12/04/2021
သင်္ကြန်ထမင်း.................
သင်္ကြန်ထမင်း ကို အဓိကစားသုံးတတ်ကြသူများကတော့ မွန်ပြည်နယ်က မွန်လူမျိုးတွေပါ။
အထူးသဖြင့် င်္သကြန်ကာလနွေရာသီမှာ စားခဲ့ရတဲ့
ရေခဲရေအေးအေး၊ ဖယောင်းနံ့မွှေးမွှေး၊ ရေစိမ်ထမင်းရယ်
ချိုချိုလေးကြော်ထားတဲ့ ကက္ကူရံခြောက် ကြက်သွန်နိုင်းခြင်း နဲ့ ငါးခြောက်ကြော်၊ သရက်ချဉ်ကြော်နဲ့ တသက်မမေ့စရာ ထူးကဲလှတဲ့ ရိုးရာမပျက်င်္သကြန်ထမင်းလေးများစားချင်ကြမလားလို့ ရှာဖွေတင်ပေးလိုက်တယ်နော်။
💕 ရိုးရာ ဓလေ့များအဓွန့်ရှေပါစေ 💕
ပါဝင်ပစ္စည်းများ
- ဆန် - နို့ဆီတစ်ဘူး
- ငါးကွန်းရှပ် - ၃၀ဝ ဂရမ်
- ပုစွန်ခြောက် - လက်တစ်ဆုပ်
- သရက်သီးစိမ်း - ၃လုံး အနေတော်
- ငါးပိ အနည်းငယ်
- ကြက်သွန်နီ (၅)လုံး
- ဆီ - ၁၀ဝ မီလီ
- နနွင်း - အနည်းငယ်
- ဟင်းခတ်မှုန့် - အနည်းငယ် (optional)
တွဲဖက်စားရန်
- ဖယောင်းမြေသင်းရေ
- ငရုတ်သီးခြောက်ကြော်
- ပဲနှပ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
၁။ ဦးစွာထမင်းထဲထည့်စားမည့် ဖယောင်းသင်းရေကို အဆင်သင့်လုပ်ထားပါ။(မြေစလောင်းဖုံး တွင် ပျားဖယောင်းတင်ပြီး မီးကျီးခဲတင်ကာမီးရှို့ပြီး မြေအိုး အသစ်နဲ့အုပ်ပြီးထားပါ။ မြေအိုးထဲ တွင် မီးခိုးငွေ့များပြည့်ပါက လျင်မြန်စွာလှန်ပြီး မြေအိုးထဲကို ရေသန့်ရေကျက်အေးခပ်မြန်မြန် ထည့်ကာ အဖုံးအုပ်ထားပေးပါက ဖယောင်းသင်းရေကိုရရှိပါပြီ) အချို့လည်း ရိုးရိုးရေအေး ဖြင့်သုံးဆောင်ကြပါတယ်။
၂။ ဆန်ကိုရေဆေးထားပြီး ရေနွေးပွက်ပွက်ဆူအိုးတွင် ထည့်ပြုတ်ပါ။ ဆန်လုံးလေး များပွင့်လာပါ က ဆန်ခါတစ်ခုတွင်စစ်ချပြီး ရေအေးလောင်းဆေးကာ အေးနေအောင် ရေခဲတုံးလေးများ ထည့်ထားနိုင်ပါတယ်။
၃။ ငါးခြောက်ကြော်ခေါ် သင်္ကြန်ကြော်ပြုလုပ်ရန်အတွက် ဦးစွာငါးခြောက်ကို ပြုတ်ထားပြီးအ ရိုးထွင်ထောင်းထားပါ။ ပုစွန်ခြောက်ကိုလည်းထောင်းထားပါ။ကြက်သွန်အတုံးကြီးကြီး စိတ်ထားပါ။ သရက်သီးစိမ်းကိုခြစ်ထားပြီးထောင်း ထားသောငါးခြောက်နှင့် ပုစွန်ခြောက် ငါးပိတို့ဖြင့် ရောနယ်ထားပါ။ (သီးသန့်စီထားပြီးလည်းရောကြော်နိုင်ပါတယ်။)
၄။ အားလုံးအသင့်ဖြစ်ပါက အိုးတစ်ခုတွင် ဆီထည့်ပြီး ငရုတ်သီးအခြောက်တောင့်ကိုကြော်ပြီး ဆယ်ယူဆီစစ်ထားပါ။ လက်ကျန်ဆီဖြင့်နနွင်းထည့်ကာ ကြက်သွန်ကို နွမ်းရုံကြော်ကာ ဆယ် ယူထားပါ။ ငါးခြောက်နှင့်သရက်သီးအရောကိုထည့်ကြော်ပါ။