09/03/2025
🇸🇬Singapore ကို ဈေးသက်သက်သာသာနဲ့သွားလည်ကြမလား ?
အားလုံးသိကြတဲ့အတိုင်း Singapore ကတော့ Public Transportation လေးတွေကို လွယ်လွယ်ကူကူ စီးပြီးသွားလို့ရတဲ့နိုင်ငံဖြစ်ပါတယ်။
ကဲ ဒါကြောင့် package နဲ့ မသွားပဲ ဈေးသက်သက်သာသာနဲ့ ကိုယ်ပါကိုယ့် GPS လေးကြည့်ပြီး သွားလို့ရတဲ့ နည်းလမ်းလေးတွေကို kayw Zall Hlaing Travel မှပြောပြပေးပါမယ်ရှင်။
ကဲ Singapore သွားမယ်ဆိုရင် အရင်ဆုံး လေယာဉ် လက်မှတ် air to tickets 🎫 ၀ယ်ရပါမယ်။ ကဲ Budget trip ဆိုတော့ Fly Mya ကနေ MAI airlines နဲ့ ၀ယ်ကြမယ်နော်။ ( ကဲ တစ်ခုကြိုပြောမယ် သွားမယ်သေချာရင် တစ်လ ကြို၀ယ်ပါ) ရက်ဝေးရင် ဝေးသလို ဈေးကွာလို့ပါနော် 😘 လေယာဉ်လက်မှတ်၀ယ်ပြီးပြီဆိုရင် သွားမယ့်ရက် သုံးရက်လိုရင် Singapore Arrival form ကို Online ကနေ ကြိုပြီးဖြည့်ထားရပါတယ်။ အဲတာမှ လွယ်လွယ်ကူကူ Singapore Immigration မှာ passport 🛂 scan လေးဖတ်ရုံနဲ့ ၀င်လို့ရမှာဖြစ်ပါတယ်။ ( အရေးကြီးတယ်နော် အဲတာလေးက airlines တွေကလဲ လက်မှတ်၀ယ်ပြီးရင် သူတို့ပြောပြပါတယ် စိတ်မပူပါနဲ့ )
ဟိုတယ် ကို ရွေးကြမယ်။ Agoda ကနေရှာလဲရတယ်။ တစ်ည $75လောက်က စပြီးရှိပါတယ်။ little India, gaylan ဘက်မှာ ဟိုတယ်တွေက တန်ကြတယ်။ Ibis budget hotel လေးတွေလဲကောင်းတယ်။ သန့်တယ်။ MRT ကိုတော့ လမ်းလေးလျှောက်ရမယ်နော်။ နိုင်ငံခြားသွားလည်တာဆိုတော့ စုံစုံလင်လင်ဖြစ်အောင် အနဲဆုံး တစ်ပတ်လောက်တော့နေနော်။ တစ်ပတ် ၇ ရက်ဆို ဟိုတယ်ခကခန့်မှန်းချေ S$550 လောက်တော့ ကုန်မယ်နော်။
ကဲ လေယာဉ်နဲ့ နေစရာ ရပြီဆိုတော့ သွားဖို့လေးပြောပြပေးမယ်။ အရမ်း ပစ်စည်းတွေ များမနေရင်တော့ MRT ပဲစီး။ လေဆိပ်ကထွက်တာနဲ့ MRT နားက counter မှာ MRT card လုပ်လိုက်ပါ။ $20လောက်ထည့်ထားလိုက်နော်။ နှစ်ရက်လောက်တော့သွားလို့ရမယ်။ ကုန်ရင်ထက်ဖြည့်ပေါ့😁။ MRT စီးထက်ဖို့က ဖုန်းထဲ SMRT map လေးdownload လုပ်ထားဖို့လိုပါတယ်။ ပြီးရင် Bus စီးဖို့ SG Buses Application လေး download ဆွဲထားပါ။ Buses လာမယ့်အချိန်လေးပါပါတော့ အဆင်ပြေတယ်။ GPS လဲ လိုတယ်နော်။ ကဲ ဒါဆို သွားချင်တဲ့နေရာသွားလို့ရပြီ။ 🚆🚍
ကဲ သွားဖို့ရပြီးဆိုတော့ စားဖို့ပြောပြပေးမယ် ။ မသွားခင် စားသောက်ဖို့တွက် တွက်ချက်ယူသွားလို့ရအောင် Macdonald KFC မှာတော့ 1 set ကို S$ 10 လောက်ကျမယ်။ နှစ်ယောက်စာဆို တစ်နပ် $20/25လောက်မှန်းထားပေါ့နော်။ နောက်တစ်ခုက ရေဘူးလေးဆောင်ထား လမ်းအရမ်းလျှောက်ရ နေလဲပူတော့ ရေငပ်တယ်။ ရေဘူးက အနဲဆုံး S$ 1.20 လောက်ကျတယ်။ အဲ amount ဆို Macdonald က ရေခဲမုန့်ပဲ၀ယ်စားလိုက်နော်။ ရေဘူးက ဟိုတယ်မှာလဲ drinking water refill လုပ်လို့ရသလို၊ လမ်းမှာလဲ drinking water refill လုပ်တဲ့နေရာတွေရှိတယ်။ refill လုပ်ပြီးသာသောက်။ သူတို့နိုင်ငံသားတွေလဲ ဒီလိုပဲသောက်ကြတာနော် 😁။
အရေးကြီးဆုံးလာပြီး လည်မယ့်နေရာတွေပြောမယ်။ လည်ဖို့ပတ်ဖို့ကို ရန်ကုန်မှာထဲက website ကနေ၀ယ်သွားပါ ပိုတန်တယ်။ သွားလို့ရတဲ့နေရာတွေအများကြီးပဲ ပိုက်ဆံပေးရတဲ့နေရာအရင်ပြောမယ် ကလေးမိဘတွေတွက်။
Singapore Zoo $25တယောက်ကို အဲလောက်ပေးရတယ် အမြဲ ဈေးအပြောင်းအလဲရှိ။
Rain forest
Bird paradise ဒီသုံးခုက တစ်နေရာထဲမှာရှိတယ် ။ ၀င်ကြေးပေးသွားရုံပဲ။
Sentosa sea aquarium $35ကျော်လောက်ပေးရ မသေချာ
Adventure coveရေကြိုက်ရင်သွားပါ။
Universal studio ကတော့သွားသင့်တယ်။ အပေါ်ကဟာတွေမသွားပဲ Universal studio ကိုပဲ တစ်နေ့လုံးအချိန်ပေးသွားလိုက်လဲပိုကောင်းတယ်။ S$65တစ်ယောက်ကို Universal studio application လေးdownload ဆွဲပြီးသွား show ပွဲတွေ ဘယ်နေရာမှာ ဘာကစားစရာရှိတယ်ကအစအကုန်ပါတယ်။ (မုန့်တွေ အချိုရေဘူးတွေတော့ထည့်သွား ထီးလေးလဲထည့်၊ မိုးကာလေးကို Value ကနေ၀ယ်သွား အထဲမှာဆို S$5 ပေးရတယ်။ value မှာဆို /S$1 ပဲပေးရတယ်)
Free သွားလို့ရတာလေးတွေပြောမယ်နော်
Merlion Park သွားကိုသွားရမယ့်နေရာ lion ပါးစပ်ထဲကရေထွက်တဲ့နေရာလေ 😁
Garden by the bay ညနေ ၅နာရီ ၆နာရီမှသွား ၇ခွဲ ဆို Show ရှိတယ်။ အဲချိန်မှလှတာမို့ ။
Marina Bay water play ကလေးတွေရေဆော့လို့ရတယ်။
Marina Barrage ရေကာတာနားလေ လှတယ် view ကြည့် ဓာတ်ပုံရိုက်ပေါ့
Lake side garden ၊ Chinese garden ကလေးတွေ သဲဆော့ လူကြီးတွေလမ်းလျှောက်ပုံရိုက်
Botanic garden အပင်တွေကြည့် ကလေးတွေ forest activities လေးတွေလုပ် သဲဆော့လို့ရ
Henderson Wave သံတံတားပေါ်လမ်းလျှောက် တောထဲရောက်သလိုလေး မနက်အစောကြီးနဲ့ ညနေစောင်းသွားတာပိုကောင်း
East Coast သွား ကိုယ်ကတော့ East coast ထက် Sentosa ပိုကြိုက်တယ်။ Sentosa က Siloso beach မှာ ရေဆော့တာပိုကြိုက်တယ်။
Shopping ထွက်မယ်
Orchard
Semerset
Bugis street (ဈေး၀ယ်လို့ကောင်း လက်ဆောင်ပေးဖို့ 3for S$10 တို့ ဘာတို့ အိတ်တွေ ဖိနပ်တွေ Bugis mall ထဲမှာ ဈေးချတာများတယ်။ အ၀တ်အထည်တွေက S$14 /S$ 20 လောက်ကစတယ် brand တွေက အ်တ်တွေဆို S$60 လောက်ကစမှာပေါ့ ၊(ပြောပြတာနော် မှန်းလို့ရအောင်လို့ )
H&M
Cotton On
Uniqlo
Mango
Zara နဲ့တခြား Brand ပေါင်းများစွာ ဈေးချရင်အလွန်တန်
လက်ဆောင်၀ယ်မယ်ဆိုရင် Value , ABC မှာ၀ယ် chocolate တွေတန်တယ် ။
Fair price
Seven eleven
Giant တို့မှာကျ အဲမှာ စားဖို့သောက်ဖို့လေးတွေ၀ယ်ပေါ့နော်။
ကလေးတွေတွက်ဆို Simmgle ၀ယ်ဈေးချနေရင် အရမ်းတန်တယ်။
Jurong east က IMM outlet လဲတန်တာပဲ
IKEA မှာလဲ အိမ်သုံးလေးတွေ တန်တယ်။
Shopping center တွေကအများကြီးဆိုတော့ ကြိုက်တာသာ၀ယ်ပေါ့နော် ဒီက budget ဖြစ်တာလေးတွေ ရေးပေးတာပါ။
ကဲဘယ်လောက်ကုန်မလဲဆိုရင်ဟိုတယ်လေယာဉ် bookingတင် ငွေချေတာ မပါ show money နဲ့သုံးဖို့ S$ 600/700လောက်ယူသွားပေါ့နော်။ ကိုယ့်သုံးရင်သုံးသလောက်ကုန်ပါတယ်။ ဒီက မှန်းပြပေးတာ ကွကိုယ် မှန်းလို့ရအောင်လို့ပါ။
(လုံး၀မသွားဖူးတဲ့ သူတွေမှန်းလို့ရအောင်လို့ပါ။ သွားဖူးသိဖူးတဲ့ လူတွေကျော်သွားပါနော်)
ကျမမှန်းကြည့်ပေးမယ်နော် နှစ်ယောက်သွားရင် တစ်ယောက်ဘယ်လောက်ကျမလဲဆိုတာကို တစ်ပတ်စာနဲ့ တွက်မယ်ဆိုရင် တစ်ယောက်ကို အင်း ၊၊၊🧳(S$1350လောက်ကျမယ်) 🧳
လေယာဉ်
ဟိုတယ်
Transportation
Entrance fees ( Universal studio, Adventure cove, Zoo)
Food (Breakfast, Lunch, Dinner) buffet ဆို အနဲဆုံး တယောက် S$20ကစ
Shopping ကတော့ ကွကိုယ် သုံးသလောက်ကုန်မှာပေါ့ Shopping သီးသန့်သုံးဖို့ $350နဲ့ တွက်ပြီးထည့်ပေးထားတာ 😁)
အဲထက်လဲ နဲနိုင်များနိုင်ပါတယ်။ ပိုလဲပိုနိုင်ပါတယ်။ ကိုယ့်ကိုယ်တိုင်ပေါ်မှာပဲမူတည်တယ်။ ဒီက ဒီတိုင်းစဉ်းစားလို့ရအောင်တွက်ပြတာပါရှင်။
အဆင်ပြေမယ်ထင်ပါတယ်။
🌺🌺🌺🌺