TripStar Travel

TripStar Travel Myanmar Travel Specialist! TripStar Travel specialized in Myanmar Tours Packages. We pride ourselves

Our Service

TripStar Travel specialized in Myanmar Tours Packages. We pride ourselves on our expertise, service and our passion for Myanmar Holidays. We can help you make the most of your trip down under, with great deals on holidays, flights, hotels, cruises and transportation.

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုကနေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊ ‎ မျက်နှာသစ်လိုက်တာတို့ကြ...
18/05/2021

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

မင်းနေလျံ
(Dr. မျိုးသန့်နိုင်-ဆေး မကွေး)

#အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) #အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း






#ကျန်းမာရေး
#ဗဟုသုတ

14/03/2021


အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါ
အိမ်တိုင်းဒီအချိန်မှာ ဝယ်ထားကြပါ
ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်
အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...
ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...
တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...
ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်... လိုတာရှိ ထပ်ဖြည့်ပေးကြပါ..
ဝယ်ထား/ဆောင်ထားသင့်တာတွေက
Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်
4” bandage (ပတ်တီး) ၂ထုပ်
2” bandage ၂ထုပ်
1” Paper tape ၁ဗူး
Septidine 1 box
Hansaplast ၁ထုပ်
E-glove (လက်အိတ်)medium size ၁ဗူး
Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)
ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)
ဓာတ်မီး
ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)
သောက်ဆေးတွေက
Ampiclox (ပိုးသတ်ဆေး) ၁ဗူး
Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး
Omeprazole ၁ဗူး
ဓာတ်ဆားထုပ်
ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့
ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု
Cannula size စုံ လေးခုစီ
ဒဏ်ရာရတဲ့သူ တွေ့ရင်
(၁) သွေးတိတ်အောင် လုပ်ပါ..
အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..
သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
ဒဏ်ရာရဲ့ အထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquet က ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..
အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..
Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံပြီးစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ
သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..
ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ..
***ပက်လက်အနေအထားပဲ လူနာကို ထားပါ
(၂) အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
= လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ဖနောင့်ထားပြီး ဖိရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..
ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..
နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..
လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..
ဓာတ်ဆားရည် တိုက်ထားပေးပါ..
ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....
နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..

(15/03/21)

13/12/2020

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်
လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏
stay at Home သတ်မှတ်ချက်ပေါ် မူတည်ကာ
လိုက်ပါမည့် ခရီးသည်များလိုက်နာဆောင်ရွက်ရမည့် COVID- 19 ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့်
အသွားအလာ ကန့်သတ်ခြင်း
(က) ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း
Rapid Antigen Diagnostic Test (NDT)ဖြင့်
စစ်ဆေးထားသည့် coVID-19 ရောဂါပိုးမရှိကြောင်း
ဓါတ်ခွဲစမ်းသပ်ချက်ကို Check-inဝင်သည့်အချိန်၌
တင်ပြနိုင်ရမည်။
(ခ) Check-in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာဖြည့်စွက်ရာတွင် ဆိုက်ရောက်သည့်မြို့၌တည်းခိုမည့်
နေရာကို တိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။
(ဂ) Stay-at-Home ဒေသမှ လာသောခရီးသည်များအနေဖြင့် Non-Stay-at-Home ဒေသသို့ရောက်ရှိပါ
က Facility Quarantine(သို့မဟုတ်)
Hotel Quarantine ဝင်ရမည်။ ရောက်ရှိသည့်နေ့၌ Facility Quarantine မလုံလောက်ပါက Hotel Quarantine ကိုမိမိစရိတ်ဖြင့်ဝင်ရောက်ရမည်။ Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR Testကိုမိမိစရိတ်ဖြင့်စစ်ဆေး၍
ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်သည်။ RT.PCR Test ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ Rapid Antigen Diagnostic Test (NDT) ဖြင့်သာစစ်ဆေး
ပါက Quarantine ကို (၇) ရက်အကြာဝင်ရမည်။
စစ်ဆေးမှုစရိတ်များကိုအောက်ပါအတိုင်း မိမိစရိတ်ဖြင့်ပေးချေရမည်။
စစ်ဆေးမှုအမျိုးအစား
Reverse Transcriptase Polymerase Chain Reaction
Test (RT-PCR)တစ်ကြိမ်ဈေးနှုန်း ၃၅,၀၀၀ ကျပ်
Rapid Antigen Diagnostic Test
(RDT)တစ်ကြိမ်ဈေးနှုန်း ၁၀,၀၀၀ ကျပ်
(ဃ) Stay-at-Home ဒေသမှလာသောခရီးသည်များအနေဖြင့် အခြား Stay-at-Homeဒေသသို့ သွားပါက ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid
Antigen Diagnostic Test (NDT) ဖြင့်စစ်ဆေး
ထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။
(c) Non-Stay-at-Homeဒေသမှ လာသောခရီးသည်
များအနေဖြင့် မည်သည့်ဒေသသို့ပင်သွား စေကာမူ
ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid AntigenDiagnostic Test (RDT)ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။
(စ) သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက
ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်
များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။
(ဆ) ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်
ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ် ခရီးစဉ်တွင်လိုက်ပါရမည်။
(သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့်
လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်
များအား မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်၊)
မှတ်ချက်။ ။Quarantine ဆိုင်ရာသတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်အခြေအနေအချိန်အခါ
(Changing Epidemiological Situation) ပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
(၅.၁၂..၂၀၂၀)
Credit: Ma Ma Yangon
Via U Char lie Soe

မြန်မာ့ အံ့ဖွယ်နေရာ (၇)ခုကမ္ဘာပေါ်မှာ သမိုင်းကြောင်းအရ၊ ဗိသုကာလက်ရာအရ၊ အရွယ်အစားအရ၊ သဘာဝရဲ့ဖန်တီးမှုအရ အံ့ဖွယ်အဖြစ်သတ်မှ...
22/09/2020

မြန်မာ့ အံ့ဖွယ်နေရာ (၇)ခု

ကမ္ဘာပေါ်မှာ သမိုင်းကြောင်းအရ၊ ဗိသုကာလက်ရာအရ၊ အရွယ်အစားအရ၊ သဘာဝရဲ့ဖန်တီးမှုအရ အံ့ဖွယ်အဖြစ်သတ်မှတ်ထားတဲ့ နေရာဒေသတွေရှိပါတယ်။ သမိုင်းကြောင်း အစဉ်အလာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ များပြားလှတဲ့ မြန်မာနိုင်ငံရဲ့ အံ့ဖွယ်(၇)ခုက ဘာတွေများဖြစ်မလဲ လေ့လာကြည့်ရအောင်ဗျာ...။

၁။ ရွှေတိဂုံစေတီတော်

မြန်မာနိုင်ငံရဲ့ အံ့ဖွယ်တွေအကြောင်းပြောမယ်ဆိုရင် ရွှေတိဂုံစေတီတော်ကြီးကနေ စပြောရပါလိမ့်မယ်။ ရွှေတိဂုံစေတီတော်ကြီးဟာ ရန်ကုန်မြို့ သိဂုင်္တ္တရကုန်းတော်တွင် တည်ရှိပြီး ဖိနပ်တော်ကနေ စိန်ဖူးတော်အထိ ဉာဏ်တော်အမြင့် (၃၂၆) ပေ ရှိတဲ့အတွက် ရန်ကုန်မြို့မနီးမဝေးနေရာတော်တော်များများကို ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်ပါတယ်။ ပွင့်လေပြီးသော ဘုရားလေးဆူရဲ့ ဓာတ်တော်မွေတော်များကို ဌာပနာပြီး တည်ထားခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ စေတီတော်တစ်ဆူလည်း ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကြီး တစ်ခုလုံးကို ရွှေပြားချပ်ရေပေါင်းများစွာဖြင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ထားသလို ထီးတော်၊ ငှက်မြတ်နားတော်တို့မှာလည်း စိန်ရွှေငွေ ကျောက်သံပတ္တမြားများဖြင့် စီချယ်ပူဖော်ထားပါတယ်။ ရွှေတိဂုံစေတီတော်ကြီးဟာ ဘာသာရေးနယ်ပယ်ရဲ့ အံ့ဖွယ်တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗိသုကာ၊ ပန်းပုအတတ်ပညာနဲ့ အနုပညာလက်ရာ အမွေအနှစ်များရဲ့ ပြယုဂ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

ထောင်ပေါင်းများစွာသော ရှေးဟောင်း စေတီပုထိုးများတည်ရှိရာ ပုဂံယဉ်ကျေးမှုနယ်မြေကတော့ မန္တလေးတိုင်း ညောင်ဦးမြို့ အနီးမှာတည်ရှိပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းမှာ တည်ရှိတဲ့ ပုဂံမြို့ဟောင်းနဲ့ အနီးတဝိုက်မှာ ပထမမြန်မာနိုင်ငံတော်ရဲ့ အငွေ့အသက်တွေ၊ ဘာသာရေးကို အလေးအမြတ်ထားပြီး ထက်သန်တဲ့ သဒ္ဒါတရားတွေကို ခံစားရစေနိုင်တဲ့ ရှေးဟောင်းစေတီပုထိုးပေါင်း ၂၀၀၀ ကျော်ကို အံ့မခန်းမြင်တွေ့ရနိုင်ပါတယ်။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့အတိုင်း ပြည်တွင်းက ခရီးသွားတွေလည်း အခါခါလာရောက်လေ့လာလည်ပတ်လေ့ရှိသလို ပြည်ပက နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အလွန်သဘောကျနှစ်သက်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဟာလည်း သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ ဗိသုကာလက်ရာနဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာလက်ရာတွေ စုစည်းတည်ရှိနေတဲ့ ရတနာသိုက်ကြီးလည်းဖြစ်ပါတယ်။

၃။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ဟာ အရှေ့ရိုးမတောင်တန်းမှာ ပါဝင်တဲ့ ပေါင်းလောင်တောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှ တန်ခိုးကြီး ဘုရားစေတီများထဲမှ တစ်ဆူဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟု အလွယ်ခေါ်ဆိုကြပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း (၃၆၀၀) ခန့် အမြင့်ရှိပါတယ်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ ထူးခြားဆန်းကြယ်လှပြီး ကျောက်ဆောင်တစ်ခုရဲ့ အစွန်းမှာ လုံးပတ် ပေ(၅၀)ခန့်ရှိတဲ့ ဦးခေါင်းပုံသဏ္ဍာန် ကျောက်တုံးကြီးက ပြုတ်ကျလုနီးနီး အနေအထားနဲ့ တင်လျက်ရှိပါတယ်။ ထိုကျောက်တုံးကြီးပေါ်မှာ ဉာဏ်တော် (၁)ပေခန့်ရှိတဲ့ စေတီငယ်တစ်ဆူကို တည်ထားတာဖြစ်ပါတယ်။

၄။ အင်းလေးကန်

အင်းလေးကန်ကတော့ စိမ်းညို့ညို့ ရှမ်းတောင်တန်းတွေရဲ့ကြားမှာ ကျယ်ပြောလှတဲ့ ရေပြင်ကျယ်ကြီးနဲ့အတူ တမူထူးခြားတဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုတွေ၊ သဘာဝအလှအပတွေ၊ သမိုင်းအစဉ်အလာတွေနဲ့ ဘာသာရေးအရ အလေးအမြတ်ယုံကြည်မှုတွေကို ပိုင်ဆိုင်ထားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၉၀၀)ကျော်တွင် တည်ရှိပါတယ်။ အကျယ်အဝန်းအားဖြင့် (၄၄.၉) စတုရန်းမိုင်/ (၁၁၆ စတုရန်းကီလိုမီတာ) ရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးကန်ပြီးလျှင် မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ရေကန်ကြီးလည်း ဖြစ်ပါတယ်။ သာယာလှပတဲ့ အင်းလေးကန်အတွင်းမှာ ခြေထောက်နှင့် လှေလှော်သည့် အင်းသားများ၊ အင်းရေပြင်ပေါ်တွင် ကျွန်းမျောများဖြင့် စိုက်ပျိုးထားသည့် ရေပေါ်စိုက်ခင်းများ၊ ရေပေါ်ရွာများကို တွေ့မြင်နိုင်သလို ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်စေတီ၊ ရွှေအင်းတိန်ဘုရားများကိုလည်း သွားရောက်ဖူးမျှော်နိုင်ပါတယ်။

၅။ မင်းကွန်း

ဧရာဝတီမြစ်အနောက်ဖက်ကမ်း၊ စကိုင်းဒေသကြီးအတွင်း တည်ရှိတဲ့ မင်းကွန်းမြို့ကတော့ ကြီး(၅)ကြီး တည်ရှိရာမြို့အဖြစ် ထင်ရှားပြီး ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေကြားမှာ လူသိများလှတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဘိုးတော်ဘုရားလက်ထက်က အပြီးတိုင် မတည်ဆောက်နိုင်ခဲ့တဲ့ (၁)မင်းကွန်းပုထိုးတော်ကြီးကို အံ့မခန်းဖူးမြင်ရမှာ ဖြစ်သလို ကမ္ဘာမှာ တတိယအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ (၂)မင်းကွန်းခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီးရှေ့က (၃)ခြင်္သေ့ရုပ်ကြီးများ၊ ကမ္ဘာမှာ ဉာဏ်အကောင်းဆုံးပုဂ္ဂိုဟ်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ (၄)မင်းကွန်းဆရာတော်ဘုရားကြီး၊ ပုထိုးတော်ကြီးအနီးရှိ (၅)ဘိုးတော်ဘုရားကောင်းမှုတော် ရေကန်ကြီးတို့က မင်းကွန်းမြို့ရဲ့ ကြီး(၅)ကြီးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြသိန်းတန်ဘုရားဟု လူသိများသည့် ဆင်ဖြူမယ်စေတီနှင့် ပုဂံမင်းတည်ထားခဲ့သည့် စက်တော်ရာဘုရားတို့ကိုလည်း ဖူးမျှော်နိုင်တဲ့ နေရာဖြစ်ပါတယ်။

၆။ မြောက်ဦး

ရခိုင်ပြည်နယ်မှာ တည်ရှိတဲ့ မြောက်ဦးမြို့ကတော့ ၁၅၀၀ ခုနှစ်များမှာ ဘုန်းမီးနေလ ထွန်းတောက်ခဲ့တဲ့ ရှေးရခိုင်မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။ အခုခေတ်အခါမှာ မြို့တော်ဟောင်းရဲ့ အထိမ်းအမှတ် အနည်းငယ်သာ ကျန်ရှိတော့ပေမယ့် လေ့လာစရာတွေ အများကြီးရှိနေသေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြောက်ဦးမြို့မှာလည်း ပုဂံကဲ့သို့ အံ့မခန်းဖွယ်ရာ ရှေးဟောင်းစေတီ၊ ပုထိုးတော်ကြီးတွေက နေရာအနှံအပြားမှာ တည်ရှိနေပါတယ်။ သျှစ်သောင်းဘုရား၊ ကိုးသောင်းဘုရားနဲ့ ထုက္ကန့်သိမ်တို့လို ကျောက်သားများဖြင့် ထုထည်ကြီးမားစွာ တည်ဆောက်ထားတဲ့ အဆောက်အဦတွေက ခရီးသွားဧည့်သည်တွေကို ရှေးခေတ်ဆီကို ပြန်ရောက်သွားသလို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် မြောက်ဦးမြို့ကတဆင့် လေးမြို့မြစ်အတိုင်း ဆန်တက်သွားပြီး မျက်နှာအပြည့် ပါးရဲ(ဆေးမင်ကြောင်)ထိုးထားသော အမျိုးသမီးများရှိရာ ချင်းရွာတွေကိုလည်း သွားရောက်လည်ပတ်လေ့လာနိုင်ပါသေးတယ်။

(၇) ငပလီ

မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းဒေသတစ်လျှောက် လှပတဲ့ကမ်းခြေတွေ အများအပြားရှိတဲ့အထဲကမှ ငပလီကမ်းခြေကတော့ အင်္ဂလိပ်ကိုလိုနီခေတ်ကစလို့ အခုအချိန်အထိ အလှဆုံးလို့ ပြောစမှတ်ပြုကြတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်အတွင်းမှာ တည်ရှိပြီး ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်၊ ဖြူလွလွသဲသောင်များနဲ့ ရှုမငြီးစရာ ပင်လယ်ပြင်အလှကို ခံစားနိုင်မှာဖြစ်ပါတယ်။ အနီးနားဝန်းကျင်က ကျွန်းငယ်လေးတွေဆီကို လှေစီးသွားပြီး ပင်လယ်ရေအောက်က အရောင်အသွေးစုံလင်တဲ့ ငါးမျိုးစုံနဲ့ သန္တာကျောက်တန်းတွေရဲ့အလှကို အပျော်တမ်းရေငုပ်ရင် ကြည့်ရှုနိုင်သလို သံတွဲမြို့ပေါ်က ဆံတော်၊ အံတော်၊ နံတော်စတဲ့ တန်ခိုးကြီးဘုရားစေတီတွေကိုလည်း သွားရောက်ဖူးမျှော်နိုင်ပါသေးတယ်။

Credit : Escape

Air KBZ ၏ "တစ်ဝက်ပေး အသွားအပြန်ခရီး" အထူးလက်မှတ်စျေးနှုန်းရောင်းချရက်နှင့်ခရီးသွားရက်များ တိုးမြှင့်လိုက်ပါပြီတဲ့ 😇ချစ်ခ...
21/08/2020

Air KBZ ၏ "တစ်ဝက်ပေး အသွားအပြန်ခရီး" အထူးလက်မှတ်စျေးနှုန်းရောင်းချရက်နှင့်ခရီးသွားရက်များ တိုးမြှင့်လိုက်ပါပြီတဲ့ 😇

ချစ်ခင်ရသော ခရီးသွားဧည့်သည်တော်များ၏ တောင်းဆိုမှုများအရ Air KBZ ရဲ့ "တစ်ဝက်ပေး အသွားအပြန်ခရီး" အထူးလက်မှတ်စျေးနှုန်းရောင်းချရက်အား ဩဂုတ်လ ၂၇ ရက်နေ့အထိတိုးမြှင့်ရောင်းချပေးမည့်အပြင် ဟဲဟိုး၊ ကျိုင်းတုံနှင့် ကျောက်ဖြူခရီးစဉ် ၃ ခုကိုပါ ထပ်ပေါင်းထည့်ပေးထားတာမို့ လာမည့်အောက်တိုဘာလပိတ်ရက်တွေမှာ ခရီးသွားဖို့စီစဉ်နေတဲ့ ဧည်သည်တော်များအတွက် ချိုသာသောလက်မှတ်စျေးနှုန်းများကို စိတ်ကြိုက်ဝယ်ယူနိုင်ပါပြီဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ဒေသတွင်းလေ့လာလည်ပတ်စရာနေရာများမှ ရင်သပ်ရှုမောဖွယ်ကောင်းသော အလှတရားများစွာကို ငေးမောခံစားနိုင်စေရန် ပြည်ပနိုင်ငံသားများအတွက်ပါ "တစ်ဝက်ပေး အသွားအပြန်ခရီး" လက်မှတ်များကိုအထူးလျော့စျေးနှုန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

"တစ်ဝက်ပေး အသွားအပြန်ခရီး" အထူးလျှော့စျေးဖြင့်ရောင်းချသော လက်မှတ်များမှာ အရောင်းသွက်တာမို့ ယခုပဲ ဘိုကင်တင်ဝယ်ယူဖို့မမေ့ပါနဲ့နော်

👉 ပြည်တွင်းပြည်ပနိုင်ငံသားအားလုံးအတွက်

👉 လက်မှတ်ဝယ်ယူရန်ကာလမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့အထိဖြစ်ပြီး ခရီးသွားရန်ကာလမှာ အောက်တိုဘာလ ၃၁ ရက်နေ့ထိဖြစ်ပါသည်။

👉 ခရီးစဉ်ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးစဉ်အချိန်ပြောင်းလဲခြင်း (တစ်ကြိမ်) ကိုခရီးသွားမည့်ရက်မတိုင်မီ ၃ ရက်ကြိုတင်၍ Air KBZ ရုံးချုပ် လက်မှတ်အရောင်းဌာနအားအကြောင်းကြားခြင်းဖြင့် အခမဲ့ဆောင်ရွက်နိုင်ပါသည်။

👉 အထူးပရိုမိုးရှင်းလေးတွေဖြစ်လို့ *** Terms & Conditions Apply and Limited Seats Available ဖြစ်ကြောင်းအသိပေးအပ်ပါသည်။.

ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို
အသေးစိတ် ဆက်သွယ်မေးမြန်းချင်ရင်တော့ အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့်ဖြစ်စေ ၊ viber ၊ whatapp (သို့) Email မှဖြစ်စေ ဆက်သွယ်နိုင်ပါတယ် ခင်ဖျာ။

09.43063646
09.666626426 [email protected]. Photo credit

Air KBZ ရဲ့ "Ta Wat Pay, Athwar Apyan Khayee" အထူးဈေးနှုန်းများ.....ခရီးစဉ်တစ်ကြောင်းစာ ဝယ်ယူရုံနဲ့ အသွားအပြန် လက်မှတ်ရရ...
17/08/2020

Air KBZ ရဲ့ "Ta Wat Pay, Athwar Apyan Khayee" အထူးဈေးနှုန်းများ.....

ခရီးစဉ်တစ်ကြောင်းစာ ဝယ်ယူရုံနဲ့ အသွားအပြန် လက်မှတ်ရရှိနိုင်မယ့် အခွင့်အရေး 🤩

ဝယ်ယူနိုင်မယ့် ကာလက သြဂုတ်လ (၂၀) ရက်နေ့ထိပဲဖြစ်ပြီး ခရီးသွားနိုင်မယ့်ကာလကတော့ စက်တင်ဘာလ (၃၀) ရက်နေ့ထိဖြစ်ပါတယ်ခင်ဖျာ။

ခုံအရေအတွက်လဲ ကန့်သတ်ထားပြီး ဝယ်ဖို့ရက်လဲ သိပ်မကျန်တော့ဘူးဆိုတော့ အခုပဲ
TripStar Myanmar Travel ကို ဖုန်းဆက်လိုက်တော့နော်။

တဝက်ပေး အစီအစဉ်လေးက မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပြီး Air KBZ မှသတ်မှတ်ထားတဲ့ စည်းကမ်းချက်များအတိုင်း ဝယ်ယူရမှာပဲ ဖြစ်ပါတယ် ခင်ဖျာ။

❌ ဖေါ်ပြထါးတဲ့ လက်မှတ်ဈေးနှုန်းများတွင် လေဆိပ်အခွန်အခများ မပါဝင်ပါ။

ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို
အသေးစိတ် ဆက်သွယ်မေးမြန်းချင်ရင်တော့ အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့်ဖြစ်စေ ၊ viber ၊ whatapp (သို့) Email မှဖြစ်စေ ဆက်သွယ်နိုင်ပါတယ် ခင်ဖျာ။

09.43063646
09.666626426 [email protected]. Photo credit

Address

No35, 11st Street, Lanmadaw Township Yangon
Yangon

Alerts

Be the first to know and let us send you an email when TripStar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category