Genie Korea Tour 지니투어 미얀마

Genie Korea Tour 지니투어 미얀마 지니투어 미얀마

🌃 Gyeongnam (Gyeongsangnam-do) ဟာ  တောင်ကိုရီးယားရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိသောဒေသဖြစ်ပြီး၊ သဘာဝအလှတရားများ၊ ယဉ်ကျေးမှ...
02/03/2025

🌃 Gyeongnam (Gyeongsangnam-do) ဟာ တောင်ကိုရီးယားရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိသောဒေသဖြစ်ပြီး၊ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ စိတ်ဝင်စားဖွယ်နေရာများစွာရှိနေပါတယ်။

🌃 ထူးခြားလှပပြီးအံ့ဩစရာကောင်းတဲ့ Gyeongnam ဒေသရဲ့အလှတရားတွေကို Genie က ရှာဖွေတင်ဆက်ပေးလိုက်တယ်နော်။

💐 Hallyeohaesang National Park (한려해상국립공원)

Hallyeohaesang National Park ဟာ တောင်ကိုရီးယား၏ ပထမဆုံးပင်လယ်ရေပြင်အမျိုးသားဥယျာဉ်ဖြစ်ပြီး၊ ကျွန်းပေါင်း ၄၀၀ ကျော်ပါဝင်ပါတယ်။ ကြည်လင်သောပင်လယ်ရေပြင်၊ စိမ်းလန်းသောကျွန်းများနဲ့ ရေငုပ်ခရီးစဉ်များစွာရှိပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ လှေစီးခြင်း၊ ငါးဖမ်းခြင်းနဲ့ သဘာဝအလှကိုခံစားခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

🌃 Jinju (진주)

Jinju ဟာ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး၊ ဒီမြို့ရဲ့ Jinju Castle (진주성) ဟာ ထင်ရှားတဲ့နေရာတစ်ခုပါ။ ဒီနေရာမှာ နှစ်စဉ်ကျင်းပတဲ့ Jinju Lantern Festival (진주남강유등축제) ဟာ လှပတဲ့မီးအိမ်တွေနဲ့ပြည့်နှက်နေပြီး လာရောက်လည်ပတ်သူတွေအတွက် မမေ့နိုင်တဲ့အမှတ်တရတွေပေးလေ့ရှိပါတယ်။

🏝️ Geoje (거제)

Geoje ဟာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီး၊ သဘာဝအလှနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြည့်နှက်နေပါတယ်။ ဒီကျွန်းရဲ့ Oedo Botania (외도 보타니아) ဟာ ထင်ရှားသော ပန်းဥယျာဉ်တစ်ခုဖြစ်ပြီး၊ ခရီးသွားတွေအပေါ် ဆွဲဆောင်မှုအရှိဆုံး ဥယျာဉ်လည်းဖြစ်ပါတယ်။

🌃 Changnyeong (창녕)

Changnyeong သည် သဘာဝအလှနှင့် သမိုင်းဝင်နေရာများဖြင့် ပြည့်နှက်နေသောဒေသဖြစ်ပါတယ်။ Upo Wetland (우포늪) သည် အာရှရဲ့အကြီးဆုံးစိုစွတ်ဒေသများထဲမှတစ်ခုဖြစ်ပြီး၊ ငှက်မျိုးစိတ်ပေါင်း ၁၅၀ ကျော်ကို မြင်တွေ့နိုင်တယ်။

🏡 Gyeongju (경주)

Gyeongju သည် ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်ပြီး၊ Gyeongnam နှင့် နီးကပ်စွာတည်ရှိနေတာဖြစ်ပါတယ်။ ဒီဒေသမှာ Bulguksa Temple (불국사) နှင့် Seokguram Grotto (석굴암) ကဲ့သို့သော ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာများကိုလည်း လေ့လာနိုင်ပါတယ်။

🌃 Gyeongnam ဟာ သဘာဝအလှ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ဒေသဖြစ်ပြီး၊ လာရောက်လည်ပတ်သူတိုင်းကို အံ့အားသင့်စေမယ့် နေရာများစွာရှိတာကြောင့် တစ်ခေါက်လောက်တော့ရောက်အောင်သွားကြည့်ဖို့ တိုက်တွန်းပါတယ်။

Gyeongnam (Gyeongsangnam-do) is a region in southeastern South Korea known for its stunning natural landscapes, rich cultural heritage, and fascinating attractions. Let’s explore the breathtaking destinations that make this region a must-visit!

💐 Hallyeohaesang National Park (한려해상국립공원)

Hallyeohaesang National Park is South Korea’s first marine national park, consisting of over 400 islands. Visitors can enjoy crystal-clear waters, lush green islands, and exciting activities like scuba diving, boat tours, and fishing. It’s the perfect destination for nature lovers and adventure seekers alike.

🌃 Jinju (진주)

Jinju is a historic city famous for Jinju Castle (진주성), a landmark filled with rich history. Every year, the city hosts the Jinju Lantern Festival (진주남강유등축제), where the Nam River is illuminated with beautiful lanterns, creating a mesmerizing and unforgettable experience.

🏝️ Geoje (거제)

Geoje, the second-largest island in South Korea, is renowned for its scenic beauty and cultural attractions. One of its highlights is Oedo Botania (외도 보타니아), a stunning botanical garden on a small island, offering breathtaking ocean views and beautifully landscaped gardens.

🌿 Changnyeong (창녕)

Changnyeong is a region rich in natural beauty and historical sites. One of its most famous attractions is Upo Wetland (우포늪), the largest inland wetland in Korea, home to over 150 species of birds. It’s a paradise for birdwatchers and those who appreciate tranquil nature spots.

🏡 Gyeongju (경주)

Known as the “Museum Without Walls,” Gyeongju is an ancient cultural city located near Gyeongnam. It is home to UNESCO World Heritage sites such as Bulguksa Temple (불국사) and Seokguram Grotto (석굴암), offering a glimpse into Korea’s rich Buddhist history and stunning architectural heritage.

🌃 Why Visit Gyeongnam?

Gyeongnam is a region filled with breathtaking natural beauty, deep cultural history, and fascinating attractions. Whether you love exploring nature, diving into history, or enjoying vibrant festivals, Gyeongnam has something for everyone. If you ever have the chance, be sure to visit this amazing region!



ယနေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့တွင် ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအား Genie Korea Tour မှ လေးစားစွာဖြင့် ဂုဏ်ပြ...
02/03/2025

ယနေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့တွင် ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအား Genie Korea Tour မှ လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။

Happy Myanmar Peasants’ Day 🌾


🇰🇷 တောင်ကိုရီးယားနိုင်ငံဟာဆိုရင် Drama ဇာတ်လမ်းကောင်းများနဲ့ K-Pop Idol တွေကြောင့် သာမကဘဲ နိုင်ငံရဲ့အလှအပရှုခင်းများစွာက...
28/02/2025

🇰🇷 တောင်ကိုရီးယားနိုင်ငံဟာဆိုရင် Drama ဇာတ်လမ်းကောင်းများနဲ့ K-Pop Idol တွေကြောင့် သာမကဘဲ နိုင်ငံရဲ့အလှအပရှုခင်းများစွာကြောင့် ကမ္ဘာပေါ်မှာကျော်ကြားပြီး ခရီးသွားလည်ပတ်မှုများတဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ် 💁🏼‍♀️

🌆 ကိုရီးယားရဲ့ အထင်ကရနေရာတွေ၊ ရှုခင်းတွေက အရမ်းကိုလှသလို

🍜 ရိုးရာအစားသောက်ကောင်းတွေကြောင့်လည်း တစ်သက်မှာ (၁)ခါလောက်တော့ ကိုရီးယားကိုသွားချင်တဲ့စိတ်ကူးတွေ ဖြစ်ဖူးကြမှာပါ 🤗

ဒါကြောင့် အစားအသောက်ကောင်းတွေနဲ့ လည်ပတ်စရာနေရာကောင်းတွေရှိလို့ ခရီးသွားအမှတ်တရကောင်းတွေဖြစ်စေမယ့်🧳

🇰🇷 ကင်မ်ချီမြေကိုအရောက်သွားမယ်ဆိုရင်တော့
ကိုရီးယားခရီးသွားကုမ္ပဏီတစ်ခုဖြစ်ပြီး ဦးစီးတဲ့ Founder ကိုယ်တိုင်က Korea လူမျိုးဖြစ်တဲ့ Genie Korea Tour ရှိပါတယ်။

🇰🇷 Korea ကိုသွားဖို့လိုအပ်တဲ့ Tour Service ကိစ္စအဝဝနဲ့ Flight Tickets အစုံပလုံကိုလည်း Genie မှာဝယ်ရင် အများနဲ့မတူတဲ့ Benefit တွေ ထပ်လောင်းရရှိမှာပါရှင် ✈️

ဒါကြောင့် ကင်မ်ချီမြေမှာလည်ပတ်ဖို့ဆိုရင် Korea လူမျိုး Founder ကိုယ်တိုင်ဦးစီးပြီး အတွေ့အကြုံများစွာရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက သေချာ Care လုပ်ပေးနေတဲ့ Genie Korea Tour နဲ့သာ ချိတ်ဆက်လိုက်ပါရှင့် 🫶🙌

Explore South Korea and create unforgettable memories with Genie Korea Tour! 🇰🇷

Why choose Genie Korea Tour?
🌆 Exclusive tours to iconic landmarks and cultural sites
🍜 Experience the authentic taste of traditional Korean cuisine
✈️ Comprehensive flight tickets and tour packages
🙌 Led by a Korean founder, Genie, and a team of experienced professionals who ensure top-notch care

✨ Special Benefits:
• Personalized services to suit your needs
• Hassle-free booking for flights and tours
• A truly immersive Korean travel experience

Let Genie Korea Tour make your South Korean journey effortless, memorable, and extraordinary!




🎭 K - Drama တွေအများကြီးအားပေးနေတာဆိုတော့ Oppa တို့နိုင်ငံမှာရှိတဲ့ အထင်ကရနေ့တွေအကြောင်း နည်းနည်းပါးပါးတော့သိရမယ်နော် 👌🏻...
26/02/2025

🎭 K - Drama တွေအများကြီးအားပေးနေတာဆိုတော့ Oppa တို့နိုင်ငံမှာရှိတဲ့ အထင်ကရနေ့တွေအကြောင်း နည်းနည်းပါးပါးတော့သိရမယ်နော် 👌🏻

🇰🇷 Korea နိုင်ငံမှာ အထင်ကရနေ့များစွာရှိပါတယ်။ အဲဒီနေ့တွေဟာ သမိုင်း၊ ယဉ်ကျေးမှုနဲ့ လူမှုရေးအရ အရေးပါတဲ့နေ့တွေဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တောင်ကိုရီးယားမှာ ကျင်းပလေ့ရှိပါတယ်။

အခုတစ်ခေါက်မှာတော့ Genie မှ အဓိကကျတဲ့ အထင်ကရနေ့တချို့ကို ဖော်ပြပေးထားပါတယ်။

⚜️ အမျိုးသားနေ့ (March 1st Movement Day)
- ၁၉၁၉ ခုနှစ်မှာ ဂျပန်ကိုလိုနီအုပ်ချုပ်မှုကိုဆန့်ကျင်တဲ့လှုပ်ရှားမှုကြီးကို အမှတ်ရတဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ လွတ်လပ်ရေးအတွက် တောင်ကိုရီးယားလူထုရဲ့ စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုကျင်းပပါတယ်။

⚜️ လွတ်လပ်ရေးနေ့ (Independence Day) - ဩဂုတ်လ ၁၅ ရက်

- ၁၉၄၅ ခုနှစ်မှာ ဂျပန်ကိုလိုနီအုပ်ချုပ်မှုကနေ လွတ်မြောက်လာတဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပပါတယ်။ ဒီနေ့မှာ လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့သူရဲကောင်းတွေကို ကျေးဇူးတင်ကြောင်းပြသလေ့ရှိပါတယ်။

⚜️ Hangul Day - အောက်တိုဘာလ ၉ ရက်

- ကိုရီးယားစာပေစနစ် (Hangul) ကိုတီထွင်ခဲ့တဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပပါတယ်။ ဒီနေ့မှာ ကိုရီးယားဘာသာစကားနဲ့ယဉ်ကျေးမှုကို ဂုဏ်ယူတဲ့အနေနဲ့ အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။

⚜️ ခရစ္စမတ်နေ့ (Christmas) - ဒီဇင်ဘာလ ၂၅ ရက်

- တောင်ကိုရီးယားမှာ ခရစ္စမတ်နေ့ကို အထိမ်းအမှတ်နေ့အနေနဲ့ ကျင်းပပါတယ်။ ဒီနေ့မှာ လူအများစုက ခရစ္စမတ်ပွဲတွေကို မိသားစုနဲ့အတူ ပျော်ရွှင်စွာကျင်းပလေ့ရှိပါတယ်။

⚜️ နှစ်သစ်ကူးနေ့ (Lunar New Year) - တရုတ်နှစ်သစ်ကူးနေ့

- နှစ်စဉ်နှစ်တိုင်း Lunar New Year ကို မိသားစုတွေ တူတူကျင်းပလေ့ရှိပါတယ်။ ဒီနေ့မှာ မိသားစုတွေစုဝေးပြီး ရိုးရာဓလေ့တွေကို ပြုလုပ်လေ့ရှိပါတယ်။

⚜️ Chuseok - ကိုရီးယားရိုးရာကျေးလက်ကျေးဇူးတော်နေ့

- ချူးဆော့ခ်နေ့ဟာ ကောက်ပဲသီးနှံရိတ်သိမ်းပြီးတဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပပါတယ်။ ဒီနေ့မှာ မိသားစုတွေစုဝေးပြီး ဘိုးဘွားတွေကိုကျေးဇူးတင်ကြောင်း ပြသလေ့ရှိပါတယ်။

ဒီနေ့တွေဟာ Korea နိုင်ငံရဲ့ သမိုင်းနဲ့ယဉ်ကျေးမှုကိုထင်ဟပ်စေတဲ့ အရေးပါတဲ့နေ့တွေဖြစ်ပါတယ်။

🎭 Since you’re a big fan of K-Dramas, you might want to know about some of the most significant holidays in South Korea! 🇰🇷

South Korea has many important national holidays that are deeply connected to its history, culture, and society. These days are celebrated every year, marking key events and traditions.

Here are some of the most significant national holidays in South Korea:

⚜️ March 1st Movement Day (삼일절) – March 1st

This day commemorates the independence movement against Japanese colonial rule in 1919. It honors the unity and sacrifices of the Korean people in their fight for freedom.

⚜️ Independence Day (광복절) – August 15th

On this day in 1945, Korea was liberated from Japanese colonial rule. It is a time to remember the sacrifices made for independence and to honor the national heroes.

⚜️ Hangul Day (한글날) – October 9th

This day celebrates the creation of Hangul, the Korean writing system, by King Sejong the Great in the 15th century. It is a day of national pride, recognizing Korea’s unique linguistic heritage.

⚜️ Christmas (크리스마스) – December 25th

Christmas is a public holiday in South Korea. Many people celebrate with friends and family, exchanging gifts and enjoying festive decorations.

⚜️ Lunar New Year (설날) – Based on the Lunar Calendar

This is one of the most important holidays in Korea, where families gather to celebrate the new year with traditional rituals, food, and games.

⚜️ Chuseok (추석) – Korean Harvest Festival

Chuseok is Korea’s Thanksgiving, a time when families come together to honor their ancestors and celebrate the autumn harvest with special foods and traditions.

These holidays reflect South Korea’s rich history, traditions, and strong sense of family and national identity! Which one do you find most interesting?




🕍 ဘူဆန်မှာရှိတဲ့ The most beautiful temple in Korea လို့ဆိုတဲ့ ဒီဗုဒ္ဓဘာသာဘုရားကျောင်းကြီးကို 376 ခုနှစ်ကထဲက ပင်လယ်ကမ်းစ...
24/02/2025

🕍 ဘူဆန်မှာရှိတဲ့ The most beautiful temple in Korea လို့ဆိုတဲ့ ဒီဗုဒ္ဓဘာသာဘုရားကျောင်းကြီးကို 376 ခုနှစ်ကထဲက ပင်လယ်ကမ်းစပ်ကျောက်ဆောင်အစွန်းလေးပေါ်မှာ ထူးထူးခြားခြားတည်ထားခဲ့တာပဲဖြစ်ပါတယ်။

🛕ဒီ Temple ကြီးကို တည်ဆောက်ထားကြတဲ့သူတွေဟာ ကမ်းခြေကျောက်ကမ်းပါးစွန်းလေးတွေပေါ်မှာ နဂါးတစ်ကောင်ရစ်ခွေနေသလိုလမ်းကြောင်းတွေနဲ့ တည်ဆောက်ထားကြတာပါ။

🛕ထူးဆန်းအံ့ဩဖွယ်လက်ရာတွေနဲ့ ပင်လယ်ကမ်းခြေနဲ့ဘုရားကျောင်းရဲ့အလှကို တစ်နေရာထဲမှာခံစားနိုင်တာကြောင့် နေရာလေးဟာ လာရောက်လည်ပတ်သူတွေနဲ့ အမြဲစည်ကားနေလေ့ရှိပါတယ်။

🛕ဒီဘုရားကျောင်းထူးခြားတာတစ်ခုက Buddha of granting a son လို့ခေါ်တဲ့ သားဆုပန်လို့ရတဲ့ဘုရားလည်းရှိနေတာပါ။

နောက်တစ်ခုထူးခြားတာက ရွှေညောင်ရွက်လေးတွေပေါ်မှာ ဆုတောင်းစာလေးတွေရေးပြီး ဝရံတာမှာချိတ်ကြတဲ့ဓလေ့လေးလည်း တွေ့ခဲ့ရပါတယ်။

🛕ဘူဆန်မှာရှိတဲ့ Haedong Yonggungsa Temple, Busan ကို သွားရောက်လည်ပတ်ဖို့ဆိုရင်တော့ ဝင်ကြေးပေးစရာမလိုပါဘူးတဲ့။

ဒါအပြင် အဝင်ဝမှာ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်လေးတွေနဲ့ မုန့်စျေးတန်းလေးရှိနေသေးပါတယ်နော် ။

ဘူဆန်ကိုရောက်ရင် လည်ဖြစ်အောင်လည်ကြဖို့ မမေ့ကြနဲ့နော် 🛕🕍

🛕🕍 Haedong Yonggungsa Temple in Busan is often referred to as “the most beautiful temple in Korea”, and for a good reason. This remarkable Buddhist temple, built in 1376, is uniquely situated on the edge of rocky cliffs by the sea, offering a breathtaking combination of architecture and natural scenery.

🛕Highlights of Haedong Yonggungsa Temple
• Unique Location: Perched on a rocky coastline, the temple’s design is said to resemble a dragon winding through the rocks, creating a striking visual experience for visitors.

🕍 Special Attractions: One of the temple’s unique features is the Buddha of Granting a Son, a revered statue where visitors come to pray for blessings of parenthood. Additionally, you’ll find a tradition where visitors write their wishes on small golden leaves and hang them along the temple corridors.

🛕Free Admission: You can explore this enchanting site without worrying about entrance fees.

🛕The entrance area offers souvenir shops and snack stalls, where you can purchase memorable keepsakes or enjoy local treats.

🛕The scenic view of the temple against the backdrop of the sea is best appreciated during sunrise or sunset.

If you’re visiting Busan, don’t miss the chance to experience the spiritual serenity and natural beauty of Haedong Yonggungsa Temple!🛕🕍




22/02/2025

🇰🇷 ကိုရီးယားကို တစ်ယောက်တည်းခရီးထွက်မယ်ဆိုရင် အလှပဆုံး Memories ကိုဖန်တီးနိုင်မယ့် နေရာများစွာရှိပါတယ်။

ဒီနေရာတွေက ခရီးသွားတွေကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေများစွာ ပေးစွမ်းနိုင်မှာဖြစ်လို့ တစ်ယောက်တည်းခရီးသွားလို့ရမယ့် တောင်ကိုးရီးယားရဲ့ Hidden Place တွေကို 𝐆𝐞𝐧𝐢𝐞 မှ ဖော်ပြပေးလိုက်ပါတယ်။

🏔️Hallasan Mountain

Jeju Island က ကိုရီးယားရဲ့နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်ပြီး သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီကျွန်းမှာရှိတဲ့ Hallasan Mountain ဟာ ကျွန်းရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး သဘာဝအလှအပနဲ့ တောင်တက်ခြင်းကိုနှစ်သက်ရင် ဒီနေရာကို သွားသင့်ပါတယ်။

🛕 Bulguksa Temple

Gyeongju မြို့က သမိုင်းဝင်နေရာတွေနဲ့ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ Bulguksa Temple ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တာကြောင့် ရှေးဟောင်းအမွေအနှစ်နဲ့ ကိုရီးယားရိုးရာယဉ်ကျေးမှုတွေကိုလေ့လာချင်ရင် လည်ပတ်ဖို့အကောင်းဆုံးနေရာဖြစ်ပါတယ်။

🏔️ Seoraksan Mountain

Seoraksan Mountain က ကိုရီးယားရဲ့ အလှပဆုံးတောင်တွေထဲကတစ်ခုဖြစ်ပြီး သဘာဝအလှတရားတွေ၊ လှပတဲ့ရှုခင်းတွေကိုကြည့်ရှုရင်း တောင်တက်နိုင်ပါတယ်။

🏡 Andong Hahoe Folk Village

Andong Hahoe Folk Village က ကိုရီးယားရဲ့ ရိုးရာကျေးရွာတစ်ခုဖြစ်ပြီး ရိုးရာယဉ်ကျေးမှုတွေ၊ ရိုးရာကိုရီးယားအိမ်တွေနဲ့ ကျေးရွာမှာကျင်းပတဲ့ ရိုးရာပွဲတော်တွေကို ကြည့်ရှုနိုင်ပါတယ်။

🏡 Gangneung မြို့

Gangneung မြို့ဆိုတာ ပင်လယ်ကမ်းခြေနဲ့ သဘာဝအလှတရားတွေကိုခံစားနိုင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒီမြို့မှာရှိတဲ့ Gyeongpo Beach မှာ လှပတဲ့ကမ်းခြေနဲ့ အေးချမ်းတဲ့ပတ်ဝန်းကျင်ကို ခံစားနိုင်ပါတယ်။ ဒါအပြင် Gangneung မြို့ရဲ့ လှပတဲ့ကော်ဖီဆိုင်တွေကိုလည်း လည်ပတ်နိုင်ပါသေးတယ်။

ဒီနေရာတွေက တစ်ယောက်တည်းခရီးသွားမယ့်သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေနဲ့ အမှတ်တရ Memories ကို ဖန်တီးပေးနိုင်မှာပါ။

ကိုရီးယားကို တစ်ယောက်တည်းလည်ပတ်မယ်ဆိုရင် ဒီနေရာတွေကို လုံးဝမမေ့ပါနဲ့နော် 🥰✈️

🇰🇷 Solo Trip to Korea: Create the Most Beautiful Memories!

South Korea has many stunning destinations where solo travelers can create unforgettable experiences. If you’re planning a solo trip, Genie has selected some of the best hidden gems in Korea just for you!

🏔️ Hallasan Mountain

Jeju Island is one of Korea’s most famous travel destinations, known for its breathtaking natural beauty. Hallasan Mountain, the highest peak on the island, is perfect for nature lovers and hiking enthusiasts.

🛕 Bulguksa Temple

Located in Gyeongju, a city rich in historical sites, Bulguksa Temple is a UNESCO World Heritage Site. It’s a must-visit for those who want to explore Korea’s ancient history and traditional culture.

🏔️ Seoraksan Mountain

One of Korea’s most beautiful mountains, Seoraksan offers stunning scenery and incredible hiking trails. If you love nature and adventure, this is the perfect spot for you.

🏡 Andong Hahoe Folk Village

A traditional Korean village where you can experience authentic Korean culture, traditional houses, and local festivals. This village preserves Korea’s rich heritage and is a great place to step back in time.

🏡 Gangneung City

A coastal city famous for its beautiful beaches and serene natural landscapes. Gyeongpo Beach in Gangneung is a fantastic place to relax and enjoy the peaceful seaside atmosphere. The city is also known for its charming coffee shops, perfect for solo travelers looking for a cozy break.

These hidden gems in Korea will give solo travelers exciting experiences and unforgettable memories.

If you’re traveling solo to Korea, don’t miss out on these amazing destinations! 🥰✈️




🇰🇷 တောင်ကိုရီးယားနိုင်ငံမှာ ချယ်ရီပန်းပွဲတော် (벚꽃 축제) တွေကို မတ်လနဲ့ဧပြီလတွေမှာ စည်စည်ကားကား ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။...
20/02/2025

🇰🇷 တောင်ကိုရီးယားနိုင်ငံမှာ ချယ်ရီပန်းပွဲတော် (벚꽃 축제) တွေကို မတ်လနဲ့ဧပြီလတွေမှာ စည်စည်ကားကား ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။

🌸 တောင်ကိုရီးယားမှာတော့ ချယ်ရီပန်းပွင့်ချိန် မတ်လနှောင်းပိုင်းကစပြီး ဧပြီလဆန်းအထိ မတူကွဲပြားတဲ့ဒေသအသီးသီးမှာ ရက်တွေကွာခြားပြီး ပန်းပွင့်လေ့ရှိသလို၊ ပန်းတွေပွင့်တဲ့အချိန်မှာလည်း ပွဲတော်တွေကို နေရာတိုင်းမှာကျင်းပပြုလုပ်လေ့ရှိခဲ့ကြပါတယ်။

🌸 ဘုရင်ချယ်ရီလို့လူသိများတဲ့ ကိုရီးယားချယ်ရီပင်က ဂျယ်ဂျူကျွန်း (제주도) က ဆင့်ပွားလာတဲ့မျိုးစိတ်ဖြစ်ပြီး အပွင့်များပိုကြီးမားပြီး တစ်ခြားသော ချယ်ရီပန်းအမျိုးအစားတွေနဲ့ အနည်းငယ်ကွာခြားပါတယ်။

🌸 ဂျယ်ဂျူကျွန်းရဲ့ ပူနွေးတဲ့ရာသီဥတုကြောင့် ချယ်ရီပန်းပွင့်တွေ အစောဆုံးဖူးပွင့်တဲ့ဒေသလည်းဖြစ်ပါတယ်။ တစ်ကြိမ်ပွင့်ရင် နှစ်ရက်ခန့်သာ အစွမ်းကုန်ဖူးပွင့်လေ့ရှိပါတယ်။

🌸 ချယ်ရီပန်းပွဲတော်ကို တော်ဝင်မိသားစုများက စတင်ပြုလုပ်ခဲ့တဲ့ပွဲတော်တစ်ခုဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများအရသိရှိရပါတယ်။ တော်ဝင်မိသားစုတွေက ဇီးသီး၊ မက်မွန်သီး၊ apricot ပန်းတွေကို ကြည့်ရှုလေ့ရှိခဲ့ပြီးနောက်ပိုင်းမှာတော့ ချယ်ရီပန်းတွေကို ပြောင်းလဲကြည့်ရှုလာခဲ့ကြတာပါ။

🇰🇷 In South Korea, the Cherry Blossom Festivals (벚꽃 축제) are grandly celebrated during March and April each year.

🌸 Cherry Blossom Blooming Season
In South Korea, cherry blossoms begin blooming from late March to early April, depending on the region. The flowers bloom at different times across the country, and festivals are held in various locations to celebrate the fleeting beauty of the blossoms.

🌸 Jeju Island – The First Blooming Region
Jeju Island (제주도), with its warm climate, is the first region in South Korea to witness the cherry blossoms. The cherry trees on Jeju Island produce larger blossoms compared to other varieties, and once they bloom, they last for only about two days at their peak.

🌸 The Royal History of the Cherry Blossom Festival
Historically, the Cherry Blossom Festival is believed to have originated from royal traditions. Records suggest that royal families in the past admired plum, apricot, and cherry blossoms during spring. Over time, cherry blossoms became the centerpiece of these celebrations.

South Korea’s cherry blossoms, often referred to as the “King Cherry,” originated from Jeju Island and stand out due to their larger, more magnificent flowers, making them a unique symbol of spring in the country.




အခုတစ်ခေါက်မှာတော့ မင်မင်တို့ Genie Korea Tour ကနေ ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာပေါ်က Top 10 Festival တွေက ဘယ်နိုင်ငံရဲ့ပွဲတော်တွ...
18/02/2025

အခုတစ်ခေါက်မှာတော့ မင်မင်တို့ Genie Korea Tour ကနေ ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာပေါ်က Top 10 Festival တွေက ဘယ်နိုင်ငံရဲ့ပွဲတော်တွေလည်းဆိုတာကို ဖော်ပြပေးသွားပါမယ်ရှင် 🫶🏻🙋🏻‍♀️

🌏 ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်းပွဲတော်တွေများစွာကျင်းပနေတဲ့အထဲမှာမှ အခုနှစ်ရဲ့နာမည်ကြီး Top 10 Festival တွေကတော့….

1. Oktoberfest (Munich, Germany)
2. Mardi Gras (New Orleans, USA)
3. Carnival (Rio De Janeiro, Brazil)
4. Holi (India)
5. La Tomatina (Buñol, Spain)
6. Diwali (India)
7. Chinese New Year (China)
8. Songkran (Thailand)
9. Cherry Blossom Festival (Japan)
10. Glastonbury Festival (Somerset, UK) တို့ပဲဖြစ်ပါတယ်။

✈️ ပျော်စရာသိပ်ကောင်းပြီး လေ့လာစရာဗဟုသုတများစွာရရှိမယ့် ဒီလိုပွဲတော်တွေဆီကိုသွားလည်ချင်တယ်ဆိုရင်တော့ Tour Services အပြင် Flight Ticket တွေကို ယုံကြည်စိတ်ချစွာနဲ့ Genie မှာ လာရောက်ဝယ်ယူနိုင်ပါပြီရှင် 🫶🏻🌏

Let’s explore the Top 10 Festivals Around the World for 2025 with Genie Korea Tour! 🫶🏻🙋🏻‍♀️

🌏 Every year, countless festivals are celebrated across the globe, and here are the Top 10 Festivals of this year that you definitely don’t want to miss:
1. Oktoberfest (Munich, Germany)
2. Mardi Gras (New Orleans, USA)
3. Carnival (Rio De Janeiro, Brazil)
4. Holi (India)
5. La Tomatina (Buñol, Spain)
6. Diwali (India)
7. Chinese New Year (China)
8. Songkran (Thailand)
9. Cherry Blossom Festival (Japan)
10. Glastonbury Festival (Somerset, UK)

✈️ These festivals are not only filled with fun and excitement but also provide unique cultural experiences and lifelong memories. If you’re ready to explore and enjoy these iconic celebrations, you can book Tour Packages and Flight Tickets with Genie Korea Tour—a name you can trust!

Start planning your adventure today and make your 2025 unforgettable with Genie! 🫶🏻🌏




“ ကိုရီးယားရဲ့ အလှဆုံးတက္ကသိုလ်လို့နာမည်ကြီးတဲ့ Kyung Hee University အကြောင်း တစေ့တစောင်း“ 🏫🎓 🏫 Kyung Hee University (경희...
16/02/2025

“ ကိုရီးယားရဲ့ အလှဆုံးတက္ကသိုလ်လို့နာမည်ကြီးတဲ့ Kyung Hee University အကြောင်း တစေ့တစောင်း“ 🏫🎓

🏫 Kyung Hee University (경희대학교) ဟာ ကိုရီးယားရဲ့ TOP 10 Universities တွေထဲက တစ်ကျောင်းဖြစ်တဲ့အပြင် နှစ်စဥ် National Ranking 6 ကနေ 9 ကြားပြေးနေတဲ့ ကျောင်းတစ်ကျောင်းပါ 🎓

Kyung Hee University ကို 1949 ခုနှစ်မှာ Shinheung Junior College (신흥대학교) အမည်နဲ့ 2 Year College အဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ 1960 ခုနှစ်မှာတော့ Kyung Hee University အဖြစ်အမည်ပြောင်းလဲခဲ့ပြီး အခုဆို သက်တမ်းအားဖြင့် 73 နှစ် ရှိပြီဖြစ်ပါတယ်။

လက်ရှိမှာ Seoul Campus နဲ့ Global Campus ဆိုပြီး Campus နှစ်ခုခွဲပြီး သင်ကြားပို့ချနေပါတယ်။ Seoul Campus မှာတော့ Business Management, Humanities, Liberal Art စတဲ့ လက်တွေ့မပါတဲ့ Major တွေ Faculty ကို အဓိကထားဖွင့်လှစ်ထားပြီး၊ Global Campus မှာတော့ Engineering တွေ Science ဘာသာရပ်တွေ စတဲ့ လက်တွေ့လုပ်ရတဲ့ Major တွေ၊ Faculty တွေကို အဓိကထား သင်ကြားပို့ချပေးပါတယ်။🎓

✅ Korea မှာ Ranking Top 10 ထဲပြေးနေတဲ့ တက္ကသိုလ်ဖြစ်တာကြောင့် ကျောင်းလခကလည်း အခြားတက္ကသိုလ်တွေထက်စာရင် အနည်းငယ် ပိုစျေးများတဲ့ထဲပါပါတယ်။

✅ Kyung Hee University ဆိုရင် Korea မှာ Hospitality and Tourism ပိုင်းမှာ အကောင်းဆုံးတက္ကသိုလ်အနေနဲ့ နာမည်ကြီးပါတယ်။ Korea National Ranking 1 အနေနဲ့ရပ်တည်နေတဲ့အပြင် World Ranking Top 10 -30 ထဲမှာရှိပါတယ်။

🏫 Kyung Hee ရဲ့ နာမည်ကြီးတဲ့အချက်တွေထဲကတစ်ခုက တက္ကသိုလ်အဆောက်အဦးတွေရဲ့ Architecture ပါ။ ကျောင်း၀င်ပေါက်ကစလို့ တိုင် ၁၈ လုံးနဲ့ တည်ဆောက်ထားတဲ့ Main Building, Library, ဘွဲ့နှင်းသဘင်ကျင်းပတဲ့ Grand Peace Palace အဆုံး ဥရောပဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားတာဖြစ်ပါတယ်။

🌸 ဒါအပြင် နွေဦးမှာ ချယ်ရီပန်းတွေ၊ ဆောင်းဦးမှာ အနီရောင် Maple ရွက်တွေနဲ့ Campus တစ်ခုလုံးကိုဖုံးလွှမ်းထားတာကြောင့် နိုင်ငံခြားသားခရီးသွားတွေတောင် Kyung Hee University ကို Tour Site တစ်ခုအဖြစ်သတ်မှတ်ပြီး လာရောက်လည်ပတ်ရလောက်အောင် နာမည်ကြီးတဲ့ကျောင်းဖြစ်ပါတယ်။ 🍁

🎓 ကျောင်း၀င်ခွင့်ကတော့ Spring Semester (March) အတွက်ဆိုရင် October လလောက်မှာ ၀င်ခွင့်လျှောက်ရမှာဖြစ်ပြီး Fall Semester (September)အတွက်ဆိုရင် April လလောက်မှာ ၀င်ခွင့်လျှောက်ရလေ့ရှိပါတယ်။ University Website အပြင် Faculty တစ်ခုချင်းစီရဲ့ Website လည်းရှိတာကြောင့် ကိုယ်တက်ချင်တဲ့ Major နဲ့ပတ်သက်ပြီး Search လုပ်မယ်ဆိုရင်တော့ Faculty website ကို အသေးစိတ်၀င်ရောက်လေ့လာဖို့ အကြံပြုချင်ပါတယ်။🎓


Kyung Hee University – One of Korea’s Most Beautiful Universities 🏫🎓

🏫 Kyung Hee University (경희대학교) is one of Korea’s top universities, consistently ranking within the Top 10 Universities nationally, with rankings fluctuating between 6th and 9th place annually. 🎓

Founded in 1949 as Shinheung Junior College (신흥대학교), it began as a two-year college. In 1960, it was renamed Kyung Hee University and now boasts a history spanning 73 years.

The university operates two campuses: Seoul Campus and Global Campus.
• Seoul Campus focuses on theoretical majors such as Business Management, Humanities, and Liberal Arts.
• Global Campus emphasizes practical fields like Engineering and Sciences. 🎓

Key Highlights

✅ Top Rankings:
Kyung Hee University ranks among Korea’s top 10 universities. It is particularly renowned for its Hospitality and Tourism program, which holds the No. 1 spot in Korea and ranks globally within the Top 10–30.

✅ Tuition Fees:
Due to its high ranking, tuition fees are slightly higher compared to other universities.

✅ Stunning Architecture:
The university is famous for its iconic architectural style. Starting from its grand entrance to the Main Building with 18 pillars, the Library, and the Grand Peace Palace (used for graduation ceremonies), Kyung Hee’s design reflects European classical architecture.

✅ Scenic Beauty:
The campus transforms into a breathtaking destination with cherry blossoms in spring and red maple leaves in autumn, attracting both students and international tourists. It’s often considered a must-visit tourist site in Korea. 🌸🍁

Admission Details
• Spring Semester (March): Applications usually open around October.
• Fall Semester (September): Applications typically open in April.

Prospective students can explore details about their desired major on the university’s website or on individual faculty pages for more specific information. 🎓





ဒီတစ်ခေါက်မှာတော့ မင်မင်တို့ Genie 🧞‍♀️ ကနေ Weekend တွေမှာလျှောက်လည်လို့ရမယ့် နီးနီးနားနားက Suwon မြို့ရဲ့ Best Place တွ...
14/02/2025

ဒီတစ်ခေါက်မှာတော့ မင်မင်တို့ Genie 🧞‍♀️ ကနေ Weekend တွေမှာလျှောက်လည်လို့ရမယ့် နီးနီးနားနားက Suwon မြို့ရဲ့ Best Place တွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် 🫶🏻🙋🏻‍♀️

1. Hwaseong Fortress (화성 성곽)

UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့် Hwaseong Fortress သည် ၁၈ ရာစုလောက်တွင်တည်ဆောက်ခဲ့ပြီး သမိုင်းဝင်နံရံများ၊ မျှော်စင်များနှင့် နန်းတော်အလှများကို ကြည့်ရှုနိုင်ပါတယ်။

2. Korean Folk Village (한국 민속촌)

ရိုးရာယဉ်ကျေးမှုကို ခံစားလိုသူများအတွက် Korean Folk Village သည် လုံးဝလက်မလွှတ်သင့်တဲ့နေရာတစ်ခုပါ။ ရှေးဟောင်းအိမ်များ၊ ရိုးရာဖျော်ဖြေရေးအစီအစဉ်များ (ရိုးရာအက၊ ရိုးရာဓလေ့ပြသမှု)နှင့် ကိုရီးယားစတိုင်ခေါက်ဆွဲတွေကို တဝကြီးစားသောက်လို့ရပါသေးတယ်။

3. Hwaseong Museum (화성 박물관)

Hwaseong Fortress နဲ့ပတ်သက်သော သမိုင်းကြောင်းများ၊ ဆောက်လုပ်ရေးနည်းလမ်းများ၊ နန်းတော်ဘုရင် Jeongjo ရဲ့ အိမ်ပုံစံများကိုလေ့လာရန်အတွက် ပြတိုက်မှာ အချက်အလက်တွေကို စုစည်းပေးထားပါတယ်။

4. Paldalmun Gate (팔달문)

Paldalmun Gate သည် Hwaseong Fortress ၏ တောင်ဘက်ဝင်ပေါက်ဖြစ်ပြီး ဂုဏ်ယူစရာ ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ ယဉ်ကျေးမှုနှင့်သမိုင်းကိုချစ်မြတ်နိုးသူတွေ ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

5. Gwanggyosan Mountain (광교산)

သဘာဝအလှကိုခံစားလိုသူများအတွက် Gwanggyosan သည် တောင်တက်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် သက်တောင့်သက်သာ သဘာဝလေဝင်လေထွက်ကိုခံစားရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။ တောင်ထိပ်မှ မြို့အနားရှိရှုခင်းများကို ကြည့်ရှုနိုင်ပါတယ်။

🇰🇷 ဒီနေရာတွေဟာ Suwon ရဲ့ best place တွေဖြစ်တာကြောင့် Weekend မှာ နီးနီးနားနားလည်ပတ်ချင်သူတွေအတွက်အဆင်ပြေမယ့် Best Place လေးတွေဖြစ်ပါတယ်။

This time, our Genie 🧞‍♀️ has prepared a list of the best places to visit in Suwon for your weekend adventures. Check them out! 🫶🏻🙋🏻‍♀️

1. Hwaseong Fortress (화성 성곽)
A UNESCO World Heritage Site built in the 18th century, Hwaseong Fortress offers stunning historical walls, observation towers, and palace beauty for visitors to explore.

2. Korean Folk Village (한국 민속촌)
Perfect for those who love traditional culture! The Korean Folk Village showcases traditional houses, cultural performances (folk dances, ceremonies), and delicious Korean-style noodles to enjoy.

3. Hwaseong Museum (화성 박물관)
Dive into the history of Hwaseong Fortress, its construction techniques, and the life of King Jeongjo. The museum offers a wealth of information and fascinating exhibits.

4. Paldalmun Gate (팔달문)
This southern gate of Hwaseong Fortress is a proud historical landmark. It’s also one of the best spots for history lovers and photographers.

5. Gwanggyosan Mountain (광교산)
For nature enthusiasts, Gwanggyosan Mountain is the perfect destination for hiking, walking, and relaxing in the fresh air. The mountain top offers breathtaking views of the city.

🇰🇷 These places are the best of Suwon, making them ideal for weekend getaways. Which one will you visit first?



Address

No. (3A), Mawrawady Condo, 8 Mile Mayangone Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Genie Korea Tour 지니투어 미얀마 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share