Shweyaunglatt.ygn Travels & Tours

Shweyaunglatt.ygn Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shweyaunglatt.ygn Travels & Tours, Travel Company, အခန်းအမှတ် 501(A), မြတ်မွန်ကွန်ဒို, သာဓုအိမ်ယာ, သင်္ဃန်းကျွန်း မြို့နယ်, ရန်ကုန်မြို့, Yangon.

29/07/2025
လှပလွန်းမက လှပလွန်းတဲ့...   တောင်ပိုင်းတိုင်းရဲ့...
16/07/2025

လှပလွန်းမက လှပလွန်းတဲ့...
တောင်ပိုင်းတိုင်းရဲ့...

မြို့ပြရဲ့ ဆူညံသံတွေ၊ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခဏတာ ရှောင်ခွာပြီး စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူဖို့ နေရာကောင်းတစ်ခု...
10/07/2025

မြို့ပြရဲ့ ဆူညံသံတွေ၊ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခဏတာ ရှောင်ခွာပြီး စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူဖို့ နေရာကောင်းတစ်ခု ရှာနေပြီလား???

သာမန်ခရီးစဉ်တွေထက် ပိုမိုထူးခြားတဲ့ အတွေ့အကြုံမျိုးကို လိုချင်တယ်ဆိုရင်တော့ ကရင်ပြည်နယ်ရဲ့ သဘာဝအလှတွေ၊ သမိုင်းဝင်နေရာတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြည့်နှက်နေတဲ့ ဘားအံမြို့ က အသင့်တော်ဆုံးပါပဲ🙋

ရှုမငြီးစရာ တောင်တန်းတွေ၊ လှပတဲ့ ဂူတွေနဲ့ စိမ်းလန်းစိုပြည်တဲ့ ရှုခင်းတွေကြားမှာ စိတ်အပန်းဖြေရင်း ဘဝအတွက် မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးလိုက်ကြရအောင်💁‍♂️

ကျွန်တော်တို့ရဲ့ "ဘားအံ အပန်းဖြေ အထူးခရီးစဉ် Package" က စိတ်အပန်းပြေစေမယ့် အတွေ့အကြုံသစ်တွေ ပေးရုံသာမက သက်တောင့်သက်သာနဲ့ စိတ်ချရတဲ့ ခရီးစဉ်တစ်ခုဖြစ်မယ်လို့လည်း အာမခံပါတယ်နော်💁‍♂️

✨ စိတ်လှုပ်ရှားစရာ ခရီးစဉ်မှာ ပါဝင်မယ့် နေရာတွေကတော့
1. ဘားအံမြို့ ရွှေရင်မျှော်ဘုရား
2. တောင်ဝိုင်းတောင်
3. ကြာအင်းတောင်
4. ကန်သာယာတံတား
5. လွန်းညရေပြာအိုင်
6. ထွန့်ပတိုင်ရေကန်
7. ဆဒ္ဒန်ဂူ
8. ရသေ့ပျံဂူ
9. ကော့ကသောင်ဂူ
10. နောင်ခလိုင်ရေဂူ
11. ကော့ဂွန်းဂူ
12. ဘုရင့်ညီဂူ
13. ဘားအံညဈေးတန်း
14. ကျောက်ကလပ်စေတီတော်
15.နောင်လုံတောင်ကြားလမ်း
16.ဇွဲကပင်တောင်ခြေ
17.လုမ္ဗိနီဥယျာဉ်
18.သထုံရွှေစာရံဘုရား
တို့အပြင် အပြန်လမ်းမှာအချိန်ရရင် ကျိုက်ထီးရိုး ကင်ပွန်းစခန်း ကဒတ်ချောင်းကိုလည်း၀င်မှာဖြစ်ပါတယ် 🫣

တဦးကို 280,000 ks

စတင်ထွက်ရှိမယ့်နေ့... 09.Aug.2025 (05:00 AM)
နှစ်ညအိပ် သုံးရက်ခရီး...

✅ ဒီ Package မှာ ဘာတွေပါမလဲ...

👉 အဆင်ပြေပြေ သွားလာနိုင်မယ့် အဆင့်မြင့် သယ်ယူပို့ဆောင်ရေး (Air-con Bus)
👉 သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ တည်းခိုခန်း (Hotel)
👉 အာမခံ (ခရီးသွားလာရေးအတွက် အာမခံ)
👉 ထမင်း၆နပ် (စထွက်သောနေ့တွင်ညစာ၊ ဒုတိယနေ့တွင်မနက်စာ၊နေ့လည်စာ၊ညစာ၊ အပြန်နေ့တွင်မနက်စာ၊နေ့လည်စာ)
👉 အဆာပြေမုန့်နှင့် အမောပြေအအေး
👉 အခြေခံအိမ်သုံးဆေးဝါးများ
👉 အလှဓာတ်ပုံလေးများရိုက်ကူးရန် photographer တစ်ယောက်
👉 လူကြီးမင်းတို့သိလိုသည်များကိုရှင်းပြရန် Guide တစ်ယောက်
စတာတွေပါ၀င်ပါတယ်✅

အထူးအစီအစဉ်အနေနဲ့ (၄)ယောက်စာ၀ယ်(၅)ယောက်လိုက်အစီအစဥ်လေးလည်းရှိပါသေးတယ် ✅
မိသားစု/မိတ်ဆွေ(၅) ယောက်စုသွားရင်(၄)ယောက်စာပဲကုန်ကျမှာဖြစ်ပါတယ် (FOC ရတဲ့တစ်ယောက်ကတော့ Company ကစီစဥ်ပေးတဲ့နေရာကပဲလိုက်ပါရမှာဖြစ်ပြီး အခြားသူများနဲ့ hotel အတူတူကိုမှ companyကစီစဥ်ပေးတဲ့အခန်းမှာပဲနေရပါမယ်ဗျ)

⏰ အားလပ်ရက်တွေကို အပြည့်အဝ အနားယူဖို့ စီစဥ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ ဘားအံခရီးစဥ် လေးမှာလိုက်ပါဖို့ အခုပဲ စီစဉ်လိုက်တော့နော်🙆‍♂️

📲 ပိုမိုသိရှိလိုပါက ဒါမှမဟုတ် Package ၀ယ်ယူလိုပါက ဖုန်းနံပတ် 09 - 443144957,09-444455503 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရုံးခန်းလိပ်စာ...အခန်းအမှတ် 501(A),မြတ်မွန်ကွန်ဒို သာဓုအိမ်ယာ...သဃ်န်းကျွန်းအသင်းတိုက် မှတ်တိုင်

📩 Page chatbox မှတစ်ဆင့်လည်း စုံစမ်းနိုင်ပါတယ်ဗျ 💁‍♂️

#ဘားအံ #အပန်းဖြေခရီးစဉ် #ခရီးသွားPackage #သဘာဝအလှ #ကရင်ပြည်နယ် #ဂူများ #ဘုရားများ #ရေတံခွန် #ရှေးဟောင်း #အပန်းဖြေ

မိုးတွင်းအခါ...အရမ်းလှပတဲ့ ဘားအံမြေဆီကို...နှစ်ညအိပ် သုံးရက်ခရီး...လေးယောက်စာဝယ်...ငါးယောက်လိုက် ဆိုတဲ့အစီစဥ်...   အသွား...
09/07/2025

မိုးတွင်းအခါ...အရမ်းလှပတဲ့ ဘားအံမြေဆီကို...နှစ်ညအိပ် သုံးရက်ခရီး...လေးယောက်စာဝယ်...ငါးယောက်လိုက် ဆိုတဲ့အစီစဥ်...
အသွားအပြန်ကားခ...ထမင်းဆိုင်ကျွေး လေးကြိမ်...ဟိုတယ် မနက်စာ နှစ်ကြိမ်...တဆင့်သွား ကားခတွေ စက်လှေခတွေ အပြီးအစီး...

စတင်ထွက်ခွာမည့်ရက်...08.Aug.2025 (05:00 AM)
ပြန်လည်ရောက်ရှိမည့်ရက်...10.Aug.2025 (19:00 )

တဦးကို ၂သိန်း၈သောင်း ကျပ်နဲ့ ဆိုရင်ရော...ပရိတ်သတ်ကြီးတို့အနေနဲ့ ဘယ်လိုသဘောရလဲ...
ရတဲ့သဘောအတိုင်း
09-444455503,09-443144957
တို့ကို အားမနာတမ်း ဆက်သွယ်မေးမြန်းစုံစမ်း ဝယ်ယူနိုင်ပါပြီလို့....

08/07/2025

Sec round...talkshow...

08/07/2025

Sec round...

မိုးလေးကလဲ ရွာပြီဆိုတော့...   ရှုခင်းတွေလဲလှပ...မြင်ကွင်းတွေကလဲ စိမ်းစိုနေတဲ့    ဒုံးယိမ်းတို့ရဲ့...ဘားအံမြေဆီကို နှစ်ညအ...
31/05/2025

မိုးလေးကလဲ ရွာပြီဆိုတော့...
ရှုခင်းတွေလဲလှပ...မြင်ကွင်းတွေကလဲ စိမ်းစိုနေတဲ့
ဒုံးယိမ်းတို့ရဲ့...ဘားအံမြေဆီကို နှစ်ညအိပ် သုံးရက်ခရီးလေး ထွက်ကြရအောင်လား...
တယောက်ကိုမှ
265000 ks...
ဘာတွေပါမလဲ? ??
ဟိုတယ်နှစ်ည
ဆိုင်ကွျေးထမင်း လေးကြိမ်...
ခရီးသွားအာမခံ တွေပါ ပါအုံးမယ်...
အဲ့အပြင်ကိုမှ ၅ယောက်ဝယ်ယူရုံနဲ့ ၁ယောက် အခမဲ့လိုက်ပါလို့ရအုံးမယ်နော်...
ဆိုလိုတာက ၅ယောက်စာပဲဝယ်...၆ယောက်လိုက်လို့ရတယ်ပေါ့...
စိတ်ဝင်စားသူတွေအနေနဲ့
Chatbox မှာဖြစ်စေ...
09-443144957,09-444455503 တို့ကိုဖြစ်စေ...
လူကိုယ်တိုင် ရုံးသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်း ဝယ်ယူနိုင်ပါပြီနော်....

ကဲ...လလဲကုန်ကာနီးပြီဆိုတော့...   May လ လဆန်းပိုင်းမှာ...မင်မင်တို့ ချဲပေါက်တဲ့သူတွေစုပြီး ဘားအံ ခရီးစဥ် သွားကြမယ်...    ...
25/04/2025

ကဲ...လလဲကုန်ကာနီးပြီဆိုတော့...
May လ လဆန်းပိုင်းမှာ...
မင်မင်တို့ ချဲပေါက်တဲ့သူတွေစုပြီး ဘားအံ ခရီးစဥ် သွားကြမယ်...
နှစ်ညအိပ် သုံးရက်ခရီး...
10.May.2025 -( 05:00 Am) ထွက်...
12.May.2025 ညပြန်ရောက်
တယောက် 250000 ks...

ဘာတွေပါဝင်မလဲ အဲ့ တယောက် 250000 မှာ...
ဒါတေပါဝင်မယ်နော်...👇👇👇
ထမင်း ဆိုင်ကျွေး ၄ကြိမ်...
ဟိုတယ် နှစ်ည
တဆင့်သွားကားခတွေ...
ခရီးသွားအာမခံတွေ အပြင်...
လမ်းခရီးမှာ ကော်ဖီတွေရော မုန့်တွေရော ကွျေးမှာနော်...
ပြီး ဘားအံတင်မဟုတ်ဘူးနော်...လမ်းဘုရားတွေလဲပ.ဝင်မှာနော်...

စကားချပ် အနေနဲ့...
ချဲမပေါက်တဲ့ မင်မင့်ဧည့်သည်တော်တွေအတွက် အထူးတကာ့ အထူး promotion ရှိတယ်နော်...
တိတ်တိတ်လေး cb မှာ လက်မှတ်လာဝယ်ရင်းနဲ့ မေး...

မနက်ဖြန် ၁.၄.၂၀၂၅ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်အချိန်မှာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ် ငြိမ်သက်ရပါမယ်။ ဥဩ...
31/03/2025

မနက်ဖြန် ၁.၄.၂၀၂၅ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်အချိန်မှာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ် ငြိမ်သက်ရပါမယ်။ ဥဩဆွဲပါမယ်တဲ့။ ရောက်တဲ့နေရာမှာ ရပ်တန့်ပေးကြပါ။ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ၇ ရက်တာအား The Day of National Mourning အဖြစ်သတ်မှတ်လိုက်ပါတယ်။

ShweYaungLatt.ygn   Travels and Tours ရဲ့ ကျေးဇူးရှင် မိတ်ဟောင်းမိတ်သစ်ဧည်သည်တော်များခင်ဗျာ....   ကျွန်တော်တို့ ShweYaun...
29/03/2025

ShweYaungLatt.ygn Travels and Tours ရဲ့ ကျေးဇူးရှင် မိတ်ဟောင်းမိတ်သစ်ဧည်သည်တော်များခင်ဗျာ....
ကျွန်တော်တို့ ShweYaungLatt.ygn မှ ဝမ်းနည်းစွာအသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ...
ယခုဖြစ်ပေါ်ခဲ့သော ကြိုတင်မသိရှိနိုင်သည့် သဘာ၀ဘေးအန္တရာယ်(ငလျင်) ကြောင့် လူပေါင်းများစွာ တိုက်တာအိုးအိမ်များ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးအသိဖြစ်ပြီးဖြစ်ပါလိမ့်မည် ခင်ဗျာ…
ထို့ကြောင့် ကျွန်တော်တို့ ShweYaugLatt.ygn Travels And Tours မှ သင်္ကြန်တွင်း စီစဉ်အပ်သော ခရီးစဉ်များအားလုံးကို စိတ်မကောင်းစွာနဲ့ ဖျက်သိမ်းလိုက်ရပါတယ်ခင်ဗျာ....
အဘယ်ကြောင့်ဆိုသော်....ကျွန်တော်တို့ သွားမယ့် ခရီးလမ်းကြောင်းသည်...ယခုဖြစ်ပွားနေသော နေရာများမှဖြတ်သန်းသွားရမည်ဖြစ်သည့်အတွက်...ဧည့်သည်တော်တို့ရဲ့ လမ်းခရီးလုံခြုံရေးနှင့် အခြားသော ကိစ္စရပ်များကို ချင့်ချိန်ပြီး ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းဖြစ်ပါသည်ခင်ဗျာ....
ထို့ကြောင့် ယခု သင်္ကြန်ခရီးစဉ်အတွက် ကြိုတင် စရံပေးချေထားသော ဧည့်သည်တော်များကို ပေးချေထားသော စရံငွေများအားလုံးပြန်လည်ပေးအပ်မည်ဖြစ်ပါကြောင်း ဝမ်းနည်းစွာ အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ...

Address

အခန်းအမှတ် 501(A), မြတ်မွန်ကွန်ဒို, သာဓုအိမ်ယာ, သင်္ဃန်းကျွန်း မြို့နယ်, ရန်ကုန်မြို့
Yangon
11072

Website

Alerts

Be the first to know and let us send you an email when Shweyaunglatt.ygn Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share