04/02/2018
ချင်းအမျိုးသားနေ့တွင် ချင်းပြည်နယ်ကန်ပက်လက်မြို့ကိုအရာက်သွားပြီး နာမည်ကျော် နတ်မတောင် (ခေါ်) ဝိတိုရိယတောင် (ခေါ်) ခေါနူစုမ်တောင် သို့ အလည်အပတ်သွားချင်သောသူများ ရုံးပိတ်ရက်နှင့် အဆင်ပြေစေနိုင်ရန်အတွက်
၁၆.၂.၂၀၁၈ ည ၈:၀၀ နာရီခန့်တွင် ရန်ကုန်မြို့စုရပ်မှစတင်ထွက်ခွာ၍ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းတွင်ညလည်စာသုံးဆောင်ပြီး ကျောက်ပန်းတောင်းမြို့သို့ဆက်လက်ထွက်ခွာပါမည်။ ကျောက်ပန်းတောင်းမြို့တွင် နံနက်စာသုံးဆောင်ပြီး ကန်ပက်လက်မြို့သို့ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကို ကန်ပက်လက်မြို့ မရောက်မှီ ဆောမြို့တွင်သုံးဆောင်ပြီး ကန်ပက်လက်မြို့သို့ဆက်လက်ထွက်ခွာပါမည်။
၁၇.၂.၂၀၁၈ ရက်နေ့လည်တွင်ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ရောက်ရှိပါမည်ဖြစ်ပြီး ချင်းရိုးရာနှာခေါင်းဖြင့်ပုလွေမှူတ်ခြင်း၊ ချင်းရိုးရာယဉ်ကျေးမှူဖြစ်သော မျက်နှာတွင်ဆေးမှင်ကြောင်(ပါးရဲ) ထိုးခြင်း ပြုလုပ်ထားသောချင်းအဖွားအိုများနှင့် အမှတ်တရဓါတ်ပုံရိုက်ခြင်း များပြုလုပ်ပီး တောင်ပေါ်ရှိ Mountain View ဟော်တယ်တွင်တည်းခိုမည်ဖြစ်ပါသည်။ ဟော်တယ်တွင်တည်ခင်းသောညစာကို အရသာရှိစွာသုံးဆောင်ပြီး သင်၏တညတာကို အေးစိမ့်သော တောင်ပေါ်ဒေသလေးတွင် အနားယူအိပ်စက်ပြီးဖြတ်သန်းကြတာပေါ့။
၁၈.၂.၂၀၁၈ မနက် ၆:၃၀ ခန့်တွင် ဟော်တယ်မှ စတင်ထွက်ခွာ၍ ဆယ်မိုင်ခရီးရှိသော နတ်မတောင်ခြေသို့ အရောက်သွားပါမည် ။ ထို့နောက် သဘာဝရှူခင်းများကြည့်ရှူရင်း ၃ မိုင်ခွဲ ခန့် ခရီးရှိသော တောင်တက်ခရီးအားလမ်းတလျှောက်ဓါတ်ပုံများရိုက်ရင်း တူတူတက်ပြီးတိမ်တွေဖုံးနေတဲ့တောင်ပေါ်ရှူခင်းမှာတဝကြီးခံစားကြမယ်လေ။ တောင်ပေါ်မှပြန်ဆင်းပြီး နေ့လည်စာစား ၊ချင်းပြည်နယ်အပြန်လက်ဆောင်များအတွက်ဈေးဝယ်ထွက်ပါမည်။ ထို့နောက်ဟိုတယ်သို့ပြန်နားပြီး ဟော်တယ်၌ညစာစား ၊ ခေါင်ရည်သောက်ရင်း ချင်းရိုးရာအကများဖြင့်ဖျော်ဖြေမှူများပါဝင်တဲ့မီးပုံပွဲကို ပျော်ရွှင်စွာ ဆင်နွှဲမယ်လေ။
၁၉.၂.၂၀၁၈ မနက် ၇:၀၀ နာရီအချိန်မှာစတင်ထွက်ခွာပြီး အပြန်မှာ မြန်မာတွေရဲ့ရာဇဝင်မြို့တော်ကြီးဖြစ်တဲ့ ပုဂံမြို့မှာနေ့လည်စာစားပြီး ၊ အာနန္ဒာ၊ လောကနန္ဒာ၊ ရွှေစည်းခုံ၊အလိုတော်ပြည့် ဘုရားများကိုဝင်ဖူးမှာဖြစ်ပါတယ် ထို့နောက်ညနေဘက်တွင်ဆက်လက်ထွက်ခွာ၍ ကျောက်ပန်းတောင်းမြို့၌ညစာစားပြီး ရန်ကုန်သို့တိုက်ရိုက်ထွက်ခွာမှာဖြစ်ပါသည်။
ခရီးစဉ်တလျှောက်တွင် ခရီးသွားဧည့်သည် ၁၀ ဦး နှင့်အတူ ခရီးစဉ်ခေါင်းဆောင် နှင့် ယာဉ်မောင်းတဦးတို့ပါဝင်မည်ဖြစ်ပြီး။ Hiace Commuter 14 Seats ကားဖြင့်သွားမည်ဖြစ်ပါသည်။
အစားအသောက် စားရိတ်ငြိမ်း တဦးလျှင် 200,000 ကျပ် ကျသင့်မည်ဖြစ်ပြီး
စိတ်ပါဝင်စားပါက
095114789, 09450857222 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။