En Route Travels & Tours

En Route Travels & Tours We are with you every step of your way in Myanmar! It is all about travel and leisure.

🙏 🙏 🙏အဘိဓမ္မာအခါတော်နေ့မှာ (၇)ရက်သားသမီးများအားလုံး ကိုယ်စိတ်နှလုံးသုံးပါးလုံး အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပ...
20/10/2021

🙏 🙏 🙏
အဘိဓမ္မာအခါတော်နေ့မှာ (၇)ရက်သားသမီးများအားလုံး ကိုယ်စိတ်နှလုံးသုံးပါးလုံး အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကောင်းမှုကုသိုလ်လည်း ဆထက်စွမ်းဆောင်နိုင်ကြပါစေ။

En Route Travels

🎄🎄🎄 🍁  MERRY CHRISTMAS 🍁 🎄🎄🎄Wishing you and your family peace, health, happiness, and prosperity in the coming year! ❤️ ...
25/12/2020

🎄🎄🎄 🍁 MERRY CHRISTMAS 🍁 🎄🎄🎄
Wishing you and your family peace, health, happiness, and prosperity in the coming year!

❤️ En Route Family ❤️

မိတ်ဆွေတို့ရေ ..လေကြောင်းလိုင်းတွေတော့ သတ်မှတ်ရက်နဲ့ ပြန်ဆွဲနေပါပြီ၊ လည်ပတ်ဖို့ဆိုတာထက် လိုအပ်ရင်သွားဖို့က ပိုသင့်တော်ပါ...
16/12/2020

မိတ်ဆွေတို့ရေ ..လေကြောင်းလိုင်းတွေတော့ သတ်မှတ်ရက်နဲ့ ပြန်ဆွဲနေပါပြီ၊ လည်ပတ်ဖို့ဆိုတာထက် လိုအပ်ရင်သွားဖို့က ပိုသင့်တော်ပါတယ်။ လိုအပ်ရင် En Route ကို သတိရလိုက်ပါ။
ခရီးသွားရင် မဖြစ်မနေဆေးစစ်သွားရမယ်ဆိုတော့ ကျန်းမာရေးဌာနကထုတ်ထားတဲ့ ဆေးစစ်လို့ရမဲ့စင်တာနေရာတွေကို ထပ်ရှဲယ်ပေးလိုက်တယ်နော်။
အားလုံးကပ်ရောဂါမှ ကင်းဝေးရပါစေ။

ပဲရနံ့လေးသင်းတဲ့ ကျိုင်းတုံမြို့က “တိုဖူးနွေး”  လတ်လတ်ဆတ်ဆတ်လက်လုပ်ဆန်ခေါက်ဆွဲထည့်စားတဲ့အပြင် ဘာထည့်စားသေးလဲ?(၁၂ အောက်တိ...
12/10/2020

ပဲရနံ့လေးသင်းတဲ့ ကျိုင်းတုံမြို့က “တိုဖူးနွေး”
လတ်လတ်ဆတ်ဆတ်လက်လုပ်ဆန်ခေါက်ဆွဲထည့်စားတဲ့အပြင် ဘာထည့်စားသေးလဲ?
(၁၂ အောက်တိုဘာ ၂၀၂၀)
ဒီတခါတော့ ကျိုင်းတုံမြို့ကစားတဲ့ တိုဖူးနွေးအကြောင်းလေး ပြောပြချင်ပါတယ်ရှင်။
သူက သားသတ်လွှတ်ဖြစ်ပြီး ဝါတွင်းကာလဆို အရမ်းရောင်းကောင့်တဲ့ မုန့်ပွဲလေးပါ။
မုန့်ပွဲလို့ပြောပေမဲ့ ကျိုင်းတုံသူ/သားတွေက ထမင်းလွှတ်စားကြတာပါ၊ စျေးသည်လေးက သူ့တခုတည်း သီးသန့်ရောင်းပါတယ်၊ တချို့ဆိုင်ကလေးတော့ မုန့်တီကြော်၊ ဆန်ခေါက်ဆွဲကြော်နဲ့ တွဲရောင်းတတ်ပါတယ်ရှင်။ မနက်ခင်း(မြို့မစျေး)နဲ့ ညနေခင်း (ကျောက်တိုင်) နားမှာ ဆိုင်ထွက်ကြပါတယ်။ သူ့ကိုတည်ခင်းပုံကတော့ ဆန်ခေါက်ဆွဲ (မျှင်မျှင်လေး) နဲ့စားမလား၊ အီကြာကွေးလေးနဲ့ စားမလားဆိုပြီး ရောင်းကြပါတယ်။ အရသာအနေနဲ့ကတော့ ပဲနံ့လေးသင်းသင်းနဲ့ လျှားခံတွင်းတွေ့စေတဲ့ တကယ့်ပဲတိုဖူးနွေးပါ။ ကျွန်မတို့ ဒေသခံတချို့တွေတော့ မနက်စာအနေနဲ့ သူကိုဆန်ခေါက်ဆွဲမထည့်ဘဲ အလွှတ်မှာပြီး ရှမ်းကောက်ညင်းပူပူလေးနစ်ပြီး တွဲစားတတ်ကြပါတယ်ရှင် (အတွဲညီပါ့)။
ရန်ကုန်၊ မန္တလေး၊ ကလော၊ လားရှိုးက ဆိုင်တွေမှာ စားရတဲ့ အရသာနဲ့ မတူပါ။ သူတို့က (ကြက်/ဝက်) အသားအနှစ်နဲ့ ကြံညို့ချို(အရည်ညိုညို)နဲ့ တည်ခင်းပါတယ်၊ စားလိုက်ရင် အနှစ်ဟင်းမွှေးတဲ့အရသာနဲ့အတူ ချိုတဲ့အရသာကို ပေးပါတယ်။
ကျိုင်းတုံက တိုဖူးနွေးကျတော့ ပဲနံ့သင်းသင်းနဲ့အတူ ဆီချက်နံ့လေးနည်းနည်းနဲ့ မွှေးစိမ့်စိမ့် အရသာဖက်ကို ပေးပါတယ်(မချိုပါ)။ တိုဖူးနှစ်ကလည်း တွဲတွဲလေးနဲ့ ခံတွင်းတွေ့စေပါတယ်။ အက်မင်သွားစားရင် လက်လုပ်ဆန်ခေါက်ဆွဲနဲ့တစ်ပွဲအပြင် အလွှတ်တစ်ပွဲပါလိုက်တယ်၊ အဲ့လို့ကြိုက်တာဆို။
ကျိုင်းတုံတိုဖူးနွေ:ကို အသင့်ကျိုတိုဖူးမုန့်နဲ့ မလုပ်ကြပါဘူးရှင်၊ မနက်(မြို့မစျေး)မှာ ထွက်မဲ့စျေးသည်တွေဆို နေ့ခင်းကတည်းက ရေစိမ်ထားတဲ့ ကုလားပဲ(ဖြူ၊ လုံးကြီး)တွေကို ညဖက်စက်ကြိတ်/လက်ကြိတ်ပြီး အရည်ခွဲထုတ်အနှယ်ထိုင်ထားတာ၊ မနက်စောစောထမှ လတ်လတ်စပ်စပ်ကျိုပြီး ဆိုင်တန်းထွက်ပါတယ်။ အဲဒါကြောင့် တိုဖူးနွေးက ပဲနံလေးသင်းပြီး မွှေးနေတာ၊ တိုဖူးနှစ်ရဲ့ အရောင်လေးကလည်း ဝါလက်လက်လေးနဲ့ ကြည့်လိုက်ရင် စားချင်စဖွယ်လေး ဖြစ်နေတာပါပဲ။ ကျိုင်းတုံရောက်ခဲ့ရင် မြည်းစမ်းဖို့ မမေ့နဲ့နော်။
ကျိုင်းတုံတိုဖူးနွေးရဲ့ originated ကတော့ ယခု တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အနောက်ဖက်၊ မြန်မာနိုင်ငံမြစ်ကြီးနားနဲ့ နယ်နမိတ်နီးတဲ့ ထမ်ချုံး(ထမ်ချုန်း)ဒေသတဝိုက်မှာ စားကြတဲ့ မနက်စာတိုဖူးနွေး အရသာအတိုင်းပါ (သူတို့တွေက ဆန်ခေါပုတ်မီးကင်းနဲ့ တွဲစားကြပါတယ်)။ ကျိုင်းတုံမှာ ဘိုးဘေးစဉ်ဆက်ကတည်းက နေထိုင်လာခဲ့တဲ့ တရုတ်လူမျိုးနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြောင်းရွှေ့နေထိုင်လာကြတဲ့ တရုတ်လူမျိုးတွေက စရောင်းတဲ့ Fast Food လေးပါ။ ခုတော့ တစ်လက်ပေါ်တစ်လက် ဆင့်ကမ်းရင်းနဲ့ ဒေသခံစစ်စစ်ကြီးတွေဖြစ်တဲ့ သားသမီး၊ မြေးမြစ်တွေ ရောင်းနေတဲ့ ဆိုင်ကလေးတွေဖြစ်နေကြပါပြီ။
ဓါတ်ပုံလေးလည်း ကြည့်ပေးဦးနော်.. It is Fast Food but Healthy Food ပါရှင်။
---------
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။
ကျိုင်းတုံမြို့ရဲ့ ရှမ်းခေါက်ဆွဲလေးနဲ့ အစားအစား အကြောင်း သိသလောက်လေး ပြောပြတာပါ။ ရှမ်းခေါက်ဆွဲအကြောင်းလေးတွေကို အောက်ကလင့်မှာ ဝင်ဖတ်လို့ရပါတယ်ရှင်။
မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
----------


#ကျိုင်းတုံခရီးစဉ် #ကျိုင်းတုံလည်လည်

https://www.facebook.com/media/set/?set=a.1465217723662556&type=3

MNA က ပလိုမိုးရှင်း ရှိနေတုန်းပဲနော်။ ခရီးသွားမယ်ဆို သတိရလိုက်ပါ။
05/08/2020

MNA က ပလိုမိုးရှင်း ရှိနေတုန်းပဲနော်။

ခရီးသွားမယ်ဆို သတိရလိုက်ပါ။

𝐒𝐀𝐋𝐄𝐒 𝐏𝐄𝐑𝐈𝐎𝐃 𝐄𝐗𝐓𝐄𝐍𝐃𝐄𝐃 𝐔𝐍𝐓𝐈𝐋 𝟏𝟓 𝐀𝐔𝐆𝐔𝐒𝐓 𝟐𝟎𝟐𝟎!!!

𝐶𝑒𝑙𝑒𝑏𝑟𝑎𝑡𝑖𝑛𝑔 72 𝑌𝑒𝑎𝑟𝑠 𝑜𝑓 𝐹𝑙𝑦𝑖𝑛𝑔 (MNA ၇၂ နှစ်ပြည့် အထိမ်းအမှတ် Promotion sale)

လာမည့်စက်တင်ဘာလမှာ ကျရောက်မည့် မြန်မာအမျိုးသားလေကြောင်း (၇၂)နှစ်ပြည့် အထိမ်းအမှတ်အတွက် ပြုလုပ်ထားတဲ့ “ပြည်တွင်းခရီးစဉ်များအားလုံးအတွက် 20% discount” ဖြင့်ရောင်းချပေးမည့် Promotion Sale လေးကို အထူးအားပေးခဲ့ကြတဲ့ ခရီးသွားပြည်သူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လက်မှတ်အရောင်းကာလကို ၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် … ခရီးသွားကာလကကိုတော့ ဒီနှစ်ကုန် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိသတ်မှတ်ပေးထားပါတယ်ရှင် …

ခရီးသည်များအနေဖြင့်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း website ဖြစ်သော www.flymna.com တွင် Promo Code: 𝐔𝐁𝟕𝟐𝐀𝐍𝐍𝐈 ကို ထည့်သွင်း၍ ၂၀% ရာခိုင်နှုန်း လျော့စျေးဖြင့် ဝယ်ယူနိုင်ပါတယ် …

ထို့အပြင်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်းဌာနများ၊ လေဆိပ်ကောင်တာများ၊ MNA Call Center (+951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42) နှင့် နီးစပ်ရာ Travel Agent များတွင်လည်း အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်ရှင်

ယခု COVID-19 ရောဂါဖြစ်ပွားနေသောကာလတွင် မြန်မာအမျိုးသားလေကြောင်း (MNA) ကို အစဉ်မပြတ် အားပေးစီးနင်းပျံသန်းနေတဲ့ ခရီးသွားပြည်သူများရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုအတွက် လေယာဉ်၏အတွင်းပိုင်းနေရာများ ပိုးမွှားကင်းစင်စေရန် နေ့စဉ်နေ့တိုင်း ခရီးစဉ်များအားလုံးပျံသန်းမှု အပြီးတွင် လေယာဉ် များအားလုံးကို ပိုးသတ် သန့်စင်ခြင်းများ ပြုလုပ်လျက်ရှိပါတယ်..

MNA နဲ့ အတူတူ ခရီးသွားကြမယ်နော်

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠!



[English]

Welcoming MNA 72nd Anniversary with the big promotion sale!

Sales period extended until 15 August 2020!

Grab 20% Discount on all MNA domestic flight tickets!
Travel Period: 31 December 2020.

You can purchase the 20% off tickets yourself at www.flymna.com with the use of promo code, UB72ANNI as well as at MNA ticketing counters, airport counters, MNA Call Center (+951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42) and travel agents.

Your safety is our priority. During this COVID-19 pandemic, we have conducted disinfection procedures on every corner of our aircrafts every day after flight operations.

Let’s travel with MNA

ပြန်လာပြီနော်.. ကျိုင်းတုံမြို့က ခေါက်ဆွဲ/မြှီးရှည်/မုန့်တီ အကြောင်းလေး။ အလှည့်ကျ ပြောပြမှာကတော့ “သက်သတ်လွတ်မုန့်တီ” ပါ၊...
23/07/2020

ပြန်လာပြီနော်.. ကျိုင်းတုံမြို့က ခေါက်ဆွဲ/မြှီးရှည်/မုန့်တီ အကြောင်းလေး။ အလှည့်ကျ ပြောပြမှာကတော့ “သက်သတ်လွတ်မုန့်တီ” ပါ၊ ဒေသအသံထွက်က “ခေါက်ဆင့်နမ့်ကျေ့ခ်” ပါရှင့်။
(၂၃ ဇူလိုင်လ ၂၀၂၀)
ရှေ့က post တွေမှာ ပြောခဲ့တဲ့အတိုင်း ကျိုင်းတုံမှာ လက်လုပ်ခေါက်ဆွဲ/မြှီးရှည်တွေကို အမျိုးမျိုးလုပ်ရောင်း/လုပ်စားကြပြီး ဒေသခံအများစုတွေလည်း တနေကုန် ထမင်းလွှတ် ဆက်တိုက်စားနေနိုင်ကြတယ်လို့။ ခုတခါပြောပြမယ့် “ခေါက်ဆင့်နမ့်ကျေ့ခ်” ကလည်း ဒေသရိုးရာစားနည်းတစ်မျိုးပါရှင့်။ သူ့ကို အရည်ပူပူနဲစားရတာပါ၊ သက်သတ်လွှတ်ခေါက်ဆွဲ/မုန့်တီလည်း ဖြစ်ပါတယ်။ သူ့ရဲ့ထူခြားချက်က ဟင်းရည်လုပ်တဲ့ အရည်ပါ။ ကျွန်မပြောခဲ့တယ်မဟုတ်လား၊ မနက်ပိုင်း မြို့မစျေးတွေမှာ လက်လုပ်ခေါက်ဆွဲ/မုန့်တီ လတ်လတ်ဆတ်ဆတ်ကို ခြင်းလိုက်ချပြီး အတန်းလိုက် ရောင်းနေကြတဲ့ စျေးသည်တွေအများကြီးပါလို့။ တနိုင်တပိုင် မုန့်တီဖိုတွေမှာ ညစ်ပြီးထွက်လာတဲ့ မကျက်တကျက်မုန့်တီတွေကို တန်းပြီးပြုတ်ရပါတယ် (ရောင်းတန်းမုန့်တီဖတ်မဖြစ်ခင်)၊ အဲဒီပြုတ်တဲ့ ဒယ်အိုးကြီးထဲကအရည်ကို ချန်ယူထားပြီး ခုမုန့်တီအရည်အဖြစ်သုံးရပါတယ်ရှင်။ အလွယ်တကူ မျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင် ထမင်းရည်အတိုင်းပျစ်ပျစ်လေးဖြစ်နေတာပါ (ဓါတ်ပုံထဲမြင်ရတဲ့ အတိုင်းပါရှင်)။ ဆိုင်ကလေးမှာ စားသူလာရင် သူနဲ့တွဲစားရတဲ့ ပဲပင်ပေါက်၊ ကဇွန်းရွက်တို့ကို ထည့်ပြီး ပန်းကန်ထဲ ဟင်းရည်ပွက်ပွက်ကို တစ်ပြန်နှစ်ပြန်လောင်းပြီးမှ အပေါ်ကနေ အစာပလာဖြစ်တဲ့ မီးကင်ပြီးထောင်းထားတဲ့ပဲပုတ်မှုန့်၊ လှော်ပြီးထောင်းထားတဲ့ မက်ခါသီးမှုန့်၊ ဆား၊ အချိုမှုန့်၊ ရှမ်းနံနံ၊ ဖတ်ဖယ်ရွက် တို့ကို ထည့်ပြီး တည်ခင်းပါတယ်။ အရသာအနေနဲ့ပုံဖေါ်ကြည့်ရမယ်ဆိုရင် ဟင်းရည်ပူပူ၊ အရွက်လတ်လတ်ဆတ်ဆတ်ကို စားရတဲ့အပြင် ပဲပုတ်နဲ့မက်ခါနံရောပြီး တချက်တစ်ချက်ထွက်လာတဲ့ အနံ့သင်းသင်းလေးနဲ့အတူ ရှမ်းနံနံနဲ့ ဖတ်ဖယ်ရွက်တို့ရဲ့ အမွှေးနံ့လေးတွေကိုလည်း ရနေမှာပါ။ (အမွှေးအကြိုင်အရွက်တွေကို မကြိုက်တဲ့သူဆိုရင်တော့ စားရတာ အဆင်ပြေချင်မှပြေမှာပါ)။ ကျိုင်းတုံမှာ လူငယ်တွေထက် လူကြီးတွေက ပိုကြိုက်ကြပါတယ်၊ ဝါတွင်းကာလဆို သက်သတ်လွတ်ဖြစ်တဲ့အတွက် စားသူပိုများ ပါတယ်။
ရှေ့မှာ ပြောပြခဲ့တာတွေကတော့ ရှမ်းရှေ့ရိုးရာမုန့်တီ/ခေါက်ဆွဲစစ်စစ် “ခေါက်ဆင့်နမ်းကျိမ်း”၊ “ခေါက်ဆင့်ကျန်ခ်”၊ “ခေါက်ဆွဲချပ်”၊ “ခေါက်ဆင့်ခို့”၊ “ခေါက်ဆွဲခို့”၊ ဒေသခံတရုတ်လူမျိုးတွေရောင်းတဲ့ တရုတ်ခေါက်ဆွဲ၊ အမဲလုံး၊ ဝက်သားလုံး၊ ဆီချက်ခေါက်ဆွဲ တွေပါ။ အောက်မှာပါတဲ့ လင့်ကနေတဆင့် ရှာယူဖတ်ရှုလို့ ရပါတယ်။
---------
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။
ကျိုင်းတုံမြို့ရဲ့ ရှမ်းခေါက်ဆွဲလေး အကြောင်း သိသလောက်လေး ပြောပြသွားမှာပါရှင်။
မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
----------


#ကျိုင်းတုံခရီးစဉ် #ကျိုင်းတုံလည်လည်
(၁၃ မေလ ၂၀၂၀)
https://www.facebook.com/photo?fbid=1465195213664807&set=a.1465217723662556
(၁၅ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1466773180173677&set=a.1465217723662556
(၁၈ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1469325966585065&set=a.1465217723662556
(၂၁ မေလ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1471701583014170/
(၂၅ မေလ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1474650409385954/
(၀၃ ဇွန်လ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1481841442000184
(၁၄ ဇွန်လ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1491158584401803/

⚠️ချစ်မိတ်ဆွေတို့ အသွားအလာဂရုစိုက်ကြပါ⚠️___ ကိုဗစ်ကြီး ဘယ်မှာ ပုန်းနေတယ် ဆိုတာ မမြင်ရတဲ့အတွက် ပိုလို့ ဂရုစိုက်ရမှာပါ ___...
18/06/2020

⚠️ချစ်မိတ်ဆွေတို့ အသွားအလာဂရုစိုက်ကြပါ⚠️

___ ကိုဗစ်ကြီး ဘယ်မှာ ပုန်းနေတယ် ဆိုတာ မမြင်ရတဲ့အတွက် ပိုလို့ ဂရုစိုက်ရမှာပါ ___

အပြင်သွားရလို့ရှိရင်

❤️ Mask စနစ်တကျ တတ်ပါ။ (အချင်းချင်းစကားပြောရင်တောင် mask တတ်ထားနိုင်ရင် ပို့ကောင်းပါတယ်။)

❤️ လက် ခဏခဏ ဆေးပေးပါ။ (မလိုအပ်ရင် ဘာမှ လျှောက်မကိုင်ပါနဲ့။)

❤️ လူစုလူဝေးမှာ အချိန်ကြာကြာ မနေသင့်ပါ။

ခု ခရီးမသွားရလည်း ကျန်းမာအသက်ရှင်နေ သရွေ့တော့ သွားရဖို့ အခွင့်အရေးပါလား...နော်။

မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
🙏🙏🙏

ဒီတစ်ခါ ဆက်ပြီးတော့ ခေါက်ဆင့်(မုန့်တီ/မြှီ:ရှည်)ကြော်နဲ့ ခေါက်ဆွဲကြော်ကို ပြောပြသွားမယ်နော်။ (၁၄ ဇွန်လ ၂၀၂၀) မုန့်တီကြော...
14/06/2020

ဒီတစ်ခါ ဆက်ပြီးတော့ ခေါက်ဆင့်(မုန့်တီ/မြှီ:ရှည်)ကြော်နဲ့ ခေါက်ဆွဲကြော်ကို ပြောပြသွားမယ်နော်။
(၁၄ ဇွန်လ ၂၀၂၀)
မုန့်တီကြော်နဲ့ ခေါက်ဆွဲကြော်က မုန့်ဖတ်မတူသလို အရသာလည်း နည်းနည်းကွဲ ပါတယ်။ ရောင်းသူတိုင်းက သူတို့နှစ်ခုကို အမြဲတွဲရောင်းပါတယ်။ ခေါက်ဆွဲကြော်ဆိုလို့ ရန်ကုန်က ဆိုင်တွေမှာ မှာစားရတဲ့ ခေါက်ဆွဲကြော်မျိုးနဲ့ မတူပါဘူးရှင်။ သူ့ကို ရိုးရိုးရှင်းရှင်း၊ အိုးတူးနံ့မွှေးမွှေးလေးနဲ့ စားရတာပါ။ မနက်စျေးထဲမှာ ဝယ်စားလို့ရသလို နေ့လည်ဖက် မုန့်စျေးတန်းမှာ၊ ရပ်ကွက်ထိပ်တွေမှာနဲ့ ညနေ နေစောင်းထွက်တဲ့ ဆိုင်ကလေးတွေမှာ တို့ ဝယ်စားလို့ရပါတယ်။ အသားလွတ်ပြီး လူမျိုးဘာသာမရွေးစားလို့ရတဲ့ အစားအစာလေးပါ။ ပုံမှန်မှာတော့ သူ့ကို တို့ဖူးနွေးနဲ့တွဲရောင်းတတ်ကြပါတယ် (အားလုံးသိကြတဲ့ တိုဖူးနွေးနဲ့ မတူတဲ့ ကျိုင်းတုံ တိုဖူးနွေးအကြောင်းကိုလည်း ပြောပြပါဦးမယ်၊ မလွှတ်သွားအောင် page Like လေးလုပ်ထားပေးပါ။)။ ဓါတ်ပုံမှာ မြင်ရတဲ့ ခေါက်ဆင့်/မုန့်တီကြော်က ဝါဝါလေးနော်. အရွက်လေးတွေသာမပါရင် ခိုတောင်မုန့်တီနဲ့တောင် ဆင်ဆင်လေးရယ်။ မုန့်တီကို ကြက်သွန်နီ. နနွင်း ဆီသတ်ပြီး ကြော်ထားပါတယ်။ စားသူလာရင် ပန်းကန်ထဲထည့်ပြီး အစာပါလာဖြစ်တဲ့ ကြက်သွန်ဖြူဆီချက်၊ မြေပဲထောင်း၊ ပဲငံပြာရည်၊ ရှမ်းပဲပုတ်အစို၊ အိမ်လုပ်ငရုပ်ချဉ်ရည်၊ ငရုပ်သီးကြော်တို့ အပြင်၊ ဆလပ်ရွက်၊ ဂေါ်ဖီ၊ ကူ:ချိုင်း တို့ကို အပေါ်ကနေထည့်ပေးပါတယ်။ ဒါကို စားသူက ကိုယ်တိုင်နယ်ပြီး စားကြပါတယ်။ ခေါက်ဆွဲကြော်ကတော့ ညက်ခေါက်ဆွဲကြော်ပါ၊ သူ့ကို ကြက်သွန်ဖြူနည်းနည်းနဲ့ အဆီသတ်ပြီး ပဲငံပြာရည်အနောက်နဲ့ ကြော်ရပါတယ်၊ အရောင်ကညိုညိုလေးပါ (ဓါတ်ပုံကိုတော့ နောက်မှတင်ပေးပါမယ်ရှင်)။ စားသူလာချိန်မှာတော့ မုန့်တီကြော်အလားတူပဲ အစာပါလာတွေကို ထည့်ပြီး တည်ခင်းပါတယ်(သူကိုကျတော့ ရှမ်းပဲပုတ်အစိုမထည့်ရပါဘူး)။ ဒီအစားအစာလေးက စျေးသက်သာသလို စားလို့ကောင်းပြီး အရွက်စုံနဲ့ဆိုတော့ Fast Food ဖြစ်ပေမဲ့ Junk Food တော့မဟုတ်ပါရှင်၊ နောက်ပြီး ခပ်နွေးနွေးလေးနဲ့ တည်ခင်းပါတယ်။ အက်မင်တို့ ကလေးဘဝ ကျောင်းတက်တုန်းကဆိုရင် မနက်မုန့်စားဆင်းချိန်မှာဆို အဲဒါလေးတွေကို ဝယ်စားရတာကြိုက်ကြတယ်၊ ခုထိလည်းကျောင်းတွေမှာ ရောင်းနေရတုန်းပဲလို့ ပြောပါတယ်။ ကျိုင်းတုံဒေသခံတွေက ခေါက်ဆွဲအရမ်းကြိုက်၊ အရမ်းစားကြတယ်ဆိုတာ အခု ကျွန်မပြောပြသလောက်နဲ့ နည်းနည်းမှန်းမိကြပြီထင်တယ်နော်။ အက်မင်ရန်ကုန်စရောက်တုန်းက စျေးမှာ နန်းလတ်မုန့်တီဖတ်ကို (၅၀)သား၊ (၁)ပိသာ အမြဲဝယ်တော့ ဆိုင်ရှင်လေးက နန်းကြီးသုပ်ရောင်းတာလားတဲ့ အမေးခံရတယ်၊ ကျွန်မကလည်း မဟုတ်ဘူး အိမ်မှာကြော်စားတာပါလို့ပြောတော့ ဆိုင်ရှင်လေးက တအံတသြနဲ့ ကြော်စားတာဆိုပြီး မျက်လုံးကြီးပြူးပြီး ကြည့်နေတာကို သတိရနေသေးတယ်။ ကျိုင်းတုံရောက်ခဲ့ရင်လည်း မြည်းစမ်းကြည့်ပါဦးရှင်၊ တကယ့် ရိုးရာဒေသစာလေးပါ။ ဒါနဲ့ ကျိုင်းတုံခေါက်ဆွဲအကြောင်း မပြီးသေးဘူးနော်၊ ကျန်နေသေးတယ်၊ စောင့်မျှော်အားပေးပါဦး။
---------
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။
ကျိုင်းတုံမြို့ရဲ့ ရှမ်းခေါက်ဆွဲလေး အကြောင်း သိသလောက်လေး ပြောပြသွားမှာပါရှင်။
မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
----------


#ကျိုင်းတုံခရီးစဉ် #ကျိုင်းတုံလည်လည်

(၁၃ မေလ ၂၀၂၀)
https://www.facebook.com/photo?fbid=1465195213664807&set=a.1465217723662556
(၁၅ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1466773180173677&set=a.1465217723662556
(၁၈ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1469325966585065&set=a.1465217723662556
(၂၁ မေလ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1471701583014170/
(၂၅ မေလ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1474650409385954/
(၀၃ ဇွန်လ ၂၀၂၀)
https://www.facebook.com/enroutemyanmar/photos/a.1465217723662556/1481841442000184

ဟိုင်း.. ခေါက်ဆွဲအကြောင်းပြောလို့ မပြီးသေးပါဘူးနော်။ ဒီတစ်ခါတော့ အရည်/စွတ်နဲ့ စားရတဲ့ ခေါက်ဆွဲ မဟုတ်တော့ပဲနဲ့ နေ့လည်မှ မ...
03/06/2020

ဟိုင်း.. ခေါက်ဆွဲအကြောင်းပြောလို့ မပြီးသေးပါဘူးနော်။

ဒီတစ်ခါတော့ အရည်/စွတ်နဲ့ စားရတဲ့ ခေါက်ဆွဲ မဟုတ်တော့ပဲနဲ့ နေ့လည်မှ မုန့်စျေးတန်းတို့၊ ရပ်ကွက်ထိပ်တို့မှာ ရောင်းတဲ့၊ ရိုးရာသွားရေစာ ခေါက်ဆွဲချပ် (သို့) ခေါက်ဆွဲပေါင်းကို ပြောပြပါရစေရှင်။
(၀၃ ဇွန်လ ၂၀၂၀)
ခေါက်ဆွဲပေါင်းဆိုတာက ကျွန်မကနားလည်လွယ်အောင်လို့ နာမည်တတ်ခေါ်လိုက်တာပါ။ ဘာကြောင့်လဲဆိုတာကို ဆက်ဖတ်ပေးနော်။
ကျွန်မ ရှေ့က post တွေမှာ ပြောခဲ့တဲ့အတိုင်းပါပဲ ကျိုင်းတုံမှာ လက်လုပ်ခေါက်ဆွဲ/မြှီးရှည်တွေကို အမျိုးမျိုးလုပ်ရောင်း/လုပ်စားကြပြီး ဒေသခံအများစုတွေလည်း တနေကုန် ထမင်းလွှတ် ဆက်တိုက်စားနေနိုင်ကြတယ်လို့။
ခေါက်ဆွဲချပ်ဆိုတာက ဒေသရှမ်းအခေါ်ပါ၊ သူ့ကိုတော့မနက်စာထက် ဘလန့်(Brunch)/ မနက်နဲ့နေ့လည်စာအဖြစ် (၁၀:၃၀-၁၁:၀၀ နာရီ )လိုအချိန်မျိုးမှာ စစားကြပါတယ်။ စျေးသည်အများစု ကလည်း မနက် (၁၀)နာရီလောက်မှ စခင်းကြပြီး နေ့ခင်း(၃)နာရီလောက်မှာ ဆိုင်သိမ်းပါတယ်။ မနက်စျေးဝယ်ပြန်တဲ့သူ၊ နေ့ လည်ဆိုင်သိမ်းပြန်တဲ့သူ၊ မနက်ထက်နေ့လည်စာကိုမှစာချင်သူ၊ ကျုရှင်သွား၊ တက္ကသိုလ်တက် ကျောင်းသား/သူ တွေကအစ အရမ်းအားပေးတဲ့ မုန့်သည်လေးပါ။ သူ့ကိုစိတ်တိုင်းကျ စားရဖို့အတွက် လူကျချိန်မှာတော့ စိတ်ကလေးရှည်ရှည်ထားရပါမယ်။ စားသူလာမှ ဖျော်စပ်ထားတဲ့ ဆန်မုန့်အနှစ်ရည်ကို ဒန်ဗန်းလေးထဲနည်းနည်းခပ်ထည့်ပြီး ဗန်းကိုသွပ်သွပ်လှည့် ပွတ်ပွတ်ဆူနေတဲ့ အိုးထဲဗန်းပစ်တင်ပြီး အိုးဖုံးမြန်မြန်အုပ် (၁)မိနစ်လောက်ဆို ဗန်းကိုပြန်ထုတ်၊ ဒီလိုနဲ့ပဲ (၅)ချပ်လောက်ရရင် ခေါက်ဆွဲပေါင်းပြန်သုပ် (သို့) ခေါက်ဆွဲချပ်ဆိုတာကို စားလို့ရပါပြီ။ (မြန်ဆန်အောင် စျေးသည်တစ်ယောက်က ဒန်ဗန်း (၄-၅)ခုလောက် သုံးပါတယ်၊ (၅)မိနစ်ဆို (၅)ခုထွက်တာပေါ့)။ အဲဒီဗန်းထုတ်တဲ့ချိန်မှာ ခေါက်ဆွဲပြန်ပေါင်းဆိုပြီးလည်း စားကြသေးတယ်။ ထွက်လာတဲ့ခေါက်ဆွဲပေါ်ကို မုန့်နှစ်ရည်ပြန်လောင်းပြီး ကြက်ဥ၊ ဝက်သား၊ ကြက်အူချောင်း/hotdog စတဲ့ကြိုက်ရာ topping တွေကို ထည့်ခိုင်းပြီး ပုံမှန်သုပ်စားရင်ထည့်တဲ့ အစာပလာချဉ်ငံစပ် တို့ကိုလည်း တပါတည်း ထည့်ပြီး ခေါက်ဆွဲပြန်ပေါင်းလုပ်ပေးပါတယ်။ (ဓါတ်ပုံထဲကအတိုင်း အစာပလာလေးတွေနဲ့)။ အရင်ခေတ်တွေတော့ ခေါက်ဆွဲပေါင်းပြန်သုပ် ဆိုပြီးတော့ပဲ စားကြပါတယ်။ နောက်ပိုင်းတော့ စျေးသည်တွေလည်း အပြိုင်အဆိုင်၊ ကြက်ဥ(လေဥ)တွေလည်းစျေးသက်သာ၊ ထိုင်းကနေမှ hotdogတွေလည်း ကျိုင်းတုံမြို့ကို ရောက်လာတော့ စျေးသည်လေးတွေလည်း အပြိုင်ဆိုင်ကြားက value added လေးတွေနဲ့ စမ်းသစ်လာကြပါတယ်။ ဒေသခံ 90’s လူငယ်လေးတွေတော့ topingနဲ့စားတာကြိုက်ကြပါတယ်။ အက်မင်တို့လို 80’s မရှေးမနှောင်းကြီးတွေကတော့ ရိုးရာခေါက်ဆွဲချပ်ကို ပိုခုန်မင်ကြမယ်လို့ထင်တယ် (အဲခေတ်က ready made မုန့်ပဲသရေစာလေးတွေကရှားခဲ့တယ်)။ အရသာလေးကတော့ “look simple but fresh and yummy” လေးပေါ့။ ကယ်နော် စာရှည်သွားပြီး၊ ကျိုင်းတုံရောက်ခဲ့ရင်တော့ စားရမယ်နော်၊ “ခေါက်ဆွဲချပ်”လို့မေးမှ ကျွန်မတို့ ဒေသခံက ချက်ချင်းသိမှာ။
နာမည်ရဆိုင်တွေကတော့ ကျိုင်းခုံ မုန့်စျေးတန်း နဲ့ တောင်ကြီးလမ်း၊ အ.ထ.က(၂)ကုန်းအကျော်၊ နောင်ခဲ့ရွာ အဆင်းလမ်းထိပ်နားက ဆိုင်လေးတွေကတော့ လူကျတဲ့ဆိုင်လေးတွေပါ။
---------
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။
ကျိုင်းတုံမြို့ရဲ့ ရှမ်းခေါက်ဆွဲလေး အကြောင်း သိသလောက်လေး ပြောပြသွားမှာပါရှင်။
မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
----------


#ကျိုင်းတုံခရီးစဉ် #ကျိုင်းတုံလည်လည်

(၁၃ မေလ ၂၀၂၀)
https://www.facebook.com/photo?fbid=1465195213664807&set=a.1465217723662556
(၁၅ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1466773180173677&set=a.1465217723662556
(၁၈ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1469325966585065&set=a.1465217723662556
(၂၁ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1471701583014170&set=a.1465217723662556
(၂၅ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1474650409385954&set=a.1465217723662556

ကျိုင်းတုံမြို့မှာ စားကြတဲ့ ခေါက်ဆွဲအမျိုးမျိုးထဲက နောက်တခုအနေနဲ့ "အမဲလုံး/ဝက်သားလုံးခေါက်ဆွဲ" အကြောင်းကို ပြောပြပါရစေရှ...
25/05/2020

ကျိုင်းတုံမြို့မှာ စားကြတဲ့ ခေါက်ဆွဲအမျိုးမျိုးထဲက နောက်တခုအနေနဲ့ "အမဲလုံး/ဝက်သားလုံးခေါက်ဆွဲ" အကြောင်းကို ပြောပြပါရစေရှင်။
(၂၅ မေလ ၂၀၂၀)
ခေါက်ဆွဲပွဲကို လက်လုပ်ခေါက်ဆွဲနုနုလေးနဲ့ ဆလပ်ရွက်/ဂေါ်ဖီ/ပဲပင်ပေါက် (သို့) ဆောင်းရာသီပေါ် ရွှေပဲရွက်တို့ကို ရေပွက်ပွက်ဆူအိုးထဲ (၂)မိနစ်ထည့်ဖျောပြီး အရိုးပြုတ်ဟင်းရည်ကြည်ထည့် အသားလုံးလေးတွေပါတင်ပြီး အမွှေးအကြိုင်အနေနဲ့ ကြက်သွန်မြိတ်/နံ့နံ့ပင်ဖြူး၊ ကြက်သွန်ဖြူဆီချက်နဲ့ ငရုပ်ကောင်းခပ်ပြီး တည်ခင်းပါတယ်ရှင်။ အရသာအနေနဲ့ပြောရရင်တော့ တရုတ်အရသာခေါက်ဆွဲလေးပါ၊ ဒီခေါက်ဆွဲမျိုးကို ထိုင်းနိုင်ငံ ချင်းရိုင်၊ ချင်းမိုင်၊ ဘန်ကောက်က လူနေရပ်ကွက်တွေမှာလည်း စားရတတ်ပါတယ်၊ ဗီယက်နမ်ခေါက်ဆွဲ"Pho(fur)" အရသာနဲလည်း နီးစပ်ပါတယ်၊ (ဒေသထွက်အမွေးအကြိုင်နဲ့ အရသာပေါ်မူတည်ပြီး ကွဲပြားသွားတယ်လို့ ထင်ရပါတယ်၊ အခြေခံပါဝင်ပစ္စည်းတွေတော့တူတူပါပဲ။)။ ကျွန်မတို့ ရန်ကုန်မှာ စားရတဲ့ အမဲလုံးအရသာတွေတော့ အများပိုင်းက ရှမ်းမြောက်ပိုင်းလားရှိုးဘက်က စားကြတဲ့ အရသာတွေပါရှင်၊ ဥပမာ-ဗိုလ်ချုပ်စျေးဖက်၊ နဝဒေးလမ်းက အောင်မင်္ဂလာခေါက်ဆွဲ (Own Recipe) လို အရသာလေးတွေပါရှင်။
ဓါတ်ပုံပါ ခေါက်ဆွဲလေးကတော့ ကျိုင်းတုံမြို့ တာယော်လမ်းမှာရှိတဲ့ နာမည်ကြီး “Peacock” အမဲလုံးဆိုင်ပါရှင်။ အမဲလုံးအပြင် အူကြမ်း၊ အမဲကြောတွေပါထည့်ပေးပါတယ်၊ အမဲအူပြုတ် ညီစို့စို့ အနံ့မျိုးလုံးဝမရပါဘူး။ ရေးရင်းနဲတောင်စားချင်လာပါပြီ။ အမဲသားမစားသူများအတွက်တော့ ကျိုင်းတုံမြို့မှာ ဝက်သားလုံးဆိုင်တွေလဲ များပါတယ်နော်၊ နောက်မှ ကျိုင်းတုံရောက်ရင် ဘာတွေစား/ဘယ်မှာသွားစားဆိုပြီး လမ်းညွှန်လေး တင်ပေးပါမယ်ရှင်။
---------
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။
ကျိုင်းတုံမြို့ရဲ့ ရှမ်းခေါက်ဆွဲလေး အကြောင်း သိသလောက်လေး ပြောပြသွားမှာပါရှင်။
မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
----------


#ကျိုင်းတုံခရီးစဉ် #ကျိုင်းတုံလည်လည်

(၁၃ မေလ ၂၀၂၀)
https://www.facebook.com/photo?fbid=1465195213664807&set=a.1465217723662556
(၁၅ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1466773180173677&set=a.1465217723662556
(၁၈ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1469325966585065&set=a.1465217723662556
(၂၁ မေလ ၂၀၂၀)
https://www.facebook.com/photo?fbid=1471701583014170&set=a.1465217723662556

ကျိုင်းတုံမြို့မှာ စားကြတဲ့ ခေါက်ဆွဲအမျိုးမျိုးကို တတိယအနေနဲ့ "ကျိုင်းတုံတရုတ်ခေါက်ဆွဲ" ကို ပြောပြချင်ပါတယ်ရှင်။ (၂၁ မေလ...
21/05/2020

ကျိုင်းတုံမြို့မှာ စားကြတဲ့ ခေါက်ဆွဲအမျိုးမျိုးကို တတိယအနေနဲ့ "ကျိုင်းတုံတရုတ်ခေါက်ဆွဲ" ကို ပြောပြချင်ပါတယ်ရှင်။
(၂၁ မေလ ၂၀၂၀)
ကျိုင်းတုံတရုတ်ခေါက်ဆွဲဆိုတာက ကျွန်မကခေါ်တာပါ ဘာကြောင့်လည်းဆိုတော ကျိုင်းတုံမှာ ဘိုးဘေးစဉ်ဆက်ကတည်းကနေထိုင်လာခဲ့တဲ့ တရုတ်လူမျိုးနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြောင်းရွှေ့နေထိုင်လာကြတဲ့ တရုတ်လူမျိုးတွေက စရောင်းတဲ့ ရှမ်းခေါက်ဆွဲအရသာမျိုးကို ဆိုလိုတာပါရှင် (သူတို့ရဲ့မျိုးဆက်သစ်တွေလည်း ဒေသခံတစ်ပိုင်းနဲ့ ဒေသခံလုံးလုံးလိုဖြစ်နေကြပါပြီ)။ ကျွန်မ ရှေ့က post တွေမှာ ပြောခဲ့တဲ့အတိုင်းပါပဲ ကျိုင်းတုံမှာ လက်လုပ်ခေါက်ဆွဲ/မြှီးရှည်တွေကို အမျိုးမျိုးလုပ်ရောင်း/လုပ်စားကြပြီး ဒေသခံအများစုတွေလည်း တနေကုန် ထမင်းလွှတ် ဆက်တိုက်စားနေနိုင်ကြတယ်လို့။ ကျိုင်းတုံရှမ်းရိုးရာ ခေါက်ဆွဲ/မြှီးရှည် စစ်စစ်တွေကတော့ အရည်ပူပူနဲ့စားရတဲ့ အသင့်စားခရမ်းချဉ်သီးဆီသပ်ချက်ထားတဲ့ဟင်းရည်အရသာနဲ့ ဟင်းရည်အကြည်၊ကြွပ်ရွရွဝက်အူခေါက်ဆွဲအရသာပါရှင်။ ဒီဟာအပြင် ကျိုင်းတုံစျေးမှာ ရောင်းတဲ့ အခြားအရသာ (သို့) ကျိုင်းတုံတရုတ်အရသာတွေကတော့ ဝက်ခြေထောက်စတူးခေါက်ဆွဲ၊ ဝက်သားလုံးခေါက်ဆွဲ၊ အမဲသားလုံးခေါက်ဆွဲ၊ တရုတ်ပန်းသေးခေါက်ဆွဲ၊ ဂျုံဆီချက်ခေါက်ဆွဲ၊ ဆန်ပြားဆီချက်ခေါက်ဆွဲ၊ ဖက်ထုတ်ပြုတ်/ဆီချက် ဆိုပြီးရောင်းကြပါတယ်။ ကျိုင်းတုံမြို့မစျေး အရှေ့ဝင်ပေါက်(CB ဘဏ်ရှိတဲ့အပေါက်)ကနေဝင်ရင် ဝင်ဝင်ချင်း ညာဘက်ခြမ်းမှာ စျေးဆိုင်တစ်တန်းလုံး ခေါက်ဆွဲတွေကြီး ရောင်းကြပါတယ်။ နောက်ပြီးတော့ အသားရုံ (တောင်ဖက်ဝင်ပေါက်) ဖက်မှာလည်း ခေါက်ဆွဲရောင်းဆိုင်ခန်းတွေချည်းပါပဲ၊ အဲမှာတော့ ရွာဖက်က၊ တောင်ပေါ်ဒေသက သီးနှံဟင်းသီးဟင်းရွက် လာရောင်းတဲ့ ဒေသခံတွေကအားပေးကြတာများတာပါ (ဘာကြောင့်လည်းဆိုတော့ အဲ့သည်တောင်ဘက်နဲ့အနောက်ဘက်ဝင်ပေါက်တွေက ဟင်းသီးဟင်းရွက်တန်းတွေပါ)။ စျေးဝယ်/စျေးလည်လာသူတွေက အဲမှာ စားချင်တဲ့အရသာကို ဆိုင်ရွေးစားကြပါတယ်။ ကျိုင်းတုံသူ/သားတွေကတော့ ဘယ်ဆိုင်မှာ ဘာအရသာနဲ့ရတယ်ဆိုတာ သိကြပေမဲ့ အခြားမြို့ကလာတာပဲဖြစ်ဖြစ် သွားလည်တဲ့ခရီးသွားဖြစ်ဖြစ် အဲဒါကို မသိနိုင်ပါဘူးရှင် ဆိုင်းဘုတ်မတပ်ထားတာများပါတယ်။ သူများစားနေတဲ့ ခေါက်ဆွဲပွဲကို အားမနာတမ်း ပြူးကြည့်ပြီး သေချာမှသာ ဝင်စားကြနော် (နောက်တာပါရှင်… ဒေသခံကိုမေးပါ. ဒါမှမဟုတ် ဒီပေ့ချ်မှာမေးလို့ရတယ်နော်)။ အခုပြောတဲ့ တရုတ်အရသာခေါက်ဆွဲတွေကလည်း ဟင်းရည်အကြည်ပါပဲရှင် (ဝက်ရိုး/အမဲရိုးအကြီးတွေကို ချိုအောင်လို့ အကြာကြီးပြုတ်ထားတဲ့ ဟင်းရည်ကို သုံးပါတယ်)။ စားသူလာချိန်မှ ခေါက်ဆွဲနဲ့ရာသီပေါ်အရွက်တခုခုတွေကို ပြုတ်ပြီး ဟင်းရည်ထည့်-ငြုပ်ကောင်းဖြူး-ကြက်သွန်ဖြူဆီချက်ထည့်-ကြက်သွန်မြိတ်/နံနံပင်ဖြူး-ပြုတ်ကြော်ပြီးစင်းထားတဲ့အသားကိုအပေါ်ကဖြူး/ အသားလုံးဆို အသားလုံးထည့်ပြီး က တည်ခင်းတာပါ။ စားတဲ့သူတွေအနေနဲ့က ပဲငံပြာရည်အကြည်နဲ့ ချိုချဉ်ငံစပ်လိုရာအရသာကို စားပွဲပေါ်တင်ထားတဲ့ အစာပလာနဲ့ ထပ်စပ်ပြီးစားကြပါတယ်ရှင်။ (ဓါတ်ပုံကတော့ စျေးဆိုင်တန်း ခေါက်ဆွဲရောင်းနေတဲ့စျေးသည်လေးပါရှင်)။
---------
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။
ကျိုင်းတုံမြို့ရဲ့ ရှမ်းခေါက်ဆွဲလေး အကြောင်း သိသလောက်လေး ပြောပြသွားမှာပါရှင်။
မိတ်ဆွေများအားလုံး ဘေးကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။
----------


#ကျိုင်းတုံခရီးစဉ် #ကျိုင်းတုံလည်လည်

(၁၃ မေလ ၂၀၂၀)
https://www.facebook.com/photo?fbid=1465195213664807&set=a.1465217723662556
(၁၅ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1466773180173677&set=a.1465217723662556
(၁၈ မေလ ၂၀၂၀)
https://www.facebook.com/photo/?fbid=1469325966585065&set=a.1465217723662556

Address

11th Street, 11th Quarter
Yangon
11091

Alerts

Be the first to know and let us send you an email when En Route Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to En Route Travels & Tours:

Share

Category