T&C Travel& Tour

T&C  Travel& Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T&C Travel& Tour, Travel Agency, Yangon.

ရောက်ခဲ့ဖူးတဲ့တနေရာ
10/05/2024

ရောက်ခဲ့ဖူးတဲ့တနေရာ

You&Me ရဲ့လျှို့ဝှက်ချက်လေးတွေကို ဆပ်ပြာဆီလုပ်သူတွေ၊အခုမှဆပ်ပြာဆီစလုပ်ဖို့စဥ်းစားနေသူတွေအတွက် နည်းနည်းစီမျှဝေပေးသွားချင်...
05/05/2024

You&Me ရဲ့လျှို့ဝှက်ချက်လေးတွေကို ဆပ်ပြာဆီလုပ်သူတွေ၊အခုမှဆပ်ပြာဆီစလုပ်ဖို့စဥ်းစားနေသူတွေအတွက် နည်းနည်းစီမျှဝေပေးသွားချင်တယ်။
စိတ်ဝင်စားရင်Mentပေးခဲ့ကြနော်။

05/05/2024
ဗဟုသုတအနေနဲရော မသိသူတေရော သိစေချင်တာပါ။သိသူဆရာကြီးများအတွက် မဆိုလိုပါ။ကြိုက်ရင်သုံး မကြိုက်ရင် မသုံးပါနဲ။👉👉👉ကိုယ့်ပါတ်ဝန...
04/05/2024

ဗဟုသုတအနေနဲရော မသိသူတေရော သိစေချင်တာပါ။
သိသူဆရာကြီးများအတွက် မဆိုလိုပါ။
ကြိုက်ရင်သုံး မကြိုက်ရင် မသုံးပါနဲ။

👉👉👉ကိုယ့်ပါတ်ဝန်းကျင်မှာရှိတဲ့အလှကုန်ပစ္စည်းတွေမှာပါဝင်နေတတ်ပြီး၊ အများအားဖြင့်အန္တရယ်ရှိတယ်လို့ပြောနေတဲ့ဓါတုပစ္စည်းတွေနဲ့ ဘေးကင်းတယ်လို့သတ်မှတ်ထားတဲ့ဓါတုပစ္စည်းတွေအကြောင်းပါ။

ဦးစွာအန္တရယ်ရှိတယ်လို့သတ်မှတ်တဲ့ပစ္စည်းကနေစရအောင်ပါ။🚫🚫🚫

၁- Mineral oil 🚫
သူ့ကိုpetroleum, petrolatum, paraffinum liquidum နဲ့ petroleum jelly တွေမှာသုံးကြပါတယ်။ သူဟာချွေးပေါက်တွေကိုပိတ်စေပြီး၊အရေပြားကိုဖုံးစေတတ်တဲ့အတွက်ကြောင့်၊ ခန္ဓာကိုယ်ရဲ့သဘာဝအသားအရေစိုနေမူကိုခြောက်စေပြီး၊ ရေရှည်သုံးရင်အသားအရေရှိဆဲလ်တွေရဲ့ဖွံဖြိုးမူ့ကိုနှောင့်နှေးစေပြီး၊ အရွယ်မတိုင်ခင်အိုမင်းစေပါတယ်။ သူကစျေးမကြီးတော့ ခပ်ပေါပေါနဲ့ထုတ်လုပ်တဲ့အတွက် baby oil နဲ့ Vaseline တွေမှာအဓိကသုံးကြပါတယ်။

၂- Paraben🚫
သူကိုအလှကုန်တော်တော်များများမှာတာရှည်ခံပစ္စည်းအနေနဲ့သုံးပါတယ်။ သူနဲ့အုပ်စုတူတာက methylparaben, ethylparaben, propylparaben, isopropylparaben, butylparaben, isobutylparaben နဲ့ benzylparaben တို့ဖြစ်ပြီး၊ သူတို့ဟာ ရင်သားကင်ဆာဖြစ်စေနိုင်ပြီး၊ ကလေးရခက်စေတတ်ပါတယ်။

၃- Diethanolamine (DEA) နဲ့ Triethanolamine(TEA)🚫
သူတိုကိုအမြုပ်အားကောင်းစေဖို့သုံးတာများပြပြီး၊ အလာဂျီဖြစ်စေခြင်း၊ မျက်စိယားစေခြင်း၊ ဆံပင်နဲ့အသားအရေခြောက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ရေရှည်သုံးရင်ခန္ဓာကိုယ်ဆဲလ်တွေကစုတ်ယူပြီး၊ကင်ဆာဖြစ်စေမူနဲ့ဆက်နွယ်တယ်လို့သိရပါတယ်။

၄- SLS/ SLES( Sodium Lauryl Sulfate/ Sodium Laureth Sulfate)🚫
စျေးသက်သာတဲ့အတွက်ဆပ်ပြာရည်နဲ့ခေါင်းလျှော်ရည်တွေမှာအမြုပ်ကောင်းပြီးချေးကျွတ်လို့သုံးကြပါတယ်။ တခါတလေသူ့ကို အုန်းသီးမှထုတ်လုပ်သည်ဆိုပြီးဖော်ပြတတ်ပါတယ်။ သူကလည်း မျက်စိယားယံစေခြင်း၊ အသားအရေကြမ်းလာစေခြင်း၊ ဆံပင်ကျွတ်စေ၊ ဦးရေကြမ်းတာတွေဖြစ်စေတတ်ပါတယ်။ ပိုဆိုးတာက SLSပါ။

၅- Formaldehyde🚫
သူ့ကိုကြာရှည်ခံဆေးအနေနဲ့ခေါင်းလျှော်ရည်၊ဆပ်ပြာနဲ့အလှကုန်တွေမှာတွေ့ရပါတယ်။ အဆိပ်ဖြစ်စေနူန်းများပါတယ်။

၆- Imidazolidinyl Urea နဲ့ Diazolidinyl Urea🚫
သူ့ကိုအလှကုန်တွေမှာပိုးမွှားသေးလေးတွေမပေါက်စေဖို့သုံးကြတတ်ပါတယ်။ သူဟာအရေပြားနီမြန်းစေပြီး၊ယောင်ယမ်းစေပါတယ်။

ရ- Propylene Glycol🚫
M&P ဆပ်ပြာတွေမှာကိုပြန်ကြိုရတာလွယ်အောင်သုံးတတ်ကြပါတယ်။မတည့်တဲ့သူဆိုအလာဂျီနဲ့အဆိပ်သင့်တာဖြစ်စေပါတယ်။တခါတလေသူ့ကို PEGနဲ့ PPG လို့အမည်တပ်ကြပါတယ်။

၈- PVP/VA Copolymer🚫
သူကတော့ဆံပင်ဖြန်းတဲ့ဆေးနဲ့ ဆံပင်လိပ်တွေပုံသွင်းတဲ့အလှကုန်တွေမှာသုံးကြပါတယ်။ အဆုတ်အတွက်မကောင်းပါဘူး။

၉- Phthalates🚫
ကလေးတွေရဲ့ပလပ်စတစ်အရုပ်တွေမှာအရောင်လှဖို့၊ တာရှည်ခံအောင်ထည့်သုံးကြလို့ဥရောပနဲ့အမေရိကကတချို့ဒေသမှာတားမြစ်ထားပါတယ်။ အခုအခါရေမွှေး၊အနံဆီ၊ချွေးနံပျောက်ဆေးတွေမှာထည့်သုံးနေကြပါတယ်။

၁၀- Tetrasodium EDTA🚫
သူကိုလည်းတာရှည်ခံအနေနဲ့ Paraben အစားသုံးကြပြီး၊ ဆပ်ပြာနဲ့ခရင်တွေမှာသုံးကြပါတယ်။တချို့ကုမ္မဏီတွေကသဘာဝပစ္စည်းလို့ပြောပြီးသုံးစေပါတယ်။ ဒါပေမဲ့Toxic ပါ။

အခုတခါသုံးရင်ဘေးကင်းတယ်လို့ယူဆထားတဲ့ဓါတုပစ္စည်းတွေကိုဝေမျှချင်ပါတယ်။
✅✅✅အများစုကတော့ခေါင်းလျှော်ရည်အတွက်ပါ။
က- Sodium Cocoamphoacetate
ခ- Cocamidopropyl Betain
ဂ- Lauryl Glucoside
ဃ- Coco Gluoside
င- Disodium Laureth Sulfosuccinate
စ- Disodium Lauroamphodiacetate

တကယ်လို့များကိုယ်သုံးနေတဲ့ပစ္စည်းထဲမှာပါဝင်တဲ့ဓါတုပစ္စည်းကဘေးကင်းတယ်မကင်းတယ်ကိုသိချင်ရင်စစ်လို့ရတဲ့ဝက်ဆိုဒ်လေးကိုလင့်ပေးထားပါတယ်။
အီတလီဘာသာနဲ့ဖြစ်ပေမဲ့သူ့စာမတတ်လည်းရပါတယ်။ ကိုယ်သိချင်တဲ့ဓါတုပစ္စည်းကိုထဲ့ပြီးရိုက်ချလိုက်ရင်ကာလာလေးတွေကျလာပါလိမ့်မယ်။

🔴အနီရောင်ဆိုရင်မကောင်းပါဘူး။
☀️အဝါရောင်ဆိုရင်လက်ခံလို့ရပါတယ်။✅အစိမ်းရောင်ဆိုရင်ဘေးကင်းပါတယ်။
စစ်ကြည့်ကြပါ။

Link : https://www.biodizionario.it/

ရွှင်လန်းချမ်းမြေ့ကြပါစေ။🙏🙏🙏

Oltre agli ingredienti particolarmente dannosi per la salute e per l’ambiente, anche ogni ingrediente di derivazione animale (quindi non vegan) ha un giudizio di doppio semaforo rosso in quanto eticamente non accettabile

04/05/2024

ဆပ်ပြာဆီဆပ်ပြာခဲတွေရဲ့အကြောင်းသိသလောက်ပွားရင်လာဖတ်ကြမှာလား

Travel agent

ငွေကြေးဖောင်းပွမှု ဆိုတာ ဘာလဲ ? 📈👉🏻 ငွေကြေးဖောင်းပွမှုဆိုတာဟာ ကုန်ဈေးနှုန်းနဲ့ တခြားဝန်ဆောင်မှု စားရိတ်တွေ တက်လာခြင်းဖြစ...
03/10/2021

ငွေကြေးဖောင်းပွမှု ဆိုတာ ဘာလဲ ? 📈

👉🏻 ငွေကြေးဖောင်းပွမှုဆိုတာဟာ ကုန်ဈေးနှုန်းနဲ့ တခြားဝန်ဆောင်မှု စားရိတ်တွေ တက်လာခြင်းဖြစ်ပါတယ်။

👉🏻 စီးပွားရေး အခြေအနေကို အဓိကတိုင်းတာတဲ့ အရာတစ်ခုလဲဖြစ်ပါတယ်။

🤷🏻‍♂️ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပိုက်ဆံကိုသုံးပြီး ပစ္စည်းတွေဝယ်ရတယ်။ ငွေကြေးဖောင်းပွလာတဲ့ အခါမှာတော့ ပိုက်ဆံတွေဟာ အရင်ကလောက်တန်ဖိုးမရှိတော့တာဖြစ်ပါတယ်။

📊 ငွေကြေးဖောင်းပွမှုကို အချိန်အလိုက် ရာခိုင်နှုန်းများနဲ့ဖော်ပြပါတယ်။ ဉပမာ- ဆီဈေးဟာ တစ်နှစ်ကို ၂% တက်လာတယ်ဆိုရင် ဒီလူဟာ အရင်နှစ်ကထက် ဆီဖိုးကို ၂% ပိုမိုအသုံးပြုနေရတာမျိုးဖြစ်ပါတယ်။

✅ အကယ်၍သာ ငွေကြေးဖောင်းပွမှုနဲ့အတူ လစာငွေမတိုးလာခဲ့ရင် ဝယ်လိုအားနဲ့ လူနေမှု အဆင့်အတန်းက တစ်နေ့တစ်ခြားကျလာမှာဖြစ်ပါတယ်။

⚠️ ဒါပေမယ့် ငွေကြေးဖောင်းပွမှု အနည်းငယ်ဖြစ်ခြင်းဟာ လူတွေကို ပစ္စည်းတွေ လိုတာထက်စောဝယ်စေတာကြောင့် ဝယ်လိုအားတက်ပြီး ကုမ္ပဏီတွေအနေနဲ့လည်း လစာတိုးပေးဖို့ပိုလွယ်ကူစေပါတယ်။

👉🏻 ဒီလို လစာတိုးခြင်းနဲ့ ဝယ်လိုအားတက်ခြင်းက စီးပွားရေးကို တိုးတက်စေတာလဲဖြစ်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံအများစုရဲ့ စီးပွားရေးဘဏ်များက တစ်နှစ်ကို ငွေကြေးဖောင်းပွမှု ၂% နဲ့ ၂.၅% ရာခိုင်နှုန်းကြားရှိအောင် ဆောင်ရွက်ကြပါတယ်။

🇬🇧 UK မှာဆိုရင်တော့ Bank of England အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂% ရှိနေအောင်ထိန်းချုပ်ဆောင်ရွက်ပါတယ်။

ငွေကြေးဖောင်းပွမှုကို ဘာနဲ့တိုင်းတာသလဲ?

👉🏻 ငွေကြေးဖောင်းပွမှုကိုတော့ the Office for National Statistic (ONS) က အချက် ၃ ချက်တိုင်းတာပါတယ်။

1. Consumer Prices Index(CPI)
2. Consumer Prices Index including owner-occupiers’ housing costs(CPIH)
3. Retail Price Index(RPI) တို့နဲ့တိုင်းတာပါတယ်။

✅ အဲ့ထဲမှာ CPI လို့ခေါ်တဲ့ “စားသုံးမှုကုန်ကျစားရိတ်အညွှန်းကိန်း”‘ကိုတော့ အများဆုံးအသုံးပြုကြပါတယ်။

👉🏻 CPI ကိုတိုင်းတာရာမှာတော့ စားသုံးသူတွေ ပိုက်ဆံအသုံးပြုတဲ့ ပစ္စည်း ထောင်ပေါ်များစွာရဲ့ ဈေးနှုန်းတွေကိုကြည့်ပြီးတိုင်းတာပါတယ်။ (ဉပမာ- ရုပ်ရှင်လက်မှတ်တွေ၊ စက်ဘီးဈေးတွေကအစ စပီကာဈေးနှုန်းတွေအထိ ကြည့်ပြီးတိုင်းတာကြပါတယ်)

👉🏻 စားသုံးသူတွေ ပိုက်ဆံအသုံးချမှုများတဲ့ ပစ္စည်းတွေကိုတော့ အဓိကထားတိုင်းတာကျပါတယ်။ ဉပမာ ဆီဈေးဟာ တံဆပ်ခေါင်းဈေးထက် ငွေကြေးဖောင်းပွမှုကို ပိုသက်ရောက်မှုရှိပါတယ်။

ဘာအတွက် အသုံးပြုကြလဲ?

⚠️ ငွေကြေးဖောင်းပွမှုကို အခြေခံပြီး”ဘဏ်အတိုးနှုန်း” ကို သတ်မှတ်ရပါတယ်။ ဘဏ်စုငွေတွေကို ဘယ်လောက်အတိုးပေးမယ်၊ ချေးငွေကိုလည်း ဘယ်လောက်အတိုးနှုန်းနဲ့ချေးမယ်ဆိုတာကို ငွေကြေးဖောင်းပွမှုနှုန်းနဲ့ သတ်မှတ်ကြပါတယ်။

✅ ငွေကြေးဖောင်းပွမှုဟာ လူတွေရဲ့ ဝင်ငွေပေါ်လည်းတိုက်ရိုက်သက်ရောက်မှုရှိပါတယ်။
နိုင်ငံတော်ထောက်ပံကြေးများနဲ့ ပင်စင် ကြေးများဟာ CPI နဲ့အညီတိုးလေ့ရှိပါတယ်။ ၂၀၁၁ ကနေစပြီး ပင်စင်ငွေဟာ တစ်နှစ်ကို ၂.၅% သို့မဟုတ် နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းအတိုင်း တိုးပေးရမယ်လို့ သတ်မှတ်ထားပါတယ်။

ငွေကြေးဖောင်းပွမှုက ဘယ်သူတွေအတွက်အကျိုးရှိလဲ?

💵 ငွေကြေးဖောင်းပွမှုဟာ ပိုက်ဆံချေးထားတဲ့သူတွေအတွက် အကျိုးရှိပါတယ်။ ဉပမာ- အရစ်ကျ ၅ နှစ်စာချုပ်နဲ့ ငွေပေးချေတဲ့သူဟာ ၅ နှစ်အတွင်းတိုးလာတဲ့ ငွေကြေးဖောင်းပွမှုဟာ သူ့ရဲ့ အတိုးကို လျော့သွားစေတာလဲဖြစ်ပါတယ်။

👨🏻‍⚖️ အစိုးရအနေနဲ့လဲ သူတို့ရဲ့ အကြွေးတွေ ကို ကြီးမားတဲ့ငွေကြေးဖောင်းပွမှုက လျော့ချပေးစေတဲ့အတွက် အကျိုးရှိစေပါတယ်။

ဒါပေမယ့် ငွေစုတဲ့သူတွေနဲ့ ပင်စင်စားတွေအတွက်တော့ သူတို့ရမယ့်ငွေတွေလျော့နည်းစေပါတယ်။

📈 ကုန်ဈေးနှုန်းများတက်လာတာနဲ့အမျှ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေနဲ့ လုပ်အားခကို တိုးပေးရပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ငွေကြေးဖောင်းပွလာတဲ့အခါမှာတော့ ငွေကြေးမြှုတ်နှံမှုတွေလျော့လာစေပြီး ကုမ္ပဏီများ အထိနာစေပါတယ်။

အလွန်အမင်း ငွေကြေးဖောင်းပွ
ခြင်း( hyperinflation) ဆိုတာဘာလဲ?

🔥 ကုန်ဈေးနှုန်းတွေဟာ ထိန်းချုပ်လို့မရတော့ပဲ တရှိန်ထိုးတကိသွားခြင်းကို hyperinflationလို့ခေါ်ပါတယ်။

👨🏻‍⚖️ အစိုးရအနေနဲ့ အသုံးစာရင်းအတွက် ပိုက်ဆံအများအပြားရိုက်နှိပ်တဲ့ အခါဖြစ်ပွားလေ့ရှိပါတယ်။ ပိုက်ဆံတွေများလာလေ၊ ကုန်ဈေးနှုန်းတက်လာလေလေ၊ အစိုးရက ပိုက်ဆံတွေပိုရိုက်လေလေ နဲ့သံသရာလည်တတ်ပြီး ရုန်းထွက်နိုင်ဖို့ခက်ခဲပါတယ်။

👉🏻 အထင်ရှားဆုံးသာဓကကတော့ ပထမကမ္ဘာစစ်အပြီး ဂျာမနီဟာ အကြွေးတွေအများကြီး တင်ကျန်ပါတယ်။ အဲ့တော့ အစိုးရက ပိုက်ဆံတွေ ရိုက်ထုတ်ပြီး အကြွေးတွေဆပ်ဖို့လုပ်ပါတယ်။

ဒါပေမယ့် ငွေကြေးတန်ဖိုးဟာ အဆမတန်ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုဟာ တစ်လကို ၂၉၅၀၀% အထိရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အစိုးရအနေနဲ့ ငွေကြေးစနစ်တစ်ခုလုံးကို ဖျက်သိမ်းပြီး ငွေစက္ကူအသစ်တစ်မျိုးပြန်ရိုက်ပြီး ပြန်ထိန်းချုပ်ခဲ့ပါတယ်။

👉🏻 ဇင်ဘာဘွေနိုင်ငံမှာလဲ ၂၀၀၈ ခုနှစ်က ငွေကြေးဖောင်းပွမှု ၅၀၀,၀၀၀,၀၀၀,၀၀၀% ရောက်ရှိခဲ့ပြီး အစိုးရအနေနဲ့ ဇင်ဘာဘွေဒေါ်လာကို ဖျက်သိမ်းခဲ့ရပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာတော့ ယခုအခါ ငွေကြေးဖောင်းပွမှု ၆၅၀၀% ရှိနေပါတယ်။

မြန်မာနိုင်ငံနဲ့ inflation ‼️‼️‼️

မြန်မာနိုင်ငံရဲ့ Inflation ဟာ 2007 မှာ 34.44$ အထိရောက်ခဲ့တာဖြစ်ပါတယ်။ 2015-2020 ဒီမိုကရေစီအစိုးရသက်တမ်းမှာ Inflation Rate ဟာ 4.62% ကနေ 6.31%ကြားလောက်မှာရှိပြီး ဖွံဖြိုးဆဲနိုင်ငံအတွက် မဆိုးလှတဲ့ နှုန်းလိုဆိုနိုင်ပါတယ်။
အခုချိန် ကုန်ဈေးနှုန်းတွေ၊ ဒေါ်လာဈေးတက်နှုန်းတွေ၊ Mobile money တန်ဖိုးကျလာမှုတွေ၊ အလုပ်လက်မဲ့ဖြစ်မှုတွေကြောင့် Inflation rate ကို မြင့်တက်စေမှာ အသေအချာဖြစ်ပေမယ့် တိကျတဲ့ %တော့မသိရသေးပါဘူး။

ညိုထွန်း


Address

Yangon

Opening Hours

Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Telephone

+9756296909

Website

Alerts

Be the first to know and let us send you an email when T&C Travel& Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T&C Travel& Tour:

Shortcuts

Share

Category