23/07/2026
🏞️တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ အလယ်ဗဟိုတွင် တည်ရှိပြီး ခမ်းနားလှပသော Jade Dragon Snow Mountain (ခေါ်) Yùlóng Xuěshān (ယွီလုံ ရွှယ်ရှန်) နှင်းတောင်တန်းကြီးကို မြင်တွေ့ခံစားနိုင်တဲ့ Club Med Lijiang (လီကျန်း) က သဘာဝအလှနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါင်းစည်းထားသော အပန်းဖြေ resort ဖြစ်ပါတယ်✨
🛖တရုတ်ရိုးရာ ရှေးဟောင်းမြို့၊ ဒေသခံ Naxi လူမျိုးများရဲ့ ထူးခြားသော ယဉ်ကျေးမှုများ၊ အရသာရှိသော အစားအစာများကို လေ့လာခံစားနိုင်သလို မိသားစုနှင့်တူတူ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်းပြုလုပ်ပြီး သဘာဝတရားကို အပြည့်အဝ ခံစားနိုင်ပါသေးတယ်နော်🏔️
resort အတွင်းမှာလည်း ကလေးများအကြိုက် Indoor Water Parkနှင့် ကစားကွင်းကျယ်များ၊ ဖေဖေမေမေတို့အတွက် relax လုပ်လို့ကောင်းတဲ့ activity များ စုံစုံလင်လင်ပါရှိတဲ့အတွက် တစ်နှစ်ပတ်လုံး လာရောက်အပန်းဖြေနိုင်ပါတယ်။