28/01/2020
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် Novel Corona Virus ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိမြို့များသို့ ချိတ်ဆက်ပျံသန်းနေသော လေကြောင်းလိုင်း ၃ ခု၏ ခရီးစဉ်များ ယာယီရပ်နား
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် Novel Corona Virus ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့များသို့ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းလိုင်း ၃ ခု၏ ခရီးစဉ်များအား ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လေကြောင်းခရီးစဉ် ချိတ်ဆက်ပျံသန်းမူ့ ယာယီရပ်နားလိုက်သည့် လေကြောင်းလိုင်းများမှာ China Eastern လေကြောင်းလိုင်း၊ 9 Air လေကြောင်းလိုင်းနှင့် JC (Combodia) လေကြောင်းလိုင်းတို့ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ၀ူဟန်မြို့မှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းနေသည့် China Eastern လေကြောင်းလိုင်း၏ ခရီးစဉ်များ ဖေဖေါ်ဝါရီလ ကုန်အထိ ရပ်နားထားကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Novel Corona Virus ရောဂါကာကွယ်ရန် စစ်ဆေးမူ့များအား တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများသာမက နိုင်ငံတကာ လေကြောင်းလိုင်းများမှ ဆိုက်ရောက်ခရီးသည်အားလုံးအား ကြပ်မတ်စစ်ဆေးမူ့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
ရန်ကုန်လေဆိပ်အနေနဲ့ Novel Corona Virus ရောဂါကာကွယ်နိုင်ဖို့ စစ်ဆေးမူ့တွေကို တရုတ်နိုင်ငံ လေကြောင်းလိုင်းတွေသာမကဘဲ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အကုန်လုံးရဲ့ ဆိုက်ရောက်ခရီးသည်အားလုံးကို ကြပ်မတ်စစ်ဆေးမူ့တွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ ခရီးသည်တွေရဲ့ ကျန်းမာရေးသာမက လေဆိပ်မှာရှိတဲ့ ၀န်ထမ်းတွေရဲ့ ကျန်းမာရေး၊ အများပြည်သူကျန်းမာရေးကို အထူးအလေးထား ဂရုပြုဆောင်ရွက်နေပါတယ်။ ဒါ့ပြင် National Health Authority ဖြစ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ အနီးကပ်ပူးပေါင်းပြီး လေဆိပ်အတွင်းမှာ ပူးပေါင်းအားဖြည့် ဆောင်ရွက်နေပါတယ် ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်န၀ါရီ ၂၃ ရက် နံနက်က ၀ူဟန်မြို့မှ ရန်ကုန်လေဆိပ်သို့ တိုက်ရိုက်ဆင်းသက်လာသည့် ခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည် ၈၅ ဦးတွင် အဆုတ်ရောင်ရောဂါ သံသယလူနာ ပါဝင်ခြင်းမရှိဘဲ တရုတ်နိုင်ငံ ၀ူဟန်မြို့မှ လာရောက်သည့် လေယာဉ်များအပါအ၀င် တရုတ်နိုင်ငံမှ ဆင်းသက်သော လေယာဉ်များအားလုံးအား ယခင် ကြည့်ရှု့စစ်ဆေးသည်ထက်တ ပိုမိုအရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်နေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
Novel Coronavirus (2019-nCoV) ကြောင့် အဆုတ်ရောဂါများ ဖြစ်ပွားလျက်ရှိသော တရုတ်နိုင်ငံ ၀ူဟန်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်န၀ါရီ ၂၃ ရက် နံနက်တွင် တိုက်ရိုက်ဆင်းသက်လာသော China Eastern Airline Flight No.MU 2659 လေယာဉ်တွင် ခရီးသည် ၈၅ ဦး လိုက်ပါလာခဲ့ပြီး အဆိုပါခရီးသည်များအား ရန်ကုန်လေဆိပ် ကျန်းမာရေးဌာနခွဲမှ Airport Health Quarantine Team မှ စောင့်ကြပ်စစ်ဆေးမူ့များ ပြုလုပ်ခဲ့ပြီး ခရီးသည်များတွင် အဆုတ်ရောင်ရောဂါ သံသယလူနာ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
နိုင်ငံတွင်းသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကူးစက်မြန်ရောဂါများ ၀င်ရောက်ပျံနှံမူ့ မရှိစေရေးအတွက် Airport Health Quarantine Team မှ ရန်ကုန်လေဆိပ်သို့ ဆင်းသက်လာသော လေယာဉ်များအားလုံး၊ အထူးသဖြင့် ရောဂါဖြစ်ပွားပျံနှံနေသော နိုင်ငံများမှ လာရောက်သည့် လေယာဉ်များအား အဓိကထား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု့ခြင်း လုပ်ငန်းများအား အထူးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု Infrared Thermal Scanne များဖြင့် အဖျားတိုင်းတာ စောင့်ကြပ်ကြည့်ရှု့ခြင်း လုပ်ငန်းစဉ်များအား ဆောင်ရွက်နေသကဲ့သို့ SOP များ ချမှတ်ပြီး လေကြောင်းလိုင်းများအပါအ၀င် အခြား ဌာနဆိုင်ရာများနှင့်ပါ ပူးပေါင်းကာ အသေးစိတ် စစ်ဆေးမူ့များ ဆောင်ရွက်နေကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့်တုတ်ကွေးဆန်သော ရောဂါလက္ခဏာများ လက်ရှိဖြစ်ပွားလျက်ရှိပါက (သို့မဟုတ်) လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက လေဆိပ်ကျန်းမာရေးဌာနခွဲနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပေးပို့ဆောင်ရွက်ရန် လေဆိပ်ကျန်းမာရေးဌာနခွဲမှ ထုတ်ပြန်ခဲ့သည်။
The Daily Eleven News