17/08/2026
17-8-2026
お疲れ様です。
本日、Nice Myanmar Officeにて、社員の皆さんと一緒に「ワソー袈裟(雨安居の袈裟)」の寄進をさせていただきました。
こうして社員の皆さんと心を一つにして、共にお布施をさせていただけることを大変ありがたく、幸せに感じています。
お布施の後は、社員の皆さんと一緒に昼食をいただき、仕事の話だけではなく、いろいろな話をしながら楽しい時間を過ごすことができました。
私たちがこのような社会貢献やお布施を続けていけるのも、Nice Myanmar Groupを信頼し、大切なお仕事をお任せくださっているお客様の温かいご支援、そして日々一生懸命に頑張ってくれている社員一人ひとりの努力のおかげだと思っています。
改めて、お客様、社員の皆さん、そしていつも私たちを支えてくださっているすべての皆様に、心より感謝申し上げます。
これからも「感謝の心」と「利他の心」を大切にしながら、社員の皆さんと共に成長し、少しでも社会のお役に立てる会社を目指してまいります。
皆様にたくさんの幸せと良いご縁がありますように。🙏
感謝
17-8-2026
အားလုံးပဲ မင်္ဂလာပါ။
ယနေ့ Nice Myanmar Office တွင် ဝန်ထမ်းများနှင့်အတူ “ဝါဆိုသင်္ကန်းကပ်ခြင်း” အလှူတော်ကို စုပေါင်းပြုလုပ်လှူဒါန်းခဲ့ကြပါသည်။
ယခုကဲ့သို့ ဝန်ထမ်းများနှင့်အတူ စိတ်တစ်ဝမ်းတည်းဖြင့် အလှူဒါနပြုနိုင်ခဲ့ခြင်းနှင့်အတူ အချိန်ကောင်းလေးကို အတူတကွ ဖြတ်သန်းနိုင်ခဲ့ခြင်းအတွက် အလွန်ကျေးဇူးတင်မိပြီး ဝမ်းမြောက်ပီတိဖြစ်မိပါသည်။
အလှူဒါနပြုပြီးနောက် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး အလုပ်အကြောင်းများသာမက အကြောင်းအရာမျိုးစုံကိုလည်း ပြောဆိုရင်း ပျော်ရွှင်စရာအချိန်လေးကို အတူတကွ ဖြတ်သန်းနိုင်ခဲ့ကြပါသည်။
ကျွန်ုပ်တို့အနေဖြင့် ယခုကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းများနှင့် အလှူဒါနများကို ဆက်လက်ပြုလုပ်နိုင်ခြင်းမှာ Nice Myanmar Group အပေါ် ယုံကြည်စိတ်ချစွာဖြင့် မိမိတို့၏ အရေးကြီးသောလုပ်ငန်းများကို အပ်နှံပေးကြသော ဖောက်သည်များ၏ နွေးထွေးသော ပံ့ပိုးကူညီမှုများနှင့် နေ့စဉ် မိမိတို့၏တာဝန်များကို ကြိုးစားအားထုတ်လုပ်ကိုင်ပေးနေကြသော ဝန်ထမ်းတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများကြောင့် ဖြစ်သည်ဟု ယုံကြည်မိပါသည်။
တစ်ဖန် ကျွန်ုပ်တို့၏ ဖောက်သည်များ၊ ဝန်ထမ်းများနှင့် အစဉ်အမြဲ ကျွန်ုပ်တို့ကို ပံ့ပိုးကူညီပေးနေကြသော လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ထပ်မံ၍ ဖော်ပြအပ်ပါသည်။
ရှေ့ဆက်ပြီးလည်း “ကျေးဇူးတရားထားရှိသောစိတ်” နှင့် “အများအကျိုးကို ဦးစားပေးသောစိတ်” တို့ကို တန်ဖိုးထားကာ ဝန်ထမ်းများနှင့်အတူ ဆက်လက်တိုးတက်ကြီးပွားပြီး လူ့အဖွဲ့အစည်းအတွက် အနည်းငယ်မျှပင် အကျိုးပြုနိုင်သော ကုမ္ပဏီတစ်ခုဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ခြင်းများနှင့် ကောင်းမွန်သော ဆက်နွယ်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ 🙏
ကျေးဇူးတင်ရှိပါသည်။