Travel Online Source

Travel Online Source We create this page for Travel agencies and Traveler. We simply advertising for our travel agencies

21/03/2016
19/03/2016
15/02/2016

Online Ads Page ကို လွယ်လွယ် နဲ့ ပြုလုပ်နိုင်သလို Latest Information ကိုလည်း မိတ်ဆွေတို့ ကိုယ်တိုင် လွယ်ကူစွာ Upload ပြုလုပ် နိုင်မှာဖြစ်မှာပါတယ်
Member Sign Up ကိုလည်း ရိုးရှင်းလွယ်ကူ စွာ ပြုလုပ်နိုင်ပါတယ်
Email : [email protected]
http://ads.gellgell.com/mysite?id=1001

28/01/2015

ဂဏန်းလိုလူ

ပင်လယ်ကမ်းခြေမှာ အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေသူကို ကလေး တစ်ယောက်က သွားမေးတယ်။ ဘာလို့ ပလိုင်းကိုကို ဖုံးမထားတာလဲတဲ့။ ဂဏန်းတွေ ထွက်ကုန်မှာပေါ့တဲ့။ ဒါနဲ့ အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ပြန်ဖြေ ပါတယ်။ "တစ်ကောင်တည်းဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့ သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို ဆွဲချနေတာ ဘယ်သူမှ ထွက်နိုင်မှာ မဟုတ်ပါဘူး"

Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင် အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာ ကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တက်ပြီ ဆိုရင် ဆွဲချလေ့ ရှိပြီး ဘယ်သူမှ ဖွင့်ထားတဲ့ အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။

လူအချို့မှာလဲ ဂဏန်းလို စိတ်ထား ရှိပါတယ်။ မိမိကိုယ်ကို အောင်မြင်အောင် မကြိုးစားနိုင်သလို၊ သူတစ်ပါး အောင်မြင်တာကိုလည်း မလိုလား ပါဘူး။ မိမိစိတ်ဆင်းရဲနေတဲ့အချိန် သူများ စိတ်ချမ်းသာတာကိုလည်း မမြင်ချင်ကြ ပါဘူး။ မနာလို၊ အူတိုတဲ့ စိတ်ကြောင့် မိမိကိုယ်ကိုလည်း ငြင်းပန်းနှိပ်စက်ရာ ရောက်သလို၊ သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။ ဒါကြောင့်မို့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားလို့ ဂဏန်းလိုလူ မဖြစ်ဖို့အတွက် အထူး သတိပြု ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

26/01/2015

အဝတ်သန့်ရသည့် အကြောင်းအရင်း

ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။

"သူတို့ အဝတ်လျှော်တာ တစ်ထည်မှ မသန့်ရှင်းဘူး။ ဆပ်ပြာ ကောင်းကောင်း၊ ရေကောင်းကောင်း သုံးဖို့လိုတယ်"

ယောင်္ကျားဖြစ်သူကတော့ ဘာမှ ပြန်မပြောပဲ သူစားစရာရှိတာကိုသာ စားပါတယ်။ ဒီလိုနဲ့ တစ်လလုံး ဘေးအိမ်က လှမ်းတဲ့ အဝတ်ကို မနက် တိုင်း မြင်ပြီး အဝတ်စင်အောင် မလျှော်တတ်တာကိုပဲ ကြုံရင် ကြုံ သလို စကားထဲ ထည့်ပြောနေခဲ့မိပါတယ်။

တစ်ရက်ကျတော့ ထမင်းစားရင်း ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေ သန့်ရှင်း အောင်လျှော် ဖွတ်ထားတာကို မယားဖြစ်သူက မြင်တွေ့ လိုက်ရပါတယ်။ ဒီတော့ အံ့သြစွာနဲ့ပဲ သူ့အမျိုးသားကို ယခုလို ပြောပါတယ်။

"ဟိုမှာတွေ့လား၊ အဝတ်တွေ သန့်သွားပြီ။ အဝတ်သန့်အောင် လျှော် နည်းကို ဘယ်သူသင်ပေးလိုက်လဲ မသိဘူး။ အရင်ကလို မညစ်ပတ်တော့ဘူးပဲ"

ဒီတော့ အမျိုးသားက အောက်ပါအတိုင်းပြန်ပြောပါတယ်။

"အေး သန့်နေမှာမှာပေါ။ တစ်လလုံး ညစ်ပတ်နေတဲ့ ပြတန်းပေါက် မှန်ကို ငါမနေ့ညနေကပဲ သန့်ရှင်းရေး လုပ်ထားတာ"

>>
သင်ခန်းစာ - လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထက် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံးဆင်ခြင် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
-
Ref: knowledge-facts
အောင်ခမ်း ( ရိုးရာလေး )

22/01/2015

အက်နေတဲ့ ရေအိုးလေ

လယ်သမား တစ်ဦးဟာ တစ်နေ့တစ်နေ့ အိမ်မှာ သောက်ဖို့အတွက် နာရီဝက်စာ လမ်းလျှောက်သွားရတဲ့ ခရီးဝေးက စမ်းချောင်းကို သွားပြီး ရေခက်ရသတဲ့။ တစ်နေ့တော့ ဘယ်ဘက်က ရေအိုးဟာ အနည်းငယ် အက်သွားပါတယ်။ သိသိသာသာ ကြီး မဟုတ်တော့ ရေကတော့ စိမ့်ထွက်နေသတဲ့။ ဒီတော့ ရေခပ် တဲ့ အခါ အိမ်လည်းရောက်ရော အက်နေတဲ့ ရေအိုးထဲမှာ ရေက အမြဲ တစ်ဝက်ပဲ ပါပါတယ်။

ဒီလိုပဲ တစ်ရက်ပြီး တစ်ရက်ခပ်လာတာ ၂ နှစ်ပြည့်သွား ပါတယ်။ အဲ့လို့ ကြာလာတော့ အားငယ်စိတ် ကြီးလာတဲ့ အက်နေတဲ့ ရေအိုးက ပိုင်ရှင်ကို ပြောပါတယ်။ သူ့အနေနဲ့ ရေကို အမြဲ အပြည့်မသယ်နိုင်ကြောင်း၊ အပြည့်သယ်နိုင်တဲ့ ရေအိုးနဲ့ ယှဉ်ရင် သူအားငယ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ သူ့ကို မသုံးပါနဲ့တော့ ဆိုပြီးတော့ ပြောပါတယ်။ ဒါနဲ့ ပိုင်ရှင်က ရှင်းပြ ပါတယ်။

"ရေအိုးလေးရေ.. ဘယ်ဘက်က လမ်းတောက်လျှောက်ကို ကြည့်လိုက်ပါအုံး။ ပန်းခင်းတွေ စိမ်းနေတာ တွေ့ရလား။ အဲ့ဒါ မင်းဆီက ကျတဲ့ ရေတွေကြောင့်လေ။ ခုတော့ ငါ အဲ့ဒီပန်းတွေကို အိမ်မှာ အလှဆင်ဖို့လည်း သုံးသလို၊ ပြန် လည် ရောင်းနိုင် တဲ့ အတွက် တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရတယ်လေ"

သင်ခန်းစာ -

အက်နေတဲ့ ရေအိုးလိုပါပဲ။ လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အားသာချက်လည်း ရှိကြပါတယ်။ အားနည်းချက်များဟာလည်း အားသာချက်တွေ ဖြစ်သွားနိုင် ပါတယ်။ ဥာဏ်ကို လွှာပြီး အသုံးချနိုင်တဲ့ အရည်အချင်း ရှိဖို့ သာ လိုအပ်ပါတယ်။ မိမိရဲ့ အားနည်းချက်က အားသာချက် တစ်ခု ဖြစ်လာပါစေ။
Ref: cracked pot
အောင်ခမ်း (ရိုးရာလေး)

22/01/2015

မိဘနဲ့ အနေဝေးနေသူများ အတွက် ၁၀ ချက်

အကြောင်းကြောင်းကြောင့် မိဘများနဲ့ အနေဝေးသူများ အတွက် ကောင်းမွန်သော နည်းလမ်းများကို မျှဝေပေး လိုက်ပါရစေ။

(၁) မကြာခဏ ဖုန်းဆက်ဖြစ်ပါစေ။

(၂) ဖုန်းပြောတဲ့ အခါမှာလည်း မိဘကို စိတ်ပူစေမယ့် စကားများ မပြောဖြစ်ပါစေနဲ့။

(၃) မကြာခဏ မိဘအတွက် ရည်စူးကာ အလှူဒါန လုပ်ဖြစ်ပါစေ။

(၄) အခါသင့်ရင် သင့်သလို မိဘအတွက် လက်ဆောင်များ ပို့ဖြစ်ပါစေ။

(၅) အခက်အခဲများ ကြုံတွေ့တဲ့ အခါမှာလည်း ပွင့်လင်းစွာ တိုင်ပင်ပါ။

(၆) မိဘမကောင်းကြောင်း တစ်ပါးသူများ ရှေ့တွင် မပြောပါနဲ့။

(၇) မိဘတွေအတွက် စားဝတ်နေရေးကို အမြဲတန်းစဉ်စား မိပါစေ။

(၈) ဘယ်လိုအရေးကြီး ကိစ္စတွေ ရှိရှိ မိဘတွေဆီကို မကြာမကြာ ပြန်ဖြစ်ပါစေ။

(၉) မိဘများနဲ့ အတူတကွ ရိုက်ထားတဲ့ ဓာတ်ပုံကို သင့်ရဲ့အခန်းအတွင်း ထားရှိပါ။

(၁၀) ညဘက် အိပ်ယာဝင်တိုင်း ကန်တော့ဖြစ်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

20/01/2015

ဖန်ခွက်နှင့် ပြဿနာ

စာသင်ခန်း တစ်ခုထဲကို ဆရာဝင်လာပါတယ်။ ယင်းနောက် ကျောင်းသား များ ရှေ့မှာ ဖန်ခွက်ထဲ ရေဖြည်လို့ ကိုင်မြောက်ပြီး ယခုလို စကားဆိုပါတယ်။

"တပည့်တို..။ ဒီဖန်ခွက်ကို ဆရာ ကိုင်မြောက်ပြီး ၁ မိနစ်တိတိနေမယ်။ အထဲမှာ ရေဘာဖြစ်သွားမလဲ"

ကျောင်းသားများ -- ဘာမှ ဖြစ်မသွားပါဘူး ဆရာ

ဆရာ ---- အင်း ဟုတ်ပြီ။ ဒါဆို ဒီရေဖြည့်ထားတဲ့ ခွက်ကိုပဲ ၁၅ မိနစ်တိတိ မြောက်ထားမယ်။ ရေဘာဖြစ်သွားမလဲ

ကျောင်းသားများ - ဘာမှ ဖြစ်မသွားပါဘူး ဆရာ

"ဆရာ့လက် အညောင်းမိမှာတော့ အသေအချာပါပဲ" လို့ ကျောင်းသား တစ်ဦးက ဖြေတော့ အားလုံး ပြုံးစိစိနဲ့ ရယ်ပါတယ်။

ဆရာ - ဒါဆို ၂၄ နာရီလုံး မြောက်ထားမယ်ကွာ။ ဘာဖြစ်သွားမလဲ

" အညောင်းမိလို့ ဘာမှ မလုပ်နိုင်တဲ့ ဆရာ့လက်ကို ဆေးရုံပို့ကုရတော့မှာ အမှန်ပါပဲ" လို့ ဖြေတော့ အားလုံး ဝိုင်းရယ်ကြပါတယ်။

ဒါနဲ့ ဆရာက အောက်ပါ စကားလေး ဆိုပါတယ်။

"အင်း ဖန်ခွက်ထဲက ရေက ဘယ်အခြေအနေရောက်ရောက် မပြောင်းဘူး။ မြောက်ထားတဲ့ လက်ကပဲ အချိန်ကြာသလောက် ညောင်း သွားပါတယ်။ လက်ညောင်းအောင် လုပ်တာကလည်း ဘယ်သူမှ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပါပဲ။

ဒီလိုပါပဲ။ လူတွေဟာ ဘဝမှာ အခက်အခဲ ကိုယ်စီ၊ ပြဿနာကိုယ်စီ ရှိနေကြ ပါတယ်။ ဒီ အခက်အခဲ၊ ပြဿနာများကို ကြုံတွေ့ရတဲ့အခါ အမြဲ ပင့်မထား၊ မြောက်မထားမိစေပါနဲ့။ ဒါတွေကို ပင့်ထားလေလေ၊ မြောက် ထားလေလေ၊ ခေါင်းထဲ အမြဲထည့်ထားလေလေ ကိုယ့်အတွက် မကောင်းလေပါပဲ။ အခက်အခဲတွေကို သူ့အချိန်နဲ့သူပဲ စဉ်းစားပါ၊ ဖြေရှင်းပါ၊ ကျန်တဲ့အချိန်မှာ ဘဝကို ပုံမှန် ဖြတ်သန်းနေကျ အတိုင်း ဖြတ်သန်းနိုင် ပါတယ်။ စိတ်ဆင်းရဲစရာများကို အမြဲလွယ်ထားနေစရာ မလိုပါဘူး။ စိုးရိမ်စိတ်ကို ဖယ်ထားလို့ ဘဝကို အကောင်းဆုံး လျှောက်လှမ်းနိုင်ပါစေ တပည့်တို့"

--
--
ရိုးရာလေး ရသ

18/01/2015

သင်လက်ဆောင်ပေးလို့ မယူလျှင်

ဘုရားရှင်လက်ထက်က Akkosina လို့အမည်ရတဲ့ လုလင်ပျိုတစ်ဦး ရှိပါတယ်။ Akkosina ဆိုတဲ့ အမည်က ဒေါသ လုံးဝ မထွက်တတ်သူလို့ အဓိပ္ပါယ်ရပေမယ့် နာမည်နဲ့လူနဲ့ ပြောင်းပြန်ဖြစ်အောင်ကို အင်မတန် ဒေါသကြီးသူ ဖြစ်ပါတယ်။ တစ်ရွာလုံးမှာ သူဟာ ဒေါသအကြီးဆုံး လူသား ဖြစ်သတဲ့။ ဒါနဲ့ ဘုရားရှင်ဟာ လုံးဝ ဒေါသမထွက်တတ်သူ၊ အမြဲ အေးချမ်းသူလို့ သတင်းကြားရတော့ သူမယုံဘူး။ ဒါနဲ့ ရွာကို ဆွမ်းခံကြွတဲ့ မြတ်စွာဘုရားကို ဆီကို သွားပြီး ဆဲရေးတိုင်းထွာမှု ပြုလုပ်တယ်။

ဆဲတာမှ ရစရာ တစ်ပြားတစ်ချပ်မကျန်အောင် ထိုင်ဆဲပြီး အချိန်လည်း အတော်ကြာသတဲ့။ ဒါတောင် တစ်စက်ကလေး တုန်လှုပ်မှုမရှိတဲ့ မြတ်ဘုရားက အမြဲလိုတောင် အေးချမ်းနေပါသေးတယ်။ ဒါကြောင့် ဆဲရတာ မောသွားတဲ့ လုလင်ပျိုက ဘုရားကို ဘာကြောင့် ဒေါသမထွက်ပဲ အေးချမ်းစွာနေနိုင်တာ လဲလို့ မေးတယ်။ ဘုရှားက ယခုလို ဖြေပါတယ်။

'အို လုလင်ပျို၊ သင့်က လက်ဆောင်ပစ္စည်းယူလာလို့ တစ်ပါးသူကို ပေးတော့မည် ဆိုပါစို့၊ အကယ်၍ သူက မယူလျှင် ယင်းလက်ဆောင်ကို မည်သူ ပိုင်ပါသနည်း'

ဒါနဲ့ လုလင်ပျိုက ပြန်ဖြေပါတယ်။ 'အကျန်ုပ်သာ ပိုင်ပါ၏'. ဒါကြောင့် မြတ်စွာဘုရားက ဆက်ပြောပါတယ်။

'မှန်ပေ၏။ သင်ယူလာသော ငါဘုရား လက်မခံပါ။ သင်သာ ပြန်ယူသွားရမည်'

တကယ်အမှန်ပါပဲ။ ရိုးရာလေး စာဖတ်သူတို့.။ ဒေါသဆိုတဲ့ အရာ တစ်ခုကို သယ်ဆောင်သူလည်း မကောင်းသလို၊ လက်ခံမည့်သူလည်း မကောင်း ပါဘူး။ တစ်စုံတစ်ယောက်က ဒေါသတွေ သယ်ဆောင်လာရင်တောင် လက်မခံမိပါစေနှင့်။ မိမိကိုယ်တိုင်ကလည်း ဒေါသကို မသယ်ဆောင်မိပါစေနဲ့။ အကယ်၍ မိမိဒေါသကို လက်ခံမည့်သူ မရှိပါ။ မိမိကိုယ်တိုင်သာ ပြန်လည် သယ်ဆောင်သွားရမည်။ မိမိသသာ ပြန်လည် ခံစားရမည် ဖြစ်ပါသည်။

ကိုးကား - ဘုရားဟော တရားတော်

အောင်ခမ်း (ရိုးရာလေး)

17/01/2015

ဆင်းရဲတယ်၊ချမ်းသာတယ်ဆိုတာ

အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ ဘယ်လောက်ထိ ဆင်းရဲကြောင်း သိအောင် ခရီးတစ်ခု ခေါ်သွားပါတယ်။

လယ်ကွင်းထဲမှာ ၂ ညအိပ်ပြီး ရွာတွေလည့်လို့ နောက်ဆုံးတော့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တော့ အဖေက သားကို ခရီးမှာ ဘာတွေ တွေ့ခဲ့လည်း မေးတဲ့အခါ --

"သားတို့ဆီမှာ ရေကူးကန်ပဲရှိတာ။ သူတို့ဆီမှာ မြစ်ကော၊ ပင်လယ်ကော ရှိတယ်။ သားတို့က ဟင်းရွက်တွေ ဝယ်စားရတာ။ သူတို့က ကိုယ်တိုင် စိုက်စားတယ်။ သားတို့အိမ်ကို နံရံတွေ ပတ်လည်ဆောက်ထားတယ်။ သူတို့ အိမ်က ဘေးမှာ မိတ်ဆွေတွေအိမ် ဝန်းရံထားတယ်။ သားတို့မှာ ခွေး တစ်ကောင်ပဲ မွေးထားတာ။ သူတို့ဆီမှာ ခွေးတွေ အများကြီးပဲ။ သားတို့အိပ်ရင် အပေါ်မှာ မျက်နှာကြက်ပဲ မြင်ရတယ်။ သူတို့က ကြယ်တွေကို မြင်ရတယ်။ သားတို့က ပူရင် လေအေးပေးစက်ဖွင့်တယ်။ သူတို့က ပူရင်အိပ်ဖို့ အိမ်ရှေ့ ကွတ်ပျစ် ရှိတယ်။ သူတို့က သားတို့ထက် အများကြီး ချမ်းသာတယ် ဖေဖေ" လို့ ပြန်ဖြေခဲ့ပါတယ်။
----------
----------
----------
----------

သင်ခန်းစာ -
ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ အပြင်ပန်း ဂုဏ်၊ ငွေတို့နဲ့ မသက်ဆိုင် ပါဘူး။ ဘဝကို အကောင်းမြင် နားလည်ပေးနိုင်တဲ့ စိတ်ကသာ လူကို ချမ်းသာစေတာ ဖြစ်ပါတယ်။

--
အောင်ခမ်း ( ရိုးရာလေး )

Address

Yangon

Alerts

Be the first to know and let us send you an email when Travel Online Source posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category