New Cannan Tour and Travel

New Cannan Tour and Travel မြန်မာနိုင်ငံ၏ အလှပဆုံးသောနေရာများ newcannan

မကြာမီပွင့်လင်းရာသီရောက်တော့မည်မကြာမီတောင်ဇလပ်နီပန်းတွေလည်းပွင့်တော့မည်ချင်းပြည်နယ်ခရီးစဉ်တွေဘယ်တော့ပွင့်လာမလဲမသေချာမရေရ...
03/09/2023

မကြာမီပွင့်လင်းရာသီရောက်တော့မည်
မကြာမီတောင်ဇလပ်နီပန်းတွေလည်းပွင့်တော့မည်

ချင်းပြည်နယ်ခရီးစဉ်တွေဘယ်တော့ပွင့်လာမလဲမသေချာမရေရာသေးပါ

မင်္ဂလာပါချစ်မိတ်ဆွေတို ခရီးသွားအဆင်သင့်ရှိကြပြီလား💤 သွားမယ်လာမယ်ကဲကြမဲ့ ၂၀၂၃ခုနှစ်ဆောင်းရာသီခရီးဒေသကို ဖွင့်ချလိုက်ပြီပ...
29/08/2023

မင်္ဂလာပါချစ်မိတ်ဆွေတို

ခရီးသွားအဆင်သင့်ရှိကြပြီလား

💤 သွားမယ်လာမယ်ကဲကြမဲ့ ၂၀၂၃ခုနှစ်ဆောင်းရာသီခရီးဒေသကို ဖွင့်ချလိုက်ပြီ

ပထမဆုံးမိတ်ဆက်ပေးချင်တာတော့.......မီးလေးတချက်မှိတ်လိုက်ပါ .....💣.....ဖောင်ဒိုင်း.....💥....ကချင်ပြည်နယ်ပါ

သွားကြမယ်နော်

ကမ္ဘာ့နာမည်ကျော်ကျောင်စိမ်းဒေသ၊ မနောပွဲတော်၊ရေခဲပြီးနှင်းမိုးရွာတဲ့ ခေါင်လန်ဖူး၊မေခမလိခမြစ်ဆုံအလှ၊ပူတာအိုကျွန်းအလှ စသည့်အလှများခံစားကြစို့

Banff, Alberta, Canada 🇨🇦
17/09/2021

Banff, Alberta, Canada 🇨🇦

Milton Abbas Village, England 💚💚💚💚
15/09/2021

Milton Abbas Village, England 💚💚💚💚

၂၀၂၁ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့ကစပြီးအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းစတင်ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
13/12/2020

၂၀၂၁ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့ကစပြီးအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းစတင်ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

နေပြည်တော်နဲ့ သိပ်မဝေးတဲ့ တောင်ပေါ်ဒေသလေးကို သွားလည်ကြည့်ရအောင် ဧရာဝတီ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၀အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကနေ...
10/12/2020

နေပြည်တော်နဲ့ သိပ်မဝေးတဲ့ တောင်ပေါ်ဒေသလေးကို သွားလည်ကြည့်ရအောင်

ဧရာဝတီ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၀

အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကနေ အရှေ့ဘက်ကို ကားနဲ့ ၂ နာရီကျော်လောက် မောင်းလိုက်ရင် ရှမ်းရိုးမနဲ့ ဆက်နေတဲ့ ပျဉ်းမနားမြို့ရဲ့ တောင်ပေါ်ကျေးရွာ တချို့မှာ အစိုးရက ဒေသ အခြေပြု ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ဖို့ စတင် လုပ် ဆောင်နေပါပြီ။

ပျဉ်းမနားမြို့နယ်ထဲက ဝေသာလီ၊ ပြဒါးချောင်းနဲ့ မြသီတာကျေးရွာတွေမှာ ကရင်နဲ့ ပအို့ဝ် တိုင်းရင်းသားတွေ အများစု နေ ထိုင်ကြပြီး သူတို့ရဲ့ လူမှုဘဝ၊ ယဉ်ကျေးမှုကိုလည်း လေ့လာနိုင်လို့ အခု ဒီဇင်ဘာလဆန်းပိုင်းကစလို့ ကိုဗစ်ကာလမှာပဲ ခရီးသွားတချို့ စတင်လည်ပတ်လာပါပြီ။

အဲဒီ ခရီးစဉ်မှာ တောတောင်တွေထဲ စခန်းချပြီး လမ်းလျှောက်(Trekking)လုပ်လိုသူတွေ၊ အခုနှစ်ပိုင်းတွေထဲ ရေပန်းစား လာတဲ့ မနက်ခင်း တောင်ကြားထဲတွေမှာ မြူတွေနဲ့ ရောယှက်နေတဲ့ တိမ်ပင်လယ်အလှကို ကြည့်ရှုခံစားတာ၊ ရေတံခွန်မှာ ရေကစားတာတွေ လုပ်နိုင်သလို ဒေသထွက် တောင်ပေါ်အရက်၊ ခေါင်ရည်တို့ကို မြည်းစမ်းကြည့်တာတွေလည်း လုပ်လို့ ရပါသေးတယ်။

ပြီးတော့ ဒေသထွက် လက်ဖက်ခြောက်၊ ထောပတ်သီး၊ တောင်ပေါ် ငရုတ်သီးတွေကိုလည်း အိမ်ပြန် လက်ဆောင် ဝယ် သွားနိုင်သလို ချင်း(ဂျင်း)နက်နဲ့ အခြားပရဆေးပင်တွေကိုလည်း အဲဒီရွာတွေမှာ ရရှိမှာ ဖြစ်ပါတယ်။

ခရီးသွားတွေဝင်ရောက်လာတာနဲ့အမျှဒေသတွင်း တိုင်းရင်းသားပြည်သူတွေ ဈေးရောင်း၊ ဈေးဝယ်လုပ်ငန်းတွေနဲ့ အခြား ဝန်ဆောင်မှုလုပ်ငန်းများတွေကြောင့် ဝင်တွေတိုးလာတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာတာမျိုးတွေက အားသာချက်တွေ ဖြစ်စေပါတယ်။

ဒါပေမယ့် အခုလို ခရီးသွားလုပ်ငန်းတွေ ဖွံ့ ဖြိုးတက်တက်လာတာနဲ့အမျှ တောတောင်တွေရဲ့ မူလရှုခင်းတွေ ပျက်စီးမှာ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးတာတွေအပြင် ခရီးသွားတွေနဲ့ အတူပါလာမယ့် ပလပ်စတစ်အမှိုက် ပြဿနာ တွေကိုလည်း စိုးရိမ်မှုတွေ ရှိပါတယ်။

ဒေသခံ မဟုတ်တဲ့ ပြင်ပက ဝင်လာမယ့် ငွေးကြေးအင်အားတောင့်တင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါးကြီး အုပ် လုပ်ကိုင်လာမယ့် အရေးကိုလည်း စိတ်ပူနေကြသူတွေလည်း ရှိပါတယ်။

အခု ခရီးသွားလာရေး ဖော်ဆောင်နေရာတွေထဲက ပြဒါးချောင်းမှာဆိုရင် ခဲမဖြူနဲ့ အဖြိုက်နက် သတ္တုတွေထွက်ရှိတာမိုလို့ ဒေသခံတချို့က တနိုင်တပိုင် တူးဖော်တဲ့လုပ်ငန်းတွေလည်းရှိပြီး အဲဒီလုပ်ငန်းကြောင့်ပဲ ပြဒါးချောင်းရေညစ်နွမ်းပြီး မြသီတာ ၇ ဆင့် ရေတံခွန်ကရေဟာ အခြားဒေသက ရေတံခွန်တချို့လို့ ကြည်လင်မနေဘဲ နောက်ကျိလို့ နေပါတယ်။

အခု ကိုဗစ် - 19 ကာလမှာ နေပြည်တော်ကို အဝင်အထွက်တွေ ပိတ်ထားပေမယ့်လည်း အဲဒီနေရာတွေဟာ နေပြည်တော် နယ်မြေအတွင်းမှာပဲရှိတာကြောင့် အဲဒီ ဒေသကလူတချို့ကလည်း အစိုးရရုံး ပိတ်ရက်လို့နေမျိုးတွေမှာ သွားရောက် လည်ပတ်နေကြပြီ ဖြစ်ပါတယ်။

သတင်းနှင့် ဓါတ်ပုံ - သီဟလွင်/ဧရာဝတီ

ချယ်ရီမြို့ခေါ် ဟားခါးမြို့တော် ချယ်ရီတွေပွင့်နေပြီဟားခါးမြို့တော် ဒီမနက်အပူချိန် -1•Cလက်ဆေးကြပါအပြင်သွားရင် Mask တပ်ကြပ...
08/12/2020

ချယ်ရီမြို့ခေါ် ဟားခါးမြို့တော် ချယ်ရီတွေပွင့်နေပြီ

ဟားခါးမြို့တော် ဒီမနက်အပူချိန် -1•C

လက်ဆေးကြပါ
အပြင်သွားရင် Mask တပ်ကြပါ
Photo crd

မင်းတပ်ခရိုင်အတွင်း COVID အလွန်ကာလ၌ စတင်လည်ပတ်နိုင်ရန် ခရီးစဉ်ဒေသအသစ် လမ်းကြောင်း(၃)ခုဖော်ထုတ်ထား ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
08/12/2020

မင်းတပ်ခရိုင်အတွင်း COVID အလွန်ကာလ၌ စတင်လည်ပတ်နိုင်ရန် ခရီးစဉ်ဒေသအသစ် လမ်းကြောင်း(၃)ခုဖော်ထုတ်ထား
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

မင်းတပ်၊ ဒီဇင်ဘာ(၇)

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ၏ ခရီးစဉ်ဒေသအသစ်အဖြစ် ဘောင်ကျေးရွာခရီးစဉ်ဒေသ၊ ဟီးလောင်း ကျေးရွာခရီးစဉ်ဒေသ၊ ဘော(၃)ကျေးရွာ ခရီးစဉ်ဒေသ စသည့်ဦးစားပေး လမ်းကြောင်း(၃)ခုအား CBT ဆောင်ရွက်ရန် လျာထားသည့် ခရီးစဉ်များအဖြစ် COVID ကာလအလွန်တွင် စတင် လည်ပတ်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း မင်းတပ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးထံမှ သိရသည်။
လမ်းကြောင်း(၁) ဘောင်ကျေးရွာခရီးစဉ်တွင် ဘောင်ကျေးရွာမှ တစ်ဆင့် မတူပီမြို့နယ်ရှိ ဘုံတလာရေတံခွန်အထိ သို့လည်းကောင်း၊ လမ်းကြောင်း(၂) ဟီးလောင်းကျေးရွာ ခရီးစဉ်ဒေသတွင် မင်းတပ်မြို့ ပန်းအော့ရွာမှ တစ်ဆင့် ဟီးလောင်းရွာ၊ မင်းတပ်-မတူပီကားလမ်း(၁၆)မိုင်မှ ဟီးလောင်းရွာသို့ လည်းကောင်း၊ ၊ ထိုမှတစ်ဆင့် ခေါနူးစုမ်၊ ကန်ပက်လက်မြို့သို့ သွားရောက်လည်ပတ်နိုင်ပြီး ဖွီကျေးရွာတွင် ရေတံခွန် လေ့လာ၍ ဟီးလောင်းရွာဟောင်းအထိ လည်းကောင်း၊ လမ်းကြောင်း(၃)ဖြစ်သည့် ဘော(၃)ကျေးရွာခရီးစဉ်ဒေသတွင် ဘော(၃)ကျေးရွာမှ တစ်ဆင့် မကွေးတိုင်းဒေသကြီးသို့ လည်းကောင်း၊ မင်းတပ်-မတူပီကားလမ်း(၉)မိုင်မှ ဒေါက်ဒွေရွာ၊ ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီး ထီးလင်းမြို့သို့လည်းကောင်း သွားရောက်လည်ပတ်နိုင်သည့် လမ်းကြောင်းများဖြစ်သည်။
ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် လမ်းကြောင်းကို ရွေးချယ် လည်ပတ်နိုင်ပြီး ခရီးစဉ်လမ်းကြောင်း တစ်ခုချင်းဆီတိုင်းတွင် မတူကွဲပြားသည့် သဘာဝအလှအပရှုခင်းများ၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ အက၊ ရိုးရာအစားအစာများ၊ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ထူးခြားလှပသော ရေတံခွန်များ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်တောတွင်း ( Trekking ) လမ်းကြောင်းများ စီစဉ်ထား ကြောင်း သိရပါသည်။
#မင်းတပ်သတင်းဌာနခွဲ

DMO အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိတိုရိယတောင်ပေါ် သို့ မော်တော်ယာဉ်တက်ရောက်မှုများတားမြစ် ကန့်သတ်တော့မည်ကန်ပက်လက်           ...
06/12/2020

DMO အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိတိုရိယတောင်ပေါ် သို့ မော်တော်ယာဉ်တက်ရောက်မှုများတားမြစ် ကန့်သတ်တော့မည်
ကန်ပက်လက် ဒီဇင်ဘာလ ၆
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယတောင်ပေါ်သို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ် တက်ရောက်မှုများကို တားမြစ်ကန့်သတ်သွားမည်ဟု ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ မွန်းလွဲ(၁)နာရီ တွင်ကျင်းပပြုလုပ်ခဲ့ကြသည့် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(DMO)အစည်းအဝေးအရသိရသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့သော ဆိုင်ကယ်၊ကားသွားလာမှုများကို တားဆီးကန့်သတ်ရခြင်းဖြစ်ကြောင်း၊ အရေးပေါ်ယာဉ်များနှင့် လုပ်ငန်းဆေင်ရွက်ရန်လိုအပ်သည့်ယာဉ်များကိုသာ တောင်ပေါ်သို့ယာဉ်ဖြင့်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မော်တော်ကားများအား (၁၀)မိုင်စခန်းဝန်းကျင်၌လည်းကောင်း မော်တော်ဆိုင်ကယ်များအား (၁၁)မိုင်(၁)ဖာလုံ(ဆမီးလမ်းခွဲ)အထိသာလည်းကောင်း တက်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း DMO အစည်းအဝေးဆုံးဖြတ်ချက်အရသိရသည်။
မကြာသေးမီကရှာဖွေတွေ့ရှိထားသည့် လမ်းကြောင်းအသစ်အပါအဝင် လက်ရှိတွင် ဝိတိုရိယတောင်တက်လမ်း(၃)ခုရှိရာအနက် ဆမီးလမ်းခွဲမှ နောက်ဆုံးရှာဖွေထားသည့်လမ်းကြောင်းအတိုင်းတက်မည်ဆိုပါက (၂)မိုင်ဝန်းကျင်သာရှိမည်ဖြစ်ပြီး ယင်းလမ်းကြောင်းသစ်သည် အတိုဆုံးလမ်းကြောင်းဖြစ်မည့်အပြင် ဓာတ်ပုံရိုက်ကူးလိုသူများအတွက် သာယာလှပသည့်ရှုခင်းများစွာဖြင့်ပြည့်နှက်နေကြောင်း လမ်းကြောင်းအသစ်ရှာဖွေရေးတွင် ပါဝင်ခဲ့သည့် ဒေသခံဧည့်လမ်းညွှန်တစ်ဦးကပြောသည်။
ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(DMO) အစည်းအဝေးတွင် (၁၀)မိုင်စခန်း၌ သောက်သုံးရေရရှိရေး၊ ကိုးလောင်းရေတံခွန်ဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်နှင့်နားနေရန်ကွပ်ပျစ်များ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက်လိုအပ်သည့် ဆက်လက်အကောင်အထည်ဖော်ရမည့်အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုလိန်း(ကန်ပက်လက် )

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 12:00

Telephone

09975558401

Alerts

Be the first to know and let us send you an email when New Cannan Tour and Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Cannan Tour and Travel:

Share

Category