Golden Yoma Travel & Tour

Golden Yoma Travel & Tour Air Ticket & Travel agency

Annoucement on Guidelines for Visa Application
14/02/2024

Annoucement on Guidelines for Visa Application


✈️Singapore Airlines ၏ January Promotions !!🛫စင်ကာပူ နှင့် အာရှ ၊ ဥရောပ ၊ သြစတြေးလျ၊ အမေရိက နိုင်ငံများထိ ဇိမ်ကျကျ ခရီးသ...
21/01/2024

✈️Singapore Airlines ၏ January Promotions !!

🛫စင်ကာပူ နှင့် အာရှ ၊ ဥရောပ ၊ သြစတြေးလျ၊ အမေရိက နိုင်ငံများထိ ဇိမ်ကျကျ ခရီးသွားဖို့ဆိုရင် ကမ္ဘာ့ထိပ်တန်းလေးကြောင်းလိုင်း တစ်လိုင်းဖြစ်သည့် Singapore Airlines Promotions လေယာဥ်လက်မှတ်များကို Golden Yoma Travel & Tour မှာ ပိတ်ရက်မရှိ ဝယ်ယူအားပေးနိုင်ပါသည်။

***ခရီးသွားကာလနှင့် ဝယ်ယူရမည့်ကာလများ***
👉Sales period : 17 Jan 24 - 13 Feb 2024
👉Travel period : 17 Jan - 31 Mar 2024
👉Travel period : 01 Apr - 31 Aug 2024

Singapore
✈️Yangon-Singapore
Oneway 110++ USD မှစတင်၍
Round trip 183++ USD မှစတင်၍

Indonesia
✈️Yangon-Jakarta
Oneway 259++ USD မှစတင်၍
Round trip 355++ USD မှစတင်၍

✈️Yangon-Bali
Oneway 252++ USD မှစတင်၍
Round trip 420++ USD မှစတင်၍

Philippines
✈️Yangon-Manila
Economy Round trip 540++ USD မှစတင်၍

Japan
✈️Yangon-Tokyo/ Osaka/Nagoya/ Fukuoka
Oneway 357++ USD မှစတင်၍
Round trip 595++ USD မှစတင်၍

Korea
✈️Yangon-Seoul
Economy Oneway 777++ USD မှစတင်၍
Economy Round trip 1295++ USD မှစတင်၍

China
✈️Yangon-Beijing
Round trip 450++ USD မှစတင်၍

✈️Yangon-Shanghai
Round trip 570++ USD မှစတင်၍

✈️Yangon-Guangzhou
ERound trip 540++ USD မှစတင်၍

Australia
✈️Yangon-Sydney/Melbourne
Oneway 573++ USD မှစတင်၍
Round trip 955++ USD မှစတင်၍

USA
✈️Yangon-San Francisco/Los Angeles
Round trip 1023++ USD မှစတင်၍

✈️Yangon-New York
Premium Economy Oneway 1107++ USD မှစတင်၍
Premium Economy Round trip 1845++ USD မှစတင်၍

Europe
✈️Yangon-Paris
Round trip 1034++ USD မှစတင်၍

✈️Yangon-London
Round trip 955++ USD မှစတင်၍

✈️Yangon-Frankfurt
Round trip 895++ USD မှစတင်၍

👉ခရီးစဥ်​များ နှင့် ဗီဇာဝန်ဆောင်မှု ၊ ဟော်တယ်ဘိုကင် ၊ ခရီးသွားအာမခံ များ၊
✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -

📲09 944786966
📲09 945786966
🏠အမှတ်-၂၃၀ အနော်ရထာလမ်းမပေါ်. ဗိုလ်ဆွန်ပက်လမ်းထိပ်။ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။

လေယာဥ်စီးခရီးသွား ဧည့်သည်တော်များခင်ဗျာ !💼တန်ဖိုးကြီးပစ္စည်းများကို Hand Carry ဖြင့်သာ ယူဆောင်ကြရန် MNA မှ အသိပေးကြေငြာထ...
20/01/2024

လေယာဥ်စီးခရီးသွား ဧည့်သည်တော်များခင်ဗျာ !

💼တန်ဖိုးကြီးပစ္စည်းများကို Hand Carry ဖြင့်သာ ယူဆောင်ကြရန် MNA မှ အသိပေးကြေငြာထားကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာအမျိုးသားလေကြောင်း (MNA) နှင့် စီးနင်းလိုက်ပါမည့်ခရီးသည်များအနေဖြင့် မိမိတို့၏တန်ဖိုးကြီးပစ္စည်း များကို Check Baggage ထဲတွင် သယ်ဆောင်ခြင်းမပြုဘဲ (7) KG ရရှိသော Hand Carry ထဲတွင်ထည့်ပြီး မိမိနှင့် တစ်ပါတည်းယူဆောင်သွားရန် အသိပေးပါရစေရှင်။

[English]

We would like to remind you not to pack any fragile articles, perishable items, or valuable and important personal effects into your checked baggage

ဒူဘိုင်းသွားမယ်ဆိုရင် လိမ်ညာခံရခြင်းကင်းစေဖို့ သိသင့်သိထိုက်တာလေးတွေ မျှဝေပေးပါရစေ။ပထမဆုံးသိရမှာက ဒူဘိုင်း ဆိုတာ နိုင်ငံ...
13/01/2024

ဒူဘိုင်းသွားမယ်ဆိုရင် လိမ်ညာခံရခြင်းကင်းစေဖို့ သိသင့်သိထိုက်တာလေးတွေ မျှဝေပေးပါရစေ။

ပထမဆုံးသိရမှာက ဒူဘိုင်း ဆိုတာ နိုင်ငံမဟုတ်ပါ။ ဒူဘိုင်း ဟာ ၇ ပြည်နယ် (အဘူဒါဘီ၊ရှားဂျာ၊အာဂျမန်း၊ရာစယ်ခိုင်းမား၊အိုမယ်လ်ကွင်းနဲ့ဖူဂျားရား) စုဖွဲ့ထားတဲ့ United Arab Emirates (UAE) အာရပ်စော်ဘွားများပြည်ထောင်စုထဲက ပြည်နယ်တစ်ခုကို ဆိုလိုတာပါ။
ဒါပေမယ့် လူအများစုကတော့ ဒူဘိုင်း မြို့လို့ပဲအလွယ်ခေါ်ကြပါတယ်။ မြို့တော်ကတော့ အဘူဒါဘီ မြို့ဖြစ်ပါတယ်။

ဒူဘိုင်း ဟာ 2000 ခုနှစ်ဝန်းကျင်လောက်မှာ infrastructure development နဲ့အတူတိုးတက်လာပြီး အခုဆိုရင်
-ကမ္ဘာ့အမြင့်ဆုံး တာဝါ Burj Khalifa , Burj Al Arab Hotel, Atlantis Hotel၊ Address Hotel အစရှိသဖြင့်ဇိမ်ခံဟိုတယ်များ၊ Amusement parks ၊ shopping malls တွေနဲ့ ကမ္ဘာတဝှမ်း လူသိများတဲ့ tourism spot တခုဖြစ်လာပါတယ်။

ကဲ ဒူဘိုင်းကိုသွားမယ့်သူတွေ မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေပြောပြပါ့မယ်။

၁။ language

ရုံးသုံးက Arabic ဖြစ်ပေမယ့် English language ကိုနေရာအနှံ့သုံးစွဲကြလို့ အီဂျစ်၊ ယီမင်၊ဆူဒန်၊ ဆီးရီးယား၊ လက်ဘနွန် စတဲ့နိုင်ငံကလူတွေလဲ Arabic ​သုံးစွဲပြောဆိုကြပါတယ်။ နောက်ထပ်စကားကတော့ Hindi ဟင်ဒီဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံကလူအားလုံးနဲ့ပြောဆိုဆက်သွယ်တဲ့အခါမှာ အသုံးဝင်ပါတယ်။

၂။ ငွေကြေး

သုံးစွဲတဲ့ငွေကြေးက ဒါဟမ်း Dirham ဖြစ်ပြီး 1 USD ကို 3.675 Dirham ပါ။ ဆိုလိုတာက လစာ 1500 Dirham ဆို USD 400 လောက်နဲ့ညီပါတယ်။ အခု ပေါက်တဲ့ ပြင်ပ ဒေါ်လာစျေးနဲ့ဆို မြန်မာငွေကျပ် ၁၂,၀၀,၀၀၀ လောက်ရပါမယ်။

၃။ အလုပ်အကိုင်
(က)Hotel staffs

4 or 5 stars ဟိုတယ်ကြီးများတွင် waiter/waitress သို့ front office desk staff သို့ housekeeping attendant သို့ Comis 3 chef ဆိုလျှင် နေရာထိုင်ခင်း+ three meals + uniform + medical insurance + Annual leave ၁နှစ်ကို ရက်၃၀ လခအပြည့်နှင့် + ၂နှစ်တခါ air ticket + လခ Dirhams 1000 မှ 1800 ကြား (လုပ်ရတဲ့ဟိုတယ်နဲ့ ရာထူးပေါ်မူတည်၍) ရနိုင်ပါတယ်။ တပတ်တရက်အနားရကြပြီး public holidays တွေအတွက် အစားပြန်ရကြပါတယ်။ တချို့ဟိုတယ်တွေက service charge ၃လတခါပေးပြီး တလကို Dirhams 150 လောက်ကနေ 700/800 လောက်ထိရကြပါတယ်။ Overtime လည်းပေးကြတာများပါတယ်။ Tip ကတော့ waiter/waitress/chef/housekeeping attendant တွေဆိုရင်ရနိုင်ပါတယ်။ FO staff တွေကတော့ customer ကို room upgrade လုပ်ဖို့ဆွယ်နိုင်ရင် hotel policy အရ သတ်မှတ်ထားရင် commission ရလေ့ရှိပါတယ်။ Supervisor ရာထူးဆိုလျှင် Dirhams 1600 လောက်ကနေ Dirhams 2500 လောက်ထိရနိုင်ပါတယ်။

၃(ခ) Restaurant staffs

ဒီခေါင်းစဉ်အောက်မှာ fine dining restaurant သို့ fastfood chains တွေက cashier/waiter/waiteress/cleaner တွေထိအကျုံးဝင်ပါတယ်။ နေရာထိုင်ခင်းစီစဉ်ပေးရရင် လခက Dirhams 900 ကနေ Dirhams 1500 လောက်ထိပဲရကြပါတယ်။ duty meal တနပ်ပဲကျွေးလေ့ရှိပြီး အလုပ်ချိန်များပါတယ်။ overtime တွေဘာတွေရတာလည်းနည်းပါတယ်။ ၂နှစ်တခါ airticket ပေးပေမယ့် စိတ်ပျက်ပြီး ၂နှစ်ပြည့်တာနဲ့ သို့မဟုတ် မပြည့်ခင်ပြန်ကြတာများပါတယ်။ နေရာထိုင်ခင်း မစီစဉ္ပေးရင်တော့ Dirhams 1800 ကနေ 2700 လောက်ထိပေးလေ့ရှိပါတယ်။ Tip ကတော့ Fine Dining သို့ Mall တွေက restaurant တွေဆိုရနိုင်ပါတယ်။ အလုပ်ရှင်ပေါ်မူတည်ပြီး ရတဲ့အခွင့်အရေးနဲ့ လခကတော့ အပြောင်းအလဲရှိပါလိမ့်မယ်။

၃(ဂ)Sales staff

Duty free sales staff နဲ့ shopping malls sales staff လည်း ဒီအတိုင်းပါပဲ။
Duty free staffs တွေကတော့ အခန်းမယူရင် Dirhams 4000~4800 လောက်ရကြပြီး အခန်းယူရင်တော့ Dirhams 1,000 အဖြတ်ခံရမှာဖြစ်ပါတယ်။ Transport ရှိပြီး meals တော့မပါပါဘူး။ Overtime အပြင် တနှစ်တခါ လခတိုးတာ အလုပ်ထွက်တဲ့အချိန်မှာ ရရှိမဲ့ သတ်မှတ်အကျိုးခံစားခွင့် gratuity ပိုရတာတွေရှိပါတယ်။ အခန်းယူတဲ့သူတွေကလည်း ကျယ်ဝန်းသပ်ယပ်ပြီး facilty အပြည့်အစုံရှိတဲ့ အခန်းတွေမှာနေထိုင်ရပြီး gym တို့ swimming pool facility တို့လဲပါလေ့ရှိပါတယ်။
Shopping mall sales staffs တွေကတော့ ကုမ္ပဏီကြီးတွေမှာလုပ်ရတဲ့သူတွေဆိုရင်တော့ Dirhams 3500~5000 လောက်ထိရကြပေမယ့် transport အခန်း meal ဘာမှမပါပါဘူး။ ကုမ္ပဏီအသေးတွေဆိုရင် Dirhams 2,000 ကနေ Dirhams 3500 လောက်ပဲပေးပြီး အပေါ်ကပြောသလိုပဲ transport meal အခန်းတို့လဲ မပေးပါဘူး။

၃(ဃ)Engineering/Accounting/IT/Petroleum Staffs

အပေါ်ကခေါင်းစဉ္အောက်မှာတော့ ရာထူးနဲ့ လုပ်ရတဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လုပ်ခလစာတွေက Dirhams 3,000/4,000 လောက်ကနေ Dirhams 40,000/ 50,000 လောက်ထိရကြတဲ့သူတွေရှိပါတယ်။ Foreign Experience မရှိတဲ့သူတွေဆိုရင်တော့ Entry level လခဖြစ်တဲ့ Dirhams 3,000~5,000 လောက်ပဲရမှာဖြစ်ပါတယ်။

၃(င) Housemaid

အခုတလော အလုပ်အကိုင်ရှားပါးမှုကြောင့် Dubai ကို Housemaid နဲ့သွားကြတဲ့သူတွေအတော်များများရှိလာတာ ကြားနေမြင်နေရပါတယ်။ ပထမဆုံးပြောလိုတာက UAE ရဲ့ housemaid စျေးကွက်မှာ နေရာယူထားသူတွေက အင်ဒိုနီရှန်း၊ဖိလစ်ပင်းနဲ့ ဆူဒန်နီလ်းတွေဖြစ်ပါတယ်။ ဆူဒန်နဲ့အင်ဒိုက အာရဗီရပြီး ဖိလစ်ပင်းက English ကောင်းကြပါတယ်။ သူတို့ရဲ့ သံရုံးတွေလည်း အဲဒီမှာရှိကြပါတယ်။ အဲဒါတောင် အိမ်ရှင်တိုင်းမဟုတ်ပေမယ့် တချို့အိမ်ရှင်တွေရဲ့ နားချိန်မရမတရားအခိုင်းခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ လိင်အမြတ်ထုတ်ခံရတာတွေ ရှိခဲ့ဖူးတယ်၊ရှိနေဆဲဆိုတာ သတိချပ်စေချင်ပါတယ်။ ဖုန်းသိမ်းထားတာ၊ ပတ်စ်ပို့သိမ်းထားတာ၊ လစာကိုပါမပေးတာ စတဲ့ ကိစ္စတွေပါရှိတယ်ဆိုတာသိစေချင်ပါတယ်။ လစာက Dirhams 900~1400 လောက်ထိပေးပေမယ့် တိုးတက်လမ်းအလွန်တရာနည်းပါးတဲ့အတွက် အတတ်နိုငိဆုံးတော့ ဒီအလုပ်မရွေးစေလိုပါ။ အခက်အခဲတခုခုကြုံလာဆုံလာရင် မိမိဘက်မှာဘာမှရှိမနေပါ။ အထူးသဖြင့် မိန်းကလေးတွေအတွက် ဥပဒေရဲ့အထောက်အပံ့ခံရမှုက တော်တော်လေးအားနည်းပါတယ်။

(၄) Employment Contract & Visa

Employment contract က အဓိက ၂မျိုးရှိပြီး Limited type (Fixed term) ဆိုလျှင် maximum ၂ နှစ်ဖြစ်ပြီး notice period ပါထည့်သွင်းချုပ်ဆိုရမှာဖြစ်ပါတယ်။
နောက်တမျိုးကတော့ unlimited type (အလုပ်ရှင်နှင့် အလုပ်သမား အဆင်ပြေနေသ၍ လုပ်လို့ရတဲ့ contract) ဖြစ်ပါတယ်။
Dubai မှာ employment contract နဲ့ အလုပ်လုပ်နေတဲ့ expats တွေအားလုံး residence visa အောက်မှာ အကျုံးဝင်ပြီး ၁နှစ် သို့ ၂နှစ်သက်တမ်းရှိပါတယ်။
ယခင်တုန်းကတော့ Freezone Authority ရဲ့အောက်မှာ လုပ်တဲ့သူတွေကလွဲပြီး ကျန်တဲ့အလုပ်သမားတွေဟာ အလုပ်ပြောင်းချင်လို့ အလုပ်ရှင်က NOC မထုတ်ပေးခဲ့ရင် သတ်မှတ်ထားတဲ့ rules အရ အလိုအလျောက် ၆လ visa ban ခြင်းခံရပေမယ့် အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ law အရ လက်ရှိအလုပ်မှာလုပ်တာ ၆လကျော်မယ်၊ ပြီးရင် စာချုပ်မှာ သတ်မှတ်ထားတဲ့ notice period ကို အပြည့်လုပ်ပေးမယ်ဆိုရင် visa ban ကကင်းလွတ်ပါလိမ့်မယ်။ ဒီနေရာမှာ မိမိအလုပ်ပြောင်းတာကို လက်ရှိအလုပ်ရှင်သဘောတူလက်ခံပြီး NOC ထုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ NOC မရခဲ့ဘူးဆိုရင် visa transfer process က ရှုပ်ထွေးမှုရှိပြီး လုပ်ငန်းအသစ်က ပိုင်ရှင် သို့ PRO (visa ကိစ္စတွေဆောင်ရွက်ပေးသူ) ရဲ့ ပေါက်ရောက်မှုပေါ်မှာလည်းမူတည်ပါတယ်။
လစာ Dirhams ၃၀၀၀ သို့ ၄၀၀၀ နဲ့အထက်ရပြီး အလုပ်ကစီစဉ္ပေးတဲ့နေရာထိုင်ခင်းရှိပါက Supervisorနဲ့ အထက်ရာထူးရှိသူတွေဟာ မိသားစုရှိယင် dependent visa လျှောက်လို့ရပါတယ်။ အလုပ်က NOC ပေးဖို့တော့လိုပါတယ်။တချို့အလုပ်တွေက အလုပ်ခန့်ကတည်းက family status နဲ့ခန့်တာဆိုရင် မိသားစုရဲ့ visa ကိစ္စကို အလုပ်က ဆောင်ရွက်ပေးပြီး ကုန်ကျစရိတ်လည်း သူတို့ပေးပါတယ်။

(၅) နေရာထိုင်ခင်း

အလုပ်ကနေရာထိုင်ခင်းစီစဉ္ပေးလျှင် entry level ဆိုပါက ၂ ယောက် ၁ ခန်း သို့ ၄ယောက် ၁ခန်း နေရလေ့ရှိပါတယ်။ ရေချိုးခန်း အိမ်သာကတော့ အဆောက်အဉီးထဲမှာ ဘုံသုံးဖို့ထားပေးထားတာများပါတယ်။
တချို့လုပ်ငန်းရှင်တွေက တခန်းကို ၇ယောက် ၈ယောက်ခန့် ၂ ထပ်ကုတင်တွေနဲ့ထားတာလည်းရှိပါတယ်။
မိမိဘာသာ နေရာထိုင်ခင်းစီစဉ္နေထိုင်ရပါက bed space တအိပ်ရာစာဆိုပါက Dirhams 500/600 လောက်ကစပြီး ၂ထပ်ကုတင်လောက်နဲ့ပဲနေရမှာ ဖြစ်ပါတယ်။ တဦးတည်းသီးသန့် ကုတင်ဆိုပါက ရေဖိုးမီးဖိုးအပါ အနည်းဆုံး Dirhams 700/800 ခန့်ရှိပြီး partition room (gypsum board နဲ့ ကန့်ပေးထားတဲ့ အခန်း) ဆိုလျှင် Dirhams 1,200 လောက်ကစပါတယ်။
ဒူဘိုင်းမှာ အိမ်ကိုနာမည်ခံငှားထားသူက ၎င်း၏ aparment သို့ villa ကို Sharing room အဖြစ်ပြန်လည်ငှားတဲ့ စနစ်တွင်ကျယ်ပါတယ်။
ဒါ့အပြင် အခန်းထဲမှာ မီးဖိုချောင် ရေချိုးခန်းအိမ်သာ အားလုံးပါတဲ့ Studio room ဆုိတာမျိုးလဲ ရှိပါတယ်။ ၁၂×၂၀ ပေလောက်ပဲရှိပြီး ငှားရမ်းခ Dirhams 1800/1900 ကစပါတယ်။အကျယ်အဝန်းပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှာဖြစ်ပါတယ်။ အိမ်ရှင် Landlord နဲ့တိုက်ရိုက်တနှစ်စာချုပ်ချုပ်ရပြီး တနှစ်စာအတွက် post dated cheque ၁၂ စောင်တခါတည်းပေးထားရပါတယ်။ ဒါကရေဖိုးမီးဖိုးမပါသေးပါ။ ရေဖိုးမီးဖိုးက ပူတဲ့ရာသီတွေမှာ ပျမ်းမျှ တဦးကို Dirhams 150~250 လောက်ကျပါလိမ့်မယ်။
တလ Dirhams 3000ခန့်ပေးရတဲ့ Studio Room or အိပ်ခန်းတခန်းသီးသန့်ပါတဲ့ one bhk လိုမျိုးကနေ တလကို Dirhams 20000/25000 ပေးရတဲ့ Villa မျိုးတွေထိရှိပါတယ်။

(၆) အစားအသောက်

ပုံမှန်ဗမာ အစားအသောက်အားလုံးနီးပါးရပါတယ်။ အသားငါးပုဇွန် အစုံရပါတယ်။ ကြက်သားကတော့ အတန်ဆုံးဖြစ်လို့ ဒူဘိုင်းရောက်ဗမာ အတော်များများဟာ ဗမာပြည်ပြန်ရောက်လို့ ကြက်သားဟင်းချက်ကျွေးရင် တို့တောင်မတို့ချင်ကြပါဘူး။ ဝက်သားကတော့ Spinney Choithram အစရှိတဲ့ Super Market တွေရဲ့ Non Muslim Section မှာ ခေါင်းအစ ခြေအဆုံးရပါတယ်။ချဉ္ပေါင်လည်း တချို့ Super Market တွေနဲ့ Vegetable Wet Market မှာရတတ်ပါတယ်။ နိုင်ငံစုံက အသီးအနှံတွေရပြီး ပန်းသီး လိ​္မ္မော်သီးတို့ကတော့ အတန်ဆုံးထဲမှာပါပါတယ်။ ဗမာတွေအကြိုက် သရက်သီး၊ ဒူးရင်းသီးစတာတွေကတော့ စျေးကြီးပေးဝယ်စားရပါတယ်။
အခုဆို ဗမာစားသောက်ဆိုင် ၃/၄ ဆိုင်လောက်ရှိသလို ဗမာစာတွေချက်ရောင်းချသူတွေရှိတာကြောင့် ဗမာအစားအသောက် အလွမ်းပြေစားနိုင်ပြီဖြစ်ပါတယ်။

(၇) သွားရေးလာရေး

Dubai Metro က ဒူဘိုင်း မြို့အနှံ့နီးပါးရောက်နေပြီမို့ သွားရေးလာရေးက တော်တော်အဆင်ပြေပါတယ်။red line နဲ့ green line လို့ ၂ခုရှိပြီး စုစုပေါင်း Zone ၇ခုရှိပါတယ်။ Metro စီးရင်ပဲဖြစ်ဖြစ်၊ Bus စီးရင်ပဲဖြစ်ဖြစ်၊ Tram စီးရင်ပဲဖြစ်ဖြစ်၊ Water bus စီးရင်ပဲဖြစ်ဖြစ် Cashless payment system ဖြစ်ပြီး Nol silver card ဆိုတဲ့ ကဒ်ထဲငွေသွင်းပြီးသုံးရတဲ့စနစ်ကိုကျင့်သုံးပါတယ်။ ဆိုလိုတာက အဲဒီကဒ်ထဲငွေသွင်းထားပြီး ကျသင့်ငွေကို အကွာအဝေးပေါ်မူတည်ပြီး ဖြတ်သွားတဲ့စနစ်ဖြစ်ပါတယ်။ ကျသင့်ငွေက Zone အလိုက် အပေါ်မှာဖော်ပြထားတဲ့ Transport system အားလုံးအတွက်အကျုံးဝင်ပါတယ်။ ဥပမာ Zone A ထဲမှာ Metro လည်းစီးတယ် Bus လည်းစီးတယ်ဆိုပါက Zone တခုထဲမှာပဲသွားတာမလို့ Zone ၁ခုစာစီးနင်းခပဲကျမှာဖြစ်ပါတယ်။ ကောင်းတာကတော့ တလစာအတွက် Zone အလိုက် ပုံသေနှုန်းထားနဲ့ စီးနင်းတာပဲဖြစ်ပါတယ်။ Zone ၁ခုအတွင်းထဲမှာပဲဆို ၁လစာအတွက် Dirhams 140၊ ၂ခုဆို Dirhams 230၊ ၂ခုနဲ့အထက်ဆို Dirhams 350 အစရှိသဖြင့် ကျသင့်ပါတယ်။ Nol Card ကို Taxi စီးတဲ့အခါမှာလည်းသုံးလို့ရပါတယ်။

(၈)ဘာသာရေး

နိုင်ငံသားအားလုံးနီးပါး အစ္စလာမ်ဘာသာအဓိကကိုးကွယ်ကြပါတယ်။ လာရောက်လုပ်ကိုင်သူအတော်များများလည်း အစ္စလာမ်ဘာသာဝင်တွေဖြစ်ပေမယ့် ခရစ်ယာန်တွေအတွက်20 Chruches ၊ ဟိန္ဒူတွေအတွက် 1 temple နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် Monastery တကျောင်း၊ ဆစ်ခ်ဘာသာဝင်တွေအတွက် 1 temple ရှိနေပြီဖြစ်ပါတယ်။

(၉)သတိပြုရန်အချက်များ

ရမည့်လခက Dirhams နဲ့ဖြစ်ပြီး US$ နဲ့မဟုတ်ပါ။ 1500 ရမယ်ဆိုတာ US$ 1500 ရမယ်လို့မှတ်ပြီး ရောက်လာကြသူတွေရှိပါတယ်။

UAE မှာ ဥပဒေအရ အလုပ်ခန့်ထားခြင်းခံရတဲ့ သူတွေအတွက် visa ခကို Company ကကျခံရတာဖြစ်ပါတယ်။ သို့သော် Company က visa ခလခထဲက နှုတ်ယူတာမျိုးပြုလုပ်မယ်လို့ Agency ကတဆင့်ပြောရင် အဲဒီလို Company မျိုးမှာ လုံးဝမလုပ်သင့်ပါ။ တခြားကိစ္စ အလုပ်ချိန်၊ပိတ်ရက်၊ overtime အစရှိတာတွေမှာလည်း ကိုယ့်အပေါ်မှာမမှန်မကန်ပြုလုပ်တာခံရနိုင်လို့ဖြစ်ပါတယ်။

Hepatics B ပိုး Cပိုးရှိသူများနဲ့ TB ရောဂါဖြစ်ဖူးပြီး အဆုတ်မှာ အမာရွတ်ရှိသူများ အလုပ်ရယင်တောင်မှ Visa လျှောက်လို့ ဆေးစစ်တဲ့အချိန်မှာပေါ်လျှင် visa reject ထိမည်ဖြစ်၍ မသွားသင့်ပါ။ အချို့ကလည်း TB ကြောင့်အမာရွတ်ရှိတာလက်ခံတယ်လို့လဲပြောပေမယ့် တချို့ အဆုတ်အမာရွတ်ကြောင့် reject ထိတယ်လို့ ပြောသူများလည်းရှိတာကြောင့် reject ထိနိုင်​ခြေ risk ရှိတယ်ဆိုတာကိုလက်ခံနိုင်မှ သွားစေလိုပါတယ်။

Local company တွေဟာ Multi National Company သို့ International hotel chains တွေနဲ့ နှိုင်းယှဉ္လျှင် အလုပ်သမားကိုပေးတဲ့ အခွင့်အရေးမှာ လွန်စွာကွာခြားပါတယ်။ အလုပ်ရပြီးရောဟု သွားမည်ဆိုပါက ၂နှစ်ခန့်သည်းညည်းခံလုပ်နိုင်မှ သွားဖို့အကြံပြုချင်ပါတယ်။

အလုပ်ရသည်ဆိုပါက Offer letter ထုတ်ပေးသည့် Company မှ တာဝန်ယူပြီး employment permit လျှောက်ထားပေးရမှာဖြစ်ပြီး travel agency သို့ recruitment agency သို့ agency ခအယင်ပေးရမည်ဟုဆိုပါက ၁၀၀% လိမ်ညာတာဖြစ်ပါသည်။ မြန်မာပြည်ဘက်က Agency က မိမိကိုအလုပ်ခန့်အပ်သည့် Company က visa လျှောက်ပေးတာကျလို့ visa ပြလျှင် visa type တွင် employmentဟုပါရမည်။ Sponsorship သို့ visa applicant နေရာ၌ Offer letter ထုတ်ပေးသည့် Company၏ Name ဖြစ်ရပါမည်။ အရေးအကြီးဆုံးမှာ ၎င်း visa မှန်မမှန်နှင့် valid ဖြစ်သည့်ကာလကို www.amer.ae ဆိုသည့် UAE goverment ၏ official Website တွင်စစ်ဆေးကြည့်နိုင်ပါတယ်။

မိမိပညာအရည်အချင်း၊အတွေ့အကြုံနှင့် မကိုက်ညီသည့် ရာထူးနှင့်လစာကမ်းလှမ်းခြင်းခံရပြီး visa လျှောက်ရန် Agency ခ ကြိုတင်ပေးဆောင်ရမည်ဆိုပါက ၁၀၀% အလိမ်အညာဖြစ်ပါတယ်။

Employment permit မဟုတ်ပဲ visit visaနဲ့ခေါ်ပြီး ဟိုရောက်မှ employment visa လျှောက်ပေးမည်ဆိုပါက တဘက်မှာ ရင်းနှီးခင်မင်စိတ်ချရသည့် လူခံမရှိပါက အလွန်အန္တရာယ်ကြီးပါသည်။ အခုကိုပဲ လူ ၅၀၀ခန့် ဒုက္ခရောက်သောင်တင်နေကြတယ်လို့ ဖတ်လိုက်ရပါတယ်။

နောက်ထပ်သတိပြုရမဲ့အချက်တွေကတော့ လက်ထပ်စာချုပ်မရှိပဲ ယောက်ကျားလေး၊မိန်းကလေးအတူနေလို့မရပါ။ အတူနေမိလို့ ကိုယ်ဝန်ရှိသွားလို့ ဆေးခန်းသွားပြတာနဲ့ လက်ထပ်စာချုပ်မရှိယင် ပြစ်ဒဏ်ပေးထောင်ချပါတယ်။ လူမြင်ကွင်းမှာ လက်တွဲသွားလာခြင်း၊နမ်းရှုံ့ခြင်းတို့မပြုလုပ်သင့်ပါ။ တိုင်သူ သို့ စောင့်ကြည့်သူနှင့်တိုးလျှင် အချုပ်ရောက်သွားပါလိမ့်မယ်။ သတ်မှတ်ထားတဲ့နေရာ Hotel အစရှိသဖြင့်ကလွဲပြီး လိုင်စင်မရှိပဲ အရက်သေစာသောက်စားလို့မရပါ။ လူမြင်ကွင်းမှာ သောက်စားလို့မရသလို၊ သောက်စား၍ အပြင်သွားပြီး အမှားအယွင်းတစုံတရာလုပ်တာ၊ မူးပြီးရမ်းကားတာနဲ့ အချုပ်ထဲရောက်မှာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှ ဘာသာရေးကိုထိခိုက်အောင် (သို့) နှိမ့်ချရေးသားခြင်း၊ အစိုးရနဲ့အစိုးရအဖွဲ့အစည်းများကို ဝေဖန်ခြင်းတို့ဆိုလျှင် ပြင်းထန်စွာ အရေးယူခံရမှာဖြစ်ပါတယ်။

လေယာဉ်နဲ့ ခရီးသွားတဲ့အခါ မသိမဖြစ်တဲ့ စကားလုံးတွေ
09/01/2024

လေယာဉ်နဲ့ ခရီးသွားတဲ့အခါ မသိမဖြစ်တဲ့ စကားလုံးတွေ






📌လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ညွှန်ကြားချက်အရ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှစတင်၍ ရန်ကုန်မြို ...
31/10/2023

📌လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ညွှန်ကြားချက်အရ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှစတင်၍ ရန်ကုန်မြို နှင့် မန္တလေးမြို့ ( မှ/သို့ ) အကြား ပျံသန်းစီးနင်းလိုက်ပါကြမည့် ခရီး သည်များအနေဖြင့် Arrival နှင့် Departure Card များအား ဖြည့်စွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

✈နိုဝင်ဘာလ (၁) ရက်နေ့ မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ရန်ကုန်-မန္တလေး/ မန္တလေး-ရန်ကုန် သွားမည့်ခရီးသည်များအတွက်-
🔹ရန်ကုန် မှ မန္တလေး သို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card (ထွက်ခွာ ပုံစံ) နှင့်
🔸မန္တလေး မှ ရန်ကုန် သို့ ဆိုက်ရောက်ခရီးသည်များအနေဖြင့် Arrival Card (ဆိုက်ရောက် ပုံစံ)
အားမျှဝေးပေးလိုက်ပါတယ်

Traveler Alert🚨
29/10/2023

Traveler Alert🚨

*TRAVELER ALERT* [English Below]

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းလိုက်ပါကြမည့် ခရီးသည်များအတွက် မဖြစ်မနေ ဖြည့်စွက်ရမည့် ဆိုက်ရောက် နှင့် ထွက်ခွာ ပုံစံများ

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ညွှန်ကြားချက်အရ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှစတင်၍ ရန်ကုန်မြို နှင့် မန္တလေးမြို့ ( မှ/သို့ ) အကြား ပျံသန်းစီးနင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် Arrival နှင့် Departure Card များအား ဖြည့်စွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

စည်းမျဉ်းသတ်မှတ်ချက်မှာ-

• ရန်ကုန် မှ မန္တလေး သို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card (ထွက်ခွာ ပုံစံ) နှင့်
• မန္တလေး မှ ရန်ကုန် သို့ ဆိုက်ရောက်ခရီးသည်များအနေဖြင့် Arrival Card (ဆိုက်ရောက် ပုံစံ) များအား ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ချောမွေ့သော ပြည်တွင်းလေကြောင်းခရီးစဉ် သွားလာရေးအတွက် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံအား ယူဆောင်လာရန်လည်း အကြံပြုအပ်ပါသည်။

ပြည်တွင်းလေကြောင်းခရီးသွားလာမှု စည်းမျဉ်းသတ်မှတ်ချက်စနစ်အသစ်အပေါ် ခရီးသည်များ၏ ပူးပေါင်းဆောင်ရွက်မှုများအား ကျေးဇူးအထူးတင်ရှိပါသည်။

အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာလေကြောင်းလိုင်းအသီးသီးသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

*TRAVELER ALERT*

*Important Notice for Domestic Travelers: Mandatory Arrival and Departure Forms*

Effective November 1, 2023, all domestic travelers commuting between Mandalay and Yangon are required to complete arrival and departure forms as per the directive issued by the Department of Civil Aviation (DCA), Myanmar.

Here are the specific requirements:

• Passengers traveling from Mandalay to Yangon must fill out an arrival card.
• Passengers traveling from Yangon to Mandalay must complete a departure card.

To ensure a smooth and efficient process, we kindly advise all travelers to carry along the National Identity Registration Card (NIRC) together with valid travel documents readily available. We appreciate your cooperation and adherence to this new regulation.

If you have any further inquiries, please contact the respective airlines for assistance.

လေကြောင်းခရီးသွားတွေကို လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များအနေနဲ့ လေဆိပ်အဆောက်အအုံအတွင်းအထိ ဝင်ရောက်လို့ရပါပီ ✅✅✈️
23/09/2023

လေကြောင်းခရီးသွားတွေကို လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များအနေနဲ့ လေဆိပ်အဆောက်အအုံအတွင်းအထိ ဝင်ရောက်လို့ရပါပီ ✅✅✈️

26/07/2023

လေယာဉ်လက်မှတ်ရောင်းချတဲ့နေရာမှာ အရေးကြီးဆုံးအချက်က ဘာဖြစ်မလဲ.....
1)Name - နာမည်လား
2)Travel Dat - ခရီးသွားမည့် နေ့စွဲလား
3)Itinerary - ခရီးစဉ်လား
4)Air Ticket Price - ဈေးနှုန်းလား
5)Passport Expiry Date-နိုင်ငံကူး လက်မှတ်သက်တမ်းလား
ဟုတ်ပါတယ် အဲ့ဒီအချက်တွေအားလုံးကတော့ အရေးကြီးပါတယ် ဒါပေမဲ့ အဲ့ဒီအချက်တွေ အားလုံးထဲကမှ အရေးကြီးဆုံးအချက်ကတော့ passport expiry date လို့ခေါ်တဲ့ passport သက်တမ်းပဲဖြစ်ပါတယ်။
Passport သက်တမ်း (6)လ မရှိရင် လေယာဉ်လက်မှတ် ထုတ်ပေးလို့မရပါဘူး ဒါကတော့ နိုင်ငံတကာ စည်းမျာဉ်းဥပဒေဖြစ်ပါတယ်။ ဒုတိယ အရေးကြီးဆုံးကတော့ Name လို့ခေါ်တဲ့ နာမည်စာလုံးပေါင်းဖြစ်ပါတယ်။
ဒါဆိုရင် လေယာဉ်လက်မှတ်ရောင်းတဲ့နေရာမှာ မဖြစ်မနေ သတိထားရမည့် အချက်လေးတွေသိသင့်သလောက် သိပြီလို့ထင်ပါတယ် နောက်နေ့တွေ ဆက်လတ်မျှဝေပေးပါ့မယ် ၊ မိမိအတွက် အကျိုးရှိတယ်ဆိုင်ရင် page လေးကို like and follow လုပ်ဖို့မမေ့ပါနဲ့။ ကျေးဇူးတင်ပါတယ်။



Year 2023 အတွက် အ​ကောင်းဆုံး ​လေ​ကြောင်းလိုင်းများ -
28/06/2023

Year 2023 အတွက် အ​ကောင်းဆုံး ​လေ​ကြောင်းလိုင်းများ -

💁🏻‍♀️ထိုင်း ကိုအလာလည်မယ်ဆိုရင်ဘာတွေလိုအပ်လဲ မေးနေသူများအတွက်update✅Passport(pv ဖြစ်ရမည်, အနည်းဆုံးသက်တမ်း ၆လကျန်ရမည်)✅ V...
05/06/2023

💁🏻‍♀️ထိုင်း ကိုအလာလည်မယ်ဆိုရင်ဘာတွေလိုအပ်လဲ မေးနေသူများအတွက်update

✅Passport(pv ဖြစ်ရမည်, အနည်းဆုံးသက်တမ်း ၆လကျန်ရမည်)

✅ Visa (45Days Visa Free နဲ့လာရင် ဗီဇာလျောက်ဖို့မလို)

✅လေယာဉ်လက်မှတ်အသွားအပြန်

✅Show Money 600 USD( ပြဖို့မဖြစ်မနေလိုအပ်လားလို့မေးလာရင်ရစ်တဲ့immigration ကိုဆိုပြဖို့လိုပါတယ်

✅ကိုဗစ်ကာကွယ်ဆေးလက်မှတ် (မြန်မာလိုဆိုရင် Notry ပြန်ထားတာလို)

✅Hotel booking or Address အတိအကျလိုပါမယ်(google မှာhotelတစ်ခုခုရဲ့လိပ်စာကိုNote မှာရေးသွားပါ)

🟢Air ticket
🟢Hotel Booking
🟢ကစားကွင်ဝင်ခွင့်လက်မှတ်များ
🟢ရှိုးပွဲ ဝင်ခွင့်လက်မှတ်များ
🟢ကားအငှားဝန်ဆောင်မှုများ

✅ရုံးသို့ ကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ဖို့ အဆင်မပြေသော Customer များအနေဖြင့် KBZ Bank ,KBZ Pay ,တို့ကနေ တစ်ဆင့် ငွေလွှဲ၍ ဝယ်ယူရရှိနိုင်ပြီး လက်မှတ်များကို Email ,Viber, Page Cb တို့မှ တစ်ဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်

Office⏱ Hour ( 9AM to 6 PM)

🏡 အမှတ်-အမှတ်၂၃၀ အနော်ရထာလမ်းမပေါ် ဗိုလ်ဆွန်ပက်လမ်းထိပ်။ပန်းဘဲတန်းမြို့နယ်။ရန်ကုန်မြို့။

☎ 01-387782
📲09-945786966
📲09-944786966

Visa မလိုသော နိုင်ငံများကို သွားရောက်လည်ပတ်လိုပါကGolden Yoma Travel&Tour ကို သတိရလိုက်ပါ  &Tour
26/03/2023

Visa မလိုသော နိုင်ငံများကို သွားရောက်လည်ပတ်လိုပါက
Golden Yoma Travel&Tour ကို သတိရလိုက်ပါ


&Tour

Address

Yangon
11141

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00
Sunday 09:30 - 18:00

Telephone

+959945786966

Website

Alerts

Be the first to know and let us send you an email when Golden Yoma Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Yoma Travel & Tour:

Share

Category