Global Pioneer Co.,Ltd

Global Pioneer Co.,Ltd မြန်မာပြည်တွင်းခရီးသွားပို့ဆောင်ရ?

13/01/2021
17/12/2020
ငွေနည်းနည်းနဲ့ နိုင်ငံပတ်နိုင်ဖို့ Global Pioneer ကိုသာ ရွေးချယ်လိုက်ပါ ❤
04/08/2020

ငွေနည်းနည်းနဲ့ နိုင်ငံပတ်နိုင်ဖို့ Global Pioneer ကိုသာ ရွေးချယ်လိုက်ပါ ❤

ကျွန်တော်တို့ရဲ့ ဒုတိယမြောက်ပုဂံခရီးစဥ်ကို လိုက်ပါပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.....ပုဂ...
04/08/2020

ကျွန်တော်တို့ရဲ့ ဒုတိယမြောက်ပုဂံခရီးစဥ်ကို လိုက်ပါပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.....

ပုဂံဘုရားကြီးတွေပိတ်ပေမယ့်လည်း အရင်က
မရောက်​​ဖြစ်တဲ့နေရာတွေကို ပို့ပေးတဲ့အတွက် အားလုံးပျော်ရွှင်ကျေနပ်​နေကြတာတွေ့တော့လည်း ဝမ်းသာရပါတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ tour လုပ်ငန်းကို ရှေ့ဆက်ချင်ပါတယ်ခင်ဗျ။

photo crd: Ko Zayar Myint

25/06/2020
ရန်ကုန်မြို့တွင်းလား❓❓ မြို့ပြင်လား❓❓Driverအပါ စျေး သက်သက်သာသာနဲ့ ရမယ်နော်.....📞📞 09252639390 09420055624
25/06/2020

ရန်ကုန်မြို့တွင်းလား❓❓ မြို့ပြင်လား❓❓
Driverအပါ စျေး သက်သက်သာသာနဲ့ ရမယ်နော်.....
📞📞 09252639390 09420055624

12/06/2020

# # # ဇလုံတောင်သမ်ိုင်း # # #

# နောင်ပွင့်တော်မူမည့်_အရိမေတ္တေယျမြတ်စွာဘုရား
ရှင်လက်ထက်တွင်_တရားထူးဟောမည်ဟူ ဗြာဒိတော်ရထားသည့် #

ဇလုံတောင် တည်ရှိနေရာ
================

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်
ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မြို့မှ
မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောအတွင်း
ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သောတောင်ပေါ်တွင် တည်ရှိပါတယ်။ မြေပုံညွှန်း
အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်ပါတယ်။
တောတောင် လျှိုမြောင်များ နက်ရှိုင်းလှပါတယ်။

(ဇလုံတောင် ဘုရားသမိုင်း)

ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်း သော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှဇလုံတောင်တော်သို့
ကြွတော်မူခဲ့ပါတယ်။

ဇလုံတောင် (ခေါ်) ဂေါဒေါပလ္လင်တောင်တော်သည်
အရှေ့ ဧရာဝတီ၊
အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟိုတွင် တည်ရှိပါတယ်။
ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပတ္ထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးတော်မူလျက် နဂါးမင်းသားအဖ လှူဒါန်း သော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ပါတယ်။

ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားရတနာများဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာ၊ရှေ့နောက် စွန့်ကြဲ ပက်ဖျန်းခဲ့သည်ဟု သမိုင်းကျောက်စာတွင် ဖော်ပြထားပါတယ်။

ထိုတောင်တော်တွင် ဗျာဒိတ်တော်ပေးဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးမြင်နိုင်ပါတယ်။ ဗျာဒိတ်စကား မိန့်ကြား တော်မူသည်မှာ ''ညီဘွား အာနန္ဒာ အောင်မြေခေါ်သော
ဤ ဂေါဒေါပလ္လင်တောင်ကလပ်၌ ပွင့်တော်မူလတ္တံသော အရိမေတ္တေယျ ဘုရားရှင်' သည် ငါဘုရားကဲ့သုိ့ အလှူခံယူကာ တရားထူးကို ဟောကြားတော်မူလိမ့်မည်''
ဟုဗျာဒိတ်တော်ထားခဲ့လေ၏။

ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့်
ကျောက်စိမ်းတွင်းများ၊အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင် ရွှေတွင်းများဖြစ်လာသည်ဟု
ဒေသခံများက ယုံကြည်ခဲ့ကြတယ်။

ထုိ့ပြင် အရပ်လေးမျက်နှာလုံး ကျွန်းတောကြီးများ
သည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ဘုရားသမိုင်းတွင် ၄င်းကျာက်တောင်သည်ငါးဆူမြောက် အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာ
ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကျောက်တောင်သည် သံတောင် ၄၄၄ တောင်ဖြစ်၍
ပေအားဖြင့် ၆၆၆ပေ မြင့်သည်။ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟုခေါ်ခဲ့ပြီးနောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟုခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သောနှစ် ၈ဝ ခန့်က မြေပုံပေါ်တွင်လည်း
သလွန်တောင် ဟုသာဖော်ပြထားသည်ကို တွေ့ရသည်။ ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့်
ကြာခဲ့ပြီ ဖြစ်ပါတယ်။

အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံနှင့်တပည့်
အရှင်အာစာရ မထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သုိ့ ကြွရောက်တော်မူခဲ့ပြီး ဣစ္ဆာသယလိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကို
ဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။

ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင်ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ်က အောင်တော်မူ၊အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ 'အောင်ကျော်အေးအောင် ဇလုံတောင်' ဟု သာသနာပြု မော်ကွန်းတင်ခဲ့ပါတယ်။

သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ ကျောင်းဆရာတော်နှင့်တိုက်သူကြီး ဦးရွှေသီး ၊
ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန်
၂၅ ပိဿာဖြင့်
ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး သက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့ဝဲတက်ရွာ ဇာတိ
အရှင်ကုဝေရက သားတော်တောင် ကျောက်ပလ္လင်၌
ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ ဉာဏ်တော်
လေးပေရှိ၊ လိုတိုင်းပြည့်ဗျာဒိတ်ပေး ပဉ္စလောဟာ
ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ် ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရှိရပါတယ်။

သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့်အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်၍ ရပ်ဝေးရပ်နီး
မြို့ရွာ ဒါယကာတို့က အောင်ဆုယူစေတီများကို
မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော်
အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း
သာသနာ မော်ကွန်းတင်
ကျောက်စာတွင် ဖော်ပြထားပါတယ်။

ဤကျောက်တောင်ကြီးမှာ ခမည်းတော်တောင် နှင့်
မယ်တော်တောင် ကျောက်လုံးကြီးများ နှစ်လုံးပူးတွဲပြီး
ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေပါတယ်။

လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော်
ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။အဆိုပါ ကျောက်လုံးကြီး ပဲ့ကျ သော အသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံး
သိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်းသိရသည် ကျောက်တောင်ထိပ်ကိုတက်သည့် အခါတွင်
ကျောက်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရပါတယ်၊။

ကျဉ်းကျပ်နေသော နေရာတွင် ကျောက်တံခါးကြီးလည်းရှိပါတယ်။ အကုသိုလ်များသူ မကျော်နိုင်၊ မဝင်နိုင်ဟု ဆိုကြပါတယ်။ အမှန်တကယ် မဝင်နိုင်သူကိုလည်း တွေ့ခဲ့ရပါတယ်။

ကျောက်တောင်ကြီးပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှားဖူးမြော်ရပါတယ်။ ကုတ်ကတ်
တွယ်တက်ရသော နေရာလည်း ရှိပါတယ်။
အပေါ်ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား
ကျောက်ကျောမှ တစ်ဆင့် ကူးသွားရသည်မှာလည်း
နှစ်ဖက်လုံး နက်ရှိုင်းသော ချောက်ကြီးနှင့် ဖြစ်၍
အသည်းယားစရာ ဖြစ်ကြရပါတယ်။

အချို့သူများ မကူးရဲပါ။ ဤ ကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး ရှိကြောင်း၊ဤဇလုံတောင် ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူးရန် စာရင်းတွင်
ပါဝင်မည်ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိကြပါတယ်။

''ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်'' ဟုဆိုသည်။

ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူး
လာကြကြောင်းတွေ့မြင်ရသည်။ အချို့ဆိုလျှင်
နှစ်ရက်သုံးရက်လမ်းလျှောက်လာကြကြောင်း
တွေ့မြင်ရသည်။
crd(မူရင်းpostတင်သူ)

ဖြည့်စွက်ချက်။
(တစ်ယောက်ချင်း၊ ခြေတစ်လှမ်းချင်းရွေ့ရဖို့ နာရီဝက်လောက်စောင့့်ဆိုင်းနေရစဉ်၊
မှတ်ချက်။ ယဉ်ရပ်နားစခန်း အသစ်ဖွင့်လှစ်သည့်နေ့နှင့်တိုက်ဆိုင်သဖြင့် တောင်ပေါ်တက်ခွင့် နောက်ကျသောကြောင့် လူပိုကျပ်သွားသည့်နေ့ဖြစ်သည်။ )

ယဉ်မေသက်

Credit...ယဉ်မေသက်

Address

Yangon

Telephone

+959252639390

Website

Alerts

Be the first to know and let us send you an email when Global Pioneer Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global Pioneer Co.,Ltd:

Share

Category