30/01/2021
အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။
ပြည်တွင်းလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို သက်ဆိုင်ရာမှ ချမှတ်ထားသော လူထုကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး ပြန်လည်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။
Credit post to YIA