Via Myanmar Camping Party

Via Myanmar Camping  Party 2 Year Anniversary On Via Myanmar Group
So . OurvMarket Product is Ready in Camping Set
Camping Party for Via Staff

08/10/2019
ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်.......................Nov မှ Feb လအထိ ဟာ ခရီးသွားလို့ အကောင်းဆုံးရာသီပါ.နှစ်စဉ် ခရီးသွားဖို...
19/12/2017

ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်.......................

Nov မှ Feb လအထိ ဟာ ခရီးသွားလို့ အကောင်းဆုံးရာသီပါ.
နှစ်စဉ် ခရီးသွားဖို့ နေရာ ရွေးရင် မြန်မာတွေရဲ့ အဓိက ရွေးချယ်မှုမှာ ကျိုက်ထီးရိုး ဘုရားဖူးခရီးဟာ မပါမဖြစ်ပါ..
ကျိုက်ထီးရိုးဘုရားဖူး သွားတော့မယ်ဆိုတာနဲ့ မိသားစု ၊သူငယ်ချင်း အစုံအညီနဲ့ သွားချင်ကြပါတယ်… :-)
လူငယ်တွေကတော့ တောင်ဆင်းတောင်တက်နဲ့ Trekking ပုံစံသွားရတာကို နှစ်သက်ကြလို့ စိတ်တူကိုယ်တူတဲ့ သူငယ်ချင်းအချင်းချင်းသွားရတာကို ပိုဝါသနာပါကြပါတယ်…
ကျိုက်ထီးရိုးသွားကြမယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ သွားပါ ..
အုပ်စုများလေ ပိုကောင်းလေပါ… :-)
နှစ်ညအိပ် သုံးရက်ခရီးသွားပါ.. :-) လူငယ်တွေပီပီ နေရာစုံအောင်သွားပါ… :-)
ကဲ လူလည်းစုံပြီ သွားမဲ့ရက်လည်းသတ်မှတ်ပြီးပြီဆိုရင်တော့ ကိုယ်သွားမဲ့ခရီးစဉ်ကိုမူတည်ပြီး အထုပ်အပိုးကို တတ်နိုင်သမျှ ၀န်ပေါ့အောင်ထည့်ပါ.. :-) မလိုတာတွေမယူပါနဲ့  :-) .. သယ်ရတာလေးပါတယ်.. :P ကားလက်မှတ်ကြိုဖြတ်လို့ လည်းရပါတယ် ( ကိုယ်လက်မှတ် ဖြတ်တဲ့အချိန်မှာ နေရာကောင်းမရရင် မယူပါနဲ့ ..ကားမရမှာပူစရာမလိုပါ..)
အောင်မင်္ဂလာဝင်းမှာ ကျိုက်ထီးရိုးနေ့ စဉ်ပြေးစွဲနေတဲ့ကားတွေရှိပါတယ်… တဦးကို 3500-5000 ကြားပဲရှိပါတယ်.. နေ့ ခင်းထွက်တဲ့ကားနဲ့ သွားမယ်ဆိုရင် ၀င်း Express ကိုမစီးပါနဲ့ … တဦးကို 3500 ပါ.. Air-con မအေးပါ..အလယ်ခုံတွေလူတင်တဲ့အတွက် အေးအေးဆေးဆေးသွားချင်တဲ့သူတွေအတွက် အဆင်မပြေပါဘူး..ကားက နည်းနည်းညံ့ပါတယ်.. အဝေးပြေးကားသာသာပဲရှိပါတယ်…ကျိုက်ထိုလမ်းခွဲမှာ Litruck နဲ့ ပြန်ချိန်းပေးပါတယ်…7 မိုင်ခန့် စီးပြီးမှ ကင်ပွန်းစခန်းကိုရောက်ပါတယ်.. ဒါကြောင့်တဆင့်ထဲရောက်တဲ့ ရိုးရိုးလေး ၊ အမေစိန် တို့ စီးပါ… တဦးကို 5000 ကျပ်ပါ… Air-con ကားပါ ငြိမ့်ပါတယ်..လူပိုမတင်ပါဘူး..ကားက ငြိမ့်လို့ ဆိုပြီး ခုံနံပါတ် 30 ၀န်းကျင်ကိုမယူပါနဲ့ ..ကားကြီးရဲ့ ဘီးပေါ် ဖြစ်လို့ ခါယမ်း ပါတယ်..လူကိုမူးစေပါတယ်… ကားမူးတတ်တဲ့သူတွေအတွက်ဆိုရင်တော့ ရှေ့ ရောက်မဲ့ ခုံနံပါတ်ကိုယူပါ… အဆင်ပြေမယ်ဆိုရင် ညကားစီးပါ.. အချိန်မပုပ်သလိုကိုယ့်အတွက်လည်းလူပင်ပန်း သက်သာ စေပါတယ်…
အောင်မင်္ဂလာကနေ ကင်ပွန်းစခန်းကို 4 နာရီကြာပါတယ်..လမ်းတထောက် မနားပါဘူး… ကင်ပွန်းစခန်းရောက်ပြီဆိုရင် အပြန်လက်မှတ် တခါတည်းဖြတ်ခဲ့ပါ..ခုံနေရာကောင်းကောင်းရပါတယ်.. ညနေ နောက်ဆုံးထွက်တဲ့ကားကိုပဲလက်မှတ်ဖြတ်ပါ…အပြန်လက်မှတ် ဖြတ်ပြီးပြီဆိုရင် စားသောက်ဆိုင် တဆိုင်ကို ၀င်လိုက်ပါ.. တခုခု အဆာပြေစားပြီးနားလို့ ရတဲ့ ဆိုင်တွေရှိပါတယ်.. စောရောက်မှာဖြစ်လို့ နားဖို့  လိုပါတယ်.. နံနက် လေးနာရီဆို တောင်တက်ကားဂိတ်ဖွင့်ပါပြီ…တောင်တက်ကားနဲ့  တက်ပါ..အပြန်မှသာ ခြေလျင်ဆင်းပါ.. ဘာလို့ လည်းဆိုတော့တလမ်းလုံးကားစီးလာရတာဖြစ်တဲ့အတွက် လူကပန်းနေပါလိမ့်မယ် ..ခြေလျင်တက်မယ်ဆိုရင် ပို ပင်ပန်းပါတယ်..ဘုရားပေါ်ရောက်ရင် သွားရမဲ့နေရာတွေတန်းစီနေလို့  တောင်တက်ကားနဲ့ ပဲတက်ပါ .. ရသေ့တောင်ထိကို နောက်ခန်းက တဦး1500 ၊ တောင်ပေါ်ထိကို 2000 ကျပ်ပါ.. ခေါင်းခန်းကတော့ 3000 ကျပ်ပါ ( ခေါင်းခန်းကစီးရင် ပြင်ပရှုခင်းတွေကို သေချာ မမြင်ရပါဘူး၊ မူးတတ်တဲ့သူဆို အဆင်မပြေပါဘူး)..ဖြစ်နိုင်ရင် နောက်ကစီးတာအကောင်းဆုံးပါ ..
တောင်ပေါ်ရောက်ပြီဆိုရင် ရင်ပြင်တော်ပေါ်ရောက်ဖို့ တမိုင်လောက်လမ်းလျှောက်ရပါတယ်.. အထုပ်ထမ်းပေးမဲ့ အထမ်းသမားတွေရှိပါတယ်( ထမ်းခတော့ပေးရပါတယ် ) ရင်ပြင်ပေါ်ရောက်တာနဲ့ မုဒ်ဦးနဲ့ ရောက်ရှိဓာတ်ပုံ ရိုက်ပါ..( မှတ်တမ်းတင်ဖို့ ပါ )
ပြီးတာနဲ့ နေမဲ့ အခန်းလိုက်ရှာပါ..ရင်ပြင်တော်ပေါ်မှာ ဖျာ၊စောင်၊ခေါင်းဦးအားလုံးငှားလို့ ရပါတယ်..အဲ့လိုငှားတာက ပိုကုန်ပါတယ်..အခန်းလိုက်ရှာပါ.. တချို့ ပွဲစားတွေရှိပါတယ်..ဘယ်နေရာက ဈေးနှုန်းဘယ်လောက်ဆိုပြီးလိုက်ပြပါလိမ့်မယ်.. လိုက်ကြည့်လိုက်ပါ..ကိုယ့်ဘာသာလည်းလိုက်ရှာပါ..တဦးချင်းဈေးတောင်းတာရှိသလို အခန်းလိုက်တောင်းတာတွေလည်းရှိပါတယ်..တဦးချင်းက တရက်ကို 5000-10000 ကြားတောင်းပါတယ်.. အခန်းငှားပြီဆိုရင်တော့ အုပ်စုများတာက ရှာရလွယ်ပါတယ်.. သုံးထပ်ဆောင်မှာက တဦးကို တရက် 5000 ကျပ်ပါ.. ရှစ်ယောက်ခန်း ၊ခြောက်ယောက်ခန်းဆို တညကို 4သောင်းကနေ 5သောင်းပေးရပါတယ်… သေချာရှာနိုင်ရင် သက်သာတဲ့နေရာတွေရှိပါတယ်…Admin တို့ ကတော့ ရိုးရိုးလေး ဓမ္မာရုံ-2 မှာတည်းပါတယ်.. ငါးယောက်ခန်းကို 4သောင်းပါ..ဈေးဆစ်နိုင်လို့ 3သောင်းနဲ့ ရပါတယ်…တခြားတည်းခိုခန်းတွေထက်စာရင်တော့ နေရတာသန့် တယ်လို့ ပဲပြောရပါမယ် …ပိုပြီးသက်သာချင်ရင်တော့ ရင်ပြင်တော်နဲ့ ဝေးလေကောင်းလေပါ… မုဆိုးတောင်ဘက်မှာ စနေ၊တနင်္ဂနွေ ဆို ထမင်းသုံးနပ်စား၊တည်းလို့ ရတာ တဦးကို 8500 ကျပ်ပါ..ကြားရက်ဆို 6500 ပဲပေးရပါတယ်…
အခန်းရပြီဆိုရင် ရေမိုးချိုးပြီးတရေးတမောအိပ်ပြီး နားလိုက်ပါ… မနက် 11 နာရီလောက်ဆို မနက်စာစားပါ..ပြီးရင်တော့ ကျောက်ထပ်ကြီးဘက်ကိုသွားပါ..သွားဖြစ်အောင်သွားပါ..ရေတံခွန်ကို နောက်နေ့ မှသွားပါ..ကျောက်ထပ်ကြီးဘာလို့ သွားခိုင်းရတာလဲဆိုရင် ခေါင်းလောင်းလှူမယ်လို့ စိတ်ကူးထားရင် ကျောက်ထပ်ကြီးမှာသွားလှူပါ..အရမ်းကိုပီတိဖြစ်ရပါတယ် ကိုယ့်လှူမဲ့ခေါင်းလောင်းကို မိမိမျက်စိရှေ့ မှာတင် စေတီထိပ်ကို ကြိုးဆွဲဝိဇ္ဇာက တက်ချိတ်ပေးတာပါ..ကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးပါ…
ကျောက်ထပ်ကြီးက အသွားအပြန်သိပ်မကြာပါဘူး..လူလည်းအရမ်းမပင်ပန်းပါဘူး..သွားရတဲ့လမ်းပြေပါတယ်… ကျောက်ထပ်ကြီးကို နေ့ လည်တနာရီလောက်သွားရင် ညနေ လေးနာရီလောက်ဆိုပြန်ရောက်ပါတယ်… ကျောက်ထပ်ကြီးကပြန်လာတဲ့လမ်းကနေ ကျီးကန်းပါးစပ်ကိုဝင်လို့ ရပါတယ်..ပြီးရင်တော့အခန်းပြန်ရေမိုးချိုးပြီး ညနေစာစားရင်း ရင်ပြင်တော်ပေါ်မှာအေးအေးလူလူထိုင်နားလို့ ရပါတယ်..တရားလည်းထိုင်ရင်း ဘုရားစာလေးဖတ်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ လည်းနေလို့ ရပါတယ်..ရင်ပြင်ပေါ်က ညကျမှအေးတာပါ… အစားအသောက်အတွက်ကတော့ ဈေးသည်တွေပေါပါတယ်..သိပ်မလတ်ဆတ်ပါဘူး.. မုဆိုးတောင်ဘက်သွားတဲ့လမ်းမှာ ပိုများပါတယ်… ငပိရည်၊တို့ စရာ အစုံအလင် တထုပ်ကို 500ကျပ်ပါ.. ငပိရည် ကြိုက်တတ်ရင်တော့ ထမင်းတထုပ် 300 ၀ယ်ပြီးစားမယ်ဆိုရင်တော့ ထမင်းမြိန်ပါတယ်…အသုပ်စုံတပွဲ 500 ကျပ်ပါ.. ထမင်းအ၀စား 1500 ရှိသလို 2500 လည်းရှိပါတယ်..ရင်ပြင်နဲ့ ဝေးလေ ဈေးသက်သာလေပါ.. ဆီထမင်းတို့ ငါးကြော်တို့ ရောင်းတဲ့ဆိုင်တွေတန်းစီနေတာတွေ့ ပါလိမ့်မယ်..မစားပါနဲ့ ..ငါးသလောက်ကြော် တကောင် 2000 ကျပ်ပါ၊ငါးကျည်းကြော် တကောင် 500 ကျပ်ပါ ၊ ကြွတ်ကြွတ်လေးဖြစ်မနေပဲ အေးစက်နေပါလိမ့်မယ်… ဖြစ်နိုင်ရင်ဝယ်မစားပါနဲ ့..ရင်ပြင်တော်ဆေးခန်းရှေ့ မှာ အကိုတယောက်ထိုင်ရောင်းနေတဲ့ အကြော်ကိုဝယ်စားပါ တခုမှ 100/200 ပါ စားလို့ အဆင်ပြေပါတယ်.. အကြော်စုံရပါတယ်…
နောက်တနေ့ စောစောထပါ..နံနက် 5 နာရီလောက်ဆို မြူတွေ နဲ့ နှင်းတွေရောနေတဲ့ကြားက ကျိုက်ထီးရိုးစေတီကိုဖူးမြှော်ရတာ အရမ်းကို သပ္ပာယ်လှပါတယ်.. ဆွမ်းတော်ကပ် တပွဲ 500 ကျပ်ပါ..ဆီမီး၊အမွှေးတိုင်ပူဇော်မယ်ဆိုရင်တော့ ရန်ကုန်ကနေ ၀ယ်သွားလည်းရသလို အဲ့မှာလည်း ၀ယ်လို့ ရပါတယ်..အမွှေးတိုင်အထုပ်ကြီးတထုပ်ကို 1000 ကျပ်၊ ဖယောင်းတိုင် အထုပ် အလတ် 1000 ကျပ်ပါ..ပန်းရေချမ်းကပ်လို့ ရပါတယ်…
ဘုရားဝတ်ပြုအားလုံးပြီးပြီဆိုရင်တော့ နံနက် 7နာရီလောက် ရေတံခွန်ကို ခြေလျင်ဆင်းပါ…ဘာကြောင့် ခြေလျင်ဆင်းခိုင်းရတာလဲဆိုရင်လူငယ်တွေဖြစ်လို့ စည်းလုံးမှုကို ရရှိ စေပါတယ်.. Friendship Goals အနေနဲ့ လည်း ဓာတ်ပုံလန်းလန်းလေးတွေရိုက်လို့ ရပါတယ်.. နောက်တချက်ကတော့ ရေတံခွန်ကရေက ကြည်ပြီးအေးစိမ့်နေတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေတဲ့အတွက် ခြေလျင်ဆင်းလို့  ပင်ပန်းကိုက်ခဲလာသမျှတွေက ရေတံခွန်ရောက်ရင်တော့ အပန်းပြေသွားမှာအမှန်ပါပဲ.. ဒါကြောင့်ခြေလျင်ဆင်းခိုင်းတာပါ…ရေတံခွန်ရောက်ရင်အေးအေးဆေးဆေး ရေစိမ်နေလို့ ရပါတယ်.. နေမကောင်းတဲ့လူတောင် နေကောင်းသွားစေတယ်လို့ လည်း ပြောစမှတ် ရှိကြပါတယ်…ရေထဲရောက် သွားရင် ပြန်မတက်ချင်လောက်တဲ့အထိကို အေးမြလန်းဆန်းစေပါတယ်.. အတက်ကိုတော့ရေလည်းချိုးပြီးလူလည်းလန်းဆန်းသွားပြီဖြစ်လို့ ကားနဲ့ ပဲပြန်တက်ပါ..
ညနေ သုံးနာရီလောက်ဆို အတက်ကားနဲ့ ရင်ပြင်တော်ပေါ်ကိုတက်ပါ… ရောက်ပြီဆိုရင် အေးဆေးနားနားနေနေ နေရင်းနဲ့ လက်ဆောင်ပစ္စည်းတွေဝယ်ပါ… ညကိုတော့ ရင်ပြင်တော်ပေါ်မှာ သူငယ်ချင်းတွေနဲ့ ရှေ့ ဟောင်းနှောင်းဖြစ်လေးတွေပြောရင်းကုန်ဆုံးပါ..ဒါတွေဟာ သင်တို့ရဲ့ ပြန်မရနိုင်တဲ့ အမှတ်တရတွေကိုပေးစွမ်းနိုင်တဲ့ ဘုရားဖူးခရီးစဉ်ဖြစ်ပါတယ်….
နောက်နေ့ ရောက်ရင်တော့ မနက် 6နာရီလောက်ထပါ.. ပြန်မဲ့ပစ္စည်းတွေသေချာထုပ်ပိုးပါ..စနစ်တကျထည့်ပါ.. သေချာစစ်ဆေးပြီးအားလုံးစုံပြီဆိုရင်တော့ တောင်အောက်ကိုခြေလျင်ဆင်းပါ…ရင်ပြင်တော်ကနေဖြတ်ရမှာဖြစ်လို့ နောက်ထပ်တကြိမ် စေတီရှေ့ ဦးချပြီး ကုသိုလ်ယူပါ… ပြီးရင်တော့ ခြေလျင်စဆင်းပါ..ခြေလျင်လမ်းတလျှောက်မှာ တောထဲက ထမင်းဆိုင်လေးတွေရှိပါတယ်..တောတိရစ္ဆာန် သားအစုံရပါတယ်.. ခေါင်ရည်လည်းရပါတယ်…( သောက်တတ်တဲ့သူတွေအတွက်ပါ :p )
နံနက် 7နာရီလောက်ကဆင်းရင် နေ့ လည် 11 လောက်ဆို ကင်ပွန်းစခန်းရောက်ပါတယ်… ယိုမျိုးစုံဝယ်မယ်ဆိုရင်တော့ကင်ပွန်းစခန်းရောက်မှဝယ်ပါ.. ဌေးမြင့်အောင်နဲ့ မိုးမိုးက နာမည်ကြီးပါ.. 500 တန်အထုပ်လေးတွေဆို လက်ဆောင်ပေးရအဆင်ပြေပါတယ်.. ဆယ်ထုပ်ကို တထုပ်ပိုပေးပါတယ်… ကင်ပွန်းစခန်းရောက်ရင် ကဒတ်ချောင်းကို သွားဖြစ်အောင်သွားပါ… ကင်ပွန်းစခန်းမှလမ်းလျှောက်ရင် 10 မိနစ် လောက်လျှောက်ရပြီး ဆိုင်ကယ်နဲ့ ဆို 5 မိနစ်လောက်ပဲ ကြာပါတယ်.. ဆိုင်ကယ်ငှားခ တယောက်မှ 500 ကျပ် ဖြစ်လို့ ဆိုင်ကယ်နဲ့ သွားတာ လူသက်သာပါတယ်…
ကဒတ်ချောင်းရောက်ပြီဆိုရင်တော့ ရေကကြည်နေတာဖြစ်တဲ့အတွက် အရင်ဆုံး ရေထဲမဆင်းခင်ဓာတ်ပုံ အလန်းလေးတွေရိုက်ပါ… ပြီးရင်တော့ ရေထဲမှာအေးဆေးစိမ်နေပါ.. ကားထွက်မဲ့အချိန်ရဲ့ 15မိနစ် စောရောက်ရင်ရတာဖြစ်လို့ အချိန်ပေါ်မူတည်ပြီးအေးဆေးနေလို့ ရပါတယ်.. ကဒတ်ချောင်းကနေ ဆိုင်ကယ်နဲ့ မိနစ်20လောက်စီးလိုက်ရင် ဆောင်နိုင်ကြီးရေတံခွန်ကို သွားလို့ ရပါသေးတယ်.. သူကအရမ်းလှတယ်လို့ လည်းပြောကြပါတယ်.. တောင်နှစ်လုံးကြားမှာဖြစ်နေတဲ့ရေတံခွန်ပါ ကျုံထောင်ရေတံခွန် ပုံစံပါ.. အချိန်ရရင်တော့ သွားစေချင်ပါသည်….
ကျိုက်ထီးရိုးသွားချင်တဲ့သူများအတွက် ဘယ်လောက်ကုန်မလဲ..ဘယ်လိုသွားရမလဲ သိချင်တဲ့သူတွေအတွက် ရေးပေးထားခြင်းဖြစ်ပါတယ်..

ရိုးရိုးလေးကား- နေ့ လည် 12:30 - တဦး 5000
09-73173223,0973225087,0973249917

ဝင်းကား - နံနက် 10:30 - တဦး 3500
09-777444095.09777444096,01-706886

ကားလက်မှတ် - အသွား -3500/5000
အပြန် -3500/5000
တောင်တက်ကားခ - ရသေ့တောင် 1500၊ ရင်ပြင်တော် - 2000
ရေတံခွန်သွားကားခ - 1000
တည်းခိုခ - 5000/10000
စားစရိတ် - တခါစား-1500/2500 ၊
ဆီမီး အမွှေးတိုင်ဝယ် - 5000
ကဒတ်ချောင်း - ဆိုင်ကယ်သွားပြန် - 1000
လက်ဆောင်ပစ္စည်းဝယ် အောင်မင်္ဂလာသွားကားခ အသွားအပြန် စုစုပေါင်း 6သောင်းကျပ် ၀န်းကျင်သာ ကုန်ကျပါသည်...
ကောင်းကောင်းစားပြီးကောင်းကောင်းနေရသည့်စရိတ်ဖြစ်ပါသည်...

🙂
✌️

ကျနော်တို့ ၂၀၁၇ နှစ် ရုံးနှစ်ပတ်လည်ခရီးစဉ်လေးအကြောင်းနဲ့ Via ဆိုသည်မှာ ကျနော်တို့ Via Myanmar Group ကနေ နှစ်စဉ် ခရီးတွေစ...
17/09/2017

ကျနော်တို့ ၂၀၁၇ နှစ် ရုံးနှစ်ပတ်လည်ခရီးစဉ်လေးအကြောင်းနဲ့ Via ဆိုသည်မှာ

ကျနော်တို့ Via Myanmar Group ကနေ နှစ်စဉ် ခရီးတွေစုပေါင်းထွက်လေ့ ရှိပါတယ် ရုံးဝန်ထမ်းတွေ အပြင် မိသားစုတွေပါပါဝင်တဲ့ခရီးစဉ်လေးပါ အခုခရီးစဉ်လေးကတော့ ဝန်ထမ်းရော မိသားစုရော စုစုပေါင်း ၃၀ လောက်ပါဝင်ပါတယ်

EXPRESS ကားတစီးကိုအပြတ်ဌားပါတယ် ဧပြီလ ၅ ရက်နေ့ ကနေ ၁၀ ရက်နေ့ထိဖြစ်ပါတယ် ကျနော် တို့ မြိတ်မှာ ဟိုတယ်တွေ စီစဉ်ထားသလိုနေရေးထိုင်ရေး စားရေးသောက်ရေးတွေ ပါအသေးစိတ် စီစဉ်ထားပါတယ် နှစ်ကုန်လစာတွေလည်းပေးအပ်ထားပါတယ် ဒါအပြင် မိန်းကလေးတွေအတွက် ကမ်းခြေ ဂါဝန်လေးတွေက ဒါရိုက်တာအဖွဲ က အားလုံးအတွက် စပွန်စာပေးပါတယ် ကျနော်ကတော့ ဝတ်ဖို့ဝယ်ထားတဲ့ Billabon Beach ဘောင်းဘီ တွေ ယောက်ကျာလေးတွေ အတွက် တယောက်တထ်ာဆီပေးပါမယ် ကျနော်တို့ ပထမပလန်က မြိတ်မှာတရက်နားမယ်နောက်နေ့ ကျွန်းကို သွား ဒုံးရေတံခွန် ဆလုံရွာတို့ ကိုလည်ပတ်ပြီး လေးကျွန်းကမ်းခြေမှာ ကျနော်တို့ ဆီမှာပါလာတဲ့ Camping Tent တွေ BBQ အသားကင် တာတွေ သောက်စရာတွေ နဲ့ ညပိုင်းမှာ camp လေးတွေ နဲ့ အိပ်မှာဖြစ်ပြီး Party ပြုလုပ်မှာပါ ဒီအတွက် ကျနော်တို့ရောင်းတဲ့ Camp တွေ ဂျယ်လီသေနတ်တွေ နဲ့ လဲ ဆော့ကျမယ် ကားပေါ်မှာလဲ သီချင်းတွေ စုဆိုမယ် စာရေးသောက်ရေးအတွက် လဲ အကောင်းဆုံးစီစဉ်ထားပါတယ်

၅ရက်နေ့ မနက် ၁၁ နာရီမှာ စထွက်ပါမယ် ကားပေါ်မှာ စိတ်အားတက်ကြစွာနဲ့ မောင်နှစ်မတွေ လို စုပေါင်းပျော်ရွင်စွာ ခရီးထွက်မှာ ခရီးစရိတ်တွေကို ရုံးကလတိုင်းဖယ်ထားတဲ့ ငွေကိုအသုံးပြုပီးသွားရောက်လည်ပတ်ပါတယ် Snokeling လုပါမယ်ငါးဖမ်းမယ် ပုဇွန်ကင်တွေ စားမယ် ညပိုင်းမှာ မီးပုံပွဲ လုပ်မယ် စခန်းချမယ့် ကျွန်းမှာ ဘာဟိုတယ်မှမရှိပါဘူး ကျနော်တို့မှာ ကြိုးတွေ တဲတွေ Solar တွေ ပါတဲ့ အတွက်သက်တောင့်သက်တာ ရှိစေမှာပါ ဆေးဝါးတွေလဲ ယူသွားမယ် Party အတွက်လဲ သီချင်းဖွင့်စက်တွေ သယ်သွယ်မယ် ညကျရင် Daning လုပ်ကြမယ်

ကျနော်တို့လိုအပ်တာမှန်သမျှ အကုန်စီစဉ်ထားပါတယ် သေချာတာတခုကတော့ ဘယ်ရုံးအဖွဲ့မှမလုပ်တဲ့ ပထမဆုံး Annual staff Party ပုံစံလေးပါ ရေပြာလေးတွေ မှာရေကူးမယ် ပင်လယ်စာတွေစားမယ် ကျွန်းတွေ လိုက်လေ့လာမယ် SELIFE တွေ ဆွဲမယ် စိတ်တူကိုယ်တူပျော်ကြမယ် သေချာတာတခုကတော့ ဘယ် အဖွဲ့တွေမှာ မစီစဉ်ဖူးတဲ့

တော်တော်များများက ချောင်းသာ ငွေဆောင် သွားပေမယ်ကိုယ်တွေကတော့ ငပလီတို့ မြိတ်ကျွန်းစုတို့စတဲ့ ထားခြားတဲ့ နေရာတွေ သွားဖြစ်တာပါ ငွေကုန်တာထက် ကျနော်တို့ ဝန်ထမ်တွေပျော်ဖို့ အတွက်ပါ ပထမတော့ bangkok တို့ ဘာတို့ စီဉ်ထားပေမယ့် မြိတ်ရဲ့ အလှပတရားတွေ ကျနော်တို့ Dream တွေ ကို ဆွဲယူသွားတာမို့ မြိတ်ဖက်ကို စီစဉ်တာပါ မော်တော်ဘုတ်တွေအပြင် အခြားအသစ်တွေလဲ စီစဉ်ထားပါတယ်

သေချာတခုပြောပြချင်တာ VIA Group ဟာ လုပ်လိုက်ရင် အသစ်တွေ ပဲလုပ်ပါတယ် ဘာမဆို သူများတွေ သာအောင် ထူးခြားအောင်လုပ်ပါတယ် ကျနော်တို့ ရည်မှန်းချက်က စံပြအတုယူရတဲ့ အဖွဲ့အစည်း တခုဖြစ်ဖို့ ကျနော်တို့စုပေါင်းခရီးလေးကိုအားပေးပါအုံးခင်ဗျာ မြိတ်မှာ ရှိတဲ့ ကျနော်မိတ်ဆွေများရှိရင်လဲ ဆက်သွယ်ပေးပါ ကျနော်တို့ ကျွေးမွေးပရစေခင်ဗျာ

ကျနော်တို့ Via Group ကို သတိထားစောင့်ကြည့်ပေးပါ ၂၀၁၇ -၂၀၁၈ ဟာ ကျနော်တို့ နှစ်ဖြစ်ပါတယ် ဈေးရောင်းတာ လုပ်တာကိုင်တာကမှအစ အရာရာကို စိတ်ကူးအသစ်ဆန်းတွေ အကောင်ထည်ဖော်မှာပါ

ကျနော် စကားတခွန်းအမြဲ ပြောတယ်ကျနော်တို့ Via ဟာ သူများနဲ့ တူတာထက် Ida အသစ်အဆန်းတွေနဲ့ စိတ်ဝင်စားအောင်အမြဲလုပ်ရမယ် သူများတွေ က ၁ ဆိုကိုယ်က ၁ ထက်ပိုရပါမယ် ဒါဟာ ကျနော်တို့ Model ကျနော်တို့ ပုံစံဖြစ်ပါတယ် ဘယ်အခက်ခဲ လာလာ စိတ်မပူပါဘူး ကျနော်တို့မှာ ဖြေရှင်းနိင်စွမ်းရှိပါတယ်

Via Group အောင်မြင်စေဖို့ ဆုတောင်းတာထက်ကျနော် တို့ အဖွဲ့အစည်းလေးကို လာ Join ပါ ကျေနော်တို့ လူတန်းစားမခွဲဘူး ကျနော်တို့ ဟာ အလုပ်ကြိုးစားပြီး ခင်မင်တတ်ပါတယ် ပွင့်လင်းရင်းနှီးစွာ လဲ ဆက်ဆံသလို လူပါးဝတဲ့ကိစ္စဆိုလဲ
ကျနော်တို့ အဖွဲ့ ချက်ခြင်းတုန့်ပြန်ပါတယ် ခင်ဗျာ

ကျနော်စွမ်းရှိသလောက် ရှေ့ကိုပြေးမယ်ခင်ဗျ လည်လွန်းတဲ့ ဘီးချေးသင့်တယ်ဆိုလဲ အဲချေးသင့်မှာကို လုံးဝမကြောက်ပါ ကျနော်တို့ မှာ Team Work အားရှိပါတယ် ကျနော်တို့ အာလုံးကြိုးစားတယ် ၂ နှစ်အတွင်း ဒီလို ဖြစ်လာအောင်လုပ်နိင်စွမ်းကျနော်တို့မှာရှိပါတယ် ကျနော်တို့ ရည်မှန်းချက် ၈ခုကို အမြဲ အကောင်ထည်ဖော်မှာပါ

ကျနော်တို့ History
http://www.viamyanmarmarket.com/151670/about

ကျနော်တို့ ရည်မှန်းချက်
http://www.viamyanmarmarket.com/159696/our-vision-

( ကျနော်တို့ဟာ အသစ်တွေ နဲ့ သူမတူ အတွေးတွေ
အသစ်အစမ်းတွေ ကိုကျနော်တို့ နှစ်သက်တယ်
ဖြစ်အောင်လဲလုပ်ပါတယ် မဖြစ်နိင်တာ လုံးမရှိပါ )

Thiha & ကိုနေစေး
C.E.O
Via Myanmar Group

မှတ်ချက်
ကိုယ်အဖွဲ့ကို ကိုယ် အမွန်းတင်တာဖြစ်သလို ကြွားတာလဲဖြစ်ပါတယ် မြိတ်မှာရှိတဲ့ မိတ်ဆွေများ ဖုန်းနံပါတ်လေးပေးထားပါခင်ဗျာ Social လေးတခုဆောက်ပြီး စကားပြောချင်ပါတယ် ခင်ဗျာ
ကျနော်တို့ Trip လေကိုဆက်တိုက်တင်ပြပေးသွားမှာပါ လေ့လာလိုပါက Party page လေးပါ

https://www.facebook.com/Via-Myanmar-Camping-Party-501275223593395/

Via Myanmar Group အစသည် 2015 တွင် လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပါသည် ။ 

17/09/2017

မရောက်ဖူးတဲ့ဒေသကို ခရီး ထွက်မယ်ဆို ကြိုတင်စဉ်းစားရမယ့်အချက် (၅) ချက်

လိုင်းမိတဲ့ဆင်းမ်ကတ်နဲ့ power bank ကိုပါ တစ်ပါတည်းယူသွားပါ။

၁။ ရာသီဥတု
ကိုယ်နေထိုင်နေကြ ရာသီဥတုနဲ့တော့ ကွာခြားမှာ အသေအချာပါပဲ။ ဒီတော့ ကိုယ်သွားမယ့်နေရာက ပူသလား၊ အေးသလား ရာသီဥတုအခြေအနေကို ကြိုတင်စုံစမ်းပါ။ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအခြေအနေကို ကြိုတင်တွက်ဆပြီး ဆေးဝါးတွေ သယ်သွားဖို့လိုပါတယ်။

၂။ အစားအစာ
ကိုယ်က ကျန်းမာရေးကောင်းတယ်ဆိုဦးတော့ ဒေသအစားအစာတွေနဲ့ ချက်ခြင်းအသားကျမှာမဟုတ်ပါဘူး။ ဒါကိုလည်း ကြိုတွေးထားရပါမယ်။

၃။ ဆက်သွယ်ရေး
ဖုန်းလိုင်း၊ အင်တာနက်လိုင်းမိရဲ့လားဆိုတာ စုံစမ်းပါ။ ဘယ်ဖုန်းလိုင်းကမိသလဲဆိုတာ သိသွားရင် အဲ့ဒီဖုန်းကဒ်ကို ဘေလ်များများထည့်ပြီးတော့သာ သယ်သွားပါ။ ဒေသခံတွေနဲ့ဖြစ်ဖြစ် ကိုယ့်အဖော်တွေနဲ့ဖြစ်ဖြစ် အဆက်သွယ်မပြတ်အောင် လိုင်းမိတဲ့ဆင်းမ်ကတ်နဲ့ power bank ကိုပါ တစ်ပါတည်းယူသွားပါ။

၎။ ကုန်ကျစားရိတ်
ကိုယ်သွားမယ့်ဒေသရဲ့ ဈေးနှုန်းတွေက နည်းချင်လည်းနည်းနိုင်မယ်၊ များချင်လည်း များနိုင်မယ်။ တွေ့သမျှလျှောက်ဝယ် လျှောက်သုံးပြီးမှ အပြန်လမ်းစရိတ်မရှိတာမျိုးလည်း မဖြစ်ရအောင် ကုန်ကျမယ့်ငွေကိုလည်း ခန့်မှန်းတွက်ဆထားသင့်ပါတယ်။

၅။ လုံခြုံစိတ်ချရမှု
အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့လုံခြုံရေးပါပဲ။ ကိုယ့်ကိုမသိတဲ့ဒေသ၊ ကိုယ်လည်းမကျွမ်းကျင်တဲ့ဒေသမှာ လုံခြုံစိတ်ချရမှုမရှိဘဲ တစ်ကိုယ်တည်းလျှောက်သွားမယ်ဆိုရင်တော့ အန္တရာယ်များတာပေါ့။

Credit: Duwun

အားလုံးအဆင်ပြေကြပါစေ.....
Via Myanmar Camping Party

09/04/2017
VIA MYANMAR CAMPINGADVANTURE ISLAND IN MYEIK
09/04/2017

VIA MYANMAR CAMPING
ADVANTURE ISLAND IN MYEIK

ကြယ်​လိပ်​ကျွန်း ရဲ့ အလှတရားများ🏊🏊🏊🏊🏊
08/04/2017

ကြယ်​လိပ်​ကျွန်း ရဲ့ အလှတရားများ🏊🏊🏊🏊🏊

08/04/2017

Via Myanmar Camping Party ရဲ့ပျော်ရွှင်စရာ အမှတ်တရပေါင်း များစွာ ကျွန်းလည်ပတ်ခရီးစဉ်လေး
အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ.......
မနက်ဖြန်ညနေမှာ မြိတ်မြို့မှ ရန်ကုန်ကိုပြန်လည်
ထွက်ခွာမှာဖြစ်ပါတယ်ရှင်.....
အမှတ်တရဓာတ်ပုံများကို အချိန်နဲ့တပြေးညီ Update တင်ချင်သော်လည်း ဖုန်းလိုင်းမရရှိခြင်းကြောင့် တင်လို့မရခဲ့ပါ..... ညဘက်ကစပြီး ခရီးစဉ်မှာ ပျော်ရွှင်ခဲ့ကြတဲ့အမှတ်တရ ဓာတ်ပုံများကို ဝေမျှပေးသွားပါမယ်
နော်....
ကျေးဇူးတင်ပါတယ်ရှင့် 😁😁😁😁😁

ထားဝယ်မှာတဲ့
06/04/2017

ထားဝယ်မှာတဲ့

Address

No. 139. Bogalay Zay Street . Botahtaung Twonship
Yangon
11162

Alerts

Be the first to know and let us send you an email when Via Myanmar Camping Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category