My Journey Myanmar Bus ticket delivery

My Journey Myanmar Bus ticket delivery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Journey Myanmar Bus ticket delivery, Tour Agency, No48, 75/80, Anawratha Road, Pazundaung, Yangon.

10/06/2016

ရန်ကုန်မြို့တွင်း တနေကုန် အလုပ်ရှိသူများအတွက် taxi နာရီပိုင်းငှားရမ်းမသုံးပြုလိုပါက စိတ်ချရသော် ယဉ်မောင်းများဖြစ် တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

20/01/2016

Wish, Super Custom, အံ့စာတုံး, Saloon ကားအငှားပေးသူများဆက်သွယ်ပါ

မော်လမြိုင်မြို့  သက်တမ်းက မန္တလေး ထက်နှစ် ၃၀ ပိုကြီးပါတယ် မန္တလေးကမြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီးမော်လမြိုင်ကတော့ အင်္ဂလိပ် ၀န်...
07/01/2016

မော်လမြိုင်မြို့  သက်တမ်းက မန္တလေး ထက်
နှစ် ၃၀ ပိုကြီးပါတယ် မန္တလေးက
မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး
မော်လမြိုင်ကတော့ အင်္ဂလိပ် ၀န်ရှင်တော်မင်းကြီး
မိန်းဂေး က
(1829) မှာကျိုက္ခမီ မှ မော်လမြိုင်ကို
တိုင်းရုံး ပြောင်းပြီးစိုက်ခဲ့တာပါ။
ထူးဆန်းမူ့ တခုက တော့ ရှေးလူကြီးတွေက
မော်လမြိုင်မြို့  ကရပ်ကွက်များကို
နာမည်ဆန်းဆန်းနှင့် န၀င်းကြေအောင်
ပေးသွားခဲ့  ကြပါတယ်။
ကုန်း(၉)ကုန်း ချောင်(၉)ချောင် တန်း(၉)တန်း ဆိုပြီး
မော်လမြိုင် ရက်ကွက်တွေကို အမည်ပေးခဲ့ကြပါတယ်။

ကုန်း(၉)ကုန်းမှာ

၁။ရှမ်းကုန်း
၂။ဇီးကုန်း
၃။ဇော်ကုန်း
၎။ထန်းပင်ကုန်း
၅။သာယာကုန်း
(မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခဲ့သည်ကို အစွဲ ပြု၍ )
၆။စစ်ကဲကုန်း
(စစ်ကဲကြီး ဦးထော်လေး နေထိုင်ခဲ့ သည်ကို အစွဲပြု၍)
၇။မရမ်းကုန်း
(မရမ်းပင်များ ပေါက်ရောက်ရာ ကို အစွဲပြု၍)
၈။ဖိုးစောကုန်း
(မွန်သူကြီးဦးဖိုးစော နေထိုင်အုပ်ချုပ်ခဲ့သည်ကို အစွဲ ပြု၍ )
၉။ဘိုကုန်း
(ဥရောပတိုက်သားများ စုဝေးနေထိုင်ခဲ့ သည်ကိုအစွဲပြု၍)

ချောင်(၉)ချောင်မှာ

၁။ပဲခူးချောင်
၂။သရက်ချောင်
၃။ရေကန်ချောင်
၎။ခရုချောင်
၅။ပူတူးချောင်
၆။နှပ်ချီးချောင်
၇။ပတ္တလားချောင်
၈။ဘီလိုင်ချောင်
၉။ငှက်ဆိုးချောင် (ယခု ဒေါင်းမင်းရပ်)

တန်း(၉)တန်းမှာ

၁။လမုတန်း
၂။လှည်းတန်း
၃။စက်တန်း
၎။ပျဉ်ထောင်တန်း
၅။တရုပ်တန်း
၆။ဖက်တန်း
(သနပ်ဖက်များ ရောင်းဝယ်ရာရပ်ကွက်ကို အစွဲပြု၍)
၇။တောင်ပေါ်တန်း
၈။၂၈ အိမ်တန်း
၉။နတ်မှော်တန်း တို့ ဖြစ်သည်။

နောက်ထပ်ရပ်ကွက်အမည် များ
သမိုင်းနှင့် တကွဖြစ်ပေါ်လာပုံကိုလည်း
ပြောပြချင်ပါသေးတယ်

သမိုင်းဝင် နန်းစဉ် ပတ္တမြား ငမောက် ကို
မလိမ့်တပတ်နှင့် အပျောက်ရိုက်သွားခဲ့သော
ဒုဗိုလ်မူးကြီးစလေဒင် မော်လမြိုင်၌
အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ်
နေထိုင်သွားခဲ့သော အရပ်ကို ယနေ့ ထိတိုင်
အရေးပိုင်ကုန်း ဟုခေါ်ဝေါ်နေသေးသည်။

မုပွန်မှာ မွန်ဘာသာဖြင့် (မုဟ်ပန်)
အငူအစွန်း ဟု အဓိပါယ်ရသည်။

မွန်သူကြီးဖိုးမောင်ငံ အုပ်ချုပ်ခဲ့သော အရပ်ကို
မောင်ငံရပ်။

ဓမ္မစေတီမင်း လှူဒါန်းခဲ့သော သိမ်ရှိရာအရပ်ကို
သိမ်ကုန်းရပ်။

ထားဝယ်မြို့ မှ ပြောင်ရွေ့  အခြေချသူများ
နေထိုင်ရာအရပ်ကို ထားဝယ်စု။

ပန်းပဲသမားများ စုပေါင်းနေထိုင်ရာအရပ်ကို ပန်းပဲတန်း။

ပြင်သစ်သင်္ဘောတစ်စီး လဲပြိုနစ်မြုပ်ခဲ့သောအရပ်ကို
သင်္ဘောလဲရပ်။

ပြည်မြို့ အနီးရွှေတောင်မှ ပြောင်ရွေ့  အခြေချသူများ
နေထိုင်ရာအရပ်ကို ရွှေတောင်ရပ်။

ဗဒုံမင်းလက်ထက် ထားဝယ်မှပုန်းကန်သူများကို
နှိမ်းနင်းခဲသော ဒိုင်းဝန်မင်းကြီး၏ တပ်များ တစ်လခန့်
စခန်းချခဲ့သော ကွင်းကို ဒိုင်းဝန်ကွင်း အရပ်ဟု
အမည်နာမများ ခေါ်တွင်ခဲ့ပါသည်။

ဖတ်စေချင်လွန်းလို့ပါ...လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက...
06/01/2016

ဖတ်စေချင်လွန်းလို့ပါ...

လင်မယား စုံတွဲတစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…
အချိန်တော်တော်ကြာမှ
အသက်ကယ်လှေတစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့
တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီး
သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမက
ကျောင်းသားတွေကို မေးလိုက်တယ်…

“မင်းတို့ ခန့်မှန်းကြည့်…
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာ ဆရာမက
ကျောင်းသူလေးတစ်ယောက်ကို
ဘာမှမပြောတာကို သတိထားမိတော့
ဆရာမက သူ့ကိုမေးလိုက်တယ်…

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…
“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …
ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…

ဆရာမက အံ့သြသွားတယ်…
သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”

သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး
သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးနောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာ
ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို
အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေးအတွက်ကြောင့်..
ဒီပင်လယ်ရေနက်အောက်မှာ..
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို
ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့
ပိုပြီးကြိုးစားလုပ်တဲ့သူဟာ
သူ အ နေလို့မဟုတ်ဘူး…
သူက တာဝန်သိတတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာ
အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်းသိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာ
မင်းဆီကနေ တစ်ခုခုပြန်ရဖို့
တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်း
အစစ်တစ်ယောက်အနေနဲ့
တန်ဖိုးထားလို့ပါ…

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ
သူအားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

Wanna find out more? Follow me @ https://www.facebook.com/aungyunaing

Dr Shwe Tun ထံမှထပ်ဆင့်မျှဝေပါသည်။

ရာဇာထွန်း အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုကို အချိန်အတိုအတွင်း နာမည်ရလာတဲ့ ကားဂိတ်လေးပါ။2+1 သုံးခုံတန်း အထူးကား...
06/01/2016

ရာဇာထွန်း အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး

ဝန်ဆောင်မှုကို အချိန်အတိုအတွင်း နာမည်ရလာတဲ့ ကားဂိတ်လေးပါ။

2+1 သုံးခုံတန်း အထူးကား
2+2 လေးခုံတန်း ရိုးရိုးကား ပုံစံ၂မျိုးဖြစ်
ရန်ကုန်မန္တလေးလာရှိုးမြို့များသို့ ပြေးဆွဲပေးနေပါပြီ

တခြားကားဂိတ်တွေများနဲ့ ကွာခြားချက်ကတော့ ကုန်ပိုမတင်၊ ပျူငြာယဉ်ကျေးသော် ဝန်ထမ်းများဖြစ် ဝန်ဆောင်မှုကောင်းများ ပေးလျက်ရှိပါသည်။
မှတ်ချက်။ ။ ကားအသစ်စက်စက်များဖြစ်သာ ပြေးဆွဲနေပါသည်။

အိမ်အရောက် ကားလက်မှတ်ဝန်ဆောင်မှု ရလိုပါက ဖုန်း ၀၉၄၃၀၇၅၂၂၅
viber 09782269828 သို့ ဆက်သွယ်မှာယူနိုင်ပါပြီ။
၂၄ နာရီ Order လက်ခံပေးနေပါသည်။

မေမြို့ရဲ့အတိတ်တွေဆီ ပြန်မြင်ယောင်ကြည့်ရအောင်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်ေ...
06/01/2016

မေမြို့ရဲ့အတိတ်တွေဆီ ပြန်မြင်ယောင်ကြည့်ရအောင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသောအမည်နာမများစွာ ပိုင်ဆိုင်သည့်မြို့ကလေးသည် မြန်မာနိုင်ငံသားတော်တော်များများရောက်ဖူး ကြသလို ကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။
ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်ပြင်ဦးလွင် ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။
မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊အလှဆုံးပန်းခြံရှိသောမြို့၊ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တ
သောတောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။

ပြင်ဦးလွင်မည်သို့ဖြစ်ပေါ်လာပါသနည်း။

1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့တောင်စခန်းမြို့တည်ရန် အကြံပြုသည်။ ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင်ဗိုလ်မှူးကြီး May သည်မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့ သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟုခေါ်ဆိုရန်အကြံပြုခဲ့ရာမှ မေမြို့ဟုအမည်တွင်သွားခဲ့သည်။

ထိုအချိန်၌ရွာတွင် အိမ်ခြေ-(23)အိမ်သာရှိခဲ့သည်။
အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန်လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည်ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။

ယခုဈေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။ မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့်မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှလန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီးပင်ပန်းကြသဖြင့် ရန်ကုန်သို့ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာစီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များပြန်ကုန် သဖြင့် နဂိုသတ်မှတ်ချက်ကြောင့်စီးမည့်သူမရှိသဖြင့်
ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။

ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီးဂေါက်ကွင်းငယ် အပြင်1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကိုအစပျိုးခဲ့သူ ဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှုမြန်လာကာ ၅ ရက်တစ်ဈေးမှာ ပိုမိုစီကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင်အခြေချပြီး ဘုန်းကြီးကျောင်း ၊ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများဆောက်လုပ်ကြသည်။

နိုင်ငံခြားသာသနာပြုနှင့်နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert's Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။

ဒေသ၏အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်း သည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျ ကမန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည်မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေပြန်ခွဲသည်။ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းကရှိခဲ့သည်။

သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာအဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင်သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။အင်္ဂလိပ်တို့သည်အင်္ဂလန်တွင်မွေးဖွားသူကိုသာ
အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများမီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန် ကြရသည်။နောင်မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီးနိုင်ငံခြား ဆရာဝန်နှင့် Nurse များထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာ တွင်းထည့်ပေးလိုက်သည်။

Botanical Garden ကိုဧက (240) ပေါ်တွင် Sir Alex Roger မှဆောက်လုပ်ပေးခဲ့သည် ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကိုတူးဖော်ပေးခဲ့သည်။ ထိုအချိန်ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟုခေါ်သည်။ 1917မှစတင်တူးဖော်ရာ 1920တွင်ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။

မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများအခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်းတစ်ကြိမ် တီးခတ်သည်။

ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟုခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင်အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။

Ref - The Pacification of Burma
Crosthwaite, Sir Charles

*** မြန်မာနိုင်ငံအတွင်းရှိ _       မြို့များနှင့် မိုင်အကွာအဝေးများ *** #နေပြည်တော် _ ရန်ကုန်           ၂၄၀/၂၅၀ မိုင်နြေ...
04/01/2016

*** မြန်မာနိုင်ငံအတွင်းရှိ _
မြို့များနှင့် မိုင်အကွာအဝေးများ ***

#နေပြည်တော် _ ရန်ကုန် ၂၄၀/၂၅၀ မိုင်
နေပြည်တော် _ မကွေး ၁၆၀ မိုင်
နေပြည်တော် _ မန္တလေး ၁၈၀ မိုင်
နေပြည်တော် _ ညောင်ဦး ၁၈၃ မိုင်
နေပြည်တော် _ တောင်ကြီး ၁၇၄ မိုင်
နေပြည်တော် _ မုံရွာ ၂၆၀ မိုင်
နေပြည်တော် _ တောင်ငူ ၇၅ မိုင်
နေပြည်တော် _ လွိုင်ကော် ၂၅၀ မိုင်
နေပြည်တော် _ ပြည် ၁၅၀ မိုင်
#ရန်ကုန် _ ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် _ ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် _ ဖဒို ၁၁၅ မိုင်
ရန်ကုန် _ မဒေါက် ၁၁၀ မိုင်
ရန်ကုန် _ ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် _ ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် _ ဖြူး ၁၄၂ မိုင်
ရန်ကုန် _ ဇေယျဝတီ ၁၄၄ မိုင်
ရန်ကုန် _ တောင်ငူ ၁၇၅ မိုင်
ရန်ကုန် _ ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် _ ဆွာ ၂၀၁ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းသစ်) ၂၄၀ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် _ ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် _ မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် _ တောင်သာ ၃၈၁ မိုင်
ရန်ကုန် _ မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် _ စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် _ မန္တလေး ၄၃၀ မိုင်
ရန်ကုန် _ မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် _ ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် _ ရွှေဘို ၅၀၀ မိုင်
ရန်ကုန် _ တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် _ လားရှိုး ၆၀၅ မိုင်
ရန်ကုန် _ တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် _ လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် _ ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် _ တမူး ၇၂၅ မိုင်
ရန်ကုန် _ မြစ်ကြီးနား ၉၁၉ မိုင်
#ရန်ကုန် _ လက်ပံတန်း ၈၅ မိုင်
ရန်ကုန် _ ပြည် ၁၇၉ မိုင်
ရန်ကုန် _ ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် _ အောင်လံ ၂၂၃ မိုင်
ရန်ကုန် _ ကြံခင်း ၂၄၅ မိုင်
ရန်ကုန် _ မြန်အောင် ၂၅၀ မိုင်
ရန်ကုန် _တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် _ မကွေး ၃၃၁ မိုင်
ရန်ကုန် _ မင်းဘူး ၃၃၂ မိုင်
ရန်ကုန် _ အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် _ ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် _ ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် _ ချောက် ၄၀၈ မိုင်
ရန်ကုန် _ ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် _ ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် _ မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် _ နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် _ တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် _ သံတွဲ ၃၂၃ မိုင်
ရန်ကုန် _ ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် _ စစ်တွေ ၆၃၄ မိုင်
#ရန်ကုန် _ မအူပင် ၅၁ မိုင်
ရန်ကုန် _ အိမ်မဲ ၇၅ မိုင်
ရန်ကုန် _ မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် _ လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် _ ဂွ ၁၄၆ မိုင်
ရန်ကုန် _ ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် _ ရေကြည် ၉၀ မိုင်
ရန်ကုန် _ ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် _ ဟင်္သာတ ၉၆ မိုင်
ရန်ကုန် _ ထူးကြီး ၁၃၃ မိုင်
ရန်ကုန် _ ပုသိမ် ၁၁၅ မိုင်
ရန်ကုန် _ ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် _ ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် _ ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် _ ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် _ ညောင်တုန်း ၃၅ မိုင်
ရန်ကုန် _ ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် _ ဇလွန် ၈၇ မိုင်
ရန်ကုန် _ ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် _ ၀ါးခယ်မ ၉၃ မိုင်
ရန်ကုန် _ ကျုံပျော် ၉၆ မိုင်
ရန်ကုန် _ ရွှေလောင်း ၇၈ မိုင်
ရန်ကုန် _ ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် _ ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် _ လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် _ သာပေါင်း ၁၄၂ မိုင်
#ရန်ကုန် _ ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် _ ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် _ တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် _ ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် _ သထုံ ၁၅၂ မိုင်
ရန်ကုန် _ မုတ္တမ ၁၉၀ မိုင်
ရန်ကုန် _ မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် _ မုဒုံ ၂၀၈ မိုင်
ရန်ကုန် _ သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် _ ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် _ ဘားအံ ၁၈၀ မိုင်
ရန်ကုန် _ သာမည ၂၀၀ မိုင်
ရန်ကုန် _ ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် _ မြ၀တီ ၂၇၉ မိုင်
ရန်ကုန် _ ရေး ၂၈၇ မိုင်
ရန်ကုန် _ ထားဝယ် ၃၉၇ မိုင်
ရန်ကုန် _ မြိတ် ၅၅၀ မိုင်
ရန်ကုန် _ ကော့သောင်း ၇၄၅ မိုင်
#မန္တလေး _ တောင်ကြီး ၁၃၈/၂၀၄ မိုင်
မန္တလေး _ လားရှိုး ၁၇၅ မိုင်
မန္တလေး _ မူဆယ် ၂၈၈ မိုင်
မန္တလေး _ မိုးကုတ် ၁၁၅ မိုင်
မန္တလေး _ မင်းလှ ၂၅၀ မိုင်
မန္တလေး _ ပြည် ၃၇၃ မိုင်
မန္တလေး _ တောင်ငူ ၂၅၅ မိုင်
မန္တလေး _ ကျောက်ပန်းတောင်း ၁၅၅ မိုင်
မန္တလေး _ မိတ္ထီလာ ၉၆ မိုင်
မန္တလေး _ ပြင်ဦးလွင် ၄၂ မိုင်
မန္တလေး _ ရွှေဘို ၇၀ မိုင်
မန္တလေး _ ရေဦး ၉၅ မိုင်
မန္တလေး _ တန့်ဆည် ၁၁၀ မိုင်
မန္တလေး _ တမူး ၂၉၅ မိုင်
မန္တလေး _ ပုလဲ ၁၁၀ မိုင်
မန္တလေး _ စဉ်ကူး ၆၀ မိုင်
မန္တလေး _ မတ္တရာ ၂၀ မိုင်
မန္တလေး _ ရွေကူ ၂၄၅ မိုင်
မန္တလေး _ ဗန်းမော် ၂၇၀ မိုင်
မန္တလေး _ ထီးချိုင့် ၁၇၀ မိုင်
မန္တလေး _ မြစ်ကြီးနား ၄၈၇ မိုင်
မန္တလေး _ ကသာ ၂၃၀ မိုင်
မန္တလေး _ ကလေး ၂၁၀ မိုင်
မန္တလေး _ တကောင်း ၁၃၀ မိုင်
မန္တလေး _ သပိတ်ကျင်း ၉၀ မိုင်
မန္တလေး _ ငါးအိုး ၂၀၀ မိုင်
မန္တလေး _ ပခုက္ကူ ၁၂၅ မိုင်
မန္တလေး _ ကျောက်ဆည် ၃၀ မိုင်
မန္တလေး _ စစ်ကိုင်း ၁၂ မိုင်
မန္တလေး _ မုံရွာ ၈၀/၈၅ မိုင်
#ပဲခူး _ တောင်ငူ ၁၂၅ မိုင်
သာယာဝတီ _ ပေါင်းတည် ၆၅ မိုင်
ပေါင်းတည် _ ပြည် ၃၆ မိုင်
ပြည် _ အောင်လံ ၄၄ မိုင်
အောင်လံ _ တောင်တွင်းကြီး ၅၇ မိုင်
တောင်တွင်းကြီး _ မကွေး ၅၁ မိုင်
မကွေး _ ရေနံချောင်း ၃၂ မိုင်
ရေနံချောင်း _ ကျောက်ပန်းတောင်း ၃၄ မိုင်
ကျောက်ပန်းတောင်း _ ပုဂံ ၃၄ မိုင်
ပုဂံ _ မိတ္ထီလာ ၉၄ မိုင်
မိတ္ထီလာ _ မြင်းခြံ ၅၉ မိုင်
မြင်းခြံ _ နွားထိုးကြီး ၂၀ မိုင်
နွားထိုးကြီး _ မြစ်သား ၃၄ မိုင်
မြစ်သား _ ကျောက်ဆည် ၁၈ မိုင်
ကလော _ တောင်ကြီး ၇၂ မိုင်
တောင်ကြီး _ ကျိုင်းတုံ ၁၄၄ မိုင်
ပြင်ဦးလွင် _ သီပေါ ၃၇ မိုင်
သီပေါ _ လားရှိုး ၄၆ မိုင်
လားရှိုး _ သိန္နိ ၃၂ မိုင်
သိန္နိ _ ကွတ်ခိုင် ၁၆ မိုင်
ကွတ်ခိုင် _ မူဆယ် ၅၄ မိုင်
လားရှိုး _ မူဆယ် ၅၄ မိုင်
မူဆယ် _ နမ့်ခမ်း ၁၉ မိုင်
သိန္နိ _ ကွမ်းလုံ ၅၃ မိုင်
မတ္တရာ _ စဉ်ကူး ၂၇ မိုင်
စဉ်ကူး _ သပိတ်ကျင်း ၃၀ မိုင်
ရွှေဘို _ မြစ်ကြီးနား ၄၁၆ မိုင်
မြစ်ကြီးနား _ မြစ်ဆုံ ၂၇ မိုင်
မြစ်ဆုံ _ ဆွမ်ပရာဘွမ် ၉၂ မိုင်
ဆွမ်ပရာဘွမ် _ မချမ်းဘော ၇၂ မိုင်
မချမ်းဘော _ ပူတာအို ၄၁ မိုင်
မချမ်းဘော _ နောင်မွန်း ၄၁ မိုင်
မြစ်ကြီးနား _ မိုးကောင်း ၃၂ မိုင်
ကာမိုင် _ လုံခင်း ၅၁ မိုင်
လုံခင်း _ ဖားကန့် ၇ မိုင်
မြစ်ကြီးနား _ တနိုင်း ၁၂၀ မိုင်
မြစ်ကြီးနား _ မိုးမောက် ၁၀၇ မိုင်
မိုးမောက် _ ဗန်းမော် ၉ မိုင်
စစ်ကိုင်း _ အုန်းတော ၁၅ မိုင်
အုန်းတော _ မြင်းမူ ၂၂ မိုင်
မုံရွာ _ ပခုက္ကူ ၇၂ မိုင်
မုံရွာ _ ကလေးဝ ၁၆၀ မိုင်
မုံရွာ _ ချောင်းဦး ၁၄ မိုင်
မုံရွာ _ ဘုတလင် ၂၁ မိုင်
ဘုတလင် _ စိုင်ပြင် ၁၄ မိုင်
စိုင်ပြင် _ ဒီပဲယင်း ၁၀ မိုင်
ဒီပဲယင်း _ ရေဦး ၉ မိုင်
ရေဦး _ တန့်ဆည် ၁၃ မိုင်
တန့်ဆည် _ ကံထူးမ ၁၁ မိုင်
ကံထူးမ _ ပျဉ်ကိုင်း ၃၈ မိုင်
ပျဉ်ကိုင်း _ ကလေးဝ ၄၅ မိုင်

*** (--- မိုင်/--- မိုင်) ဆိုသည်မှာ လမ်းခွဲများမှ အကွာအဝေးများ ဖြစ်ပါသည်။ ***

# တစ်ချို့အကွာအဝေးများတွင် ခန့်မှန်းမိုင်အရေအတွက်များလည်း ပါဝင်ပါသည်။

Address

No48, 75/80, Anawratha Road, Pazundaung
Yangon

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00

Telephone

0943075225

Website

Alerts

Be the first to know and let us send you an email when My Journey Myanmar Bus ticket delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category