16/08/2026
ချင်းမိုင်က ဘုရားဖြူ 🙏
ချင်းရိုင်က ဘုရားဖြူ သွားဖို့ မအားလပ် တဲ့ ချင်းမိုင်ရောက် ရွှေမြန်မာတို့ သွားရောက်လည်ပတ်လို့ရတဲ့ ချင်းမိုင်က တောင်ပေါ် ဘုရားဖြူ
ရန်ကုန်က စွယ်တော် ဘုရား တို့ ကမ္ဘာအေး ဘုရားတို့နှင့် ပုံစံလေးအနည်းငယ်တူပါတယ်။
🚗ရင်ပြင်နားထိ ကိုယ်ပိုင်ကားနဲ့တက်လို့မရဘူးနော် ကားကိုအောက်ခြေကားပါကင်မှာ ရပ်ထားခဲ့ပြီး တစ်ဦး ၄၀ ဘတ် ဖြင့် အသွားအပြန်ကားအနီနဲ့ လေးတွေနဲ့တောင်ပေါ်တက်ရပါတယ်။
ကားနီလေးတွေဂိတ်ဆုံးတဲ့တောင်ပေါ်နေရာကနေ ဘုရားပေါ်ထိကို buggy ကား လေးတွေနဲ့တဆင့် ထပ်လိုက်ပို့ပါတယ် buggy မစီးချင်ရင်တော့လမ်းလျှောက်လဲရပါတယ်နော် အများဆုံးမှ ၃ မိနစ်ပါပဲ တောင်တက်လမ်းလေးလျှောက်ရတာ သာယာပါတယ် ။ခဏလေးပဲလျှောက်ရတာပါ 😊
🙏ဘုရားရှိခိုးချင်တဲ့သူတွေအတွက်လည်း ဘုရားအထဲမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရှိခိုးလို့ ရတဲ့ နေရာတွေရှိပါတယ်။
🐉 ထူးခြားတာတစ်ခုက ပုံမှန်ဘုရားတွေမှာမြင်နေကျ က စောင်းတန်းလှေကားတလျှောက် နဂါးရုပ်တွေက အထက်ကနေ အောက်ကို ဆင်းသွားတာမျိုးဖြစ်ပြီး ခုဘုရားဖြူမှာတော့ နဂါးရုပ်က အောက်ကနေ အပေါ်ကိုတက်လာတဲ့ပုံစံမျိုးတွေ့ရပါတယ် ( မန္တလေးတောင်ပေါ်ဘုရားကိုသတိရသွားစေပါတယ်) ။
📸 ဓာတ်ဖမ်းချင်တဲ့သူတွေ အတွက်လည်း ချင်းမိုင်တောင်ပေါ်ရူခင်းမြင်ရတဲ့view လေးတွေရှိပါတယ်
သွားရောက်လည်ပတ်လို့ရအောင် LTE Tour မှ ခရီးသွားtip လေးတခုအနေဖြင့်sharingလုပ်ပေးလိုက်ပါတယ်နော်
နောက်ထပ်လဲ လည်ပတ်စရာနေရာ အသစ်အသစ်လေးတွေလဲ page မှာတင်ပေးသွားပါ့မယ်။
Location map 👇
Wat Phra That Si Mueang Pong - white temple
https://maps.app.goo.gl/Y7h1p2cZmeoGuyrr8
ခရီးစဉ်ဖန်တီးချင်တာလား ?
လည်ပတ်ဖို့ကားအငှားလိုချင်တာလား ?
ဟိုတယ် booking တွေလုပ်ချင်ချင်တာလား ?
Flight Ticket တွေဖြတ်ချင်တာလား ?
ခရီးနဲ့ပက်သက်တာ ဆို LTE Tour ကအမျိုးတို့အတွက်အမြဲအသင့်ရှိနေပါ့မယ်နော် 😊🤟
☎️ မြန်မာဖုန်း - 09 420 219 825, 09 459 448 747 (Viber / Whatsapp / Telegram )
☎️ ထိုင်းဖုန်း - 0633103321, 0633058658
🏠 လိပ်စာ - အမှတ် (၁၁၈)၊ နွယ်သာဂီလမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
“လွယ်ကူသက်သာ ခရီးသွားပါ”
𝗟𝗲𝘁’𝘀 𝗧𝗿𝗮𝘃𝗲𝗹 𝗘𝗮𝘀𝗶𝗹𝘆
#ချင်းမိုင်