Myanmar Fantastic Travel and Tours

Myanmar Fantastic Travel and Tours Myanmar Fantastic Travel and Tours
205 ground floor,37th street upper block, Kyaukthada Township.Yan

🇺🇸 ဩဂုတ်လမှ အောက်တိုဘာလ ၂၀၂၃ အထိ အမေရိကန်ဗီဇာ အင်တာဗျူးရက်ချိန်းများ ကို ၂၈ ဧပြီ ၂၀၂၃ နေ့လည် ၃ နာရီမှစတင်၍ ပြန်လည်ဖွင့်လ...
26/04/2023

🇺🇸 ဩဂုတ်လမှ အောက်တိုဘာလ ၂၀၂၃ အထိ အမေရိကန်ဗီဇာ အင်တာဗျူးရက်ချိန်းများ ကို ၂၈ ဧပြီ ၂၀၂၃ နေ့လည် ၃ နာရီမှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။
အလားတူ ဇွန် နှင့် ဇူလိုင် လအတွက်ရက်ချိန်းများလည်း ဖွင့်လှစ် မည်ဖြစ်ပါသောကြောင့် လူကြီးမင်းတို့၏ အင်တာဗျူးရက်ချိန်းအား စောလျင်စွာ ရယူနိုင်ရန်အတွက် Myanmar Fantastic Travel and Tour သို့အမြန်ဆက်သွယ် လျောက်ထားကြပါရန်။

☎ 09444555678

📢📢📢
13/03/2023

📢📢📢

📢 ကျွန်မတို့ ကုမ္မဏီမှလေယဥ်လက်မှတ်၊ package tour များနှင့် ဗီဇာဝန်ဆောင်မှူ ဝယ်ယူသည့် ခရီးသည်များအားလုံးအတွက် နိုင်ငံကူးလ...
28/02/2023

📢 ကျွန်မတို့ ကုမ္မဏီမှလေယဥ်လက်မှတ်၊ package tour များနှင့် ဗီဇာဝန်ဆောင်မှူ ဝယ်ယူသည့် ခရီးသည်များအားလုံးအတွက် နိုင်ငံကူးလက်မှတ် အသစ်လျောက်ထားခြင်း နှင့် သက်တမ်းတိုးခြင်း online booking အား မတ်လ ၁ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အတွင်း အခမဲ့ဝန်ဆောင်မှူ ပေးသွားမည်ဖြစ်ပါတယ်ရှင့်။ အသေးစိတ်သိရှိလိုပါက cb တွင်လာရောက်မေးမြန်းနိုင်ပါသည်ရှင်။


#နိုင်ငံကူးလက်မှတ်


📢 ရန်ကုန်အသစ်လျောက်ထားခြင်း ယာယီပြန်ပိတ်   #နိုင်ငံကူးလက်မှတ်
27/02/2023

📢 ရန်ကုန်အသစ်လျောက်ထားခြင်း ယာယီပြန်ပိတ်


#နိုင်ငံကူးလက်မှတ်

📢 မန္တလေး #နိုင်ငံကူးလက်မှတ်  photo crd
27/02/2023

📢 မန္တလေး

#နိုင်ငံကူးလက်မှတ်


photo crd

နိုင်ငံကူးလက်မှတ် online လျောက်ထားခြင်းအား ယနေ့ပိတ်ပါတယ်ရှင်။ မနက်ဖြန် (၂၆-၂-၂၀၂၃) တွင်ပြန်ဖွင့်ပါမည်။ အားလုံးပဲအဆင်ပြေက...
25/02/2023

နိုင်ငံကူးလက်မှတ် online လျောက်ထားခြင်းအား ယနေ့ပိတ်ပါတယ်ရှင်။ မနက်ဖြန် (၂၆-၂-၂၀၂၃) တွင်ပြန်ဖွင့်ပါမည်။ အားလုံးပဲအဆင်ပြေကြပါစေ။


#နိုင်ငံကူးလက်မှတ်

🇬🇧 ယူကေ အလည်အပတ်ဗီဇာ လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ🔹 နိုင်ငံကူးလက်မှတ် (အသစ်+အဟောင်း)🔹ဓာတ်ပုံ🔹မှတ်ပုံတင် (မ...
25/02/2023

🇬🇧 ယူကေ အလည်အပတ်ဗီဇာ လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

🔹 နိုင်ငံကူးလက်မှတ် (အသစ်+အဟောင်း)
🔹ဓာတ်ပုံ
🔹မှတ်ပုံတင် (မူရင်း၊ မိတ္တူ၊ နိုတြီ)
🔹 အိမ်ထောင်စုစာရင်း (မူရင်း၊ မိတ္တူ၊ နိုတြီ)
🔹ဘဏ်စာရင်းစာအုပ် နှင့် Bank Statement (အနည်းဆုံး ၃လ သက်တမ်း)
🔹လျှောက်ထားသူ၏ ပိုင်ဆိုင်မှုအထောက်အထားများ (အိမ်၊ ခြံ၊ မြေ)
🔹လျှောက်ထားသူသည် ကုမ္ပဏီပိုင်ရှင်ဖြစ်ပါက DICA မှ အသိအမှတ်ပြု ကုမ္ပဏီမှတ်ပုံတင်၊ လုပ်ငန်းလိုင်စင် ၊ အခွန်စာရွက်
🔹 လျှောက်ထားသူသည် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီမှထုတ်ပေးသော အလုပ်အကိုင်ထောက်ခံစာ
🔹ကျောင်းသားဖြစ်ပါကျောင်းတက်နေကြောင်း ထောက်ခံစာနှင့် အုပ်ထိန်းသူ၏ အလုပ်အကိုင်ထောက်ခံစာ
🔹 အိမ်ထောင်သည်မှီခို ဖြစ်ပါက မိမိမှီခိုနေထိုင်သူ၏ အလုပ်အကိုင်ထောက်ခံစာ
🔹 ၁၀နှစ်အတွင်း ခရီးသွားခြင်းဆိုင်ရာအချက်အလက်များ
🔹 ခရီးသွားအာမခံ
🔹 လေယာဉ်လက်မှတ်အသွားအပြန်ဘိုကင်
🔹 ဟိုတယ်ဘိုကင်
🔹 နေထိုင်သွားလာမည့်အစီအစဉ်
🔹 ဖိတ်ခေါ်သူရှိပါက ဖိတ်ခေါ်သူ၏ လက်ရှိဝင်ငွေအထောက်အထား၊အခွန်ပြေစာများ၊ ဖိတ်ခေါ်စာ

အထက်ပါအချက်အလက်များသည် ပုံမှန်လိုအပ်သော စာရွက်စာတမ်းများသာဖြစ်ပြီး လျှောက်ထားသူ တစ်ဦးချင်းစီ၏အခြေအနေပေါ်မူတည်၍ အခြားလိုအပ်သောစာရွက်စာတမ်းများ ထပ်မံတင်ပြရန် တောင်းဆိုမှုများ ရှိနိုင်သောကြောင့် အချိန်ယူ၍ စောလျင်စွာ လျှောက်ထားစေချင်ပါသည်။

📢 Passport လျောက်သူများ ပိုက်ဆံသွင်းပြီးမရပ်လိုက်ကြပါနဲ့နော်။ ရက်ချိန်းဆက်ယူကြပါနော်။   #နိုင်ငံကူးလက်မှတ်
24/02/2023

📢 Passport လျောက်သူများ ပိုက်ဆံသွင်းပြီးမရပ်လိုက်ကြပါနဲ့နော်။ ရက်ချိန်းဆက်ယူကြပါနော်။


#နိုင်ငံကူးလက်မှတ်

🚨🚨🚨နိုင်ငံကူးလက်မှတ်လမ်းညွှန် နိုင်ငံကူးလက်မှတ် အသစ်သော်လည်းကောင်း၊ သက်တမ်းတိုး သော်လည်းကောင်း ပြုလုပ်မည်ဆိုလျင်...အားလု...
23/02/2023

🚨🚨🚨
နိုင်ငံကူးလက်မှတ်လမ်းညွှန်

နိုင်ငံကူးလက်မှတ် အသစ်သော်လည်းကောင်း၊ သက်တမ်းတိုး သော်လည်းကောင်း ပြုလုပ်မည်ဆိုလျင်...
အားလုံးပဲ နားလည်အောင်ကြိုးစားပြီး ကိုယ်တိုင်လျောက်ထားစေချင်ပါတယ်။ လွယ်ကူတာမို့ အခကြေးငွေအကုန်ခံပြီး မည်သည့်ဝန်ဆောင်မှူကိုမျှမအပ်စေလိုပါ။ အောက်ပါလမ်းညွှန်ချက်များကိုဂရုတစိုက်ဖတ်ပေးပါရန်။

Online Booking ပြုလုပ်ခြင်းလမ်းညွှန်

၁။ ပုံမှန်ရက်ချိန်းရယူသူများမှ Online Appointment ပြုလုပ်ခြင်းခလုတ် (သို့မဟုတ်) အရေးကြီး/ အရေးပေါ်ကိစ္စရပ်များအတွက် ဝန်ကြီးဌာနထောက်ခံစာဖြင့် လျှောက်ထားသူများမှ Green Channel ဖြင့် လျှောက်ထားခြင်း (ဝန်ကြီးဌာနများမှတဆင့် လျှောက်ထားသူများသာ) ခလုတ်ကို နှိပ်၍ စနစ်အတွင်း ဝင်ရောက်ပါ။

၂။ မိမိနှင့်အတူ နိုင်ငံကူးလက်မှတ် ပူးတွဲလျှောက်ထားလိုသည့် လူဦးရေကို ရွေးချယ်ပါ။ လျှောက်ထားသူအားလုံးအတွက် ငွေလက်ခံနှင့် ရက်ချိန်းအတည်ပြုချက် လက်ခံရယူမည့် Email အား ဖြည့်သွင်း၍ Continue ခလုတ်ကို နှိပ်ပါ။

၃။ ကိုယ်ရေးအချက်အလက်(၁)ရှိ အချက်အလက်များအားလုံး ကို ဖြည့်သွင်းပါ။ ကိုယ်ရေး အချက်အလက်(၂) နှင့် မိသားစုဝင်နှင့် ညီအစ်ကိုမောင်နှများ၏ အချက်အလက်များကိုလည်း Online မှ တစ်ပါတည်းဖြည့်သွင်း လျှောက်ထားနိုင်သကဲ့သို့ အခက်အခဲရှိပါက ယင်း အချက်အလက်များကို နိုင်ငံကူးလက်မှတ်လျှောက်လွှာဖောင်တွင် လက်ရေးဖြင့် ရေးဖြည့်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

၄။ တစ်ဦးထက်ပိုသော လျှောက်ထားသူများမှ လျှောက်ထားသူတစ်ဦးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးလျှင် အချက်အလက်ဖြည့်စွက်ပြီးသည့် လျှောက်ထားသူအား စာရင်းသွင်းရန် Add to List ခလုတ်ကို နှိပ်ပါ။ ထို့နောက် အခြားလျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်ဖြည့်သွင်းပါ။

၅။ လျှောက်ထားသူအားလုံးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးမှသာ မျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ Review and Submit ခလုတ်ကိုနှိပ်ပါ။ တစ်ဦးချင်းစီစစ်ဆေးပြီး မှန်ကန်လျှင် 'အချက်အလက်များစစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်' စာသားရှေ့တွင် အမှန် ခြစ်ပါ။ ကွဲလွဲချက်ရှိနေပါက Edit ခလုတ်ကို နှိပ်၍ ကွဲလွဲသည့်အချက်အလက်ကို ပြင်ဆင်ပါ။ အားလုံးမှန်ကန်ပါက Submit Form ကို နှိပ်ပါ။

၆။ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီးပါက ငွေပေးသွင်းရပါမည်။ ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ပါသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ရပါမည်။ ပေးချေရာတွင် လျှောက်ထားသူတစ်ဦးချင်းစီ၏ Invoice No. ကို ရွေးချယ်၍ ငွေပေးချေမည့်စနစ်ကို ရွေးချယ်ပေးချေနိုင်ပါသည်။ လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးအတွက် ၇၅၀၀၀ ကျပ်တို့ ပေးသွင်း ရပါမည်။ သက်တမ်းတိုး လျှောက်ထားသူများ အနေဖြင့် မိမိလက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် စာအုပ်သည် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေပါက ဌာနမှ ပျက်စီးစာအုပ်အဖြစ် သတ်မှတ်မည်ဖြစ်သည့်အတွက် ၇၅၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းထားရန်လိုအပ်ပြီး ၃၅၀၀၀ ကျပ် နှုန်းဖြင့်သာ ပေးသွင်းထားပါက ရုံးတွင်းရောက်ချိန် ကျန်ဒဏ်ကြေးငွေ ၄၀၀၀၀ ကျပ်ကို ထပ်မံပေးသွင်းရန် အခက်အခဲ ကြုံတွေ့နိုင်ပါသည်။

၇။ ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား စနစ်မှအလိုအလျောက် သတ်မှတ်ပေးပါမည်။ Green Channel ဖြင့် လျှောက်ထားသူများအတွက်ကိုမူ စနစ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား ထုတ်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရုံးသို့လာရောက်ရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်သည်။

#နိုင်ငံကူးလက်မှတ်

🚨🚨🚨နိုင်ငံကူးလက်မှတ်များကို 24 Feb 2023 မှစတင်၍ ပြန်လည်လျှောက်ထားနိုင်ပါပြီ။   #နိုင်ငံကူးလက်မှတ်
22/02/2023

🚨🚨🚨
နိုင်ငံကူးလက်မှတ်များကို 24 Feb 2023 မှစတင်၍ ပြန်လည်လျှောက်ထားနိုင်ပါပြီ။


#နိုင်ငံကူးလက်မှတ်

🇦🇪 ဒူဘိုင်း (Dubai - U.A.E) ဗီဇာများ လွယ်ကူလျင်မြန်စွာလျောက်ထားနိုင်ပါပြီ။🇦🇪 ဗီဇာကြေးများ (Insurance ပါပြီး)🔹ရက် ၃၀ ဗီဇာ...
20/01/2023

🇦🇪 ဒူဘိုင်း (Dubai - U.A.E) ဗီဇာများ လွယ်ကူလျင်မြန်စွာလျောက်ထားနိုင်ပါပြီ။

🇦🇪 ဗီဇာကြေးများ (Insurance ပါပြီး)
🔹ရက် ၃၀ ဗီဇာ -> ​ဒေါ်လာ ၁၅၀
🔹ရက် ၆၀ ဗီဇာ -> ဒေါ်လာ ၂၀၀

🇦🇪 ဒူဘိုင်းဗီဇာ လိုအပ်ချက်များ
✅ ပတ်စ်ပို့
✅ ဓါတ်ပုံ (၂ လက်မပတ်လည် နောက်ခံအဖြူ)

➡️ ကြာချိန် ~ ၃ရက် မှ ၅ရက်အတွင်း




20/01/2023

Address

H93 Shwetharaphi 2nd Lane, FMI City
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959444555678

Website

Alerts

Be the first to know and let us send you an email when Myanmar Fantastic Travel and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Fantastic Travel and Tours:

Share

Category