06/12/2021
Credit ပါရှင်
Export ထည်ဆိုတာဘာလဲ❓❓
Brand တွေဖြစ်ပြီးဘာလို့စျေးတန်နေရသလဲ အစစ်မဟုတ်ဘူးလား❓❓
Brand တွေဖြစ်ပြီး ဘာလို့ Made in Myanmar လဲ❓❓
မင်မင်ဖြေပါရစေ..
-Export ထည်ဆိုတာ အသစ်တွေပါ အဟောင်းမဟုတ်သလို used (ဘေ)လဲမဟုတ်ပါဘူး..
-Foreignနာမည်ကြီးbrandတွေ( H&M,Zara,OVS,
Lacoste,Pull&Bear,Mango,NEXT..) ကနေ မြန်မာပြည်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကိုအထည်လာအပ်ပါတယ် (အာ့ကြောင့် Made in Myanmar ပါတာပါ)
ဥပမာ စက်ရုံကို အထည်ရေ ၁၀၀၀အပ်ရင် ပိတ်စကို ၁၁၀၀စာလောက်ပေးပြီးအပ်ပါတယ် အထည်ချုပ်တွေက ၁၁၀၀စာချုပ်ပေးရပါတယ် အဲ့ဒီ့ထဲကမှ perfectly ဖြစ်တဲ့အထည် ၁၀၀၀ ကိုပဲ ရွေးထုတ်ပြီး နိုင်ငံခြား ကို တင်ပို့ပြီး showroom တွေ မှာ ရောင်းတာပါ ။
- ကျန်တဲ့ ၁၀၀ မှာတော့ ချည်ကျော်တာမျိုးတွေ၊ကြယ်သီး reject ဖြစ်တာမျိုးတွေ၊ဘောပင်ခြစ်ရာ၊အစွန်းတွေ ပါတာမျိုးရှိတတ်သလို လုံးဝမပါတဲ့အထည်တွေကတော့ပိုများပါတယ် reject ရှားပါတယ်။
အဲ့တာဆိုဘာလို့ အထည်၁၀၀လုံးrejectထိတာလဲ??
- ကောင်းပါပေ့ဆိုတဲ့ အထည်တွေကိုရွေးထုတ်ပြီးရင်ကျန်တဲ့အထည်တွေကဘာဖြစ်ဖြစ် စက်ရုံမှာပဲကျန်ခဲ့ရတာပါ အဲ့တော့အနာဆာမပါတာတွေလည်းရှိပါတယ်
Export ထည်ဖြစ်ပေါ်လာပုံ ..
အသားတံဆိပ်မှားတပ်တာ ဆိုဒ်မှားတပ်မိတာမျိုးတွေ
အတွင်းသားချည်မျှင်လေးပိုနေရုံ မမြင်သာတဲ့ မပြောပလောက်တဲ့ error သေးသေးလေးပါတဲ့အထည်မျိုးတွေ ဖြစ်ပါတယ်
အဲ့ထဲကမှ quality အပြည့်မှီရင်တောင် အထည်ရေ ၁၀၀၀ ထုတ်ရင် ၁၀၀၀ ထက်ပိုသွားတဲ့အခါ..
နိုင်ငံရပ်ခြားကိုပို့ချိန်မှာ Shipping နောက်ကျသွားတာမျိုး..
- အထည်ချုပ်ခဖိုးကတော့ ၁၀၀၀စာပဲရတာမလို့ အလုပ်သမားခ နဲ့တခြားချည်ဖိုးဘာညာ ပြန်ကာမိအောင် ပယ်လိုက်တဲ့ပို ထည်တွေကို စက်ရုံကပြန်ရောင်းရင်း export ဆိုတာဖြစ်လာတာပါ
လုံးဝအသစ်ပါ။အတုလည်းမဟုတ်ပါဘူး..
-တခါတလေ tag အပြည့်အစုံပါပါတယ်တခါတလေ brand tag တွေမှာကပ်တဲ့ ကပ်စျေးတောင်ပါပါတယ်
Exportထည်ဝတ်သင့်လား??
အဖြေကတော့လုံးဝ* YES *ပါ ဘာလို့လဲဆိုရင် budget ချွေတာရာရောက်ပြီး Fashion ကျတယ်
စျေးကလဲများသောအားဖြင့် ၈၀၀၀ ကနေ ၁၈၀၀၀ ကျပ်ဝန်းကျင်လောက်ထိပဲရှိပါတယ်.. My Dear Fashionမှာလေ..
Export ထည်မလို့ cutting ပိူင်းနဲ့ fashion ကျမှုအပိုင်းကတော့ပြောစရာမလိုတော့ပါဘူး
မင်မင်ကတော့exportထည်တွေအရမ်းကြိုက်ပါတယ် ပေးရတဲ့စျေးထက်သာတဲquality လည်းရသလို တထည်တထည်ဆို အကြာကြီးလည်းဝတ်ရပါတယ် ..
ပုံမှန် official website မှာဝယ်ရင် ၁ ထည် ၅ သောင်းကနေ သိန်းကျော်တန်တွေကို export ထည်မှာဆိုထောင်ဂဏန်းနေ အများဆုံး ၁ သောင်းကျော်ပဲကျတာမို့ အရမ်းတန် ပြီးဝယ်လို့ကောင်းတာပါ 😃
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူကြတော့ showroom/official ကနေဝယ်ပီးသုံးရတဲ့feelingမျိုး ကြိုက်ရင် official ကဝယ်ပါ
စျေးသက်သက်သာသာနဲ့ ချွေတာရာရောက်တယ် ၊အစစ်လည်းဝတ်ချင်ရင်တော့ မင်မင်တို့လို့ Export Fashionရောင်းတဲ့ ဆိုင်တွေကဝယ်ပါနော် ..