲ့ မီးချောင်းဘားဝရွာကို စက်လှေနဲ့ ၂နာရီကြာစီးခဲ့တယ်.... မီးချောင်းဘားဝမှာ ရွာက ကလေးတွေနဲ့ မီးပုံပွဲသဖွယ်ဝိုင်းပြီးကကြနဲ့....မနက် ၅နာရီတောင်စတက်ပါတော့တယ်.... တောင်တက်တာက ၃နာရီကြာအောင်ကွေ့ပတ်တက်နေရတယ် တောင်ကမြင်နေရပေမဲ့ကျောက်ဆောင်ကြီးမို့ တောင်ထိပ်ရောက်နိုင်အောင် ကွေ့ပတ်ပြီးလမ်းလျှောက်ရပြီး တောင်ထိပ်လည်းရောက် လူလည်းပိုကျန်းမာလာပြီ.... ဇရပ်လှလှပပ နားနေခန်းမှာ ခဏနားကာ တောင်ရဲ့အလှတွေ နေ၀င်ဆည်းဆာတွေကြည့်ရပြီ ဘေးပတ်ဝန်းကျင်က တောင်ကတုံး ပုပုလေးတွေကြည့်ရင်း ခြေဖ၀ါးတွေယားနေတာ အောက်ကိုငုံ့မကြည့်ရဲသည့်တိုင်အောင်အသဲယားတာ...:-P

ရေချိုးချင်ရင်လည်း ဇိမ်ခံရေကူးကန်များစွာရှိတယ်.... ခန္ဓာကိုယ်အမှိုက်ကတော့ ကြုံသလိုတောခိုနေရပါတယ်... :-P :-P
ကွင်းပြင်မှာလည်း ခရီးဆောင်တဲထိုးပြီးအနားယူလို့ရတယ်....

ဒေသခံတွေကို Guideကြေး တဦးကို၁၅၀၀၀ကျပ်နဲ့ ငှါးရမ်းလို့ရတယ်..... စက်လှေခလည်း လိုင်းဆွဲလှေဆိုရင် တစ်ဦး၁၀၀၀ကျပ် စက်လှေတစီးအပြတ်ငှါးချင်ရင် ၁၀၀၀၀ကျပ် လူ၁၀ဦးဆန့်စက်လှေပါ.....
ရခိုင်ပြည်နယ်မြောက်ဦးဘက်ကနေလည်း တက်လာလို့ရသလို ကျနော်ကတော့ မကွေးတိုင်းဒေသကြီးကိုဖြတ်ကျော်ပြီ မင်းတပ်မြို့၊မတူပီမြို့ ကနေသွားရတာပါ....

တောင်ထိပ်မှာ ဖုန်းလိုင်းလဲ မိတယ်ဗျ...

Myanmar

#ကျောက်ပန်းတောင်
#ကီမိုတောင်

16/12/2018
 #အရှေ့ဘက်ခြမ်းသို့လမ်းလျှောက်ထွက်ခြင်း.... ကျနော် ဒီတစ်ခေါက် သွားခဲ့တဲ့ ခရီးစဉ်က အင်းလေးကန်ကြီးကို ပတ်လည်ဝန်းရံထားတဲ့ ...
13/10/2018

#အရှေ့ဘက်ခြမ်းသို့လမ်းလျှောက်ထွက်ခြင်း....


ကျနော် ဒီတစ်ခေါက် သွားခဲ့တဲ့ ခရီးစဉ်က အင်းလေးကန်ကြီးကို ပတ်လည်ဝန်းရံထားတဲ့ အရှေ့ဘက်ခြမ်းက တောင်ပေါ်ဒေသ ရွာတွေကို သွားရောက်ဖြစ်ခဲ့တယ်…

ရန်ကုန်ကနေ ည (၇)နာရီ ကားနဲ့ ညောင်ရွှေမြို့ကို ထွက်ခဲ့တယ်… ညောင်ရွှေကို မနက် ၆ နာရီ ၀န်းကျင်လောက် ရောက်တယ်… ကားဂိတ်ကနေ ကျနော်တည်းတဲ့ ဟိုတယ်ကို သုံးဘီး (တုတ်တုတ်)ငှားစီးခဲ့တယ်… တုတ်တုတ်ခ (၃)ထောင်ပေးရတယ်… ကျနော်က မြို့သားလူလည်လေ… ဟိုတယ်နဲ့ ကားဂိတ် လမ်းတစ်လမ်းပဲခြားတာကိုမသိ… တုတ်တုတ်ပေါ်တက်တော့ ပြောလိုက်သေးတယ်… အရမ်းနီးရင် မြို့တစ်ပတ်လောက်တော့ မောင်းပေးပေါ့… တောင်ပေါ်သားက အရမ်းရိုးတယ်ဗျ… ကျနော်တို့ ဘယ်တော့မှ တိုနေတဲ့ လမ်းကို ရှည်အောင်မဆွဲဆန့်ဘူးတဲ့… ရှိစေတော့…

ဟိုတယ်ရောက်တော့ ခဏနားရင်း ကျနော်နဲ့ အတူသွားမယ့် Trekking Guide ကို ခဏစောင့်… သူမလာခင် ငါးရက်တစ်ဈေးနဲ့ ကြုံလို့ ဈေးထဲ ၀င်လည်ခဲ့သေးတယ်… ရှမ်းပြည်မှာ စားရတဲ့ ရှမ်းခေါက်ဆွဲလောက် အရသာရှိမယ်မထင်… ငါးရက်တစ်ဈေးမှာ အမှတ်မထင်တွေ့ခဲ့ရတဲ့ ရန်ကုန်သားတစ်ယောက်အတွက် ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်… ထမင်းပေါင်း (တရုတ်ထမင်းပေါင်းမဟုတ်ပါ)(ကောက်ညှင်းပေါင်း ပေါင်းသလို စီးစီးလေးပေါင်းထားသော ထမင်း) ကို ကြာဖက်နဲ့ထုပ်ပြီးရောင်းတာ… ဟင်းကတော့ အမယ်စုံပေါ့… ထူးဆန်းတာက ထမင်းကို ချိန်ခွင်နဲ့ ချိန်ရောင်းတာဗျ… ကျနော် တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ မြင်ဖူးတယ်… ကျနော်လည်း တောင်ပေါ်သွားမှာဆိုတော့ ထူးဆန်းတဲ့ အဲ့ဒီ ထမင်းပေါင်းကို ၀ယ်လာခဲ့တယ်… (ရွာမရောက်ခင် လမ်းမှာ စားလို့ရအောင်)

ဟိုတယ် ပြန်ရောက်တော့ ကျနော့် ဂိုက်က အသင့်စောင့်နေပြီ… ကျနော်လည်း အထုပ်အပိုးပြင်… ကျနော့်ရဲ့ အရှေ့ဘက်ခြမ်းသို့ လမ်းလျှောက်ခြင်း ခရီးစဉ် စတင်ပါပြီ….

ဂိုက်က ကျနော့်ကို စပြီး သွေးပူလေ့ကျင့်ခန်း Lesson စပေးပြီ… Trekking Point ကို တုတ်တုတ်နဲ့ မသွားဘဲ တာလမ်းအတိုင်း လမ်းလျှောက်ခိုင်းတယ်… ဟူး တော်တော် လျှောက်ရသား… တောင်ခြေမရောက်ခင်အထိ နာရီဝက်လောက် လျှောက်လိုက်ရတယ်… မောင်မင်းကြီးသား ဂိုက်ကတော့ အပြုံးမပျက်၊ အလှမပျက်ရယ်…
ကျနော်တို့ ပထမဆုံး စ၀င်တဲ့ ရွာက ထဲ့အိမ်ရွာ… ရွာက သန့်ရှင်း သပ်ရပ်နေတာပဲ… အဲဒီမှာ ဘုန်းတော်ကြီး ပညာသင်ကျောင်းရှိတယ်… ဂျာမန်လူမျိုး ဗုဒ္ဓဘာသာ ဆရာတော်က ဦးဆောင်ပြီး ဆောင်ရွက်ပေးထားတဲ့ Community လေးရှိတယ်… ရိုးရာ အဆောက်အဦ နဲ့ စားသောက်ဆိုင် သဘောမျိုးဖွင့်လှစ်ထားပြီး ရလာတဲ့ အကျိုးအမြတ်ကို စာသင်ကျောင်းအတွက် ပြန်လည်ထည့်ဝင်တယ်… နိုင်ငံခြားသား ဆရာတွေလည်း တွေ့ခဲ့ရတယ်… တကယ့်ကို မွန်မြတ်တဲ့ အဖွဲ့အစည်းလေးပါ… ကျနော်တောင် ကလေးတွေ ထမင်းစားချိန်နဲ့ ကြုံလို့ ၀င်စပ်စုကြည့်တော့ ဒီကျောင်းမှာ ကလေးပေါင်း ရာကျော်ရှိတယ်တဲ့…. ကျနော်လည်း အလှူငွေထည့်ဝင် လှူဒါန်းခဲ့တယ်…
အဲဒီ ထဲ့အိမ်ရွာ အထွက်နားမှာတော့ ထဲ့အိမ်ဂူရှိတယ်ဗျ… အဲ့ဒီဂူက အမိုးပေါက် ဂူပုံစံ… ဂူရဲ့အလယ်တည့်တည့်မှ အခေါင်းပေါက်ကြီးဖြစ်နေပြီး အဲ့ဒီအပေါက်ကို ညောင်ပင်က ပြန်ငုံထားတယ်… ဂူထဲမှာ အလှူရှင်တွေ လှူထားတဲ့ ဘုရားဆင်းတုတော်တွေ ရှိသလို ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တဲ့ ရှီဗ ရဲ့ အမှတ်တံဆိပ်တွေလည်း တွေ့ခဲ့ရတယ်…

အဲဒီကနေ ခရီးဆက်ခဲ့တာ… တောင်ပေါ်တောတန်း စိုက်ခင်းတွေကို ဖြတ်ခဲ့ရင်း ကိုယ်လျှောက်ခဲ့တဲ့ ခြေရာလေးတွေ ပြန်ငေးကြည့်တော့ ဟိုးအဝေးမှာ ညောင်ရွှေ မြို့ကလေးက မှုန်ပြပြ… ကျနော့် ဂိုက်ကတော့ အားပေးရှာတယ်… အခုမှ ကျနော်တို့ လမ်းလျှောက်တာ ခရီးစဉ်ရဲ့ အစပဲ ရှိသေးတယ် ဆိုပဲ…

အင်းလေး အရှေ့ဘက်ခြမ်းမှာ အဓိက စိုက်ပျိုးတာက ဆေးရွက်ကြီးများတယ်… ကျနော်လည်း ဆေးရွက်ကြီးပင်ကို အဲ့ရောက်မှပဲ မြင်ဖူးတာ… အရွက်ဖားဖားနဲ့ စိမ်းစိုနေတာ တကယ်လှမှလှ… ဓာတ်ဖမ်းချင်တဲ့သူတွေဆို စိုက်ခင်းထဲကကို ထွက်မှာမဟုတ်တော့ဘူး… နောက်တစ်မျိုးက သနပ်ဖက်… ဆေးပေါ့လိပ် လိပ်ရင်အသုံးပြုတဲ့ အရွက်… လွယ်ကင်ဆိုတဲ့ ရွာလေးမှာ သနပ်ဖက်လုပ်တဲ့နေရာလည်း ၀င်လေ့လာခဲ့တယ်… သနပ်ဖက်ကို အကြောနွှာ အိုးကင်းပူပေး ၁၅မိနစ်လောက်ကြာရင် ဆေးပေါ့လိပ် လိပ်လို့ရတဲ့ အနေအထားကို ရပြီ… ပြောင်းခင်းတွေကလည်း ထိုးထိုးထောင်ထောင်…. တစ်ခါတစ်ခါ ပြောင်းခင်းထဲ လမ်းဖြတ်လျှောက်ရင် လူတောင်ပြောင်းတောထဲမှာ ပျောက်တယ်… အဲဒီမှာ အများဆုံးစိုက်တဲ့ ပြောင်းက CP ပြောင်းလို့ ဒေသခံတွေက ပြောကျတယ်… တိရိစ္ဆာန် အစာအတွက် အဓိက စိုက်ကြတယ်… ကျနော်တို့ စားနေကျ ပြောင်းထက် နည်းနည်းပိုမာတယ်…


ရှမ်းပြည်မှာ ရေရှားတယ်ဆိုတာ အားလုံးလည်းသိမှာပါ… အဲဒီဒေသမှာ ရေထွက်လို့ ခေါ်တဲ့ သဘာဝ စိမ့်စမ်းရေကိုသာ အဓိက အားထားရတယ်… ရေထွက်ကလည်း အဲဒီဒေသရဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုပေါ့… လမ်းလျှောက်ရင်း မောလို့ ခဏတစ်ဖြုတ်နားရင်း ကြည်လင်သန့်ရှင်းတဲ့ ရေထွက် စိမ့်စမ်းရေက မောသမျှ အမောပြေစေတယ်…

တောထဲမှာဆိုတော့ ကျေးငှက်အသံကလည်း သာသာယာယာ… ရှေ့ဆက်လျှောက်ရင်း နေ့လည်စာ စားမယ့် ရွာကို ရောက်ပြီ… ရွာနာမည်က ဖန်ခါးချိုတဲ့ဗျ…. ဘယ်လောက်လှလိုက်သလဲ… ဖန်ခါးချိုမှာ ကျနော့်ဗိုက် အစပ်အဟပ်တည့်ခဲ့သဗျ… ပူပူနွေးနွေး ချာပါတီနဲ့ အသီးအနှံ အစုံအလင်… တော်တော်လေးကို စားကောင်းတယ်… ဗိုက်စာတာလည်း ပါမှာပေါ့… ဖန်ခါးချိုရဲ့ View Point ကတော့ ဓာတ်ဆရာ စိတ်ကြိုက်ပဲ… အပေါ်ကို မော့ကြည့်ရင် တောင်ပေါ်ရှုခင်း…. အောက်ကို ကြည့်လိုက်ရင် အင်းလေးကန်ရဲ့ အလှ… ဖန်ခါးချိုမှာ အဖန်ရည်လေးသောက်ပြီး သဘာဝကို ငေးမောကြည့်ခွင့် ရခဲ့တယ်… နေ့ခင်းဘက်တောင် လေလေးတဖြူးဖြူးနဲ့ အေးတဲ့ ဖန်ခါးချို… ရဿအစုံပါပဲဗျာ…

ဖန်ခါးချိုမှာ မအိပ်မိရုံတမယ် နားပြီး ကျနော်တို့ အောက်ဘက်ကို ပြန်ဆင်း… ညနေ ဆည်းဆာ အမီပေါ့… အပြန်ခရီးကလည်း သာယာချက်… အပေါ်စီးကနေ အင်းလေးကန်ထဲပဲ ပြေးဆင်းတော့မလို… ကျနော့် ဂိုက် ဟိုတောတိုး ဒီတောတိုးနဲ့ ခေါ်လာလိုက်တာ လမ်းလည်းဆုံးရော ဗြုန်းဆို ကျနော် တွေ့လိုက်တာက ကျနော် အရမ်းသွားချင်နေတယ် မြင်းစီးကလပ်… လုံးဝ အလန်းစားပဲ… Cow Boy စတိုင်လို သကပ်လပ် ဦးထုပ်နဲ့ မြင်းစီးမလား၊ Polo ဦးထုပ်နဲ့ မြင်းစီးမလား…. ကလပ်ပိုင်ရှင်ကိုယ်တိုင်က ဓာတ်ပုံတွေလည်း အလန်းစား ရိုက်ပေးနေတာ… မြင်းတွေကလည်း လိမ္မာချက်ပဲ… မြင်းစီးဝါသနာပါသူတွေအတွက်တော့ မိုက်တယ်… ခဏတဖြုတ် အနားယူရင်း မြင်းစီးကွင်းမှာ မြင်းစီးနေလို့ရတယ်…

အစကတော့ Sunset ကို ၀ိုင်ခြံမှာ Wine Taste လုပ်ရင်း ခံစားမယ်ပေါ့… ကျနောင့်ဂိုက်ရဲ့ အကြံပေးချက်အရ Coffee House ကိုပဲ ၀င်ဖြစ်ခဲ့တယ်… Coffee House က View က ပိုလှတယ်… အင်းလေးကန်ရဲ့ အနောက်ဘက် တောင်တန်းပေါ် မေးတင်နေတဲ့ နေ၀င်ဆည်းဆာ အလှကို ကာဖီပူပူလေးတခွက်သောက်ရင်း လွမ်းသလို ဆွေးသလို ခံစားရတယ်ဗျာ…

ကျနော့်အတွက် အမှတ်တရ ရှိခဲ့တဲ့ ညောင်ရွှေရယ်… အင်းလေးအရှေ့ဘက်ခြမ်းက တောင်တန်းကြီးရယ်… ကျနော် ပြန်လာခဲ့ပါဦးမယ်…


[email protected]
09250668043, 09770954449

Live to TravelTravel to Live
05/10/2018

Live to Travel
Travel to Live

03/10/2018

Tripper နဲ့ခရီးသွားဖို့ ပိုက်ပိုက် စုထားကြပါ... ခရီးစဉ်အသစ်နဲ့ ဒီနှစ်ရာသီကို ဖြတ်သန်းကြမယ်...

Address

No. 23, Ground Floor, 7th Street, Hleden, Kamayut Township
Yangon
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

09250668043

Alerts

Be the first to know and let us send you an email when Tripper Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tripper Myanmar:

Share