Explore Asia Travel

Explore Asia Travel Tour Company based in Yangon with network around South East Asia. www.exploreasiatour.com We have local presence with global experience.

We a group of travel enthusiasts started Explore Asia Tour out of our passion for traveling. Here we strive to give best service while making your trip a leisure and worthwhile. We hand pick services before we present them to you and through technology we bring you up-to-the-minute travel information that will save you time and make travel expense management a breeze.

07/04/2021
24/02/2021







ထိုင်းတွင်
ပြည်သူတို့ ဆန္ဒ သဘောထား မပါသော
အင်ဒို -မြန်မာ -ထိုင်းတွေ့ဆုံ ဆွေးနွေးပွဲ ၏ရလာဒ်
မည်သည် ဆုံးဖြတ်ချက် မျိုး ကိုမဆို
မြန်မာပြည်သူ တစ်ယောက်အနေဖြင့်
လုံးဝ လုံးဝ လက္မခံပါ ❌
ကန့်ကွက် ဆန့်ကျင် ရှုံ့ချပါသည် ❌

(In Thailand)
As a Burmese citizen
I absolutely
condemns against any decisions as an
Outcome of the Indo-Myanmar-Thailand Dialogue
which does not reflect the will of people of Myanmar.

(Behasa)

(Di Thailand)
Sebagai warga negara Myanmar saya sama sekali mengutuk Keputusan apapun yang diambil dari Hasil Dialog antara Indo-Myanmar-Thailand bukan Keinginan Rakyat Myanmar.










  #မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အချာအာဏာကွနိရက်
24/02/2021


#မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အချာအာဏာကွနိရက်


Bangkokတွင် အာဆီယံ နိုင်ငံခြား​ရေးဝန်ကြီးများတခါးပိတ်​ဆွေး​နွေးသည်ဟုသိရသည်။ ၄င်းတို့ဘယ်လိုဘဲဆုံးဖြတ်ဆုံးဖြတ် ပြည်သူ​တွေလက်မခံ​ကြောင်း

tagသုံးပြီး post လူအများpostတင်ကြပါ။ share ကြပါ။




20/02/2021

"စစ်သူပုန် မင်းအောင်လှိုင် အုပ်စု၏ ရေသောက်မြစ်ကိုဖျက်ကြစို့"

အလွန်အရေးကြီးပါသည်။ များများရှယ်ပေးကြပါ။ကျေးဇူးပြုပြီး ကိုယ့်ဝေါပေါ်တင်ပေးပါ။

Civil Disobedience Movement (CDM) ဆိုသည်မှာ တပြည်လုံးအတိုင်းအတာဖြင့် ယန္တရားကြီးတခုလုံးရပ်တန့် သွားအောင် လုပ်ဆောင်ခြင်းဖြစ်၍ ပြည်သူ့ဝန်ထမ်းများသာမကပဲ ပုဂ္ဂလိကဝန်ထမ်းများ နိုင်ငံခြား ကုပ္မဏီမှဝန်ထမ်းများပါ ပါပူးပေါင်းပါဝင်ကြပါ။

သတင်းအချက်အလက်များကိုပေးပို့လာသောပြည်သူအားလုံးကို မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာကွန်ရက် မှကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အခွန်အကောက်များမပေးပါနဲ့ (No Tax and Revenue for Junta – No Money and then No Budget)

ငွေကြေးလည်ပတ်မှူမရှိပဲတိုင်းပြည်ကိုလည်ပတ်နိုင်ရန်မဖြစ်နိုင်သည့်အတွက် ပြည်သူပြည်သားများမှအခွန်အကောက်များမပေးဆောင်ပဲနေခြင်းဖြင့် စစ်အာဏာရှင်စနစ်၏ ဘဏ္ဍာရေး ကိုဖြတ်တောက်ကြပါ။

ဘဏ်လုပ်ငန်းများအားလုံးရပ်ဆိုင်းပါ (No Bank and then No Money Flow)

• အစီုးရဘဏ်ဝန်ထမ်းများအားလုံးအလုပ်မဆင်းကြပါနဲ့။
• မဟာဗန္ဓုလပန်းခြံ လမ်းမှာရှိတဲ့ MFTB Bank နဲ့
• ဗိုလ်အောင်ကျော် မဟာဗန္ဓုလ လမ်းထောင့်နားက MICB Bank ကဝန်ထမ်းများ CDM ပူးပေါင်းပါဝင်ကြပါ။
• (အဲ့ဒီဘဏ်နှစ်ခုကို CDM လုပ်နိုင်ရင် ပြည်ပ ငွေပေးငွေယူ အရောင်းအဝယ် ရပ်သွားပါပြီ)။
• KBZ ဘဏ်များ တကယ်လို့ ဖွင့်လှစ်ခဲ့ရင် ပြည်သူများ ငွေထုတ်ယူကြပါ။ သပိတ်မှောက်ကြပါ။

အိုင်တီ Support များရပ်ပါ (No IT Sector and then No Function)

• ဗဟိုဘဏ် အကောက်ခွန် နဲ့ တခြား အစိုးရဌာန တွေကို support လုပ်တဲ့ IT company တွေCDM လုပ်ကြပါ။ ၎င်းတို့မှာ-
• NTT DATA ( Japanese Global Companies )
• DIR-ACE Technology(DAT)
• JICA
• Thuriya-ACE Technology(TAT)
• ACE-Banking
• MIT-Banking

သယ်ယူပို့ဆောင်ရေးယန္တရားအားလုံးရပ်ဆိုင်းပါ။ (No Transportation and then No Flow)

• အလုံ Asia World ဆိပ်ကမ်း
• ဗိုလ်အောင်ကျော်ဆိပ်ကမ်း
• သီလဝါဆိပ်ကမ်း
• ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရုံးများ CDM တွင်ပါဝင်ပါ။
• ATC (Air Traffic controller)လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများ၏CDM ကြောင့် မင်းအောင်လှိုင် အနေနဲ့တနေ့ကိုပျမ်းမျှမြန်မာငွေသိန်းပေါင်း၂၈၀၀ခန့်ဆုံးရှုံးနေပါသည်။ CDMလုပ်နေတဲ့ဝန်ထမ်းတွေကို ဝန်းရံပေးကြပါ။
• မြန်မာပြည်အနှံရှိ မီးရထား CDM ဝန်ထမ်းများကိုဝန်းရံပါ။ အထူးသဖြင့် စက်ခေါင်းမောင်းဆရာများကိုကာကွယ်ပေးပါ။

အကောက်ခွန် (No Custom and then No Revenue)

• Container Shipping Lines Agents များ လိပ်စာကို yellow pages မှာ ရှိပါတယ်၊ အဲ့ဒီရုံးခန်းတွေကို အီးမေးပို့ သို့မဟုတ် ကိုယ်တိုင်သွား CDM လုပ်ပေးဖို့ စည်းရုံးရင် ၊ booking တင်သူမရှိရင် ၊ သင်္ဘော အဝင်အထွက် တန့်သွားပါလိမ့်မယ် များ CDM မှာပါမှာပါ။
• မဟာဗန္ဓုလပန်းခြံ လမ်းမှာရှိတဲ့ MFTB Bank နဲ့ ဗိုလ်အောင်ကျော် မဟာဗန္ဓုလ လမ်းထောင့်နားက MICB Bank CDM မှာပါပါ။ (အဲ့ဒီဘဏ်နှစ်ခုကို CDM လုပ်နိုင်ရင် ပြည်ပ ငွေပေးငွေယူ အရောင်းအဝယ် ရပ်သွားပါပြီ။)
• နောက်တစ်ခုက ကုန်တင်သွင်း တင်ပို့ဖို့က သွင်းကုန် ထုတ်ကုန် လိုင်စင် လိုပါတယ်။ ဒါကြောင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ သွင်းကုန် ထုတ်ကုန် လိုင်စင် မလျှောက်ကြပါနဲ့။
• Container ကား ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး အဖွဲ့တွေ ကို yellow page ထဲ ရှာပြီး အကူအညီတောင်းနိုင်ပါတယ် ၊ CDM မှာပါမှာပါ။
• ရှင်းလင်းထုတ်ယူတဲ့ အပိုင်းကတော့ Clearing Agent တွေ ကြားခံလုပ်ကြတာမို့ Yellow Page ကပဲ အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်အသင်းတွေကို အီးမေးပို့ သို့မဟုတ် ကိုယ်တိုင်သွား CDM လုပ်ပေးဖို့ စည်းရုံးရင် ၊ CDM မှာပါမှာပါ။

အထက် တင်ပြပါ အချက် ၅ ချက်အနက် တစ်ခု နှစ်ခုလောက်ပဲ မိမိရရ ထိန်းချုပ်နိုင်ခဲ့ရင် ကုန်သွယ်မှု ကဏ္ဍတစ်ခုလုံး ပြိုကျပြီး အစိုးရဆီ ဒေါ်လာနဲ့ အခွန်ငွေ စီးဝင်နိုင်မယ့်လမ်း ပိတ်ဆို့ရပ်တန့် သွားပါလိမ့်မယ် ၊ အဲ့ဒါတွေပဲ လူဖြန့်ကျက်ပြီး ဂရုတစိုက် အာရုံစိုက်လိုက်ရင် သူတို့ရုံးတွေ သွားပြီး အသနားခံနေစရာ မလိုတော့ပဲ ၊ သူတို့ ရေသောက်မြစ်တွေကို ဖြတ်တောက်ပြီးသား ဖြစ်ပါ လိမ့်မည် ။

စွမ်းအင်ကဏ္ဏ (No Energy and then No Fuel and so No Moving)

• သီလဝါ Puma Energy (စစ်တပ်အတွက်လေယာဉ်ဆီဖြတ်တောက်ရန်)။
ကမ်းလွန်ရေနံတွင်းတွေကို ဆန္ဒပြပါ။ စွမ်းအင်ကဏ္ဍလုပ်ငန်းတွေကို ရပ်နားဖို့ အောက်ပါ ကုမ္ပဏီတွေကို လူထုဆန္ဒနဲ့ တောင်းဆိုကြပါ။ တစ်နိုင်ငံလုံးမှ (၄)ခုပဲ ရှိတာပါ။ နေ့စဉ်ဝင်ငွေ ဒေါ်လာသန်းချီပြီးခေတ္တရပ်နားထားမှာဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့လည်း နိုင်ငံတကာ ဖိအား ပိုမိုပေးလာမှာဖြစ်ပါတယ်။ ၎င်းတို့မှာ-
• ရဲတံခွန်ကမ်းလွန်ရေနံစင် (မလေးရှားနိုင်ငံ PETRONAS ကုမ္ပဏီ)
• ရတနာကမ်းလွန်ရေနံစင် (ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီ)
• ဇောတိကကမ်းလွန်ရေနံစင် (ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီ)
• ရွှေကမ်းလွန်ရေနံစင် (ကိုရီးယားနိုင်ငံ Daewoo/ Posco ကုမ္ပဏီ)

ရေနံကုမ္ပဏီတွေအနေနဲ့လည်း ရန်သူမျိုးငါးပါး ဒုက္ခကြုံရတဲ့အခါ Product Sharing Contract (သူတို့အခေါ် PSC) အရလုပ်ငန်းရပ်နားခွင့်ရှိပါတယ်။ စွမ်းအင်ကဏ္ဍက အရင်ခေတ် နိုင်ငံဝင်ငွေအတွက် လက်မအထောင်ဆုံး ကဏ္ဍပါ။ ရေရှည်ဒုက္ခပေးအောင် မီးရှို့ဖျက်ဆီးခိုင်းတာ/ ရုံးပိတ်ပြန်ခိုင်းတာလဲ မဟုတ်ပါဘူး။ PUMA လိုပဲ Temporary Suspension လုပ်ခိုင်းတာပါ။

အဆင့် (၁) ကျေးဇူးပြုပြီး သည် link (https://t.co/RwmqcdzTWy) လေးမှာ ဝိုင်းဝန်း လက်မှတ်ထိုးပေးကြပါ။
အဆင့် (၂) ရဲတံခွန်ကို CDM ထဲပါဖို့အားပေးရန် မလေးရှားသံရုံးရှေ့မှာ ဆန္ဒပြကြပါ (လိပ်စာ - https://t.co/UGSyvSNb12)။ ပြီးတော့ မလေးရှားနိုင်ငံ PETRONAS ရုံးချုပ်ရှေ့မှာ ဆန္ဒပြပေးပါ (လိပ်စာ - https://t.co/wD86cQ9mo4)။ ပြီးတော့ ရန်ကုန် PETRONAS ရုံးရှေ့မှာဆန္ဒပြပေးပါ (လိပ်စာ - https://t.co/FiI4mnyQUO)
အဆင့် (၃) ရတနာကမ်းလွန်ကို CDM ထဲပါဖို့ ပြင်သစ်သံရုံးရှေ့မှာ ဆန္ဒပြကြပါ (လိပ်စာ - https://t.co/ADhTeqBN1Y ) ပင်သစ်နိုင်ငံ TOTAL ရုံးချုပ်ရှေ့မှာ ဆန္ဒပြပေးပါ (လိပ်စာ - https://t.co/zYqTJi8oNY)။ ပြီးတော့ ရန်ကုန် TOTAL ရုံးရှေ့မှာဆန္ဒပြပေးပါ (လိပ်စာ - https://t.co/ZDRyKQwXiZ)
အဆင့် (၄) ဇောတိကကို CDM ထဲပါဖို့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြကြပါ။

• ကျောက်ဖြူရေနက်ဆိပ်ကမ်း မှ ရေကြောင်းပြများ၊ Line Man များ၊ Loading Masterများ၊ Surveyorများ၊ ဝန်ထမ်းများအားလုံးကို CDM တွင်ပါဝင်ပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်း ၏ လုပ်ငန်းများအားလုံး ရပ်ဆိုင်း၍ ထိုပိုက်များပိတ်နိုင်ပါက တရုတ်နိုင်ငံသို့ ဆီမပို့တော့သဖြင့် တရုပ်မှသူ့အကျိုးစီးပွါးကိုထိခိုက်စေသော မင်းအောင်လှိုင် ကိုဖိအားပေးမှာ ကြောင့် စစ်အုပ်စု အထိနာမှာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာအာဏာကွန်ရက်

19.02.2021

#မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာအာဏာကွန်ရက်
#ဦးမျိုးရန်နောင်သိန်း
#ဦးမျိုးရန်နောင်သိမ်း



#များများရှယ်ပေးကြပါ





#အာဏာရှင်စနစ်ကျဆုံးပါစေ

08/02/2021
07/02/2021

မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အချာအာဏာကွန်ရက်။

သပိတ်မှောက်စစ်ကြောင်းများအားလုံးသို့-

#ကြွေးကြော်သံ။

၁။အမေစု နှင့် သမ္မတကြီးအပါအဝင်ခေါင်းဆောင်အားလုံးလွတ်ပေးရေး

၂။ ၂၀၂၀ရွေးကောက်ပွဲရလဒ်အကောင်အထေည်ပေါ်ရေး

၃။ တတိယအကြိမ်လွှတ်တော်ခေါ်ယူရေးနှင့်အစီုးရဖွဲ့စည်းရေး။

အမေစုကျန်းမာပါစေ။
သမ္မတကြီးကျန်းမာပါစေ။

ပြည်သူ့စစ်သားတို့စစ်သား။

ပြည်သူ့ရဲများ တို့ရဲများ။

#ရှေ့လုပ်ငန်းစဉ်။

၁။တနင်္လာနေ့မှစ၍ ဝန်ထမ်းအားလုံးသပိတ်မှောက်မည်။

၂။ နယ်မြို့များလုံးတနင်္ဘာနေ့မှစ၍သပိတ်မှောက်စစ်ကြောင်းများထွက်ကြမည်။

၂။ သပိတ်မှောက်စစ်ကြောင်းတပ်ဦးတိုင်းတွင် NLD အလံလွှင့်ထူရမည်။

၃။ Civil Disobedience Movementတွင်ပါဝင်သော ဝန်ထမ်းများကိုကူညီရန် မြို့နယ်တိုင်း၊ မြို့တိုင်းတွင်ဖွဲ့စည်းရမည်။

၄။ မြို့နယ်တိုင်း ရွာတိုင်း တွင်ကော်မတီဖွဲ့စည်းရန်။

#မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အချာအာဏာကွနိရက်

မြန်မာနိုင်ငံကိုချစ်သူတိုင်းကျေးဇူးပြု၍ဆက်ဖြန့်ပေးပါ။

05/02/2021

Address

Yangon
11182

Alerts

Be the first to know and let us send you an email when Explore Asia Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category