Columbusholidays

Columbusholidays No.586, Strand Road, Lanmadaw Township, Yangon, Myanmar. T: 951- 229245, 2316245
E:[email protected] We are apart of Columbus Travels.

Our services: Worldwide Destination Management and Hotel Reservation.

26/07/2019
Columbus Travel Mobile Apps.****************************************Columbus Travel Mobile App. ဟာ သင့် အတွက် ဘယ်လိုအသုံ...
27/04/2017

Columbus Travel Mobile Apps.
****************************************
Columbus Travel Mobile App. ဟာ သင့် အတွက် ဘယ်လိုအသုံးဝင်ပါသလဲ???
☑မြန်မာနိုင်ငံမှ ပျံသန်းသည့် နိုင်ငံတကာခရီးစဉ် ပျံသန်းမှု အချိန်ဇယားကို သိရှိနိုင်ခြင်း
☑ခရီးစဉ်များကိုရှာဖွေနိုင်ခြင်း
☑လေကြောင်းလိုင်းအမျိုးမျိုးမှ မိမိသွားလိုသော ခရီးစဉ်ကို ရွေးချယ်၍ Booking တင်နိုင်ခြင်း
☑ထိုင်းနိုင်ငံ ဆမ်မီတဝေးဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ၀န်ဆောင်မှုများကို သိရှိနိုင်ခြင်း
☑နိုင်ငံတကာလေကြောင်းလိုင်းများ၏ ပရိုမိုးရှင်းအစီအစဉ်များနှင့် သတင်းအချက်အလက်များကို သိရှိနိုင်ခြင်း
☑ခရီးသွားရာတွင် အသုံးဝင်သောအချက်အလက်များကို သိရှိနိုင်ရန် ဖော်ပြထားခြင်း
☑လေကြောင်းလိုင်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို သိရှိနိုင်ခြင်း
☑မြန်မာနိုင်ငံရှိ သံရုံးများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို သိရှိနိုင်ခြင်း
☑ပရိုမိုးရှင်းများနှင့် သတင်းအချက်အလက် များကို Facebook Messenger,Viber,Gmail,SMS အစရှိသည်တို့မှတဆင့် သင့်မိတ်ဆွေ သူငယ်ချင်းများထံ Share နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်
ဒါကြောင့်မို့လို့ သင့်မှာ Columbus Travel Application မရှိသေးဘူးဆိုရင်တော့ အောက်ဖော်ပြပါ Download link မှာ အခမဲ့ Download လုပ်နိုင်ပါပြီ
Android Download Link: https://goo.gl/XB0nkf
iOS Download Link: https://itunes.apple.com/us/app/columbus-travel/id793063445?mt=8

08/04/2017

IMPORTANT REMINDER:
Dear our lovely traveler,
Pls be inform you that As this is SUPER PEAK SEASON, check in counter will definitely have long queue and, therefore, we would like to gentle reminder to please check in at least 2 hours ahead before departure time.

Wishing you a Joyous Thingyan Holidays and Happy New Year!!

02/04/2017
၂၀၁၇ နှစ်သစ်မှာ သင့်ခရီးစဉ်ကို Columbus နဲ့ စတင်လိုက်ပါ။ဖူဂျီတောင်ကြီးရှိရာ ချယ်ရီမြေသို့ သွားလည်ကြရအောင်Columbus ၏ နှစ်...
27/01/2017

၂၀၁၇ နှစ်သစ်မှာ သင့်ခရီးစဉ်ကို Columbus နဲ့ စတင်လိုက်ပါ။

ဖူဂျီတောင်ကြီးရှိရာ ချယ်ရီမြေသို့ သွားလည်ကြရအောင်

Columbus ၏ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ဂျပန်ခရီးစဉ်

တစ်ဦးလျှင် 👉 USD - 2850 👈
***ဧပြီ ၁၂ ရက်နေ့ထွက်မည်။***

T: 01 229245, 01 2316245, 01 378535, 02 60956

Columbus ၏ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ဂျပန်ခရီးစဉ်

တစ်ဦးလျှင် 👉 USD - 2850 👈အထူးအစီအစဉ်အနေဖြင့် ၂၀၁၇ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဝယ်ယူသူများကို 50 USD လျှော့ပေးသွားမှာဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းလိုက်ကြရအောင်!

***ဧပြီ ၁၂ ရက်နေ့ထွက်မည်။***

✨ Day 1 - ဗီယက်နမ်လေကြောင်းလိုင်း ဗီယက်နမ် Transit ဖြင့် ရန်ကုန်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာပါမည်။

✨ Day 2 - ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်တစ်ခုဖြစ်သော Todaij Temple ၊ နာမည်ကျော် Osaka Castel သို့သွားရောက်လည်ပတ်ပါမယ်။ ထို့နောက် Shnsaibashi လမ်းမကြီးတွင် မိမိစိတ်ကြိုက် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမယ်။

✨ Day 3 - အိုဆာကာမြို့မှဂျပန်နိုင်ငံ၏ရှေးဟောင်းမြို့တော် ကျိုတို မြို့ဟောင်းသို့ Bullet Train ကျည်ဆန်ရထားဖြင့် ထွက်ခွာကြမယ်။ ကျိုတိုမြို့၏ နာမည်ကျော် Kinkaku Temple၊ ကျောက်တိုင်နီနီများဖြင့် တည်ဆောက်ထားသော Fushiminari Shrine ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမယ်။ ထိုမှတစ်ဆင့် Nagoya မြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာကြပါမယ်။

✨ Day 4 - သာယာလှပသော Tourist Attraction တစ်ခုဖြစ်သည့် Yamanashi ဒေသသို့သွားရောက်ပြီး စတိုးဆိုင်ပေါင်း၂၀၀ကျော်ရှိသော Gotemba Outlet သို့ ဈေးဝယ်ထွက်ပါမယ်။ နာမည်ကျော် ဖူဂျီတောင်သို့ ဆက်လက်ထွက်ခွာပြီး ရာသီဥတုအခြေအနေကို မူတည်၍ ဖူဂျီတောင်၏ Level 5သို့ တက်ရောက်ကြမယ်။

✨ Day 5 - Fuji Five Lake Region ရှိ နှစ်ပေါင်းတစ်ရာနီးပါး သက်တမ်းရှိသော ရေအိုင်(၈)အိုင်ရှိရာ Oshinohakkai ကျေးရွာ ၊ သာယာလှပသော Ashi lake သို့ သွားရောက်လည်ပတ်ပြီး သဘာဝရှုခင်းများကို Cruise စီး၍ ကြည့်ရှုခံစားကြမယ်။ ထို့နောက် Great Buddha Kamakura ဘုရားသို့ သွားရောက်လည်ပတ်ကာ တိုကျိုမြို့သို့ ပြန်လည်ထွက်ခွာပါမယ်။ ညနေပိုင်းတွင် Shinjuku ရပ်ကွက်သို့ သွားရောက် လည်ပတ်ကာ မိမိစိတ်ကြိုက် ဈေးဝယ်ထွက်ကြမယ်။

✨ Day 6 - ထင်ရှားသော ရှေးဟောင်းဗုဒ္ဒဘာသာဘုရားကျောင်း AsakusaKanno Temple ၊ ဂျပန်ရိုးရာ လက်ဆောင်များ ရောင်းချသော Nakamise Street နှင့် ဂျပန်နိုင်ငံ၏ အရှည်ဆုံး တာဝါတစ်ခုဖြစ်သည့် Tokyo Sky Tree သို့သွားရောက်လည်ပတ်ကာ ဓါတ်ပုံရိုက်ကြမယ်။ တိုကျိုမြို့၏ အစည်ကားဆုံး Ginza ရပ်ကွက်တွင် ဈေးဝယ်ထွက်ပြီး တိုကျိုမြို့လယ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များရှိရာ Akihabara Electric Town သို့ သွားရောက်လည်ပတ်ကြမယ်။

✨ Day 7 - ဂျပန်တော်ဝင်ဘုရင်မင်းမြတ်တို့ နေထိုင်ခဲ့ရာ Imperial Palace ၏ အပြင်ဘက်သို့ သွားရောက်၍ အမှတ်တရဓါတ်ပုံရိုက်ကြပါမယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်နှင့် ပျော်ရွှင်စရာများအပြည့်ရှိသောနာမည်ကျော် Tokyo Disney Land ကစားကွင်းအတွင်း စိတ်ကြိုက်ဆော့ကစားကြ၍ ရှိုးပွဲများစွာနှင့် Disney ကာတွန်းဇာတ်ကောင်လေးများနှင့် အမှတ်တရဓါတ်ပုံများကို ပျော်ရွှင်စွာ ရိုက်ကူးကြမယ်။

✨ Day 8 - ဗီယက်နမ်လေကြောင်းလိုင်း ဗီယက်နမ် Transit ဖြင့် ဂျပန်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

၁) ဖေါ်ပြပါ 4 Star အဆင့်ရှိဟိုတယ်များတွင်၆ညအိပ်တည်းခိုနိုင်မူ (6 Night Accommodations)
၂) ဂျပန်နိုင်ငံသို့ အသွားအပြန်လေယာဉ်လက်မှတ် Vietnam Airlines (VN)
၃) ဂျပန်ဗီဇာကြေးနှင့်ဗီဇာဝန်ဆောင်မူများ
၎) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့်လည်ပတ်မူများ (Fully Transporation)
၅) အထက်ပါခရီးစဉ်တွင်ဖေါ်ပြထားသောဝင်ကြေးများအားလုံး
၆)ခရီးစဉ်တစ်လျှောက်နံနက်စာ၊နေ့လည်စာနှင့်ညနေစာများ
၇) ဧည့်သည်တစ်ဦးစီအတွက်တစ်နေ့လျှင်ရေသန့်တစ်ဘူး
၈) ဒေသခံအင်္ဂလိပ်စကားပြောဧည့်လမ်းညွှန် (Local Guide)
၉) Guide နှင် Driver အတွက်ပေးရသော Tip Money
၁၀) ခရီးစဉ်အစအဆုံးလိုက်ပါဝန်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

၁)လေယာဉ်စီးရာတွင်လေကြောင်းလိုင်းမှသတ်မှတ်ထားသောအလေးချိန်ထက်ဝန်ပိုသယ်ဆောင်ခများ
၂) ခရီးစဉ်တွင်မဖေါ်ပြထားသောအပိုလည်ပတ်မူများနှင့်ဝင်ကြေးများ
၃) ဟိုတယ်နှင့်စားသောက်ဆိုင်တွင်အပိုသုံးဆောင်သောအအေး၊သောက်ရေသန့်နှင့်အခြားဖျော်ယကာများ
၎) ဟိုတယ်တွင်အသုံးပြုသောအ၀တ်လျှော်ခ၊ဖုန်းသုံးစွဲခနှင့်Minibar အသုံးပြုခများ
၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက်လေဆိပ်နှင့်ဟိုတယ်တွင်ပေးဆောင်ရသော Tip Money
၆) မိမိကိုယ်တိုင်သုံးသောစရိတ်များ (Personal Own Expense)

ဆက်သွယ်ဝယ်ယူလိုပါက-
၀၁- ၂၂၉၂၄၅၊ ၀၁- ၂၃၁၆၂၄၅ (လမ်းမတော်ရုံးချုပ်) Ext - 145
၀၁- ၃၇၈၅၃၅၊ ၀၁- ၂၅၀၂၁၅ (ဗိုလ်အောင်ကျော်ရုံးခွဲ)
၀၂- ၆၀၉၅၆၊ ၀၉- ၉၁၀၂၇၁၃၅ (မန္တလေးရုံးခွဲ)

၂၀၁၇ နှစ်သစ်မှာ သင့်ခရီးစဉ်ကို Columbus နဲ့ စတင်လိုက်ပါ။ယနေ့ အထိခေတ်စားနေဆဲ Drama ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် ဆွဲဆောင်ထ...
27/01/2017

၂၀၁၇ နှစ်သစ်မှာ သင့်ခရီးစဉ်ကို Columbus နဲ့ စတင်လိုက်ပါ။

ယနေ့ အထိခေတ်စားနေဆဲ Drama ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် ဆွဲဆောင်ထားသည့် ကမ်ချီမြေသို့  သွားလည်ကြရအောင်

နှစ်သစ်ကူးအတာသင်္ကြန်ကာလ ၇ည ၈ရက် ကိုရီးယားခရီးစဉ်

တစ်ဦးလျှင် 👉 USD-2125 👈 *Korea Airlines ဖြင့်အဆင့်မြင့်မြင့်သွားမည်။

***ဧပြီ ၁၂ရက်နေ့ထွက်မည်။***

T: 01 229245, 01 2316245, 01 378535, 02 60956

Columbus ၏ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ၇ည ၈ရက် ကိုရီးယားခရီးစဉ်

တစ်ဦးလျှင် 👉 USD-2125 👈 အထူးအစီအစဉ်အနေဖြင့် ၂၀၁၇ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဝယ်ယူသူများကို 25 USD လျှော့ပေးသွားမှာဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းလိုက်ကြရအောင်!

***ဧပြီ ၁၂ရက်နေ့ထွက်မည်။***

Day 1 - ကိုရီးယားလေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ကိုရီးယားသို့ တိုက်ရိုက်ထွက်ခွာပါမည်။✈✈✈

Day 2 - ဂျယ်ဂျူးကျွန်းသို့ Domestic Flight ဖြင့် ထွက်ခွာပြီး နဂါးဦးခေါင်းပုံစံရှိသော Dragon Head Rock ခေါ် Yongduam Rock ၊ ဆန်းကြယ်မူများနှင့်ပြည့်နေသော Mysterious Road ၊ အမြင်အာရုံကိုလှည့်စားထားသော Trick Eye Museum နှင့် ရေခဲပြတိုက် Ice Gallery သို့ သွားရောက် လည်ပတ်ကြမယ်။

Day 3 - Sunrise Peak ဟုခေါ်ကြသော Seongsan Ilchubong ရေအောက်မီးတောင်ဟောင်း၊ ရှေးခေတ် ကိုရီးယားလူမျိုးတို့ ၏ နေထိုင်မှုပုံစံများကိုပြသထားသော Seongeup Folk Village ၊ Teddy ဝက်ဝံပေါင်း ၁၃၀၀ ကျော်ကိုပြသထားသော Teddy Bear Museum ၊ အကြီးဆုံးဘုရားကျောင်းကြီးတစ်ခုဖြစ်သော Yakcheonsa Temple သို့ သွားရောက်လည်ပတ်ကြမယ်။ Nanta Comedy Show ပွဲတွင် ကိုယ်လက်အမူအရာဖြင့် ဟာသမြောက်စွာ ဖျော်ဖြေတင်ဆက်မူကို ကြည့်ရူ့ခံစားကြမယ်။

Day 4 - ဂျယ်ဂျူးလေဆိပ်မှ Domestic Flight ဖြင့် ဆိုးလ်သို့ သွားရောက်ပါမယ်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်က အာရှတခွင်အောင်မြင်ကျော်ကြားခဲ့သော Winter Sonata Korea Drama ဇာတ်လမ်းရိုက်ကူးရာ Nami Island သို့ သွားရောက်လည်ပတ်ကာ လှပသောသစ်ပင်များကြားလှမ်းလျှောက်ရင်း အမှတ်တရဓါတ်ပုံများရိုက်ကူးကြမယ်။

Day 5 - Mt.Seorak တောင်ပေါ်ရှိ Gwongeumsung Fortress သို့ Cable Car ဖြင့်တတ်ရောက်ကာ ရင်သပ်ရူမောဖွယ် ရူခင်းအလှကိုကြည့်ရူခံစားကြမယ်။ ရှေးဟောင်းလက်ရာများဖြင့် ဆောက်လုပ်ထားသော Shinheungsa Temple နှင့် The Great Bronze Statue သို့ သွားရောက်လည်ပတ်၍ အမှတ်တရဓါတ်ပုံများရိုက်ကြမယ်။ Disney Land ဟုခေါ်သည့် Everland Theme Park သို့ သွားရောက်ကာရင်ခုန်စိတ်လူပ်ရှားဖွယ် ကစားနည်းမျိုးစုံဆော့ကစားကြမယ်။

Day 6 - 1934 ခုနှစ်ကတည်ဆောက်ခဲ့သော အကြီးဆုံးနန်းတော် ၅ခုတွင်ပါဝင်သည့် Gyeongbok Palace အမျိုးသားပြတိုက်ဖြစ်သော National Folk Museum ၊ သမ္မတအိမ်ပြာတော် Blue House ၊ Korea နိုင်ငံ၏ ကမ္ဘာကျော် Ginseng ဆေးမြစ်များကို လေ့လာနိုင်သော Ginseng Center နှင့် Comestic shop, Donghwa Duty Free shop များသို့ ဈေးဝယ်ထွက်ပါမယ်။ ထို့နောက် Seoul မြို့ တမြို့ လုံးကိုတွေ့ မြင်နိုင်သော N Seoul Tower သို့ တတ်ရောက်ကာ အမှတ်တရဓါတ်ပုံများရိုက်ကြပါမယ်။ Myeongdong Street သို့သွားရောက်ကာ မိမိစိတ်ကြိုက် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမယ်။

Day 7 - ခရမ်းကျောက်ဆွဲများပြုလုပ်ရာ Amethyst Show Room၊ ထင်းရူးပင်မှ ဆေးဘက်ဝင်ပစ္စည်းများ ထုတ်လုပ်ထားရာ Red Pine Tree Shop ၊ ကိုရီးယား၏ နာမည်ကျော်အစားအစာ ဂင်ချီပြုလုပ်သော Kimchi Center သို့သွားရောက်၍ ဂင်ချီပြုလုပ်နည်းများကိုပြုလုပ်ကြမယ်။Hanbok ဟုခေါ်သော Studio ထဲတွင် ကိုရီးယားရိုးရား ၀တ်စုံများဝတ်၍ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြမယ်။ ထို့နောက် Paju Premium Outlet Mall မှာ စိတ်ကြိုက်ဈေးဝယ်ထွက်ကြမယ်။

Day 8 - ကိုရီးယားနိုင်ငံ၏ ရိုးရာဆေးဆိုင်များဖြစ်သော Healthy Liver Shop နှင့် Chungha Grocery Shop သို့ သွားရောက်လည်ပတ်ကြမယ်။ ထို့နောက် ကိုရီးယားလေကြောင်းလိုင်းဖြင့် ကိုရီးယားမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

၁) ဖေါ်ပြပါ 4 Star အဆင့်ရှိ ဟိုတယ်များတွင် ၆ ညအိပ်တည်းခိုနိုင်မှု (6 Night Accommodations)
၂) ကိုရီးယားနိုင်ငံသို့ တိုက်ရိုက် လေကြောင်းလိုင်း Korea Airlines (KE) အသွားအပြန်လေယာဉ်လက်မှတ်
၃) ကိုရီးယားဗီဇာကြေးနှင့် ဗီဇာဝန်ဆောင်မှုများ
၎) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ (Fully Transporation)
၅) အထက်ပါ ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအားလုံး
၆) ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ နှင့် ညနေစာများ
၇) ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်တစ်ဘူး
၈) ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
၉) Guide နှင် Driver အတွက်ပေးရသော Tip Money
၁၀) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မှုပေးသော Columbus Travels & Tours မှ Tour Leader

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မှုများနှင့် ၀င်ကြေးများ
၃) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
၎) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)

ဆက်သွယ်ဝယ်ယူလိုပါက-
၀၁- ၂၂၉၂၄၅၊ ၀၁- ၂၃၁၆၂၄၅ (လမ်းမတော်ရုံးချုပ်) Ext - 145
၀၁- ၃၇၈၅၃၅၊ ၀၁- ၂၅၀၂၁၅ (ဗိုလ်အောင်ကျော်ရုံးခွဲ)
၀၂- ၆၀၉၅၆၊ ၀၉- ၉၁၀၂၇၁၃၅ (မန္တလေးရုံးခွဲ)

"Blue Ribbon Bags" luggage tracking service around the world.Now available@Columbus Travels in Myanmar.
03/12/2016

"Blue Ribbon Bags" luggage tracking service around the world.

Now available@Columbus Travels in Myanmar.

ခရီးသွားမိတ်ဆွေများကို BLUE RIBBON BAGS(BRB) လို့ခေါ်တဲ့ Baggage ၀န်ဆောင်မှုအသစ်နဲ့ မိတ်ဆက်ပေးပါရစေ။

Q: BLUE RIBBON BAGS (BRB) ၀န်ဆောင်မှုဆိုတာဘာလဲ
A: ဘယ်လေကြောင်းလိုင်းနဲ့မဆို ခရီးသွားလို့ ဘယ်နေရာပဲရောက်နေနေ
သင့်ခရီးစဉ်အတွင်းခရီးဆောင်အိတ်(Baggage) ပျောက်ဆုံးကြန့်ကြာနေမှု့
များအတွက်အမြန်ဆုံးရှာဖွေပေးမည့် ၀န်ဆောင်မှုတစ်ခုပါ။
BRB သည် ယခုလက်ရှိအချိန်အထိ တစ်နှစ်လျှင်ခရီးဆောင်အိတ်
(Baggage)အလုံးပေါင်း ၂၁ သန်းကို ကမ္ဘာတစ်ဝှမ်းရှိ ပိုင်ရှင်များထံပြန်
လည်ရောက်ရှိအောင်ဝန်ဆောင်မှုပေးနေပြီး၊ ယုံကြည်စိတ်ချရသော Global
ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

Q: BRB ၀န်ဆောင်မှုကိုဘယ်မှာဝယ်ရမှာလဲ
A: Columbus Travels မှာဝယ်လို့ရပါတယ်။
T: 01 229245, 01 378535, 02 60956

Q: BRB ၀န်ဆောင်ခ နှုန်းထားတွေပြောပြပါအုံး
A: ၀န်ဆောင်ခကို (၃) မျိုး သတ်မှတ်ထားပါတယ်-
(၁)။ Gold - 5 U$ တန်သောဝန်ဆောင်ခအသုံးပြုလျှင်(၉၆)နာရီပြည့်ပြီး
နောက်မှ ပျောက်ဆုံးအိတ်များပြန်ရှာတွေ့ခဲ့လျှင် အိတ်တစ်အိတ်စီအတွက်
1000 U$
(၂)။ Platinum - 7.5 U$ တန်သောဝန်ဆောင်ခအသုံးပြုလျှင် (၉၆)နာရီ
ပြည့်ပြီးနောက်မှ ပျောက်ဆုံးအိတ်များပြန်ရှာတွေ့ခဲ့လျှင် အိတ်တစ်အိတ်စီ
အတွက်1500 U$
(၃)။ Diamond - 10 U$ တန်သောဝန်ဆောင်ခအသုံးပြုလျှင်(၉၆)နာရီပြည့်
ပြီးနောက်မှ ပျောက်ဆုံးအိတ်များပြန်ရှာတွေ့ခဲ့လျှင် အိတ်တစ်အိတ်စီအတွက်
2000 အထိ BRB မှ ပြန်လည်ပေးချေသွားပါမည်။

Q: ဘယ်လိုဝန်ဆောင်မှုများပေးမှာလဲ
A: *Blue Ribbon Bags မှ ခရီးသွားမိတ်ဆွေများ၏ ကြန့်ကြာနေသောခရီး
ဆောင် အိတ်များကို (၉၆)နာရီ အတွင်းလျင်မြန်စွာရှာဖွေပေးပါမည်။
*5 U$ ၀န်ဆောင်မှုသဘောတူညီမှုတစ်ခုတွင် လေဆိပ်နှင့်ဂိတ်တွင်လေ
ကြောင်းလိုင်းသို့အပ်နှံပြီးသောအိတ်များအားလုံးပါဝင်ပါသည်။
*Blue Ribbon Bags ၀န်ဆောင်မှုသည် ကမ္ဘာ့နေရာအရပ်ရပ်ရှိလေ
ကြောင်းလိုင်းနှင့် လေယာဉ်တိုင်းအတွက် အကျုံးဝင်သည်။
*ပျောက်ဆုံးနေသော အိတ်များကို Blue Ribbon Bags သို့ လေယာဉ်ဆိုက်
ရောက်ပြီး (၂၄)နာရီ အတွင်းအကြောင်းကြားရမည်။
*သတ်မှတ်ထားသော (၉၆)နာရီ ပြည့်ပြီးနောက်မှ အိတ်ရှာတွေ့ခဲ့လျှင်လည်း
ခရီးသည်စိတ်ကြေနပ်စေမည့်ငွေပေးချေမှု (Satisfaction Guarentee
Payment) ကို ပြုလုပ်ပါမည်။
*လေယာဉ်ဆိုက်ရောက်ပြီး (၉၆)နာရီ (လေးရက်) အတွင်း ကာယကံရှင်၏
အိတ်ကို ရှာမတွေ့ပါက စိတ်ကြေနပ်စေမည့်ငွေပေးချေမှု (Satisfaction
Guarentee Payment) ကိုပေးချေပါမည်။
*ခရီးသည်၏ အိတ်ထဲတွင်ပါဝင်သောပစ္စည်းများကိုစိတ်ကျေနပ်စေမည့် ငွေ
ပေးချေမှု(Satisfaction Guarentee Payment)ရရှိရန်အတွက်သက်သေ
ပြရန်မလိုပါ။
*၀ယ်ယူသောဝန်ဆောင်မှုတစ်ခုစီတိုင်းသည် လူတစ်ဦးချင်း၊ ခရီးစဉ်မှတ်
တမ်းနံပါတ် (Airlines Confirmation Number) တစ်ခုချင်းအတွက်ဖြစ်ပါ
သည်။ ငွေပေးချေမှုမှာ အိတ်တစ်အိတ်စီအတွက်ဖြစ်ပါသည်။
*BRB သို့အကြောင်းမကြားမီ စီးနင်းလိုက်ပါလာသော လေကြောင်းလိုင်းနှင့်
လိုအပ်သောအကြောင်းမှုကို မဖြစ်မနေအရင်းဆုံးပြုလုပ်ရပါမည်။
*ကြန့်ကြာနေသော ခရီးဆောင်အိတ်များကို (888)-Baggage သို့ ဖုန်းခေါ်
ဆို၍ လည်းကောင်း၊ အွန်လိုင်း blueribbonbags.com မှတစ်ဆင့်လည်း
ကောင်း ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ အကြောင်း ကြားနိုင်ပါသည်။
*ခရီးသည်များအနေဖြင့် မိမိအိတ်၏အခြေအနေအရပ်ရပ်ကို Email ဖြင့်
အလိုအလျောက်သိရှိနိုင်ပါမည်။

အသေးစိတ်သိရှိလိုပါက - ၀၁ ၂၂၉၂၄၅၊ ၀၁ ၂၃၁၆၂၄၅၊ ၀၁ ၃၇၈၅၃၅၊
၀၂ ၆၀၉၅၆ များသို့ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါသည်။

30/10/2016

Address

No. 586, Strand Road, Lanmadaw Township
Yangon
11131

Alerts

Be the first to know and let us send you an email when Columbusholidays posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Columbusholidays:

Share

Category