
16/06/2025
Vietnam
Vietnam မှာရှိတဲ့ Da Nang ကိုသွားလည်ဖူးကြပြီလား🧐သွားရောက်လည်ပတ်ဖို့စဉ်းစားထားရင်တော့မင်မင်ကလည်ပတ်လို့ကောင်းမဲ့နေရာလေးတွေကိုဖော်ပြပေးပါ့မယ်နော်။🥰😘
ပထမဆုံးသွားရောက်သင့်တဲ့နေရာလေးကတော့ Dragon Bridge ပဲဖြစ်ပါတယ်ရှင့်။😚🙂↔️Dragon Bridge ကဟန်မြစ်ကိုဖြတ်ကျော်၍တောင်ဗီယက်နမ်၊ဒါနောင်မြို့ပေါ်မှာတည်ရှိပါတယ်။ဒါနောင်မြို့အတွင်းရဲ့အဓိကလမ်းဖြစ်တဲ့Nguyen Van Linh Street ကို Son Tra Peninsula နဲ့ချိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ Dragon Bridge ကို 2013ခုနှစ်ကတည်ဆောက်ပြီးစိးပြိးတော့အလျား-၆၆၆မီတာ၊အကျယ်-၃၇.၅မီတာ၊ ဘေးဘက်လမ်းလျှောက်ကော်ရစ်တာလမ်း၂ခုပါဝင်ပြီးတော့ကားများနဲ့ဆိုင်ကယ်များတနေ့ကို၅၀,၀၀၀ကျော်သုံးစွဲနေကြပါသည်။🚲🚗🛵
ဒုတိယအနေနဲ့ကတော့Son Tra Peninsula (မြှားတောင်ခေါင်/Monkey Mountain 🐵)ဟာ ဒါနောင်မြို့အရှေ့မြောက်ဘက်၊မြို့အလယ်ကနေ ၁၀-၂၀ ကီလိုမီတာဝေးတဲ့အကွာအဝေးမှာရှိပါတယ်။ မြို့ထဲကနေ မော်တော်ဆိုင်ကယ်🛵နဲ့ ၃၀မီနစ်ဝန်းကျင်ပဲကွာဝေးပါတယ်။
Monkey Mountain ဟာ Vitebam- America စစ်ပွဲအချိန်က အမေရိကန်တပ်တွေကခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။တောင်ပေါ်မှာတော့ Red-Shanked Doi langurs (ဝါးနီခါးတပ်ဆင်မြင်းကြီး)တို့အပြင် တခြားတောတွင်းတိရစ္ဆာန်တွေပါလည်းရှိပါသေးသည်။ သဘာဝအရင်းအမြစ်ကိုလည်းအထူးထိန်းသိမ်းထားတဲ့ Son Tra Nature Reserve တခုလည်းရှိပါသေးသည်။
နောက်ထက်ထင်ရှားတဲ့နေရာတွေလည်းဖော်ပြပေးပါ့မယ်နော်။😽💞
1.Lady Buddha Statue (မယ်ဘုရားပုထိုး)
အမြင့်၆၇မီတာရှိပြီး ဗီယက်နမ်တွင်အကြီးဆုံးအမျိုးသမီးဘုရားပုထိုးတခုပဲဖြစ်ပါတယ်။ရေပြင်ထက်ကနေမြင်နိုင်လောက်အောင်ကြီးပါတယ်။ Linh Ung Pagoda (လင်းအင် ဘုရား) ထဲမှာတည်ထားပါတယ်။
2.🌄Ban Co Peak (Chessboard Peak)
တောင်ထိပ်ဘက်နားမှာချဉ်းကပ်နေတဲ့တရုတ်နတ်ဘုရားရုပ်ထုရှိပြီးမြင်ကွင်းကဒါနောင်မြို့တစ်ဝိုက်ကိုမြင်ရပြီးမော်တော်ဆိုင်ကယ်နဲ့တက်လို့ရပြီးစူးစမ်းလေ့လာလို့ကောင်းတဲ့နေရာတခုအပါအဝင်ဖြစ်ပါတယ်။🥰😍
သဘာဝတောတောင်နဲ့တိရစ္ဆာန်များကိုလည်းလေ့လာကြည့်လို့ရပါတယ်နော်။Red-shanked douc langurs (ဗီယက်နမ်ထဲမှာပင်ရှားပါးတဲ့တိရစ္ဆာန်) ကျား၊မြွေ၊ဌက်များတခြားမြွေသားကြောင်လေးတွေများလည်းပါဝင်ပါတယ်။🐯🐍🐱🕊️✨
ဒါနောင်မြို့မှာရှိတဲ့ဒေသဆိုင်ရာအစားအသောက်တွေကိုလည်းမြည်းစမ်းစားသောက်ခဲ့လည်ပတ်ခဲ့သင့်တယ်နော်။🥙🌮
1.Mi Quang
နနွင်းနီရောင်ဆန်ခေါက်ဆွဲ၊အနည်းအများပါဝင်သောဟင်းရည်၊ ပုဇွန်၊ဝက်သား (သို့) ကြက်သား ၊ငုံးဥ၊မြေပဲ၊လတ်ဆတ်သောဟင်းသီးဟင်းရွက်များထမင်းကြွပ်ကြော်များပါဝင်ပါတယ်။🫕
2.Banh Xeo (crispy Vietnamese pancake)
ပုဇွန်၊ဝက်သား၊ပဲပက်ပေါက်နဲ့အရသာရှိတဲ့ပန်ကိတ်မုန့် 🥞ရွှေရောင်။ Da Nang တွင်အသဲနှင့်မြေပဲ ငံပြာရည် အဆိမ့်နှစ်ပြီးလတ်ဆတ်သောဟင်းသီးဟင်းရွက်များကိုစက္ကူဖြင့်ထုတ်ပိုးပြီးစားသုံးရလွယ်ကူသောအစားအစာတမျိူးဖြစ်ပါတယ်။🌮💗
3.Goi Ca Nam O (နမ့်အို့ငါးသုပ်)
နမ့်အို့ငါးသုပ်ထဲမှာ ခရမ်းချဉ်သီး၊ကြက်သွန်မြိတ်၊ငရုတ်သီးခြောက်အမှုန့်၊ဆား၊သံပရာရည်၊သံပုရာဖတ်၊သံလွင်ပင်၊ချဉ်ပင်၊စပါးရွက်စတာတွေပါဝင်ပြီးတော့ငါးအမျိုးအစားကတော့ငါးစူရီ၊ငါးမဲတို့ကိုအသုံးပြုပါသည်။ ငါးသားလေးတွေကိုအနူးညံဆုံးဖြတ်ပြီး အသားအေးအေးနဲ့ပြုလုပ်ပြီးအနံရှိအပင်အနွေးတွေနဲ့အပူမသုံးဘဲ raw salad အဖြစ်ရောယှက်ထားပါသည်။ငါးနဲ့အသားစပ်ချဉ်စပ်ပေါင်းစပ်မှုကြောင့်တခါမှမစားဖူးသေးတဲ့လူတွေအတွက်သဘာဝအသစ်လေးဖြစ်ပါသည်။ 🍚🍙💞
Da Nang ရဲ့လှပတဲ့သဘာဝနေရာများနဲ့အစားအသောက်များကိုလည်ပတ်စားသောက်မယ်ဆိုရင်တော့ MAI နဲ့အတူတူခရီးသွားပြီးလည်ပတ်ကြစို့နော်။ လက်မှတ်များဝယ်ယူမယ်ဆိုရင်လည်း Myanmar Polestarကိုသတိရပေးဦးနော်။🥰😚
✈️ ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကို လူကြီးမင်းတို့စိတ်တိုင်းကျ ဈေးနှုန်းမှန်ကန်သင့်တင့်စွာဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
🏡.Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
☎️Ph : 09 409042255, 09-421139771
💌Email : [email protected],
[email protected],
[email protected],
[email protected]
🌏Website : www.myanmarpolestar.com
Telegram : https://t.me/myanmarpolestar
Tiktok : https://www.tiktok.com/?_t=8nXpuGq7lJg&_r=