Star Mira Travel Service

Star Mira Travel Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Star Mira Travel Service, Travel Agency, Yangon.

ပြည်ပရောက်မြန်မာနိုင်ငံသားများသိစေရန်မှာ -၁။ ကျောင်းသား student visa နှင့် PV/PE passport ကိုင်ထားသူများ မြန်မာနိုင်ငံသိ...
02/05/2026

ပြည်ပရောက်မြန်မာနိုင်ငံသားများသိစေရန်မှာ -
၁။ ကျောင်းသား student visa နှင့် PV/PE passport ကိုင်ထားသူများ မြန်မာနိုင်ငံသို့အဝင်ပြဿနာမရှိပါ။ ပြန်အထွက်တော့ student ID, တခြား ကျောင်းတက်နေတဲ့အထောက်အထား၊ နိုင်ငံသားကတ်ပြနိုင်ရန်ဆောင်ထားပါ။
၂။ မှီခို dependent visa နှင့် PV/PT passport ကိုင်ထားသူများ မြန်မာနိုင်ငံသို့ အဝင်/အထွက်ပြဿနာမရှိပါ။
၃။ PR/green card နှင့် PV/PT passport ကိုင်ထားသူများ မြန်မာနိုင်ငံကိုအဝင်/အထွက်ပြဿနာမရှိပါ။
၄။ Work visa/work permit/PR နှင့် PJ passport ကိုင်ထားသူများ သက်တမ်းရှိ၊ အလုပ်ရှင်/ကုမ္ပဏီတူ OWIC ရှိသော်လည်း အရေးတကြီးကိစ္စမရှိပါက ပြန်မလာကြပါနဲ့ဦး။
၅။ Work visa/work permit နှင့် PV passport ကိုင်ထားသူများလည်း အရေးတကြီးကိစ္စမရှိရင်ပြန်မလာကြပါနဲ့ဦး။

Notice on Launching the China Online Visa Processing SystemChina Online Visa Processing System will be officially launch...
24/06/2025

Notice on Launching the China Online Visa Processing System
China Online Visa Processing System will be officially launched by the Chinese Embassy in Myanmar on June 30, 2025. Applicants could enjoy convenience of filling out the form and uploading materials online by visiting:
https://consular.mfa.gov.cn/VISA/.
Welcome to visit the website for more details.
Tel:0095-9894853188 (Office Hour: Weekday 2:00-6:00 p.m.), Email:[email protected]

တရုတ်ဗီဇာအွန်လိုင်းစနစ်ဆိုင်ရာ စတင်အသုံးပြုခြင်း အသိပေးကြေညာချက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစတင်၍ "တရုတ်ဗီဇာအွန်လိုင်းစနစ်" ကို တရားဝင်စတင်အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင် တရုတ်ဗီဇာလျှောက်ထားလိုပါက https://consular.mfa.gov.cn/VISA/ ဝက်ဘ်ဆိုက် မှတစ်ဆင့် အွန်လိုင်းတွင်ဖောင်ဖြည့်၍ လျှောက်လွှာအတွက်လိုအပ်သော စာရွက်စာတမ်းများကိုလည်း အွန်လိုင်းမှ upload လုပ်ကာ အဆင်ပြေချောမွေ့မှုကို ခံစားလိုက်ပါ။ ပိုမိုသိရှိလိုပါက ဤဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သံရုံး၏ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၀၉၅-၉၈၉၄၈၅၃၁၈၈ (တနင်္လာနေ့မှ သောကြာနေ့အထိ၊ မွန်းလွဲ ၂:၀၀ မှ ၆:၀၀ နာရီအတွင်း) အီးမေးလ် - [email protected]

တရုတ်ဗီဇာအွန်လိုင်းစနစ်နှင့်ပတ်သက်သည့် အမေးများသောမေးခွန်းများ
မေးခွန်း (၁) ။ ။ စနစ်အဆင့်မြှင့်တင်ပြီးနောက် ဗီဇာလျှောက်ထားရန် ဘယ်နေရာတွင် လျှောက်ထားရမည်နည်း။ လျှောက်ထားမှုလုပ်ငန်းစဉ်တွင် ဘာတွေပြောင်းလဲသွား သနည်း။
အဖြေ ။ ။ လျှောက်ထားသူသည် တရုတ်ဗီဇာလျှောက်ထားရန် ဝက်ဘ်ဆိုက် (https://consular.mfa.gov.cn/VISA/) တွင် အွန်လိုင်းဖောင်ဖြည့်၍ လျှောက်လွှာအတွက်လိုအပ်သော စာရွက်စာတမ်းများကို upload လုပ်ရမည်။ ဤအဆင့်သည် ကနဦးစစ်ဆေးမှုအဆင့်ဖြစ်သည်။ ကနဦးစစ်ဆေးမှုအတွင်း လျှောက်ထားသူသည် ဝက်ဘ်ဆိုက်တွင် လျှောက်ထားမှုအခြေအနေကို စစ်ဆေးနိုင်ပြီး လိုအပ်ပါက ဖောင်ကိုပြင်ဆင်၍ အချက်အလက်များဖြည့်စွက်နိုင်သည်။ ကနဦးစစ်ဆေးမှုပြီးမြောက်ပါက လျှောက်ထားသူသည် သံရုံးသို့ ပတ်စပို့နှင့် အခြားလိုအပ်သောစာရွက်စာတမ်းများကို တင်ပြရန်လိုအပ်ပြီး လက်ဗွေရာနှင့် အခြားဇီဝအချက်အလက်များကို ပေးအပ်ရမည်။ ဤအဆင့်သည် နောက်ဆုံးစစ်ဆေးမှုအဆင့်ဖြစ်သည်။ နောက်ဆုံးစစ်ဆေးမှုပြီးမြောက်ပါက (ဗီဇာထုတ်ပေးခြင်းခံရလျှင်) လျှောက်ထားသူသည် သံရုံးသို့ ဗီဇာကြေးပေးသွင်း၍ ပတ်စပို့နှင့်ဗီဇာကို ပြန်လည်ရယူရမည်။

မေးခွန်း (၂)။ ။ ဗီဇာအွန်လိုင်းစနစ်တွင် အကောင့်ဖွင့်ရန်လိုအပ်ပါသလား။ မည်သို့ဖွင့်ရမည်နည်း။
အဖြေ ။ ။ ဗီဇာအွန်လိုင်းစနစ်တွင် အကောင့်ဖွင့်၍ဝင်ရပါမည်။ လောလောဆယ်တွင် အီးမေးလ်ဖြင့်သာ အကောင့်ဖွင့်နိုင်သည်။

မေးခွန်း (၃) ။ ။ အရေးပေါ်လျှောက်ထားမှုနည်းလမ်းတွင် ဘာတွေပြောင်းလဲသွား သနည်း။ စစ်ဆေးမှုအတွက် ဘယ်လောက်ကြာမြင့်နိုင်သနည်း။
အဖြေ ။ ။ လျှောက်ထားသူသည် အွန်လိုင်းဖောင်ဖြည့်စဉ်တွင် "ပုံမှန်" သို့မဟုတ် "အရေးပေါ်" လျှောက်ထားမှုနည်းလမ်းကို ရွေးချယ်နိုင်သော်လည်း ဤရွေးချယ်မှုသည် ကနဦးစစ်ဆေးမှုအဆင့်နှင့် မသက်ဆိုင်ပါ။ အရေးပေါ်လျှောက်ထားမှုသည် ပတ်စပို့တင်ပြပြီးနောက်မှသာ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးမည်ဖြစ်သည်။ အရေးပေါ်လျှောက်ထားမှုအတွက် အပိုကြေးပေးသွင်းရမည်ဖြစ်ပြီး လျှောက်ထားပြီးနောက် ပြန်ရုပ်သိမ်းခွင့်မရှိပါ။ အကယ်၍ ကောင်စစ်ဝန်က တစ်ဦးချင်းအခြေအနေအရ စစ်ဆေးမှုကာလပိုမိုကြာမြင့်ခဲ့ပါက အရေးပေါ်ကြေးကို ပြန်အမ်းမည်မဟုတ်ပါ။

ပုံမှန်အားဖြင့် အွန်လိုင်းကနဦးစစ်ဆေးမှုသည် ၁-၃ ရက်အတွင်း ပြီးမြောက်နိုင်ပြီး ပတ်စပို့တင်ပြပါက ၃-၄ ရက်အတွင်း စစ်ဆေးမှုပြီးမြောက်နိုင်သည် (အရေးပေါ်လျှောက်ထားမှု - ၃ ရက်၊ ပုံမှန်လျှောက်ထားမှု - ၄ ရက်)။

မေးခွန်း (၄) ။ ။ အခြားသူများအတွက် လျှောက်ထားနိုင်ပါသလား။ အခြားသူမှတစ်ဆင့် ပတ်စပို့နှင့်စာရွက်စာတမ်းများကို တင်ပြနိုင်ပါသလား။
အဖြေ ။ ။ တရုတ်ဗီဇာလျှောက်ထားမှုကို ကိုယ်တိုင်လျှောက်ထားနိုင်သလို အခြားသူများ သို့မဟုတ် ခရီးသွားအေဂျင်စီများမှတစ်ဆင့်လည်း လျှောက်ထားနိုင်သည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သည် မည်သည့်အေဂျင်စီနှင့်မျှ တရားဝင်ချိတ်ဆက်မှုမရှိသလို ၎င်းတို့ကို ရားဝင်အသိအမှတ်ပြုအေဂျင်စီအဖြစ် သတ်မှတ်ခြင်းလည်းမရှိပါ။ ထို့အပြင် ဗီဇာလျှောက်ထားသူများအား မည်သည့်အေဂျင်စီကိုမျှ အကြံမပြုပါ။ လက်ဗွေရာကင်းလွှတ်ခွင့်ရသူများမှလွဲ၍ အွန်လိုင်းကနဦးစစ်ဆေးမှုပြီးမြောက် ပါက လျှောက်ထားသူသည် သံရုံးသို့ ပတ်စပို့နှင့်စာရွက်စာတမ်းများကို တင်ပြရာတွင် လက်ဗွေရာပေးအပ်ရမည်။ လက်ဗွေရာကင်းလွှတ်ခွင့်ရသူများသည် အခြားသူမှတစ်ဆင့် ပတ်စပို့နှင့်စာရွက်စာတမ်းများကို တင်ပြရန်နှင့် ဗီဇာနှင့်ပတ်စပို့ကို ပြန်လည်ရယူရန် ကိုယ်စားလှယ်ဖြစ့် ဆောင်ရွက်နိုင်ပါသည်။

မေးခွန်း (၅) ။ ။ ဇွန် လ ၃၀ ရက်နေ့မတိုင်မီ မူလစနစ်ဟောင်းတွင် ဖောင်တင်ပြီးသော်လည်း သံရုံးသို့ စာရွက်စာတမ်းများမတင်ရသေးပါက ဇွန် လ ၃၀ ရက်နေ့မှစ၍ စနစ်အသစ်ဖြင့် ပြန်လည်လျှောက်ထားရမည်လား။
အဖြေ ။ ။ ဇွန် လ ၂၇ ရက်နေ့၊ ညနေ ၆:၀၀ နာရီမှ ဇွန် လ ၃၀ ရက်နေ့၊ မနက် ၈:၀၀ နာရီအတွင်း စနစ်အဆင့်မြှင့်တင်ခြင်း (System Update) ပြုလုပ်မည်ဖြစ်သဖြင့် ဤကာလအတွင်း လျှောက်ထားသောဗီဇာမှန်သမျှ အကျုံးမဝင်ပါ။ ဇွန် လ ၃၀ ရက်နေ့၊ မနက် ၈:၀၀ နာရီနောက်ပိုင်းတွင် စနစ်အသစ်ဖြင့် ဗီဇာလျှောက်ထားရမည်။ ဇွန် လ ၂၇ ရက်နေ့မတိုင်မီ မူလစနစ်ဟောင်းတွင် ဆောင်ရွက်ခဲ့သော ဖောင်များသည် ဆက်လက်အကျုံးဝင်နေမည်ဖြစ်ပြီး ဇွန် လ ၂၇ ရက်နေ့၊ မနက် ၁၁:၀၀ နာရီအထိ မူလနည်းလမ်းဟောင်းအတိုင်း သံရုံးသို့ စာရွက်စာတမ်းများကို တင်ပြနိုင်သည်။ ဤအချိန်ကျော်လွန်ပါက စနစ်အသစ်ဖြင့် အွန်လိုင်းမှသာ ပြန်လည်လျှောက်ထားရမည်။

မေးခွန်း (၆) ။ ။ စနစ်အသစ်စတင်ပြီးနောက် သံတမန်နှင့်အစိုးရဝန်ထမ်းများ၏ လျှောက်ထားမှုကို မည်သို့လျှောက်ထားရမည်နည်း။
အဖြေ ။ ။ စနစ်အသစ်စတင်ပြီးနောက် သံတမန်ပတ်စပို့၊ အစိုးရပတ်စပို့ပိုင်ဆိုင်သူများ နှင့် သံတမန်ဗီဇာ၊ အစိုးရဗီဇာ၊ courtesy visa စသည့်လျှောက်ထားသူများသည် အထက်ဖော်ပြပါဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့်လျှောက်ထားရမည်။ ကနဦးစစ်ဆေးမှုရလဒ်ရရှိပါက လိုအပ်သောစာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးခန်းသို့ တနင်္လာနေ့မှ သောကြာနေ့အထိ၊ မနက် ၈:၃၀ မှ ၁၁:၃၀ နာရီအတွင်း (ရုံးပိတ်ရက်များမှလွဲ၍) လာရောက်တင်ပြရမည်။

မေးခွန်း (၇) ။ ။ စနစ်အသစ်သည် တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသနှင့် တရုတ်နိုင်ငံမကာအိုဒေသတို့၏ ဗီဇာလျှောက်ထားမှုနှင့် သက်ဆိုင်ပါသလား။
အဖြေ ။ ။ မသက်ဆိုင်ပါ။ စနစ်အသစ်သည် တရုတ်ပြည်မကြီးအတွက်သာ သက်ဆိုင်သည်။






21May က‌ ငွေသွင်းပြီး မနေ့က 26May ညမှာ ရလာတဲ့ Thai Visa ပူပူနွေးနွေးလေး 😍😍😍သံရုံးဗီဇာ ရယူချင်တဲ့ မိတ်ဆွေများ မင်မင်တို့ဆ...
27/05/2025

21May က‌ ငွေသွင်းပြီး မနေ့က 26May ညမှာ ရလာတဲ့ Thai Visa ပူပူနွေးနွေးလေး 😍😍😍

သံရုံးဗီဇာ ရယူချင်တဲ့ မိတ်ဆွေများ မင်မင်တို့ဆီကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်

သံရုံးဗီဇာမှာ ထိုင်းနိုင်ငံတင် မဟုတ်ပဲ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊... စတဲ့ သံရုံးဗီဇာများလည်း ရယူနိုင်ပါတယ်ရှင်
ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်၊ ကားလက်မှတ်များကိုလည်း ဝယ်ယူရရှိနိုင်တဲ့အပြင် Passport QR ရက်ချိန်းများလည်း ရယူနိုင်လို့ လိုအပ်တဲ့ မိတ်ဆွေများ ဆက်သွယ်နိုင်ပါတယ်ရှင်

ဆက်သွယ်ရန် ဖုန်းနံပါတ်
09 51 50 258, 0996 5150 258

အမေရိကန်အစိုးရရဲ့ ခရီးမသွားသင့်တဲ့ နိုင်ငံတွေ စာရင်းဖြစ်ပါတယ်။ အကောင်းဘက်မှာ ဗိုလ်စွဲဖို့  အတော်လေး ကြိုးစားရပါဦးမယ်။ "အ...
10/05/2025

အမေရိကန်အစိုးရရဲ့ ခရီးမသွားသင့်တဲ့ နိုင်ငံတွေ စာရင်းဖြစ်ပါတယ်။ အကောင်းဘက်မှာ ဗိုလ်စွဲဖို့ အတော်လေး ကြိုးစားရပါဦးမယ်။

"အဆင့် ၄ - ခရီးမသွားပါနှင့်"

⛔အာဖဂန်နစ္စတန်
⛔ဘီလာရုစ်
⛔ဘာကီနာဖာဆို
⛔မြန်မာ
⛔ဗဟိုအာဖရိကသမ္မတနိုင်ငံ
⛔ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
⛔ဟေတီ
⛔အီရန်
⛔အီရတ်
⛔လက်ဘနွန်
⛔လစ်ဗျား
⛔မာလီ
⛔မြောက်ကိုရီးယား
⛔ရုရှား
⛔ဆိုမာလီယာ
⛔တောင်ဆူဒန်
⛔ဆူဒန်
⛔ဆီးရီးယား
⛔ယူကရိန်း
⛔ဗင်နီဇွဲလား
⛔ယီမင်

Info: U.S. Department of State: Consular Affairs

Crd

မြန်မာအမျိုးသားလေကြောင်းမှ သတင်းထုတ်ပြန်ချက်တင်ပြခြင်း၆.၅.၂၀၂၅ ရက်နေ့ ၁၈:၃၅ နာရီခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီး...
07/05/2025

မြန်မာအမျိုးသားလေကြောင်းမှ သတင်းထုတ်ပြန်ချက်တင်ပြခြင်း

၆.၅.၂၀၂၅ ရက်နေ့ ၁၈:၃၅ နာရီခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပါသည်။ အဆိုပါ လေယာဉ်သည် ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါသည်။ ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ပါသည်။ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ်တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။ ယခု မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗔𝗶𝗿𝗹𝗶𝗻𝗲𝘀 – 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁

On May 6, 2025, at approximately 18:35 hours, Myanmar National Airlines flight UB-812, operated by a Boeing aircraft - XY-ALV, departed from Mandalay to Yangon. While the aircraft, carrying 143 passengers, was accelerating for takeoff on the runway, an abnormal system indication was detected. In response, the captain initiated an aborted takeoff.

During the process, a malfunction in the braking system led to the left-side tires overheating and bursting into flames that were promptly extinguished. The remaining landing gear remained functional, allowing the aircraft to come to a safe stop at the northern end of the runway, free from any further danger.

The onboard cabin crews acted in accordance with standard Safety Operating Procedure. All passengers and crews were safely evacuated and transported to the terminal without any injuries.

Myanmar National Airlines promptly arranged alternate flights for all affected passengers to ensure their timely travel to Yangon. Additionally, the airline has provided support to meet the passengers’ individual needs.

We extend our sincere apologies to all passengers for the inconvenience caused by this incident. Myanmar National Airlines is currently conducting a full and systematic investigation to determine the cause and prevent future occurrences.

Crd
#မြန်မာ့လေကြောင်း

👏👏 Passport 🗓️  ရက်ချိန်းတွေ ပြန်ယူလို့ရနေပါပြီနော့် 👏👏ရုံးသွင်းငွေ အပြီး တယောက်ကို 50,000ကျပ်ပါPassport QR ရက်ချိန်းလို...
04/05/2025

👏👏 Passport 🗓️ ရက်ချိန်းတွေ ပြန်ယူလို့ရနေပါပြီနော့် 👏👏
ရုံးသွင်းငွေ အပြီး တယောက်ကို 50,000ကျပ်ပါ

Passport QR ရက်ချိန်းလိုချင်သူများ ဆက်သွယ်နိုင်ပါတယ်ရှင်
လက်ရှိမှာ ရန်ကုန်ရက်ချိန်းဆိုရင် 13 Jun 2025 ကို ရောက်နေပါပြီနော်
နောက်မကျရလေအောင် အခုပဲ ဆက်သွယ်လိုက်ကြပါနော် 📞

ရန်ကုန်၊ မြစ်ကြီးနားနဲ့ လားရှိုးရုံးတွေမှာ ရက်ချိန်းရထားသူတွေက ရက်တွေ ‌အပြောင်းအလဲ လုပ်ထားတာ ဖြစ်တဲ့အတွက် ရက်ချိန်း‌လေးတွေ ပြန်စစ်ပေးကြဖို့ မမေ့ပါနဲ့နော် ‼️
မင်မင့်ဆီမှာ တင်ထားသူတွေ အားလုံးကိုတော့ ပြောင်းသွားတဲ့ ရက်ချိန်းလေးတွေကို ဧည့်သည်တွေဆီ အကုန်ပြောပြပြီးပြီ ☺️

မြစ်ကြီးနားရုံးမှာ QR ရထားသူတွေအတွက်က မြစ်ကြီးနား၊ မန္တလေးနဲ့ ရန်ကုန်ရုံးတွေမှာ လုပ်ဆောင်ရမှာဖြစ်ပြီးတော့
လားရှိုးရုံးမှာ QR ရထားသူတွေအတွက်က တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်ရုံးတွေမှာ passport စာအုပ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်နိုင်ပါတယ်နော်
Passport QR ယူလိုပါက 095150258, 09965150258 သို့ဆက်သွယ်နိုင်ပါတယ်ရှင့်




Breaking News ‼️❗️၂၀၂၅ ခုနှစ် မေလ ၃ရက် ည (၁၁နာရီ၁၉မီးနစ်) အချိန် ရန်ကုန်မော်လမြိုင်လမ်းမပေါ်ရှိ ယခင်ဖောက်ခွဲထားမှုကိုပြန...
04/05/2025

Breaking News ‼️❗️

၂၀၂၅ ခုနှစ် မေလ ၃ရက် ည (၁၁နာရီ၁၉မီးနစ်) အချိန် ရန်ကုန်မော်လမြိုင်လမ်းမပေါ်ရှိ ယခင်ဖောက်ခွဲထားမှုကိုပြန်လည်ပြင်ဆင်နေသည့် မိုးကောင်းဘုရားအနီးမှ မိုးကောင်းတံတားဖောက်ခွဲဖျက်ဆီးလိုက်ပါသဖြင့်မော်တော်ယဥ်များသွားလာ၍မရသေးပါ
ဘီးလင်းမြို့ ကျိုက်ကော်မြို့များတွင်
ယဥ်ပိတ်ဆို့မှု့များဖြစ်နိုင်ပါသဖြင့်

အရေးကြီးအကြောင်းအရာမရှိလျှင် ခရီးမသွားကြဖို့နှင့် လမ်းအခြေအနေစုံစမ်းပြီးမှ သွားလာကြဖို့ အသိပေးအပ်ပါတယ်

#မနုသခရီးသည်

ပြည်သူများသို့အသိပေးပန်ကြားချက် (25-04-2025)✅ သဘာဝဘေးအန္တရာယ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် Online Appointment System ဖြင...
30/04/2025

ပြည်သူများသို့အသိပေးပန်ကြားချက် (25-04-2025)

✅ သဘာဝဘေးအန္တရာယ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် Online Appointment System ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအား မေလ ၁ ရက်နေ့မှ စ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း
✅ ရန်ကုန်၊ မြစ်ကြီးနား နှင့် လားရှိုး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများအား ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် Appointment Date များ ပြင်ဆင်ထားရှိပါသဖြင့် မိမိတို့ရရှိထားသည့် Appointment Date များကို ပြန်လည်စိစစ်၍ အဆိုပါ ရက်များတွင် သက်ဆိုင်ရာရုံးများ၌ ဆောင်ရွက်နိုင်ပါကြောင်း
✅ မြစ်ကြီးနားရုံးတွင် လျှောက်ထားရန် Appointment Date ရရှိသူများသည် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်ရုံးများတွင်လည်းကောင်း၊ လားရှိုးရုံးတွင် လျှောက်ထားရန် Appointment Date ရရှိသူများသည် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးများတွင်လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။





မန္တလေးမြို့မှ ထိုင်းနိုင်ငံသို့ ပြည်ပခရီးစဉ်များကို MAI မှပြန်လည်ပြေးဆွဲပေးနေပါပြီ!MAI မှ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှစတင...
24/04/2025

မန္တလေးမြို့မှ ထိုင်းနိုင်ငံသို့ ပြည်ပခရီးစဉ်များကို MAI မှပြန်လည်ပြေးဆွဲပေးနေပါပြီ!

MAI မှ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဥ်ခရီးစဥ်များ၊ ချင်းမိုင်မြို့ဆီသို့ တစ်ပတ်လျှင် ၂ကြိမ် ပြည်ပခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်လိုက်ပါတယ်ရှင်။

ပြီးတော့ သင့်ရဲ့ boarding pass ကို သိမ်းထားရုံဖြင့် Ford Ranger Wildtrak 2.0 ကားကြီးကို ကံထူးနိုင်မယ့် အခွင့်အလမ်းကို လက်လွတ်မခံလိုက်ပါနဲ့နော်!

[English Version Below]

𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐭𝐨 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 – 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐀𝐫𝐞 𝐁𝐚𝐜𝐤!

We’re ready for takeoff once again! MAI is reinstating 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐟𝐫𝐨𝐦 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐞𝐟𝐟. 𝟎𝟏 𝐌𝐚𝐲 𝟐𝟎𝟐𝟓, connecting you with:

✅ 𝐃𝐚𝐢𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐁𝐚𝐧𝐠𝐤𝐨𝐤 (𝐒𝐮𝐯𝐚𝐫𝐧𝐚𝐛𝐡𝐮𝐦𝐢 & 𝐃𝐨𝐧 𝐌𝐮𝐞𝐚𝐧𝐠)
✅ 𝟐𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢

Click www.maiair.com to book now! For more details, message us directly on Facebook Messenger.

And don’t forget - keep your boarding pass for a chance to win a 𝐅𝐨𝐫𝐝 𝐑𝐚𝐧𝐠𝐞𝐫 𝐖𝐢𝐥𝐝𝐭𝐫𝐚𝐤 𝟐.𝟎!


ANNOUNCEMENT 📣 “Resumption of Tourists eVisa Services”The Republic of the Union of Myanmar, Ministry of Immigration and ...
23/04/2025

ANNOUNCEMENT 📣

“Resumption of Tourists eVisa Services”

The Republic of the Union of Myanmar, Ministry of Immigration and Population releases an important update. Please read carefully and stay informed.

“Dear Valued Visitors,

We are pleased to announce that the server issues caused by the recent earthquake have been successfully resolved. Tourist eVisa application services will resume on 22nd April 2025.
If you have any questions or require assistance, please do not hesitate to contact us at [email protected].

Thank you for using eVisa.
Ministry of Immigration and Population”




Address

Yangon

Telephone

+9595150258

Website

Alerts

Be the first to know and let us send you an email when Star Mira Travel Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category