Great Days Travel

Great Days Travel THE WORLD IS YOURS!

🇨🇳Chongqing - Wulong (5D4N)ချုံချင်းခရီးစဥ်မရှိဘူးလားလို့ တမေးတည်းမေးနေကြတဲ့ ဧည့်သည်တော်များအတွက် ခရီးစဥ်လေးလာပါပြီရှင်😍...
26/04/2026

🇨🇳Chongqing - Wulong (5D4N)
ချုံချင်းခရီးစဥ်မရှိဘူးလားလို့ တမေးတည်းမေးနေကြတဲ့ ဧည့်သည်တော်များအတွက် ခရီးစဥ်လေးလာပါပြီရှင်😍 လက်ရှိဘာလို့အရမ်း hot ဖြစ်နေတာလဲသိချင်ရင်တော့😉

ရုပ်ရှင်ထဲက တချို့သောနေရာတွေဟာ ရုပ်ရှင်အထူးပြုလုပ်ချက်တွေမဟုတ်ဘဲ အပြင်လောကမှာတကယ်ရှိကြောင်းပြသရင်း ခေါ်ဆောင်သွားပါရစေ

လက်ရှိလူစိတ်ဝင်စားမှုအမြင့်ဆုံးရောက်နေတဲ့ တရုတ်ပြည်မကြီးရဲ့ ခေတ်လွန်အဆောက်အဦးတွေရှိရာ "8D city" or "Cyberpunk city'' လို့တင်စားခေါ်ဝေါ်ကြတဲ့ Chongqing နဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား "Transformers 4" လာရောက်ရိုက်ကူးခဲ့တဲ့ ဝူလုံမြို့တို့ကို တစ်ခါတည်းနဲ့ရောက်ရှိလည်ပတ်နိုင်ကြမှာပဲဖြစ်ပါတယ်

✅ပြောရရင်တော့ဒီခရီးစဥ်က UNESCO စာရင်းဝင်ကမ္ဘာကျော်ရုပ်ရှင်တွေလာရောက်ရိုက်ကူးရာ သဘာဝမြို့တော်နဲ့ ခေတ်ရှေ့ပြေးသိပ္ပံမြို့တော်နှစ်ခုရဲ့ ပေါင်းစပ်မှုမှာ လက်ရှိ Trend ဖြစ်နေတဲ့ နေရာစုံကို မျက်ဝါးထင်ထင်သွားလေ့လာကြမှာပါ

🏮Tik Tok မှာတွေ့မြင်ဖူးကြတဲ့ အဆောက်အဦးကြီးကို ဖြတ်သန်းပေါက်ထားတဲ့ ရထားဘူတာကို သွားရောက်လည်ပတ်ရင်း ဓာတ်ပုံံအမိုက်စားတွေရိုက်ကြမယ်

🏮မြေညီထပ်ရင်ပြင်ရောက်နေတယ်လို့ထင်ရပေမဲ့ တကယ်တမ်းတော့ ၂၂ထပ်အဆောက်အဦးပေါ်မှာ စည်ကားနေတဲ့ Kuixin Tower နဲ့ နာမည်ကျော် Jiefangbei Shopping Area

🏮Shibati လို့ခေါ်တဲ့ရှေးခေတ်စတိုင်လှေကားထစ်လေးတွေနဲ့ ချုံချင်းမြို့ရဲ့အလှဆုံးလို့တင်စားကြတဲ့ Xiahaoli လမ်းလေးတွေတလျှောက် အရင်ခေတ် ချုံချင်းအငွေ့အသက်တွေကို ခံစားကြမယ်

🏮Little Chonqing လို့တင်စားကြတဲ့ ရှေးခေတ်သက်တမ်းရင့် Ciqikou Ancient Town လေးမှာဟိုဒီကြည့်ခံစားရင်း ရိုးရာအစားအစာနဲ့ လက်ဆောင်ပစ္စည်းတွေဝယ်ကြမယ်

🏮ကမ္ဘာ့အကြီးဆုံးဟော့ပေါ့ဆိုင်ကြီးမှာ ဟော့ပေါ့တွေရဲ့မူလပထမဖြစ်တဲ့ ချုံချင်းဟော့ပေါ့ကို မြည်းစမ်းကြမယ်။ 🍲

🏮ခေတ်မီဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့ ချုံချင်းမြို့ရဲ့ပြယုဂ် Raffales City Mall ကြီးမှာလဲ လည်မယ်ဝယ်ကြမယ်

🏮ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ''Transformers 4'' နဲ့ ''Curse of the Golden Flower'' တို့လာရောက်ရိုက်ကူးခဲ့ရာ ကျောက်တောင်ကြီးတွေက သဘာဝအတိုင်း တံတားပုံစံဖြစ်ပေါ်နေတဲ့ UNESCO စာရင်းဝင် Wulong Scenic Area

🏮Little Switzerland လို့ခေါ်မလား နတ်သမီးတောင်တန်းလို့ပဲဖွဲ့နွဲ့ရမလား အရမ်းလှတဲ့နေရာလေးမှာ ချစ်စရာရထားလှလှလေးစီးပြီး လည်ပတ်ကြမယ်

🏮မီးရောင်စုံတွေနဲ့ အံ့မခန်းလှပနေတဲ့ ချုံချင်းမြို့ရဲ့ Landmark ဖြစ်တဲ့ Honyadong ညရှုခင်းနဲ့အတူ မိန်းမောရင်း

အခြားသော စိတ်ဝင်စားဖွယ် ​နေရာအစုံကိုလည်းလည်ပတ်ကြမှာဖြစ်ပါတယ်

*******************************
📅ခရီးစဥ်ရက်စွဲ - May 25 - 29 / Jun 29 - Jul 3 / Jul 27 - 31

💰ခရီးစဥ်စျေးနှုန်း - USD 750 (All inclusive)

✅ လေယာဥ်လက်မှတ် (20 kg) + 4 Star Hotel + Visa ကြေးများပါဝင်ပြီး

📣လူကြိုက်များတဲ့ခရီးစဥ်လေးဖြစ်တာကြောင့် ခုံနေရာလက်ကျန်အတွက် အမြန်ဆုံးစာရင်းပေးဖို့တော့ လိုပါမယ်ရှင်😘

*******************************
ခရီးစဥ်အတွင်း ဖော်ပြမထားသည့် အပိုကောက်ခံခြင်းများ လုံး၀ရှိမှာမဟုတ်ကြောင်း လေးစားစွာဖြင့် အာမခံပါတယ်ရှင်😊

ဘဝတသက်တာအတွက် ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ် ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ Booking တင်လိုက်ကြရအောင်လားရှင်။ 📝

*******************************
ခရီးစဥ်လေးကိုစိတ်ဝင်စားလို့ အသေးစိတ်ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီနံပါတ်လေးတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
☎09-266532019, ☎09-777336100

မိသားစုသီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်

Great Days Travel
အမှတ် ၃၁၂/၃၁၉ ၊ ဒုတိယထပ်၊ ပေါက်စေတီလမ်းသွယ် (၂) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" THE WORLD IS YOURS"




🇰🇭🇻🇳 သင်္ကြန်တွင်း (12 - 17 April )ကမ္ဘောဒီးယား နှင့် ဗီယက်နမ်  ခရီးစဥ်အား လိုက်ပါခဲ့ကြသော ဧည့်သည်တော်များ၏ ပျော်ရွှင်စရ...
21/04/2026

🇰🇭🇻🇳 သင်္ကြန်တွင်း (12 - 17 April )
ကမ္ဘောဒီးယား နှင့် ဗီယက်နမ် ခရီးစဥ်အား လိုက်ပါခဲ့ကြသော ဧည့်သည်တော်များ၏ ပျော်ရွှင်စရာအမှတ်တရပုံရိပ်လေးများကို မျှဝေလိုက်ပါရစေရှင့်။ 🥰
ခရီးစ‌ဉ်အတွင်းအတူလိုက်ပါခဲ့သော ဧည်သည့်တော်တစ်ဦးချင်းစီကိုလည်း Great Days Travel မှကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်။

ဧည်သည့်တော်များအားလုံး နှစ်သစ်မှာစိတ်ရော၊ကိုယ်ပါ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများလည်း ဆထက်ထမ်းပိုးတိုးပွားပါစေကြောင်း Great Days Travel မိသားစုမှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင် 🙏🙏🥰

⭐ ဘ၀အတွက်‌ပျော်ရွှင်စရာ အမှတ်တရလေးတွေဖြစ်ကျန်စေမဲ့ ကုမ္ပဏီအသင်းအဖွဲ့များနှင့် မိသားစုသီးသန့်ခရီးစဥ်များအား လူကြီးမင်းတို့စိတ်တိုင်းကျ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။





Great Days Travel ၏ဧည့်သည်တော်များ မင်္ဂလာနှစ်သစ်မှာ ဘေးဘယာတွေကင်းကွာ၍ စီးပွါးလာဘ်လာဘတွေ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်း...
13/04/2026

Great Days Travel ၏ဧည့်သည်တော်များ မင်္ဂလာနှစ်သစ်မှာ ဘေးဘယာတွေကင်းကွာ၍ စီးပွါးလာဘ်လာဘတွေ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင် 🙏💦


Great Days Travel ရဲ့ဧည့်သည်တော်များ ခရီးသွားလာရာတွင် မိမိတို့မှတ်ပုံတင်ကိုပါ မဖြစ်မနေယူဆောင်လာရန် သတိပြုစေလိုပါတယ်ရှင်*...
08/04/2026

Great Days Travel ရဲ့ဧည့်သည်တော်များ ခရီးသွားလာရာတွင် မိမိတို့မှတ်ပုံတင်ကိုပါ မဖြစ်မနေယူဆောင်လာရန် သတိပြုစေလိုပါတယ်ရှင်

*************************************

ချစ်ခင်လေးစားအပ်ပါသော ခရီးသွားပြည်သူများရှင်

၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Myanmar Citizen ခရီးသည်များအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1 လေယာဥ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်

2 Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ပါသည်။

3 ခရီးစဥ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ပါသည်။

ခရီးစဉ်တိုင်းကို အဆင်ပြေချောမွေ့နိုင်စေရန် ခရီးသည်များ၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။



( Mar 23 - 29) အတွင်းထွက်ခွာခဲ့သော တရုတ်ပြည်ယူနန်ခရီးစဉ် ( ကူမင်း - တာ့လီ - လီကျန်း - ရှန်ဂရီလာ) ခရီးစဥ်အား လိုက်ပါခဲ့ကြ...
05/04/2026

( Mar 23 - 29) အတွင်းထွက်ခွာခဲ့သော
တရုတ်ပြည်ယူနန်ခရီးစဉ် ( ကူမင်း - တာ့လီ - လီကျန်း - ရှန်ဂရီလာ) ခရီးစဥ်အား လိုက်ပါခဲ့ကြသော ဧည့်သည်တော်များ၏ပျော်ရွှင်စရာအမှတ်တရပုံရိပ်လေးများကို မျှဝေလိုက်ပါရစေရှင့်။ 🥰

ယုံကြည်စွာနှင့် ခရီးစ‌ဉ်အတူလိုက်ပါခဲ့သော ဧည်သည့်တော်တစ်ဦးချင်းစီကိုလည်း Great Days Travel မှကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်။

ဧည်သည့်တော်များအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများလည်း ဆထက်ထမ်းပိုးတိုးပွားပါစေကြောင်း Great Days Travel မိသားစုမှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင် 🙏🙏🥰

⭐ ဘ၀အတွက်‌ပျော်ရွှင်စရာ အမှတ်တရလေးတွေဖြစ်ကျန်စေမဲ့ ကုမ္ပဏီအသင်းအဖွဲ့များနှင့် မိသားစုသီးသန့်ခရီးစဥ်များလည်း လူကြီးမင်းတို့စိတ်တိုင်းကျ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။





ဧည့်သည်တော်များရဲ့ အားပေးမှုကြောင့် 🇻🇳ဗီယက်နမ်-ကမ္ဘောဒီးယား🇰🇭 (Apr12-17) ခရီးစဥ်လေး သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင်။Gre...
01/04/2026

ဧည့်သည်တော်များရဲ့ အားပေးမှုကြောင့် 🇻🇳ဗီယက်နမ်-ကမ္ဘောဒီးယား🇰🇭 (Apr12-17) ခရီးစဥ်လေး သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင်။

Great Days Travel
အမှတ် ၃၁၂/၃၁၉ ၊ ဒုတိယထပ်၊ ပေါက်စေတီလမ်းသွယ် (၂) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

☎ 09-266532019, ☎ 09-777336100

ကုမ္ပဏီလိုင်စင်အမှတ် - 118551532 /
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740





‼ Important Travel Advisory from MAI 📢ချစ်ခင်လေးစားရပါသော  Great Days Travel ၏ခရီးသွားဧည့်သည်တော်များရှင်MAI လေကြောင်းလိ...
22/03/2026

‼ Important Travel Advisory from MAI 📢

ချစ်ခင်လေးစားရပါသော Great Days Travel ၏ခရီးသွားဧည့်သည်တော်များရှင်

MAI လေကြောင်းလိုင်းမှ ပြည်ပခရီးစဥ်များအတွက် ကီလိုသယ်ဆောင်ခွင့်များကို ယနေ့ မတ်လ ၂၂ ရက်နေ့မှစတင်ကာ အောက်ပါအတိုင်း ကန့်သတ်ပြောင်းလဲသွားမည်ဖြစ်ကြောင်း မျှဝေအသိပေးပါရစေရှင်

******************************

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။

ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်ကို အောက်ပါအတိုင်း ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်ကာ အသုံးပြုသွားမည် ဖြစ်ပါသည်။

Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
Excess Baggage: အများဆုံး ၅ ကီလိုဂရမ်

မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေ လို ပါသည်။ ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့သည်။ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်။



📢 Final Call ခရီးစဥ်လူပြည့်ရန် ၃ဦးသာကျန်ရှိပါတော့တယ် 🚩🇨🇳 Mar ( 23 -  29 ) ဒဏ္ဍာရီထဲက ရှန်ဂရီလာ - ယူနန်ခရီးစဥ်မှာ အံ့မခန...
05/03/2026

📢 Final Call ခရီးစဥ်လူပြည့်ရန် ၃ဦးသာကျန်ရှိပါတော့တယ် 🚩

🇨🇳 Mar ( 23 - 29 ) ဒဏ္ဍာရီထဲက ရှန်ဂရီလာ - ယူနန်ခရီးစဥ်မှာ အံ့မခန်းရေခဲတောင်အလှတွေ၊ သဘာဝရှူခင်းတွေကို ခံစားစီးမျောနိုင်ဖို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့တော့လိုမယ်နော့

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..09-770490901, 09-777336100 တို့ဖြစ်ပါတယ်

📌မိသားစုသီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်😊

Great Days Travel
အမှတ် 312/319 ၊ ဒုတိယထပ်၊ ပေါက်စေတီလမ်းသွယ် (2) ၊
မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 /
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740






ဧည့်သည်တော်များရဲ့ စောစီးစွာအားပေးမှုကြောင့် ခရီးစဥ်လေး သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင်။ 🥰လက်ရှိ ( Apr 12 - 17) မှာထွက်...
05/03/2026

ဧည့်သည်တော်များရဲ့ စောစီးစွာအားပေးမှုကြောင့် ခရီးစဥ်လေး သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင်။ 🥰

လက်ရှိ ( Apr 12 - 17) မှာထွက်ရှိမဲ့
ဗီယက်နမ် (ဖူးကွားကျွန်း) နှင့် ကမ္ဘောဒီးယား (ဖနွမ်းပင်) ခရီးစဥ်လေးတော့ ခုံအနည်းငယ်ကျန်ရှိပါမယ်ရှင်။

Great Days Travel
အမှတ် ၃၁၂/၃၁၉ ၊ ဒုတိယထပ်၊ ပေါက်စေတီလမ်းသွယ် (၂) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" THE WORLD IS YOURS"





25/02/2026

💦သင်္ကြန်တွင်း ချုံချင်း - ကျန်းကျားကျဲ့ - ဖူရုံ (၆ည ၇ရက်) ခရီးစဉ်💦

Travel Date ( 14 - 20 April )

🏨 4 Star Hotel

💰 USD 2100 (All Inclusive)

လက်ရှိ Trend ဖြစ်နေတဲ့ ခရီးစဥ်လေးဖြစ်တာနဲ့အညီ ခုံအရေအတွက်ထက်ဝက်ကျော်နေပြီဖြစ်လို့ အမြန်ဆုံးစာရင်းပေးဆက်သွယ်နိုင်ပါပြီရှင်😍

✅8D City လို့ နာမည်ကြီးတဲ့ Chongqing မြို့ ရဲ့ အဆောက်အဦးထဲဖြတ်သန်းသွားတဲ့ ရထားဘူတာ ၊ ၂၂ ထပ်ပေါ်က မြေညီထပ်လိုထင်ရတဲ့ Jiefangbei Shopping Area ၊ Landmark ဖြစ်တဲ့ Hongyadong ညရှုခင်း တို့ကို ကိုယ်တိုင်တွေ့မြင်ခံစားရမှာပါ။

✅UNESCO စာရင်းဝင် Zhangjiajie ရဲ့ Avatar တောင်တန်းများ၊ Tianmen တောင် Heavens Gate (၉၉၉ လှေကားထစ်)၊ ကမ္ဘာ့အရှည်ဆုံး Cable Car ၊ Glass Walkway အမြင့်ပေ ၄၆၀၀ ပေါ်လမ်းလျှောက်မှုတွေက စိတ်လှုပ်ရှားစရာအပြည့်!

✅ရှေးဟောင်းအငွေ့အသက်နဲ့ လှပတင့်တယ်တဲ့ Furong Ancient Town မှာ ညအိပ်လည်ပတ်ပြီး Wancun Waterfall ရဲ့ မီးရောင်စုံညအလှကို ခံစားရမယ်

✅သဘာဝအံ့မခန်းတောင်တန်းများ + ခေတ်ရှေ့ပြေး Cyberpunk မြို့ပြအလှ ကို ပေါင်းစပ်ခံစားနိုင်မယ့် Trend ဖြစ်နေတဲ့ ခရီးစဉ်လေးပါ။

သင်္ကြန်ကို ခရီးနဲ့အမှတ်တရဖြစ်စေချင်သူများ အတွက် မလွတ်သင့်တဲ့ Package လေးပါရှင်❤

*******************************
ခရီးစဥ်လေးကိုစိတ်ဝင်စားလို့ အသေးစိတ်ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီနံပါတ်လေးတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
09-770490901 , 09-266532019

Great Days Travel
အမှတ် ၃၁၂/၃၁၉ ၊ ဒုတိယထပ်၊ ပေါက်စေတီလမ်းသွယ် (၂) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" THE WORLD IS YOURS"





Address

Great Days Travels, 93 Baho Road
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Great Days Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Great Days Travel:

Share

Category