EMOGO Travel

EMOGO Travel “Your Journey, Our Passion - Explore the world with Emogo Travel”

ဗီယက်နမ် 🇻🇳 ဟိုချီမင်း (SGN) သို့ သွားမယ့်သူများအတွက် Friendly Reminder ✈️၂၀၂၆ ဧပြီလ ၁၅ ရက်နေ့မှစပြီး ဟိုချီမင်းမြို့ Ta...
20/04/2026

ဗီယက်နမ် 🇻🇳 ဟိုချီမင်း (SGN) သို့ သွားမယ့်သူများအတွက် Friendly Reminder ✈️

၂၀၂၆ ဧပြီလ ၁၅ ရက်နေ့မှစပြီး ဟိုချီမင်းမြို့ Tan Son Nhat International Airport ကို ဝင်မယ့် နိုင်ငံခြားသားခရီးသည်အားလုံးအတွက် Online Digital Pre-Arrival Information Form ကို မဖြစ်မနေ ကြိုတင်ဖြည့်ရမယ်နော်။
👉 မိမိရောက်မယ့်ရက်မတိုင်ခင် ၃ ရက်အတွင်း ဒီ link မှာ ဝင်ဖြည့်လို့ရပါတယ်

https://prearrival.immigration.gov.vn/home-page

📌 မှတ်ချက် – လက်ရှိအချိန်ထိ Hanoi နဲ့ Danang လေဆိပ်တွေကတော့ မလိုသေးပါဘူး။
ခရီးစဉ်အဆင်ပြေချောမွေ့ဖို့ မမေ့ဘဲ ကြိုတင်ဖြည့်ထားကြပါနော် 😊✈️

EMOTIONTRAVEL DMC LTD.
🏢 No.22, 6th Floor, Maha Zay Ya Street, Pazundaung Township, Yangon, Myanmar. ☎️ Tel: 09 8943 777 22, 09 8943 777 33 📫 Viber: 09 8943 777 22
✉️ Email: [email protected]

Russia နိူင်ငံကို အလည်သွားမယ့်သူတွေအတွက် free visa - ရက် (၃၀) နေထိုင်ခွင့်ရပါပြီနော် 😊 စပြီးအကျုံးဝင်မယ့်ရက်ကတော့ 27.Jan...
19/01/2026

Russia နိူင်ငံကို အလည်သွားမယ့်သူတွေအတွက် free visa - ရက် (၃၀) နေထိုင်ခွင့်ရပါပြီနော် 😊

စပြီးအကျုံးဝင်မယ့်ရက်ကတော့ 27.Jan.26 ဖြစ်ပါတယ်ရှင့်။

EMOGO Travel
🏢 No.22, 6th Floor, Maha Zay Ya Street, Pazundaung Township, Yangon, Myanmar.
☎️ Tel: 09 8943 777 22, 09 8943 777 33
📫 Viber: 09 8943 777 22
✉️ Email: [email protected]

✨ Season’s Greetings to all our customers, partners and friends around the world.May this festive season bring peace, go...
22/12/2025

✨ Season’s Greetings to all our customers, partners and friends around the world.
May this festive season bring peace, good health, and new opportunities in the year ahead. ✨

မြန်မာ Passport ကိုင်ဆောင်ထားသူတွေအတွက် မလေးရှားကို သွားမည့် သူများ အောက်တိုဘာ ၁ ရက်နေ့က စပြီး ဗီဇာ မလိုတော့ပါဘူးရှင် 😊အ...
26/09/2025

မြန်မာ Passport ကိုင်ဆောင်ထားသူတွေအတွက် မလေးရှားကို သွားမည့် သူများ အောက်တိုဘာ ၁ ရက်နေ့က စပြီး ဗီဇာ မလိုတော့ပါဘူးရှင် 😊

အောက်တိုဘာ 2025 ကနေစပြီး မလေးရှား နိုင်ငံကို ကာလတို လူမှု့ရေး အလည်အပတ် (short-term social visits) နဲ့ လာမည့်သူများ 14 ရက် ဗီဇာ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်ရှင်

အခုဆိုရင် မြန်မာ Passport ကိုင်ဆောင်သူတွေ အနေနဲ့ ASEAN 10 နိုင်ငံမှ အမိ မြန်မာနိုင်ငံ ဖယ်လိုက်ရင် ကျန်တဲ့ ASEAN 9 နိုင်ငံလုံး ဗီဇာ ကင်းလွတ်ခွင့်ရပါပြီ

ASEAN countries - Laos, Malaysia, Cambodia, Singapore, Thailand, Vietnam, Myanmar, Brunei, Indonesia, Philippine

⚠️ မလေးရှားကို ဗီဇာကင်းလွတ်ခွင့် ရပြီမို့ ပျော်ပျော်ကြီးသွားတဲ့အခါမှာလည်း Digital Arrival Card ကို 3 ရက်ကြို ဖြည့်ဖို့လည်း မမေ့နဲ့နော်. ✔️

🚩 Malaysia – Malaysia Digital Arrival Card
Link: https://imigresen-online.imi.gov.my/mdac/main

EMOGO Travel
🏢 No.22, 6th Floor, Maha Zay Ya Street, Pazundaung Township, Yangon, Myanmar.
☎️ Tel: 09 8943 777 22, 09 8943 777 33
📫 Viber: 09 8943 777 22
✉️ Email: [email protected]

ကဲ ဖူးခတ်ကို အပမ်းဖြေသွားချင်တဲ့သူတွေ အတွက် သတင်းကောင်း 🤩MAI က ရန်ကုန်ကနေ ဖူးခတ် 🌊ကို အောက်တိုဘာ က စပြီး တိုက်ရိုက် ✈️ ပ...
04/08/2025

ကဲ ဖူးခတ်ကို အပမ်းဖြေသွားချင်တဲ့သူတွေ အတွက် သတင်းကောင်း 🤩
MAI က ရန်ကုန်ကနေ ဖူးခတ် 🌊ကို အောက်တိုဘာ က စပြီး တိုက်ရိုက် ✈️ ပြန်လည်ပြေးဆွဲပါပြီနော်။ အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး အပတ်စဥ် ကြာသာပတေးနဲ့ တနင်္ဂ‌နွေ နေ့တိုင်း ပြေးဆွဲမှာ ဖြစ်ပါတယ်။

အပတ်စဥ် ကြာသာပတေးနဲ့ တနင်္ဂ‌နွေ
✓ ရန်ကုန် - ဖူးခတ် (၀၅း၅၀-၀၈း၀၅)
✓ ဖူးခတ် - ရန်ကုန် (၀၈း၄၅-၁၀း၀၀)
✓ အသွားအပြန်လက်မှတ်စျေးနှုန်း - ကျပ် ၉၄၃,၈၀၀ မှစ၍

စျေးလေးတွေ သက်သာအောင် မြန်မြန်ဝယ်ထားလိုက်တော့နော် 😊

EMOGO Travel
No.22, 6th Floor, Maha Zay Ya Street, Pazundaung Township, Yangon, Myanmar.
Tel: 09 8943 777 22, 09 8943 777 33
Viber: 09 8943 777 22
Email: [email protected]

ဟန်ဒရာ ဂိတ် (Handara Gate) – Bali က နာမည်ကျော် Instagram Spot တစ်ခုဟန်ဒရာ ဂိတ်ကို Bali မှာရှိတဲ့ Bedugul ဒေသမှာ တွေ့ရမှာ...
28/07/2025

ဟန်ဒရာ ဂိတ် (Handara Gate) – Bali က နာမည်ကျော် Instagram Spot တစ်ခု

ဟန်ဒရာ ဂိတ်ကို Bali မှာရှိတဲ့ Bedugul ဒေသမှာ တွေ့ရမှာနော်။ ဒီနေရာက တကယ့်ကို လှပပြီး ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ ဂိတ်ကြီးက ရှေးဟောင်း ဝင်ပေါက်လိုမျိုး ဒီဇိုင်းလေးနဲ့၊ သူ့နောက်ခံမှာ စိမ်းလန်းတဲ့ တောင်တွေ၊ မြူတွေနဲ့ ဖုံးလွှမ်းနေတာက လှပမှုကို ပိုတိုးစေပါတယ်။

ဘာလို့ ဒီနေရာကို သွားသင့်တာလဲ?
ဓာတ်ပုံအတွက် ပြည့်စုံတဲ့နေရာ – ဒီဂိတ်နဲ့ ရိုက်ထားတဲ့ပုံတွေက Bali မှာ အလှဆုံးဆိုတာ အသိအမှတ်ပြုထားကြတယ်။

သဘာဝအလှတရား – အေးမြတဲ့ ရာသီဥတု၊ စိမ်းစိုတဲ့ မြက်ခင်းပြင်တွေနဲ့ အတူ စိတ်ပြေလက်ပျောက် လည်ပတ်လို့ရတယ်။

ဘယ်လိုသွားမလဲ? – ကားငှားပြီး သွားတာ အကောင်းဆုံးပါ။ Ubud ကနေ ၂ နာရီ၊ Kuta/Seminyak ကနေ ၂.၅ နာရီလောက် မောင်းရပါမယ်။

Handara Gate က Bali ရဲ့ လှပမှုကို အကောင်းဆုံးဖမ်းစားနိုင်တဲ့ နေရာတစ်ခုပါ။ ဓာတ်ပုံသမားတွေ၊ ခရီးသွားတွေ သွားဖို့ အကောင်းဆုံး Spot တစ်ခုပေါ့! 😍📸

နိုင်ငံရပ်ခြားခရီးရှည်တွေ အတွက် MAI နဲ့ Emirate နဲ့ဆို စိတ်ပူပန် စရာ မရှိတဲ့ ခရီးစဥ် တခု ဖန်တီးလိုက်ပါ🤩IATCI (InterAirli...
24/07/2025

နိုင်ငံရပ်ခြားခရီးရှည်တွေ အတွက် MAI နဲ့ Emirate နဲ့ဆို စိတ်ပူပန် စရာ မရှိတဲ့ ခရီးစဥ် တခု ဖန်တီးလိုက်ပါ🤩

IATCI (InterAirline Through Check-In) ဆိုတာက မတူညီတဲ့ လေကြောင်းလိုင်းတွေ (ဥပမာ MAI နဲ့ Emirates) နဲ့ ခရီးသွားတဲ့အခါ တစ်ခါတည်း Check-In လုပ်ပြီး အိတ်တွေကို ခရီးဆုံးမှာ အလိုအလျောက်ရောက်အောင် ပို့ပေးတဲ့ စနစ် ပါ။

ဒီစနစ်ရဲ့ အကျိုးကျေးဇူးတွေက
✔ တစ်ခါတည်း Check-In – ပထမဆုံး လေဆိပ် (ဥပမာ Yangon က MAI) မှာပဲ Check-In လုပ်ရုံ၊ နောက်ခရီးအတွက် ထပ်မလုပ်စရာမလိုဘူး။
✔ ခရီးဆုံးမှာ အိတ်တွေကို ပြန်ထုတ်စရာမလိုဘဲ ဆက်ပြီး အလိုအလျောက်ပို့ပေးမယ်။
✔ အဆင်ပြေတဲ့ခရီး – လေယာဉ်အကူးအပြောင်းမှာ အချိန်ကုန်သက်သာပြီး ဒုက္ခများတာကို လျှော့ချပေးတယ်။

MAI နဲ့ Emirates တွဲသုံးရင် ခရီးစဉ်တစ်လျှောက် ပိုမိုအဆင်ပြေစေမယ့် ဝန်ဆောင်မှုပါ! ✈️🌏

မေးစရာရှိရင် ပြောပါနော်! 😊

EMOGO Travel
🏢 No.22, 6th Floor, Maha Zay Ya Street, Pazundaung Township, Yangon, Myanmar.
☎️ Tel: 09 8943 777 22, 09 8943 777 33
📫 Viber: 09 8943 777 22
✉️ Email: [email protected]

🚦 MAI လေယာဥ် နဲ့ ခရီးသွားမယ့် သူတွေအတွက် ဒါ‌လေးဖတ်ပေးနော်၊ Power Bank ယူမယ်ဆိုရင် MAI လေယာဉ်ပေါ်မှာ ဒီစည်းကမ်းလေးတွေ သိထ...
08/07/2025

🚦 MAI လေယာဥ် နဲ့ ခရီးသွားမယ့် သူတွေအတွက် ဒါ‌လေးဖတ်ပေးနော်၊

Power Bank ယူမယ်ဆိုရင် MAI လေယာဉ်ပေါ်မှာ ဒီစည်းကမ်းလေးတွေ သိထားဖို့လိုနော်! ၂၀၂၅ ဇူလှိုင်လ ၁ ရက်နေ့ က စပြီး အကျုံးဝင်တာဖြစ်ပါတယ်နော်၊

🔋 ဘယ်လို Power Bank တွေ ယူလို့ရလဲ?
(၁) ပမာဏ:
✓ 100 Wh အထိ → အများဆုံး ၂ လုံး
✓ 100 Wh မှ 160 Wh → ၁ လုံးသာ

📊 Wh တန်ဖိုး တွက်နည်း:
တွက်နည်းလေးပါ တခါတည်း ထည့်ပေးလိုက်ပါတယ်နော်။
Power Bank တွင် mAh နှင့် V (Voltage) ပါရင်
Wh = (mAh × V) / 1000
Wh = (5000 mAH x 5V) / 1000 = 25 Wh

(၂) သယ်ဆောင်နည်း:
✓ Power Bank ကို လက်ဆွဲအိတ် (Hand Baggage) သို့မဟုတ် ကိုယ်ပေါ်တွင် သယ်ဆောင်ရမည်။
✓ Checked Baggage တွင် ထည့်၍ မရပါ။

(၃) လေယာဉ်အတွင်း ထားရှိရန်:
✓ ထိုင်ခုံအောက် သို့မဟုတ် ထိုင်ခုံအနောက်အိတ် (Seat Pocket) တွင်သာ ထားရမည်။
✓ ခေါင်းပေါ်ရှိ အထက်ခန်း (Overhead Compartment) တွင် ထား၍ မရပါ။

🚫 တားမြစ်ချက်များ:
✓ လေယာဉ်အတွင်း Power Bank အားသွင်းခြင်း/အသုံးပြုခြင်း။
✓ ပျက်စီး၊ ဖောင်းကြွ၊ အရည်ယိုနေသော Power Bank များ သယ်ဆောင်ခြင်း။
✓ လျှပ်စစ်ဓာတ်အား မတည်ငြိမ်သော (သတ်မှတ်စံနှုန်းမမီ) Power Bank များ။

✈️ MAI နဲ့ခရီးသွားတော့မယ်ဆိုရင် ဒီစည်းကမ်းလေးတွေ သိထားဖို့လိုပါတယ်နော်! ဘေးကင်းပျော်ရွှင်စရာ ခရီးတစ်ခုဖြစ်အောင် သတိထားကြပါစို့... 😊


EMOGO Travel
🏢 No.22, 6th Floor, Maha Zay Ya Street, Pazundaung Township, Yangon, Myanmar.
☎️ Tel: 09 8943 777 22, 09 8943 777 33
📫 Viber: 09 8943 777 22
✉️ Email: [email protected]

Our first project will commence very soon! 😊Thanks to all donors who contributed.🙏🙏🙏
13/04/2025

Our first project will commence very soon! 😊Thanks to all donors who contributed.🙏🙏🙏

Address

Maha Zaya Street
Yangon

Website

Alerts

Be the first to know and let us send you an email when EMOGO Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category