Forward Yangon Travels & Transportation Service Co.,Ltd.

Forward Yangon Travels & Transportation Service Co.,Ltd. Forward Yangon Travels Company Limited was founded in 2011. It is famous for high quality services, reliability and the respect to customer.

Our Values
> Customer Satisfaction
> Integrity and Trust
> Service and Respect
> Teamwork and Accountability

29/10/2024

😍ခရီးသွားခြင်း အနုပညာ😍
===============
တချို့သူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေကို ရည်စူးပြီး ပြောပြပေးလိုက်ပါတယ်နော်. . .

(၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ်ဆိုပြီး အကြောင်းအမျိုးမျိုးတွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေမယ်၊ ကျန်းမာကြံ့ ခိုင်နေမယ် လို့တွေးထားရင် မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လို့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ လျှောက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလျှောက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……
မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းတွေချ တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။ အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။
အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့တဲ့ ခံစားမှုမျိုးတွေပေါ့။

၎) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။
ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။
ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံးကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။
လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။
တစ်မြို့ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်း တတ်နိုင်သလောက်လျှော့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက အကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Crd - ManYarzar

18/12/2019

ခရီးတစ်ခုသွားရင်
ဘာက အရေးကြီးဆုံး
ဘာက အဓိကလို့ ထင်လဲ ❤

17/12/2019

အချစ်စစ်ရဲ့ လမ်းလေးဟာ မဖြောင့်တန်းဘူး တဲ့ ရှေးလူကြီးတွေပြောကြတယ်...

Forward နဲ့သွားတဲ့ခရီးကတော့ ဖြောင့်ဖြူးနေမယ်ဆိုတာ အာမခံပါတယ်... ❤❤❤

” ကားမျိုးစုံကို Driver အပါ နယ်ဝေးမြို့တွင်း စင်းလုံးငှားပါသည် ”
095168997, 09977890964 😍😍😍

ရန်ကုန်မှ နေ့ချင်းပြန်ခရီးစဥ် ၁၀ ခု မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ​ ခရီးသွားချစ်သူတို့ရေ။ အကောင်းဆုံးနှစ်တစ်နှစ်က ခု...
05/12/2019

ရန်ကုန်မှ နေ့ချင်းပြန်ခရီးစဥ် ၁၀ ခု

မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ​ ခရီးသွားချစ်သူတို့ရေ။ အကောင်းဆုံးနှစ်တစ်နှစ်က ခုဆိုရင် ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ၊ ကြည်နူးစရာတွေ၊ ချစ်ခင်ရသူတွေနဲ့ တစ်ရက်ချင်းစီ အမှတ်တရနေ့ရက်တွေအဖြစ် စတင်လည်ပတ်တော့မှာ ပဲဖြစ်ပါတယ်။ နှစ်သစ်မှာ ပထမဆုံးပျော်ရမယ့် ခရီးသစ် လေးတွေထွက်ပြီး စိတ်သစ်လူသစ် ဖန်တီးကြနိုင်ဖို့ ရန်ကုန်မြို့နဲ့ သိပ်မဝေးဘဲ နေ့ချင်းပြန် ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးသွားလို့ရမယ့် ခရီးတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်လည်းသိပ်မကုန်၊ လူလည်း သိပ်မပင်ပန်းဘဲ ငွေကြေးစရိတ်လည်း ချွေတာနိုင်တာမို့ နှစ်သက်ကြမှာပါလို့။

တောင်ဝိုင်းတောင်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာတည်ရှိတဲ့ ဒီတောင်ဝိုင်းတောင်လေးကတော့ တောင်တက်ချင်သူတွေအတွက် ရှုခင်းအလှဆုံးနဲ့ ပျော်စရာ အကောင်းဆုံးလို့ပဲ ညွှန်းပါရစေ။ တောင်ဝိုင်းတောင်ကို ခရီးထွက်မယ်ဆိုရင် ကရင်ပြည်နယ်က သဘာဝထုံးကျောက် လိုဏ်ဂူတွေ၊ ရေကန်တွေနဲ့ စိမ်းစိုနေတဲ့ သဘာဝတောတောင်တွေက သင့်ကို အမောပြေစေမှာပါ။ ရန်ကုန်ကနေ နေ့ချင်းပြန်စီစဉ်ပေးနေတဲ့ ကျတော်တို့လို ခရီးသွားအဖွဲ့တွေလည်းရှိတာမို့ ရုံးပိတ်ရက်လေးမှာ ပျော်ပျော်ကြီး ခရီးသွားနိုင်ပါတယ်။

နော်ဘူဘော

ဒဏ္ဍာရီထဲက ကရင်မင်းသမီးလေး နော်ဘူဘောအကြောင်းကို ကြားဖူးကြ ပါသလား။ သင်္ဘောပုံသဏ္ဌာန်ကျောက်တောင်ထိပ်ကို အရောက်သွားရင်း တိမ်ပင်လယ်ကို ငုံ့ကြည့်ခံစားနိုင်တဲ့ အေးမြတဲ့ နော်ဘူဘောခရီးစဉ်ကလည်း အချိန်တစ်ရက်နဲ့ လုံလောက်ပါတယ်။ ရန်ကုန်ကနေ တောင်ငူမြို့ကို ဖြတ်ပြီးသွားရမှာမို့ တောင်ပေါ်က အပြန်မှာ နာမည်ကျော် ပသီချောင်း၊ ဆင်စခန်းတွေကို ဝင်လည်နိုင်သလို အရမ်းကောင်းတဲ့ အော်ဂဲနစ်ကော်ဖီတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

ကဗျာဝကမ်းခြေ

ကမ်းခြေအသစ်လို့ ဆိုနိုင်တဲ့ ဒီကဗျာဝမှာ လူသိပ်ကျပ်နေတာမျိုး မရှိသေးဘဲ သဘာဝအရသာကို ကောင်းကောင်းကြီး ခံစားနိုင်ပါသေးတယ်။ မွန်ပြည်နယ်၊ ရေးမြို့မှာ တည်ရှိတဲ့ ကဗျာဝကမ်းခြေကို နေ့ချင်းပြန်ခရီးစဉ်တွေလည်း ပြေးဆွဲနေပြီမို့ ကမ်းခြေ အသစ်အရသာကို သွားလေ့လာရယူသင့်ပါတယ်။ စျေးသက်သာပြီး လတ်ဆတ်တဲ့ပင်လယ်စာတွေနဲ့ သန့်ရှင်းနေတဲ့ ဆားငန်လေပြည်တွေက သင့်ကို လန်းဆန်းစေမှာပါ။

ကျိုက်ထီးရိုး စေတီတော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော်က ဗုဒ္ဓဆံတော်မြတ်ကြောင့်ရော၊ တောင်ထိပ်က သဘာဝလွန်ကျောက်တုံးကြီးရောကြောင့်ပါ ကမ္ဘာကျော်ပါတယ်။ ဒီရက်တွေမှာတော့ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးက ဘုရားရင်ပြင်တော်ပေါ်မှာပါ ခြေချစရာမရှိအောင် ပြည့်နေပါတယ်။ ခြေလျင်နဲ့ တောင်တက်ချင်ရင် အချိန်အနည်းဆုံး ၄၊ ၅ နာရီလောက် တက်ရမှာမို့ အားကစားလိုက်စားသူတွေအတွက် အဆင်ပြေပြီး ဘုရားဂေါပကအဖွဲ့က တောင်တက်ကားတွေ စီစဉ်ထားတဲ့အတွက် အေးအေးသက်သာ ခရီးသွားချင်သူတွေအတွက်လည်း သက်သောင့်သက်သာပါပဲ။ ဘုရားကအပြန် သဘာဝရေတံခွန်နဲ့ တောတောင် တွေဘက်လည်း လှည့်လို့ရသေးတယ်နော်။

ငလိုက်ဆည်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှာရှိတဲ့ ငလိုက်ဆည်ကြီးက ခုဆိုရင် ငလိုက်ကန်သာအပန်းဖြေစခန်းအဖြစ် နာမည်ကျော်နေပါပြီ။ ဘန်ဂလိုပုံစံထုတ်ပေးထားတဲ့ ရှေးမြန်မာ့ကျွန်းအိမ်ကြီးတွေ၊ တည်းခိုရာနေရာကနေ ၁၅ မိနစ်လောက် စက်လှေစီးသွားရုံနဲ့ ရောက်မယ့် ငလိုက်ဆင်စခန်းတွေနဲ့ ငလိုက်ဆည်ကြီးရဲ့ အလှအပတွေက အလည်လာသူတွေကို ဖမ်းစားနိုင်ပါတယ်။ ခရီးသွားတွေသိပ်မသိသေးတဲ့ နေရာမို့ လူမများခင် အေးအေးဆေးဆေး သွားနားသင့်ပါတယ်။

မိုးယွန်းကြီးအင်း

ရန်ကုန်ကနေ မိုင် ၇ဝ ဝန်းကျင်ပဲ ဝေးတဲ့ မိုးယွန်းကြီးအင်းက ပဲခူးတိုင်းဒေသကြီးထဲမှာတည်ရှိပြီး ရန်ကုန်−မန္တလေး ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ၁၈၇၈ ခုနှစ်မှာ ရေထိန်းသိမ်းဖို့ ကန်အဖြစ် သတ်မှတ်ခဲ့တဲ့ မိုးယွန်းကြီးဟာ နှစ်ပေါင်းအတော်ကြာလာချိန်မှာတော့ သူပိုင်ဆိုင်ရာ ဧက ၄ဝ စလုံး စိတ်ဝင်စားစရာ သဘာဝဘေးမဲ့ကန်ကြီးအဖြစ် တန်ဖိုးမြင့်နေခဲ့ပါပြီ။ ၁၉၈၈ ခုနှစ်မှာတော့ သဘာဝသားရဲတိရစ္ဆာန်တို့နေထိုင်ရာ၊ ရာနဲ့ချီတဲ့ ဌာနေငှက်တို့ စံပျော်ရာ ရေကန်ကြီးဖြစ်နေပြီမို့ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပါ။

ဝင်္ဂဘောဆင်စခန်း

နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်တဲ့ ဒီ၀င်္ကဘော်ဆင်စခန်းက ရန်ကုန်မြို့ကနေ အချိန်တစ်နာရီဝန်းကျင်လောက်ပဲ မောင်းရုံနဲ့ ရောက်တယ်ဆိုတော့ အချိန်သိပ်မကုန် တော့ဘူးပေါ့။ ဆင်အကောင်၂ဝ ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး မိဘမဲ့ ဆင်ပေါက်လေးတွေကိုလည်း ကျွေးမွေးပြုစုနေပါတယ်။ ဆင်စခန်းရဲ့ အနောက်ဘက်မှာ စမ်းချောင်းလေးရှိပြီး မနက်စောစော ဆင်စခန်းကိုရောက်မယ်ဆိုရင်တော့ ဆင်တွေ စမ်းချောင်းမှာ ရေချိုးတာကို လိုက်ပါ ကူညီလိုက်နိုင်ပါတယ်။ အချိန်ရသေးတော့ ပဲခူးဘုရားတွေကိုလည်း သွားလည်လို့ ရပါသေးတယ်။

အကောက်တောင်ဘုရား

ထုံးဘိုမြို့နယ်ထဲမှာရှိတဲ့ အကောက်တောင်ဘုရားကိုတော့ နေ့ချင်းပြန်ခရီးစဉ်တွေရဲ့ အစလို့တောင် ပြောလို့ရပါတယ်။ ဧရာဝတီမြစ်ရဲ့ ကမ်းနားတစ်လျှောက် ဘုရားဆင်းတုတော်တွေကို ခပ်ကျဉ်းကျဉ်းတောင်နံရံတွေထဲမှာ တွေ့ရတာကိုက ထူးခြားနေပြီမို့ မရောက်ဖူးသူနည်းတဲ့ နေရာပါ။ ပြည်မြို့အထိ ကားစီးသွားပြီး အကောက်တောင်ဘုရားဖူးချင်ရင်တော့ လှေထပ်စီးပြီးဆက်သွား ရပါတယ်။ အပြန်ပြည်မြို့က နာမည်ကျော်ဘုရားတွေ ဝင်ဖူးလို့လည်း ရတာမို့ ဒီခရီးစဉ်က အချိန်တိုပြီး တန်တယ်လို့ဆိုနိုင်ပါတယ်။

ဇလွန်ပြည်တော်ပြန်

နာမည်ကျော် မာန်အောင်မြင်ပြည်တော်ပြန်ဘုရား တည်ရှိတဲ့ ဇလွန်မြို့က ဧရာဝတီတိုင်းထဲက မြို့ငယ်လေးဖြစ်ပြီး ရန်ကုန်ကနေ အချိန် နှစ်နာရီလောက် သွားရုံနဲ့ ရောက်နိုင်တဲ့နေရာပါ။ ဇလွန်မြို့မှာ ပဲလှော်၊ ချင်းသုပ်စတဲ့ စားဖွယ်ရာတွေနဲ့ ရန်ကုန်နဲ့မတူတဲ့ ဧရာဝတီသားတွေရဲ့ လူနေမှုဘဝတွေ၊ လမ်းတစ်လျှောက်က ငါးကန်တွေ၊ ဖြတ်သန်းသွားတဲ့ ဓနုဖြူမြို့က ဘုရားတွေကိုပါ တစ်ဆက်တည်း ဖူးနိုင်ပါတယ်။

ညောင်ချောင်းသာ ကမ်းခြေ

ဧရာဝတီမြစ်ရဲ့ သဲသောင်ပြင်ပေါ်မှာ ကမ်းခြေတစ်ခုအဖြစ် ဖန်တီးထားတဲ့ ဒီ ညောင်ချောင်းသာက လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်းက လူသိများလာပြီး ခုချိန်မှာတော့ စည်ကားနေပါပြီ။ ငါးကင်၊ ပုစွန်ကင်စတဲ့ အစားအစာတွေကို စျေးသက်သက်သာသာနဲ့ ရနိုင်သလို ရှည်လျားတဲ့ သဲသောင်ပြင်ကြောင့်လည်း တကယ့် ကမ်းခြေကြီးတွေသွားရသလို အမောပြေစေမှာပါ။ အချိန်သိပ် မကုန်တဲ့အတွက် နေ့ချင်းပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️

မြန်မာပြည်အနှံ့ခရီးစဉ်အမျိုးမျိုးအတွက်
ဗဟုသုတရော နယ်မြေပါ ကျွမ်းကျင်တဲ့ ဝါရင့်သဘာရင့်ယာဉ်မောင်းများနှင့်...
ကားမျိူးစုံကို 🚗🚕🚙🚌🚎🏎🚐
နယ်ဝေး ညအိပ် မြို့တွင်း အကုန်
ဆီ လမ်းတံတားကြေး ဒရိုင်ဘာကြေး အကုန်အပြီးအစီး ငှါးရမ်းပေးပါသည်။

အသေးစိတ်ကို 09977890964, 095168997, 095089800, 0933345545 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏🙏🙏

🚐🚓🚎🚌🚙🏎🚗🚕🚐🚓🏎🚎🚌🚙

မင်္ဂလာပါရန်ကုန်မှာ ကားဌားသုံးဖို့ဆိုရင် ကျနော်တို့ရဲ့Forward Carrental မှ မှန်ကန်သောစျေးနှုန်း တိကျသောအချိန်ကျွမ်းကျင်သ...
21/11/2019

မင်္ဂလာပါ
ရန်ကုန်မှာ ကားဌားသုံးဖို့ဆိုရင် ကျနော်တို့ရဲ့
Forward Carrental မှ မှန်ကန်သောစျေးနှုန်း တိကျသောအချိန်
ကျွမ်းကျင်သောယာဉ်မောင်း၊ အကောင်းမွန်ဆုံးသော
ဝန်ဆောင်မှု့များဖြင့် နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျ...
📲. 095168997,09977890964
📧 forwardcarrentalGmail.com

29/10/2019

ခ၇ီးတော့ ထွက်ချင်တယ် 😉ခ၇ီးအဝေးကြီးသွားဖို့အချိန်မ၇သူတွေ အတွက် 😍 ကျိုက်ထီး၇ိုး နေ့ချင်းပြန်ခ၇ီးလေး
လာပါပြီ 👏👏👏👏👏👏

သွားေ၇ာက်ဖူးမျှော်မည့်၇က်က တန်ဆောင်တိုင်ပိတ်၇က်
တွေထဲက11.11.2019 ၇က်နေ့ ည ၈ နာ၇ီ ထွက်ပါမယ်နော်
ပြန်ေ၇ာက်မည့်၇က်က 12.11.2019 ၇က် ည

ကျိုက်ထီး၇ိုး တစ်ခုထဲလားဆိုတော့ မဟုတ်သေးပါဘူးနော်
ဆောင်နိုင်ကြီးေ၇တံခွန်မှာလည်း ေ၇ကစားကြအုံးမယ်လေ
ကျိုက်ထိုမြို့က ထိုင်တော်မူ ဘု၇ားကြီး
ကျိုက်ထိုမြို့က ကျိုက်ပေါလောမှည့်၇ှင်ဘု၇ား
အပန်းဖြေဖို့အတွက်က စိမ်းလဲ့တင် အပန်းဖြေစခန်း 👏👏👏👏

ဘု၇ားလည်းဖူး၇မယ် 🙏 ေ၇လည်းကစား၇မယ် 👩‍👩‍👦
အပန်းလည်းဖြေ၇မယ် ⛲⛲⛲🎡🎡🎡

စျေးနှုန်းလေးလည်း မေးလိုက်ပါအုံး
တစ်ဦးမှ 😍 ၃၃၀၀၀ ကျပ် 😍ထဲနော်

👉Breakfast
👉နေ့လည်စာ
👉ညစာ
👉သောက်ေ၇သန့်
👉စနိုးတာဝါ
👉အအေး / မုန့်
👉ကံစမ်းမဲ အစီအစဉ်

❌တောင်တက်/ဆင်း ကားခတော့ မပါဘူးနော် ❌
ဒါကလည်း မိမိကြိုက်တဲ့ အစီအစဉ်နဲ့ တောင်တက်/ဆင်း
လုပ်လို့၇အောင်ပါနော်

ကားလက်မှတ်မှာယူချင်၇င် အိမ်အေ၇ာက်လက်မှတ်ပို့စနစ် သို့မဟုတ် Viber ဖြင့်ပို့ပေးပါသည်။

၇ုံးခန်းသို့လည်းကိုယ်တိုင်လက်မှတ်လာေ၇ာက်၀ယ်
ယူနိုင်ပါသည်။
၇ုံးခန်းလိပ်စာ 👉 Forwart Travel & Tour
တိုက် C/248 - အခန်း A/1- လေးထောင့်ကန်လမ်း
သင်္ကန်းကျွန်းမြို့နယ်
09420216738 , 095089800 , 0933345545

wave money /KBZ Bank Account /
Yoma Bank Account / ငွေသားဖြင့် ပေးချေခြင်း

လက်မှတ်မှာယူလျှင် ၅၀ ၇ာခိုင်နှုန်း ကနဦးပေးသွင်း
ထားပြီး ကားထွက်ခါနီးမှ ကျန်ငွေ ၇ှင်းချင်လည်း
၇ပါသည်။

၇န်ကုန်မြို့မှစထွက် ခ၇ီးစဉ်လမ်းကြောင်း
သင်္ကန်းကျွန်း 👉ခပ်ချီးယားမှတ်တိုင်မှ 👉သံသုမာလမ်းမကြီးအတိုင်း 👉မြောက်ဥက္ကလာအဝိုင်း 👉👉အောင်မင်္ဂလာအဝေးပြေး 👉အမှတ်၃ လမ်းဆုံ👉 အမြန်လမ်းမကြီးပေါ်

ချစ်မိတ်ဆွေများအား ကျေးဇူးတင်လျက်

ဟေးးးးးးတန်ဆောင်တိုင် ခ၇ီးစဉ်လေး လာပါပြီနော်၎ညအိပ် ၅ ၇က် ခ၇ီး၈ ၇က်ည ၇ နာ၇၉ီစထွက် ၁၂ ၇က် မနက်ပြန်ေ၇ာက်🚎 ဘယ်နေ၇ာတွေ သွားကြ...
26/10/2019

ဟေးးးးးးတန်ဆောင်တိုင် ခ၇ီးစဉ်လေး လာပါပြီနော်
၎ညအိပ် ၅ ၇က် ခ၇ီး
၈ ၇က်ည ၇ နာ၇၉ီစထွက် ၁၂ ၇က် မနက်ပြန်ေ၇ာက်

🚎 ဘယ်နေ၇ာတွေ သွားကြမလဲ တစ်ချက် ၇ှိုး

❤️ေ၇ွှမန်းဆီသို့ တစ်ခါတစ်ခေါက်ဖြင့်
ေ၇ာက်စေချင်သည်
💚အသင်္ခယာစောယွန်း၇ဲ့ စစ်ကိုင်းမြေ
💜မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီ
💙တောင်လှေကားမြို့လေး၇ဲ့ မေမြို့ သို့မဟုတ်
ပြင်ဦးလွင်
💖၇ှမ်းမင်းသမီးလေးစောမွန်လှ ၇ဲ့ အိမ်ပြန်ခ၇ီးမှာ သစ္စာပြုတည်ထားခဲ့တဲ့ေ၇ွှစာ၇ံဘု၇ားနဲ့ နားဋောင်းကျ ဘု၇ား
❤️စီးပွားေ၇းလုပ်ငန်းတွေ အတွက် အဓိဌာန်ချင်သူတွေ နဲ့ ၇ိုး၇ာအစောင့်အေ၇ှာက်များကိုသက်ဝင်ယုံကြည်သူတွေအတွက်ေ၇ွှစာ၇ံဘု၇ားမှာ နဂါးစာ
ကျွေး၇င်း ဆုတောင်းအဓိဌာန်ပြု လို့၇ပါသေးတယ်

ေ၇ာက်၇ှိမည့်နေ၇ာများကတော့
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
✴️ မန္တလေးတောင် မြွေကြီး နှစ်ကောင်
✴️မဟာမုနိ၇ုပ်၇ှင်တော်မြတ်ကြီး
✴️ကုသိုလ်တော်ဘု၇ား
✴️အတုမ၇ှိကျောင်း
✴️ေ၇ွှကျောင်း
✴️ကျောက်တော်ကြီးဘု၇ား
✴️စန္ဒာမုနိ ဘု၇ား
✴️ကျောက်စိမ်းဘု၇ား
✴️စစ်ကိုင်းတောင်၇ိုး ဆွမ်းဦးပုည၇ှင်
✴️ဥမင် သုံးဆယ်
✴️ေ၇ွှကြက်ယက် ဘု၇ား
✴️ေ၇ွှကြက်ကျ ဘု၇ား
✴️မင်းကွန်း မြသိန်းတန်စေတီ
✴️မင်းကွန်း ပုထိုးတော်ကြီး
✴️မင်းကွန်းခေါင်းလောင်းကြီး
✴️မင်းကွန်းခြင်္သေ့ကြီး
✴️ေ၇ွှစာ၇ံဘု၇ား(အုန်းချောလမ်းပြင်ဦးလွင်အတက်)
✴️နားဋောင်းကျ ဘု၇ား ( ။ )
✴️နှီးဘု၇ား
✴️မြွေဘု၇ား
✴️မဟာအံ့ထူးကံ့သာ
✴️ပွဲကောက်ေ၇တံခွန်
✴️ပိတ်ချင်းမြောင်
✴️အမျိုးသားကန်တော်ကြီးဥယျာဉ်
✴️ဒီဇင်ဘာခြံ

ကဲ အပြင်းလည်းပြေ အ၇င်းလည်းကျေ 😜
သွားပါများ ပိုက်ဆံကုန် 😀 အဲ ယောင်လို့
သွားပါများ ခ၇ီးေ၇ာက်

👐👐👐👐👐👐👐👐👐👐👐👐👐👐👐👐
ေ၇ှးဟောင်း သမိုင်းတွေကို စိတ်ဝင်စားတဲ့ သူတွေ
၇ာဇ၀င် အလွမ်းအဆွေးတွေကို စိတ်ဝင်စားသူတွေ
သမိုင်းဝင်တန်ခိုးကြီးဘု၇ားတွေေ၇ာက်ဖူးချင်သူတွေ
ပန်းတွေကို ချစ်မြတ်နိုးတတ်သူတွေ
အေးမြတဲ့၇ာသီဥတုကိုခံစားပြီး လှပတဲ့၇ှုခင်းတွေမှ
သဘောကျ သူတွေ
💑💑💑💑💑💑💑💑💑💑💑💑💑💑💑💑
မည်သည့်အသက်အ၇ွယ်ကိုမဆို ကန့်သတ်ထား
ခြင်းမ၇ှိ ဖိတ်ခေါ်ပါတယ် ၇ှင့်

ကဲ အစ အဆုံး ဖတ်ပြီးပြီဆိုတော့ ဟယ်လို ပေါ့နော် 👍 နေအုံး ဆက်၇မဲ့ 📞📞📞📞
0933345545 / 095089800 / 09420216738

အောက်မှာ ခ၇ီးစဉ်အတွက် ၀န်ဆောင်မှုတွေ
ထပ်ကြည့်

👉ကားစီး၇င်း ခေါင်းမူးမှာ မစိုး၇ိမ်ပါနဲ့ ကျန်းမာေ၇းအတွက် ဆေးပါတယ်နော်
👉သောက်ေ၇သန့်လား အကန့်အသတ်မ၇ှိပါ
👉စနိုးတာဝါလေးကလဲ ပါသေး
👉အမူးပြေ ချို ချဉ်လေးတွေ ပေးအုံးမှာ
👉သွားပွတ်တံ သွားတိုက်ဆေး
👉မန္တလေး၇ဲ့ အဆင့်မြင့် motel တစ်ခုမှာ
တစ်ညတာ အိပ်စက်အနားယူမယ်
👉ပြင်ဦးလွင်၇ဲ့ အဆင့်မြင့် motel တစ်ခုမှာ
တစ်ညတာ အိပ်စက်အနားယူကြမယ်
👉လမ်းခ၇ီး နေ့လည်စာ ၃ နပ် ညစာ ၂ နပ်= ၅နပ်
👉နံနက်စာ ၃ ကြိမ်
👉 ခ၇ီးလမ်းကြောင်းတာဝန်ခံ Tour Guide
👉ပျော်၇ွှင်စွာ ဂိမ်းဆော့၇င်း ကံစမ်းမဲအစီအစဉ်
👉ခ၇ီးသွားအာမခံ ထားပေးခြင်း
👉မေတ္တာလက်ဆောင်လေးတစ်ခုဆီပေးအုံးမှာ
👉မေမြို့ အပြန် လက်ဆောင်ပစ္စည်းများဝယ်၇န်
၂၁ မိုင် ဈေးဆိုင်တန်းနှင့် ဆွယ်တာဆိုင်

ထိုထို အ၇ာအားလုံးအတွက် ဒေါ်လာနဲ့ပေး၇င်
စိတ်ဆိုးမှာပါလို့ 😛😝😜

မြန်မာငွေကျပ် ၁၁၅၀၀၀ ကျပ်


ယူနိုင်ပါသည်။


၇ပါသည်။

ကဲ ဘာလိုသေးလဲ
မလိုတော့ ပါဘူးနော်

ဆက်ဖီအပြတ်ဆွဲမယ် 🤞✌️ေ၇ာက်လေ၇ာ မှတ်တမ်းတင်မယ် ✌️ ဒါပဲ

အော် ခု၇ှပ်မှနောင်၇ှင်း
ကားစထွက်တဲ့ ည ထမင်းမကျွေးပါဘူး😈
မကျွေးဘူးဆိုတာ ၀န်ဆောင်မှုထဲ မပါတာကို
ပြောတာနော်
ကွကိုယ် ၀ယ်စား စားသောက်ဆိုင် ၇ပ်ပေးမယ်

နောက် အပြန် ည မကျွေးဘူးနော်
အာ့လဲ ကွိကိုယ်ဝယ်စား စားသောက်ဆိုင်၇ပ်ပေးမယ် နော် နော်လို့စ်


ကားကို စင်းလုံးငှားမယ်... လည်မယ် ပတ်မယ်... မြန်ပြည်တခွင်ဝယ်.... 😎😎😎🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃...
18/10/2019

ကားကို စင်းလုံးငှားမယ်...
လည်မယ် ပတ်မယ်... မြန်ပြည်တခွင်ဝယ်.... 😎😎😎

🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️

မြန်မာပြည်အနှံ့ခရီးစဉ်အမျိုးမျိုးအတွက်
ဗဟုသုတရော နယ်မြေပါ ကျွမ်းကျင်တဲ့ ဝါရင့်သဘာရင့်ယာဉ်မောင်းများနှင့်...
ကားမျိူးစုံကို 🚗🚕🚙🚌🚎🏎🚐
နယ်ဝေး ညအိပ် မြို့တွင်း အကုန်
ဆီ လမ်းတံတားကြေး ဒရိုင်ဘာကြေး အကုန်အပြီးအစီး ငှါးရမ်းပေးပါသည်။

ရရှိနိုင်တဲ့ ကားအမျိုးအစားတွေကတော့ -

Saloon Types
- Toyota Mark X 🚗
- Toyota Mark II🚗
- Toyota Crown 🚗

Wagon Types
- Toyota Hiace ( 7 seaters )🚐
- Toyota Grand Cabin G ( 9 seaters)🚐
- Toyotal Hiace Commuter ( 14 seaters)🚐
- Toyota Alphard ( 8 Seaters)🚐

Bus Types
- Express Tour Grade ( 25 seaters ) 🚌🚎
- Express Tour Grade ( 33 seaters ) 🚌🚎
- Express Tour Grade ( 45 seaters ) 🚌🚎

===================================
အသေးစိတ်ကို 09977890964, 095168997, 095089800, 0933345545 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏🙏🙏

🚐🚓🚎🚌🚙🏎🚗🚕🚐🚓🏎🚎🚌🚙

13/09/2019

Address

Building (C/248), Room (A/1) Laydaungkan Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

095168997

Alerts

Be the first to know and let us send you an email when Forward Yangon Travels & Transportation Service Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share