Yangon Walking Tours

Yangon Walking Tours with a trail to passionate about history, politics , economic background and lead you with live screen as you are the one stick with reality. We lead you to the insight stories of Yangon or formally called Rangoon and to see their ways of life as you are.

Back to 2020’s memory
22/10/2024

Back to 2020’s memory

Yangon, I miss you so much…
30/01/2023

Yangon, I miss you so much…

Murderous madness has replaced the sweet life of a young democracy. The magnificent smiles of the Burmese disappeared drowned by torrents of tears and blood. The delirium of the junta was displayed on Facebook with an incredible degree of violence. […]

Yangon , a city into the dark!😢Photo Credit
30/03/2022

Yangon , a city into the dark!😢

Photo Credit

တချိန်က ရန်ကုန်မြို့ကို ကယ်တင်ခဲ့ကြဖူးတဲ့လူသားဆန်သောလူများ🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️ဂျပန်အဆုတ် အင်္ဂလိပ်အဝင်မှာ အရှေ့တော...
06/10/2021

တချိန်က ရန်ကုန်မြို့ကို ကယ်တင်ခဲ့ကြဖူးတဲ့
လူသားဆန်သောလူများ
🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️🏛️

ဂျပန်အဆုတ် အင်္ဂလိပ်အဝင်မှာ အရှေ့တောင်အာရှ စစ်သေနာပတိ မောင့်ဘက်တန်ဟာ ရန်ကုန်မြို့သိမ်းစီမံချက်တစ်ရပ်ကို စစ်ပါရဂူတွေနဲ့ ညှိနှိုင်းဆွေးနွေ ရေးဆွဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို ၁၉၄၄ခုနှစ်၊ နှစ်လည်ပိုင်းကတည်းက
ရေးဆွဲခဲ့တာဖြစ်ပြီး စစ်ဆင်ရေးနာမည်က
" ဒရက်ဂူလာစစ်ဆင်ရေး " တဲ့။

မောင့်ဘက်တန်အတွက် ရန်ကုန်သိမ်းစစ်ဆင်ရေးအတွက်
ရှေ့မှာ မနီလာမြို့သိမ်းတိုက်ပွဲ သင်ခန်းစာက ရှိနေခဲ့ပါတယ်။
မနီလာမှာ ဂျပန်တွေဟာ သူရဲကောင်း ဘူရှီဒိုစိတ်ဓါတ်နဲ့
အသေအကျေ ကာကွယ်ကြပြီး ဖက်ဆစ်ပီပီတော့
လုပ်လိုက်ကြတာ။ လူသားတံတိုင်း လုပ်ခံရတဲ့ ပိတ်မိနေတဲ့ အရပ်သား တစ်သိန်းကျော်သေခဲ့ပါတယ်။

အဲ့ဒီ့အတွက်လည်း မောင့်ဘက်တန်ဟာ ရန်ကုန်မြို့သိမ်း
စစ်ဆင်ရေးကို တော်တော် စိတ်ပူနေမိပါတယ်။
ရန်ကုန်ကို အဲ့ဒီလိုအဖြစ် မခံနိုင်လို့ ဒရက်ဂူလာစစ်ဆင်ရေးကို သေချာရေးဆွဲ လုပ်ဆောင်နေခဲ့ပါတယ်။

မောင့်ဘက်တန်လို ရန်ကုန်အတွက် စိတ်ပူနေသူ
နောက်တစ်ဦးက အဓိပတိ ဒေါက်တာဘမော်ပါ။

ဂျပန်ဟာ စစ်ရှုံးမှာ သေချာနေပါပြီ။
ရန်ကုန်ကို ဗြိတိန်ဟာ အင်အားအလုံးအရင်းနဲ့
ဝင်သိမ်းပါတော့မယ်။ ဒါကို ဂျပန်က ရန်ကုန်က ခုခံရင်
မနီလာထက် ပိုဆိုးသွားနိုင်ပါတယ်။
ကုန်ကုန်ပြောရင် ရန်ကုန်ဟာ ရှိခိုးစရာ ရွှေတိဂုံတောင်
မကျန်ပါဘူး။ ဘာလို့လဲဆိုရင် ဂျပန်အမြှောက်တပ်ဟာ ရွှေတိဂုံကုန်းမှာ အခိုင်အမာ တပ်စွဲထားလို့ပါ။

ဒါကို ဗြိတိသျှလေတပ်က အရင်ဖြိုရမှာပါ။
ဒီတော့ ဒေါက်တာဘမော်ဟာ ဗမာပြည်စစ်တာဝန်ခံ
ဂျပန်အရာရှိ ကီမူရာကို တောင်းပန်ရပါတော့တယ်။
ရန်ကုန်ကနေ မခုခံဘဲဆုတ်ပြေးကြဖို့ပါ။

ဒါပေမယ့် ဒီကိစ္စကို ကီမူရာလည်း ဆုံးဖြတ်လို့ မရပါဘူး။ ဂျပန်က စစ်ဝန်ကြီး တိုကျိုရဲ့ အမိန့်အတိုင်း သူက
ဆောင်ရွက်ရတာမို့ ဒေါက်တာဘမော်ဟာ တိုကျိုထံ မေတ္တာရပ်ခံရပါတော့တယ်။

တောင်းတောင်ပန်းပန်နဲ့မို့ တိုကျိုကလည်း လက်ခံပြီး
ဦးဆုံး ရွှေတိဂုံကုန်းတော်ပေါ်က အမြှောက်တပ်ကို
စရွှေ့ခိုင်းပါတယ်။

ပြီးတော့ ရန်ကုန်က ဂျပန်တပ်အားလုံး မော်လမြိုင်ကို
ဆုတ်ကြပါတော့တယ်။

ရန်ကုန်ကိုတော့ ဆူဘတ်ချန်ဒရာဘို့စ်ရဲ့ INA လို့ ခေါ်တဲ့
အိန္ဒိယအမျိုးသားတပ်မတော်ကို မြို့စောင့်အဖြစ်
ထားခဲ့ပါတယ်။

ဒီလိုအားလုံးအကွက်ချပြီးမှ ရန်ကုန်ကို ဗြိတိသျှတပ်တွေ
ဝင်ပါတော့တယ်။

အနှစ်ချုပ်တော့ဒရက်ဂူလာစစ်ဆင်ရေးဟာ
သေချာတောင် စစ်မတိုက်လိုက်ရဘဲ ရန်ကုန်ကို သိမ်းနိုင်ပါတယ်။ ရန်ကုန်ဟာ အပျက်အစီးအနည်းဆုံးနဲ့
ပြန်ရလိုက်ပါတယ်။

နောက်တော့ ဗမာကားထဲကလိုပဲ နောက်ဆုံးမှ ရဲတွေရောက်လာသလို ရန်သူတစ်ယောက်မှ မရှိတော့တဲ့
မြို့ကြီးထဲကို BNA လို့ ခေါ်တဲ ဗမာ့အမျိုးသားတပ်မတော်ကြီးဟာ ဘင်ခရာတီးပြီး ဝင်လာပါတော့တယ်။
ဒါကိုပဲ ရန်ကုန်မြို့သိမ်းပွဲဆိုပြီး တခမ်းတနားနဲ့ ဗမာ့သမိုင်းမှာ
မှတ်တမ်းတင်ကြပါတော့တယ်။ ဘယ်သူသိမ်းတယ်
ဘယ်ဝါသိမ်းတယ်တောင် အငြင်းပွားနေကြပါသေးရဲ့။

ဒီတော့ ဒီသမိုင်းဇာတ်ကွက်မှာ ရန်ကုန်ရဲ့ ကယ်တင်ရှင်တွေဟာ မောင်ဘတ်တန်ရယ်၊ ဒေါက်တာဘမော်ရယ်၊
ကီမူရာရယ်၊ တိုကျိုရယ်ပါပဲ။

သူတို့အားလုံးဟာ အဲ့ဒီ့အချိန်မှာ တူမျှတဲ့အတွေးကိုယ်စီ
ရှိနေမှာပါ။

မောင့်ဘတ်တန်ဟာ ရန်ကုန်က အရပ်သားတွေ
သေမှာ စိတ်ပူနေသလို

ဒေါက်တာဘမော်ဟာလည်း သူ့ပြည်သူတွေအတွက်ရော
သူ့မြို့တော်ကြီးရဲ့ အမွေအနှစ်တွေ ပျက်စီးမယ့် အရေးကို
သွေးပျက်နေရတာပါ။

အဆုံးအဖြတ်ဖြစ်တဲ့ တိုကျိုဟာလည်း
သူ့ရဲ့ သမိုင်းအရှုံးတွေထဲမှာ ရန်ကုန်အတွက်
လူသားဆန်တဲ့ အတွေးတစ်ခုနဲ့ သူဆုံးဖြတ်ခဲ့မှာပါ။

ဒါပေမယ့်
သူတို့အားလုံး ရန်ကုန်ကို ဘယ်လိုပဲ ကယ်ခဲ့ကယ်ခဲ့
နောက်တော့လည်း ရန်ကုန်ဟာ ခေတ်အဆက်ဆက်
ဖက်ဆစ်စစ်စစ်တွေအောက် ရောက်သွားတော့တာပါပဲ။

Credit

တချိန်က ရန်ကုန်မြို့မှာ ကမ္ဘာကျော်လျှို့ဝှက်အသင်းကြီး ဖြစ်တဲ့ ဖရီးမေဆင်(Freesons)အသင်းကြီးမှ ပိုင်ဆိုင်ခဲ့ တဲ့ အသင်းရဲ့အ...
23/09/2021

တချိန်က ရန်ကုန်မြို့မှာ ကမ္ဘာကျော်လျှို့ဝှက်အသင်းကြီး ဖြစ်တဲ့ ဖရီးမေဆင်(Freesons)အသင်းကြီးမှ ပိုင်ဆိုင်ခဲ့ တဲ့ အသင်းရဲ့အစည်းအဝေးကျင်းပရာ အဆောက်အဦး
************************************************
၁၈၅၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ (Freemasons) ဖရီးမေဆင် အသင်းသားများသည် ၄င်းတို့ အသင်း၏ အစည်းအဝေးများကို အသင်းဝင်များ၏ နေအိမ်များနှင့် ရုံးခန်း အစရှိသည့်နေရာများတွင်သာ စုဝေးတွေ့ဆုံခဲ့ပြီး ၁၈၆၄ ခုနှစ်မှာတော့ ရန်ကုန်မြို့ Boundary Road (ယခု ဓမ္မစေတီလမ်း)ရှိ ခန်းမတစ်ခုကို တရားဝင်အဖြစ် အသုံးပြုကာ ခန်းမ၏ ခြံဝင်းတံခါးဝတွင် "The Star of Burma" ဟူ၍ ရေးထိုးထားလေသည်။

၁၈၈၄ ခုတွင် ရထား ကုမ္ပဏီမှ သူတို့၏ မြေကွက်အချို့ ကို သိမ်းယူခဲ့သည့်အတွက် ၄င်းတို့လည်း ဗိုလ်ချုပ် အောင်ဆန်းလမ်း၏ အရှေ့ဘက် အစွန်ဆုံး အပိုင်းသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ကြလေသည်။ထိုသို့ မြေကွက်သိမ်း မှုကြောင့် (သို့) ထိုအသင်းသားတို့၏ တိတ်ဆိတ်ပြီး လျှို့ဝှက်စွာ ပြုလုပ်ကျင်းပလေ့ရှိသည့်တွေ့ဆုံပွဲ အခမ်း အနားများ ပြုလုပ်ချိန်အတွင်း ရေနွေ့ငွေ့သုံး ရထားများ ၏ ဥသြအသံများ အပါအဝင် တခြားသော ဆူညံမှုများ ကြောင့် ပြောင်းရွှေ့ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ထို့နောက်မှာတော့ ထိုအဖွဲ့ကြီးသည် Sympsons (ယနေ့ ပန်တျာ)လမ်းတွင် အသင်းပိုင် အဆောက်အဦး တစ်ခုကို တည်ဆောက်ကာ အသုံးပြုခဲ့ကြလေသည်။

၁၉၆၄ ခုနှစ်တွင် အစိုးရက အမျိုးသားစည်းလုံးညီညွတ် မှု ကာကွယ်ရေး ဥပဒေအား ပြဌာန်းခဲ့ကာ စစ်တပ်မှ လွဲ ၍ တခြားသော နိုင်ငံရေး ပါတီအသင်းဖွဲ့များ အပါအဝင် ကျန်ရှိသော မည်သည့်အဖွဲ့အစည်းကိုမဆို ဖွဲ့စည်းစုရုံးမှု တို့အား ခွင့်မပြုတော့ပဲ အားလုံးကို ပိတ်သိမ်းခဲ့သည်။

Freesons အသင်းခန်းမသည် နောက်ပိုင်းတွင် ဖြိုချ ဖျက်ဆီးခြင်း ခံခဲ့ရပြီး ထိုအဆောက်အဦး တည်ရှိခဲ့ရာ နေရာသည် (ယနေ့ ဗိုလ်ရာညွန့်)လမ်းထိပ်ရှိ စစ်ဘက် ဆိုင်ရာ ဝင်းထဲတွင် တစိတ်တစ်ပိုင်းအဖြစ် ပါဝင်သည် ဟု ယူဆရပါတော့သည်။

တခ်ိန္က ရန္ကုန္ၿမိဳ့မွာ ကမာၻေက်ာ္လ်ွိဳ့ဝွက္အသင္းႀကီး ျဖစ္တဲ့ ဖရီးေမဆင္(Freesons)အသင္းႀကီးမွ ပိုင္ဆိုင္ခဲ့ တဲ့ အသင္းရဲ့အစည္းအေဝးက်င္းပရာ အေဆာက္အဦး
************************************************
၁၈၅၃ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ့ရွိ (Freemasons) ဖရီးေမဆင္ အသင္းသားမ်ားသည္ ၄င္းတို႔ အသင္း၏ အစည္းအေဝးမ်ားကို အသင္းဝင္မ်ား၏ ေနအိမ္မ်ားႏွင့္ ရံုးခန္း အစရွိသည့္ေနရာမ်ားတြင္သာ စုေဝးေတြ့ဆံုခဲ့ျပီး ၁၈၆၄ ခုႏွစ္မွာေတာ့ ရန္ကုန္ၿမိဳ့ Boundary Road (ယခု ဓမၼေစတီလမ္း)ရွိ ခန္းမတစ္ခုကို တရားဝင္အျဖစ္ အသံုးျပဳကာ ခန္းမ၏ ျခံဝင္းတံခါးဝတြင္ "The Star of Burma" ဟူ၍ ေရးထိုးထားေလသည္။

၁၈၈၄ ခုတြင္ ရထား ကုမၸဏီမွ သူတို႔၏ ေျမကြက္အခ်ိဳ့ ကို သိမ္းယူခဲ့သည့္အတြက္ ၄င္းတို႔လည္း ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလမ္း၏ အေရွ့ဘက္ အစြန္ဆံုး အပိုင္းသို႔ ထပ္မံ ေျပာင္းေ႐ႊ့ခဲ့ၾကေလသည္။ထိုသို႔ ေျမကြက္သိမ္း မႈေၾကာင့္ (သို႔) ထိုအသင္းသားတို႔၏ တိတ္ဆိတ္ျပီး လ်ွိဳ့ဝွက္စြာ ျပဳလုပ္က်င္းပေလ့ရွိသည့္ေတြ့ဆံုပြဲ အခမ္း အနားမ်ား ျပဳလုပ္ခ်ိန္အတြင္း ေရေႏြ့ေငြ့သံုး ရထားမ်ား ၏ ဥၾသအသံမ်ား အပါအဝင္ တျခားေသာ ဆူညံမႈမ်ား ေၾကာင့္ ေျပာင္းေရႊ့ခဲ့ျခင္းလည္း ျဖစ္နိုင္သည္။

ထို႔ေနာက္မွာေတာ့ ထိုအဖြဲ့ႀကီးသည္ Sympsons (ယေန႔ ပန္တ်ာ)လမ္းတြင္ အသင္းပိုင္ အေဆာက္အဦး တစ္ခုကို တည္ေဆာက္ကာ အသံုးျပဳခဲ့ၾကေလသည္။

၁၉၆၄ ခုႏွစ္တြင္ အစိုးရက အမ်ိဳးသားစည္းလုံးညီၫြတ္ မႈ ကာကြယ္ေရး ဥပေဒအား ျပဌာန္းခဲ့ကာ စစ္တပ္မွ လြဲ ၍ တျခားေသာ နိုင္ငံေရး ပါတီအသင္းဖြဲ့မ်ား အပါအဝင္ က်န္ရွိေသာ မည္သည့္အဖြဲ့အစည္းကိုမဆို ဖြဲ့စည္းစုရံုးမႈ တို႔အား ခြင့္မျပဳေတာ့ပဲ အားလံုးကို ပိတ္သိမ္းခဲ့သည္။

Freesons အသင္းခန္းမသည္ ေနာက္ပိုင္းတြင္ ျဖိဳခ် ဖ်က္ဆီးျခင္း ခံခဲ့ရျပီး ထိုအေဆာက္အဦး တည္ရွိခဲ့ရာ ေနရာသည္ (ယေန႔ ဗိုလ္ရာညြန္႔)လမ္းထိပ္ရွိ စစ္ဘက္ ဆိုင္ရာ ဝင္းထဲတြင္ တစိတ္တစ္ပိုင္းအျဖစ္ ပါဝင္သည္ ဟု ယူဆရပါေတာ့သည္။

04/01/2021

Address

51, Sint Oh Tan Street , Latha
Yangon
11131

Alerts

Be the first to know and let us send you an email when Yangon Walking Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Walking Tours:

Share