25/09/2025
🙏ကထိန်အကြောင်း သိကောင်းစရာ🙏
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏🙏🙏🙏🙏🙏🙏🙏🙏
🙏🙏🙏🙏🙏🙏🙏🙏
🙏🙏🙏🙏🙏🙏🙏
🙏🙏🙏🙏🙏🙏
🙏🙏🙏🙏🙏
🙏🙏🙏🙏
🙏🙏🙏🙏
🙏🙏🙏
🙏🙏
🙏
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
(ကထိန်ခွင့်ပြုရခြင်းအကြောင်းအကျဉ်းချုပ်)
➖➖➖➖➖➖➖➖➖➖➖
ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင်(၃၀)ပါးတို့ကို အကြောင်းပြု၍ ဘုရားရှင် ကထိန်ကို ခွင့်ပြုတော်မူခဲ့ပါသည်။ ကောသလမင်းနှင့် ဖတူမိကွဲ ညီအကိုတော်စပ်ကြကုန်သော ယင်းညီနောင်(၃၀)တို့သည် မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူစ ဗာရာဏသီမှဥရုဝေလာသို့အကြွ တခုသောတောအုပ်(ဝါခင်း)၌ မိန်းမပျောက်ရှာစဉ် ဘုရားရှင်နှင့်တွေ့၍ ဧဟိဘိက္ခုအဖြစ်ဖြင့် တရားထူးရကြသူများ ဖြစ်သည်။အချို့ သောတာပန် အချို့သကဒါဂါမ် အချို့အနာဂါမ်ဖြစ်ကြသည်။ ပုထုဇဉ်မရှိ ရဟန္တာမဖြစ်ဘိသေးသော အရိယာများဖြစ်ကြသည်။ ရဟန်းဖြစ်သောအခါအပါး(၃၀)လုံး ဓုတင်(၁၃)ပါး ဆောက်တည်ကြသည်။ ပါဝါမြို့မှ ဘုရားရှင်ရှိရာ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမျှော်ရန်အလာ ဝါဆိုမီ မရောက်နိုင်ကြသဖြင့် လမ်းခရီးအကြားရှိ သာကေတမြို့၌သာ ဝါကပ်တော်မူကြသည်။ သာကေတနှင့် သာဝတ္ထိသည် (၆)ယူဇနာ ဝေးကွာ၏။ ဝါကျွတ်၍ ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ လာကြပြန်ရာ လမ်းခရီးအကြား၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေ ရွံ့ညွှန်တို့ဖြင့် ကိုယ်ခန္ဓာနှင့် သင်္ကန်းသုံးထည်လုံး စိုစွတ်လိမ်းကျံလျှက်သာ ဘုရားရှင်အား ဖူးမျှော်ကြရသည်။ (((ဘုရားရှင်သည် အာဂန္တုကရဟန်းတို့နှင့် ပဋိသန္ထာရစကားများ မေးတော်မူ ဖြေတော်မူကြပြီးနောက် ထိုအာဂန္တုကရဟန်း(၃၀)ပါးတို့အား အနမတဂ္ဂိယကထာကို ဟောကြားတော်မူ၏။ ကထာအဆုံးမှာ ထို(၃၀)ပါး ရဟန္တာများဖြစ်ကြပြီး ထိုင်နေရာမှ ကောင်းကင်ပျံတက်ကာ ပြန်ကြွသွားကြကုန်၏။))) ထိုရဟန်းများ ပြန်ကြွပြီးသည့်နောက် ဘုရားရှင်သည် “ကထိန်ခင်းမှု ဝိနည်းကံကို ပညတ်ခဲ့ ခွင့်ပြုခဲ့လျှင် သင်္ကန်းကြီးကိုချန်ထားခဲ့၍ သင်းပိုင်နှင့်ကိုယ်ဝတ်ဖြင့် လာကုန်သော် သင်္ကန်းသုံးထည်လုံး ဆောင်ယူဖွယ်မလိုသဖြင့် ထိုသင်္ကန်းဖြင့် ဆင်းရဲခြင်းမျိုး မရှိရာ။ ကထိန်ခင်းခြင်းကိုလည်း ဘုရားရှင်အားလုံး ခွင့်ပြုတော်မူအပ်ပြီ” ဟု ကြံတော်မူကာ ပုရိမဝါမှကျွတ်ပြီးသော ရဟန်းတို့အား အကျိုးငါးမျိုးတို့ကိုပြ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့သည်။
(ကထိန်ခင်းခြင်းအမှုသည်ရှေးဘုရားရှင်များလက်ထက်က ရှိခဲ့ပါသလော)
ကထိန်ခင်းခြင်းအမှုသည် ရှေးဘုရားရှင်များ လက်ထက်တော်ကပင် ရှိခဲ့ပါသည်။ ဒီပင်္ကရာဘုရားမှ ရေတွက်သော် (၈)ဆူမြောက် ပဒုမဘုရားရှင်လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ကို တွေ့ရ၏။ အလှု့ရှင်တို့ကား ဥသဘဝတီမြို့သူ/သားတို့ ဖြစ်ကြသည်။ ကထိန်ခံ၍ခင်းသောပုဂ္ဂိုလ်ကား အဂ္ဂသာဝက သာလမထေရ်တည်း။ ရဟန်းတို့ကား ကထိန်သင်္ကန်းချုပ်လုပ်ရာ၌ ထိုမထေရ်အား ဝိုင်းဝန်းကူညီကြ၏။ ပဒုမဘုရားရှင် ကိုယ်တော်တိုင်ပင် အပ်ချည်ကို အပ်ပေါက်၌ ထိုးသွင်း၍ (အပ်နဖားထိုး၍) ပေးတော်မူခဲ့ပါသည်။
ပဒုမုတၱရဘုရားရွင္လက္ထက္အဂၢသာဝကသုဇာတ
မထေရ် ကထိန်ခံကြောင်းလာရှိသည်။
(ကထိန်ခင်းသဖြင့်ရဟန်းများရရှိအပ်သောအကျိုး
ငါးပါး)
၁။ ဒါယကာက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ အိမ်တို့၌(ရွာတွင်းသို့)လှည့်လည်နိုင်ခြင်း။ (စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၂။ အဓိဋ္ဌာန်တင်ထားသော သုံးထည်သောသင်္ကန်းကို မယူဘဲ သွားလိုရာ လှည့်လည်သွားလာနိုင်ခြင်း။ ထိုသင်္ကန်းနှင့် ညဉ့်ကင်း၍ နေနိုင်ခြင်း။ (ဥဒေါသိတသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၃။ မအပ်သောနည်းဖြင့် ““ထမင်းစားကြွပါ””ဟု ပင့်သော်လည်း လေးပါး လေးပါးထက်အလွန် ခံယူ၍ စားနိုင်ခြင်း။ (ဂဏဘောဇနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၄။ အဓိဋ္ဌာန်မတင်, ဝိကပ္ပနာမပြုဘဲ သင်္ကန်းများကို အလိုရှိသလောက် ထားနိုင်ခြင်း။ (ကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၅။ ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိသော သံဃိကသင်္ကန်းဟူသမျှသည် ကထိန်အာနိသင် ရထားသော ထိုကျောင်းတိုက်ရှိ ရဟန်းများသာ သုံးစွဲခွင့်ရနိုင်ခြင်း။
ထိုအကျိုးငါးမျိုးတို့ကို ကထိန်ခင်းသောရဟန်းနှင့် နှုတ်မြွက်၍ အနုမောဒနာပြုသော ရဟန်းတို့ ကထိန်ခင်းသောနေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ခံစားရ၏။
[ဝါကျိုးပြတ်သူ, ပစ္ဆိမဝါကပ်သူနှင့် အခြားကျောင်းတိုက်မှာနေသူ (အခြားကျောင်းတိုက်မှလာသော) အာဂန္တုကများသည် ထိုအကျိုးငါးမျိုးကို မရပါ။
သို့ရာတွင် ကထိန်မခင်းသော်လည်း သင်္ကန်းကာလ တစ်လအတွင်း၌ နံပါတ်(၂)အကျိုးမှတပါး ကျန်(၄)မျိုးကိုကား ရနိုင်ပါသည်။
အနတ္ထတကထိနာ ပန ဣမေသု ပဥ္စသု အာနိသံသေသု စီဝရမာသေ အသမာဒါနစာရံ ဌပေတွာ သေသာနိသံသေ လဘန္တိ။(ကခါင်္ ဋီသစ်) ]
ဆောင်= ......
၁။ မပန်မကြား, လိုရာသွား, ပြစ်များမရှိပြီ။
၂။ သုံးထည်ထဲမှာ, ထားလိုရာ, ထားကာသွားနိုင်သည်။
၃။ လေးပါးတူပင်, ဂိုဏ်းဘောဇဉ်, စားချင်စားနိုင်သည်။
၄။ သင်္ကန်းများစွာ, ငါးလမှာ, သိမ်းကာထားနိုင်သည်။
၅။ သံဃာလှူငြား, သင်္ကန်းများ, သူ့အားသာဖြစ်သည်။
(မဟာစည်ဆရာတော်ကြီး)
(ကထိန်အလှူရှင်တို့ရသောအလားတူအကျိုးအာနိသင် ငါးမျိုး)
၁။ ကထိန်လှူရ, မြတ်ဖလ, မှတ်ကြပါလေ, ငါးမျိုးပေ။
၂။ မပန်မကြား, မခစား, လာသွားနိုင်ပေ, ရပ်ထွေထွေ။
၃။ ကိုယ်ပိုင်ဥစ္စာ, ထားလိုရာ, ထားပါလျက်ပေ, ရန်ကင်းပေ။
၄။ မိစ္ဆာအပင်း, ပြစ်မျိုးကင်း, သန့်ရှင်းစာရေ, ရန်ကင်းချေ။
၅။ ဝတ်စားဖုံဖုံ, လွန်ပြည့်စုံ, ကုံလုံကျက်သရေ, လက်လက်ဝေ။
၆။ သူနှင့်မဆိုင်, လွန်ကြံ့ခိုင်, စိုးပိုင်လှပေ, ပစ္စည်းတွေ။
(မဟာဂန္ဓာရုံ နာယကချုပ်ဆရာတော်ကြီး)
(ကထိန်သင်္ကန်းဟူသည်)
ကထိန်သင်္ကန်းဟူသည် အလွန်သန့်ရှင်းစင်ကြယ်သော သင်္ကန်းဖြစ်ရမည်။ မယ်တော်ကိုမျှ မတောင်းကောင်းပါ။ ကောင်းကင်မှ အလိုအလျောက်ကျလာသော မိုးပေါ်ကျအဝတ်ကဲ့သို့ မည်သူ့ကိုမျှ အရိပ်နိမိတ် ပရိယာယ်စကား ပြောကြား၍ ရအပ်သော သင်္ကန်းမျိုး မဖြစ်စေရဟူ၍ ဝိနည်းအဋ္ဌကထာလာပါဠိသားကို ဘာသာဋီကာဆရာတော်ကြီးမှ မှတ်ချက်အဓိပ္ပာယ်သီးခဲ့ပါသည်။
တိပိဋကအဘိဓာန်မှာတော့.... ကထိန်သင်္ကန်းဖြစ်ပေါ်လာအောင် အမိအဖပင်ကိုသော်လည်း မည်သည့်ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှုမခံအပ်။ သဒ္ဓါအလျောက် ဖြစ်ပေါ်လာမှ ခင်းရသည် ဟု ပြဆိုထားပါသည်။ အဓိပ္ပာယ်အတူတူပင် ဖြစ်ပါသည်။ စုံစွာသိစေလို၍သာ ရေးပြပါသည်။
(အဘယ်သူများကထိန်သင်္ကန်းလှုအပ်သော်အပ်စပ်ပါသနည်း)
အမှတ်မထား တပါးပါးသော နတ်သည်လည်းကောင်း, လူသည်လည်းကောင်း , သီတင်းသုံးဖော်ငါးဦးတို့တွင် တစ်ဦးဦးသည်လည်းကောင်း လှုအပ်သော် အပ်စပ်သည်သာတည်း။
(ကထိန်ခင်းရာ၌သံဃာအရေအတွက်)
သိမ်အတွင်း၌ လေးပါးသံဃာက တစ်ပါးအား ဉတ်ကမ္မဝါစာဖြင့် သင်္ကန်းပေးရမည်ဖြစ်သောကြောင့် အနည်းဆုံး ငါးပါးရှိမှ ကထိန်ခင်းနိုင်၏၊ ငါးပါး၏ အထက်၌ကား တစ်သိန်းသော သံဃာများလည်း ခင်းနိုင်သည်။
(ကထိန်ခင်းရမည့် ခွင့်ပြုကာလ)
သီတင်းကျွတ် လပြည့်ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လ။
(ကထိန်ဟူသည် ပညတ်လော ပရမတ်လော)
၁။ ပုရိမဝဿံဝုဋ္ဌဟူသော ရဟန်းဟူသော ရုပ်နာမ်၏ ပေါင်းမိခြင်း။
၂။ ငါးပါးထက် မလျော့သော သံဃာဟူသော ရုပ်နာမ်၏ ပေါင်းမိခြင်း။
၃။ သင်္ကန်းကာလဟူသော ကာလပညတ်၏တိုက်ဆိုင်ခြင်း။
၄။ တရားသဖြင့်ဖြစ်သော သင်္ကန်းဟူသော ရုပ်ကလာပ်အပေါင်း၏ ဖြစ်ပေါ်လာခြင်း။
ဤသို့ အစရှိသော ရုပ်တရား နာမ်တရားတို့၏ အပေါင်းကို ကထိန်ဟုမှတ်ပါ။
( ကထိန်ဟုခေါ်ဝေါ်ရသော ပရမတ္ထတရားမရှိ၊ ရူပစသည်တို့၏ အပေါင်း၌ ခေါ်ဝေါ်အပ်သော နာမပညတ်သာ ရှိသည်-ဟူလို)
(ဆောင်) ပုရိမဝါ, နေပြီးပါသည့်, သံဃာရဟန်း, ငါးပါပြွမ်း၏၊သင်္ကန်းကာလ, ခါသမယဝယ်, ဓမ္မစစ်စစ်, သင်္ကန်းဖြစ်ဟု,တွက်စစ်လေးလီ, အင်္ဂါညီသား, နှစ်လီရုပ်နာမ်, အပေါင်းမှန်,ခေါ်ရန်ကထိနတ်, မည်ပညတ်။ (ဘာသာဋီကာဆရာတော်ကြီး)
crd; မဇ္စျိမရဟန်း