ပူတာအို ခရီးသွား လုပ်ငန်း #Putao Tours by Putao Expert

  • Home
  • Myanmar
  • Yangon
  • ပူတာအို ခရီးသွား လုပ်ငန်း #Putao Tours by Putao Expert

ပူတာအို ခရီးသွား လုပ်ငန်း           #Putao Tours by Putao Expert We are specialist in Putao tours.

We organize Putao tours such as incentive tours, cultural sightseeing, classical tours, trekking tours, hiking tours, rafting tours, orchid tours, biking tours and special interested tours in Putao.

အားလုံးပဲ မဂ်လာပါခဗျား(23.2.2023 မှ 1.3.2023 ထိ ဖုန်ကန်ရာဇီရေခဲတောင်သို့  ထွက်ခွါမည့် ခရီးစဉ် အသေးစိတ် ဖြစ်ပါတယ်ခဗျား) ခ...
25/01/2023

အားလုံးပဲ မဂ်လာပါခဗျား
(23.2.2023 မှ 1.3.2023 ထိ ဖုန်ကန်ရာဇီရေခဲတောင်သို့ ထွက်ခွါမည့် ခရီးစဉ် အသေးစိတ် ဖြစ်ပါတယ်ခဗျား) ခရီးစဉ် စိတ်ပါဝင်စား၍ လိုက်ပါလိုသော ဧည့်သည်တော်များအနေဖြင့် ယခု
ကတည်းက လေယာဉ်လက်မှတ်များ ကြိုတင် စီစဉ်ထား၍ ကြိုတင် စာရင်းပေးသွင်းထားစေလိုပါတယ်ခဗျား။ အနယ်နယ် အရပ်ရပ်မှ မိတ်သစ် ဆွေသစ် အပေါင်းအသင်း အသစ် ရရှိလိုသည်ဖြစ်စေ မိမိရဲ့ ရေခဲတောင်တက် အားကစားကို ဝါသနာပါသည်ဖြစ်စေ၊ ဘဝမှာ တစ်ကြိမ်လောက် ရေခဲတောင်တက် စွန့်စားလိုသည်‌ဖြစ်စေ၊ ကိုယ့်မြန်မာနိုင်ငံထဲက ရေခဲတောင်ကို တက်ရောက်ဖူးလိုသည်ဖြစ်စေ ယခုခရီးစဉ်လေးကို ချိတ်ဆက်လို့ အဆင်ပြေပါတယ်ခဗျား။ စွန့်စားခရီးတွေ သွားခြင်း အားဖြင့် မိမိကိုကိုယ် ယုံကြည်မှု တိုးပွါးလာခြင်း မိတ်သစ် ဆွေသစ်တွေနဲ့ စွန့်စားခရီး သွားရခြင်းရဲ့ အနှစ်သာရတွေကို ရရှိ ခံစားစေမယ့် 2023 ဖေဖော်ဝါရီလရဲ့ ခရီးစဉ်လေး တစ်ခုဖြစ်ပါတယ်ခဗျား။ ခရီးသွား ရေခဲတောင်တက် ဧည့်သည်တော်များ ကြိုတင်ပြင်ဆင်လေ့လာထားနိုင်ကြပါစေခဗျား။

(23.2.2023) ရက်နေ့ ။ ။ ပူတာအိုမြို့ မှ ဆိုင်ကယ် (စွန့်စားခရီး)ဖြင့် ဇီယာဒမ်းကျေးရွာသို့ ခရီးဆက် ညအိပ်အနားယူပါမည်။

(24.2.2023) ရက်နေ့ ။ ။ ဇီယာဒမ်းကျေးရွာ မှ သစ်ပင်ကြီးတောစခန်းတွင် ညအိပ်ပါမည်။ (မြေပြန့် ၊ တောင်တတ် ၇ မိုင်၊ လမ်းလျှောက်ချိန် ၇း၀၀ နာရီ၊ အောက်သစ်ပင်ကြီးစခန်း အမြင့်ပေ ၆၅၀၀ ပေ၊ အထက်သစ်ပင်ကြီးစခန်း ၇၀၀၀ ပေခန့် )။

(25.2.2023) ရက်နေ့ ။ ။ သစ်ပင်ကြီးတောစခန်း မှ ခမ်းသောက်မြစ် စခန်းတွင် ညအိပ်အနားယူပါမည်။ (ခက်ခဲသော တောင်တတ်တောင်ဆင်း- ၇ မိုင်၊ လမ်းလျှောက်ချိန် ၆း၀၀ နာရီ၊ အမြင့်ပေ ၈၀၀၀ ပေခန့်) ။

(26.2.2023) ရက်နေ့ ။ ။ ခမ်းသောက်မြစ် စခန်း မှ ဖုန်ကန်ရာဇီ တောင်ခြေ ရေခဲစပ်စခန်းတွင် ညအိပ်ပါမည် ။
(တောင်တက် ၅ မိုင်၊ လမ်းလျှောက်ချိန် ၅း၀၀ နာရီ၊ အမြင့်ပေ ၁၀၀၀၀ ပေခန့်) ။

(27.2.2023) ရက်နေ့ ။ ။ ရေခဲစပ် တောင်ခြေ စခန်း မှ ဖုန်ကန်ရာဇီတောင်ထိပ် သို့ တက်ရောက်ပြီး ရေခဲစပ်စခန်းသို့ ပြန်ဆင်းကာ ပစ္စည်းများ သိမ်းဆည်းပြီး ခမ်းသောက်မြစ် စခန်းသို့ ပြန်ဆင်းပြီး ညအိပ်ပါမည်။ (တောင်ခြေမှ တောင်ထိပ်သို့ ( ၃ မိုင်) ၊ တောင်ဆင်း-၃ မိုင်၊ ခမ်းသောက်မြစ်သို့ ၅ မိုင် ၊ ယနေ့ လမ်းလျှောက်ရမည့် မိုင် ၁၁ မိုင် ၊ ယနေ့ လမ်းလျှောက်ချိန်- ၈ နာရီ၊ ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ် အမြင့်ပေ-၁၁,၉၂၀ ပေ။

(28.2.2023) ရက်နေ့ ။ ။ ခမ်းသောက်မြစ် စခန်း မှ သစ်ပင်ကြီးစခန်းကို ကျော်ပြီး ဇီယာဒမ်း ကျေးရွာတွင် ညအိပ်ပါမည်။
(မြေပြန့်တောင်ဆင်း-၇ မိုင်၊ လမ်းလျှောက်ချိန်-၆ နာရီ၊ အမြင့်ပေ-၇,၀၀၀ မှ ၃,၀၀၀)။

(1.3.2023) ရက်နေ့ ။ ။ ဇီယာဒမ်းကျေးရွာ မှ ဆိုင်ကယ်(စွန့်စားခရီး)ဖြင့် ပူတာအိုမြို့သို့ ပြန်လည် ထွက်ခွါမှာဖြစ်ပြီး ခရီးစဉ် ပြီးဆုံးပါပြီ။

(ဖုန်ကန်ရာဇီရေခဲတောင်ကို စိတ်ဝင်စား၍ တက်ရောက်လိုသူများအတွက် လိုအပ်သော ပစ္စည်းစာရင်းများ)

- ရေခဲတောင်ပေါ်တွင် ဝတ်ရန် အနွေးသားပါသော မိုးကာအင်္ကျီအထူ ၁ ထည်၊
- လမ်းလျှောက်ချိန် ဝတ်ရန် မိုးကာသား အင်းကျီ လက်ရှည်အပါး ၁ ထည် ၊
- လက်အိပ်အထူ ၁ စုံ၊ အပါး တစ်စုံ ။
- ခြေအိပ်အထူ ၃ စုံ၊ အပါး ၃ စုံ
- လျှာထိုးဦးထုပ် (သို့) နေကာ ဦးထုပ် ၁ လုံး၊
- စွယ်တာ အနွေး ဦးထုပ် ၁ လုံး၊
- နားအုပ် ၁ စုံ၊
- ရိုးရိုး ဆွယ်တာလက်ရှည် အင်ကျီ ၂ ထည်၊
- ရိုးရိုး အင်ကျီ င်္လက်ရှည်အပါး ၂ ထည်၊
- ရိုးရိုး ဆွယ်တာဘောင်းဘီ ၂ ထည်၊
- မိုးကာသား(သို့မဟုတ်) ဆွဲသား လမ်းလျှောက်ဘောင်းဘီ ၂ ထည်၊
- နေကာမျက်မှန် ၁ လက်၊
- ပွိုင့်ကောင်းသော တောင်တက်ဖိနပ် (သို့မဟုတ်) စစ်ဖိနပ် ၁ စုံ ၊
- စခန်းချ နားချိန် စီးရန် ညှပ်ဖိနပ် တစ်ရံ၊
- မိုးရေလုံသော ဆိုင်ကယ်စီး မိုးကာ အရှည် ၁ ထည်၊
- မိမိတစ်ကိုယ်ရေသုံး သောက်ရေဘူး ၁ ဘူး ၊ ရေ အသောက်များသူများ အပို တစ်ဗူး ဆောင်ထားရန် ၊
- ခေါင်းစွတ် ဓါတ်မီး ၁ လက် နှင့်ဓါတ်ခဲ ၃ စုံ ၊
- မိမိအဝတ်အစားများထည့်၍ အထမ်းသို့ အပ်ရန် လက်ဆွဲအိတ် အပျော့ ပေါ့ပေါ့ပါးပါး တစ်လုံး နှင့် မိမိ သယ်ယူရမည့် ရေဗူး ၊ ဆိုင်ကယ်စီး မိုးကာ ၊ ဓာတ်မီး ၊ မိုးကာအင်ကျီအပါး နှင့် သရေဆာ မုန့်များထည့်ပြီး လွယ်ရန် ပေါ့ပေါ့ပါးပါး ကျောပိုးအိပ် အသေး တစ်လုံး ၊
- မိမိအသုံးအဆောင် ဆေးဝါးများနှင့် အခြား အသုံးအဆောင် ပစ္စည်းများ ( အားဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ခြင်ဖြန်းဆေး၊ ဓာတ်ဆား၊ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊နာစီးချောင်းဆိုးပျောက်ဆေး၊ အနာလိမ်းဆေး၊ ခေါင်းကိုက်ပျောက်ဆေး၊ လက်သည်းညပ်၊ အပ်၊ သွားတိုက်တံ ၊ သွားတိုက်ဆေး၊ ဝိုက်သစ်ရှူး ၊ ဒူးစွတ်၊ မောက်စ်၊ နူတ်ခမ်းနီအဆီ၊ )၊
- ကင်မရာ နှင့် ဖုန်းများ ယူဆောင်လာပါက အားသွင်းရန် ပါဝါပန့် ၊
- မိမိကြိုက်နစ်သက်သော သရေစာမုန့် အနည်းငယ်၊
- ဖေဖော်ရီလ မှ မေလအထိ ရေခဲကျစ်သောကြောင့် ဘိုးဖိနပ်အောက်ခြေတွင် သပ်ရသော သံဆူး ။
- လမ်းလျှောက် တုတ်ချောင်း ၊

(ဖုန်ကန်ရာဇီရေခဲတောင် သို့ ရန်ကုန် - မန္တလေး - မြစ်ကြီးနားမှ လာရောက်ချင်သူများအတွက် ခရီးစဉ် အသေးစိတ်များ)အောက်တိုဘာ လကုန်မှ
မေလကုန် အထိ

(၁) ရက်နေ့ ။ ။ ရန်ကုန်- မန်းလေး- မြစ်ကြီးနားမှ လေကြောင်းဖြင့် ပူတာအိုမြို့သို့ အရောက်လာရမည်ဖြစ်ပြီး ပူတာအိုမြို့သို့ ရောက်ရှိသောအခါတွင် မိမိယူဆောင်လာသော ပစ္စည်းများကို ပြည့်စုံမှု့ ရှိမရှိ လိုအပ်သည်များကို စစ်ဆေးပေးသွားမည်ဖြစ်ပါသည်၊ ထို့နောက် မိမိကြိုက်နစ်သက်သော အစားအစာများ စားသုံးပြီး မိမိတည်းခိုသည့် တည်းခိုခန်းသို့ ပြန်ကာ အိပ်စက်အနားယူပါမည်။ ( ယနေ့သည် မိမိစရိတ်ဖြင့် မိမိ သွားလာ နေထိုင် စားသောက်ရပါမည် )

(၂)ပူတာအိုမှ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် ဇီယာဒမ်းကျေးရွာသို့ စတင်ထွက်ခွါမှာ ဖြစ်ပြီး ဇီယာဒမ်းကျေးရွာတွင် ညအိပ်အနားယူမှာ ဖြစ်ပါတယ်။

(၃) ရက်နေ့ ။ ဇီယာဒမ်းကျေးရွာတွင် မနက်စာစားသုံးပြီး မနက် ၈း၀၀ နာရီ တွင် စတင်ထွက်ခွာပါမည်။ လမ်းခရီးမြေပြန့်များပြီး ၃ မိုင်ခန့် လျှောက်ပြီးသောအခါ ဖုန်ကန်ချောင်းဆုံတွင် နေ့လည်စာစားသုံးမှာ ဖြစ်ပါသည်၊ ထို့နောက် ၄ မိုင်ခန့် တောလမ်းကြီးအတိုင်း တောင်တတ်ပါမည်။လမ်းခရီး သစ်ပင်ကြီး စခန်းအထိ သောက်ရေ စမ်းချောင်းများ မရှိတော့သည့့်အတွက် မိမိရေဗူးများတွင် ရေအပြည့် ဖြည့်စွတ်သွား ရပါမည် ၊ သစ်ပင်ကြီးတောစခန်းသို့ ရောက်သောအခါ မိုးကာရွက်ဖျင်တဲများဖြင့် စခန်းချကာ ညစာချက်ပြုတ်စားသောက်မည်ဖြစ်ပြီး အိပ်စက်အနားယူပါမည်။ (မြေပြန့်တောင်တတ် ၇ မိုင်၊ လမ်းလျှောက်ချိန် ၇း၀၀ နာရီ၊ အောက်သစ်ပင်ကြီးစခန်း အမြင့်ပေ ၆၅၀၀ ပေ၊ အထက်သစ်ပင်ကြီးစခန်း ၇၀၀၀ ပေခန့် ) တောင်တက်အတွေ့အကြုံ မရှိသောသူများ မိုးချုပ်နိင်ပြီး သရေစာမုန့်များ ၊ ဓာတ်မီး ဓာတ်ခဲ အပြည့်အစုံ ကိုယ်နှင့် မကွာ ဆောင်ထားရပါမည်။

(၄) ရက်နေ့ ။ သစ်ပင်ကြီးတောစခန်းတွင် မနက်စာကို ၀၆း၃၀ စားပြီး မနက် ၇း၀၀ နာရီ တွင် စတင်တောင်တတ်ပါမည်။ လမ်းခရီးတောင်တက် တောင်ဆင်းများပြီး တောအုပ်ထူထူက်ုဖြတ်သန်းရပါမည် ၊ အမြင့်ပိုင်းရောက်လာသည်နှင့်အမျှ အအေး ပိုလာမှာ ဖြစ်ပါသည် ။ သစ်ပင်ကြီး စခန်းမှ ခမ်းသောက်မြစ် စခန်းသို့ ရောက်သော အခါ စခန်းချပြီး ညစာ ချက်ပြုတ်စားသောက်ကာ ညအိပ်အနားယူပါမည်။
(ခက်ခဲသော တောင်တတ်တောင်ဆင်း-၇ မိုင်၊ လမ်းလျှောက်ချိန် ၅း၀၀ နာရီ၊ အမြင့်ပေ ၈,၀၀၀ ပေခန့် ) လမ်းခရီးသစ်မြစ် သစ်နွယ်ပေါ်များတွင် လမ်းလျှောက်ရပါမည်။ စခန်းတွင် ရေအခက်အခဲရှိပါသောကြောင့် ရေကို ချွေသာသောက်သုံးရမည်ဖြစ်ပြီး၊ မျက်နာသစ်ရန် ရေမလုံလောက်ပါက စနိုးသာဝါများ အသုံးပြုရမည်ဖြစ်ပါသည်၊ယနေ့သည် တောင်တက်တောင်ဆင်း ရှည်ပြီး ခရီးဝေးလွန်းကာ အအေး ပိုလာမှာ ဖြစ်ပါသောကြောင့် လမ်းခရီးတွင် အကြာကြီးမနားပဲ ပုံမှန် လမ်းလျှောက်ရန်လိုအပ်ပါသည်၊ လမ်းခရီး သစ်မြစ်သစ်နွယ် များပေါ်မှ လမ်းလျှောက်ရမည်ဖြစ်သောကြောင့် အထူးဂရုတစ်စိုက် သွားရပါမည်

(၅) ရက်နေ့ ။ ။ ခမ်းသောက်မြစ် စခန်းတွင် မနက်စာစားသုံးပြီး မနက် ၈ း ၀၀ တွင် ဖုန်ကန်ရာဇီ ရေခဲစပ် စခန်းသို့ စတင် လမ်းလျှောက် တောင်တက် ထွက်ပါမည် ။ ရေခဲစပ် စခန်းသို့ သွားရာ လမ်းတွင် စိုစွပ်နေသော မြေသားများ နှင့် သစ်မြစ် သစ်နွယ်များပေါ်တွင် လမ်းလျှောက်ရမှာ ဖြစ်ပါသည် ။ ဖုန်ကန်ရာဇီ တောင်ခြေ ရေခဲစပ်စခန်း သို့ ရောက်သောအခါ မိုးကာရွက်ဖျင်တဲများ ထိုးပြီး ညအိပ် နားပါမည်။ ယခု ရေခဲစပ် စခန်းသည် ရံဖန်ရံခါ ရေခဲသောကာလတွင် ရေခဲနှင်းများ အလွန်ထူမှာ ဖြစ်သောကြောင့် ရေခဲပြင်ပေါ်တွင် ညအိပ်ရနိင်ပါသည်။
(တောင်တက် ၅ မိုင်၊ လမ်းလျှောက်ချိန် ၅း၀၀ နာရီ၊ အမြင့်ပေ ၁၀၀၀၀ ပေခန့်) ။

(၆) ရက်နေ့ ။ ရေခဲစပ်စခန်းတွင် မနက်စာကို ၆း၀၀ နာရီတွင် စတင်စားပြီး ၇း၀၀ နာရီတွင် ဖုန်ကန်ရာဇီတောင်ထိပ်သို့ စတင်တက်ပါမည်။ တောင်တက် ၃ မိုင်ရှိပြီး တောင်တက်ချိန် ၂း၀၀ မှ ၃း၀၀နာရီခန့်ကြာမြင့်ပါမည်။ လမ်းလျှောက်နှေးသူများ အနေဖြင့် တောင်တက်ချိန် ၄း၀၀ နာရီခန့်ကြာမြင့်နိင်ပြီး ရေခဲထူလျှင် အအေးဓာတ် ပိုများနိင်ပါသည်၊ တောင်ထိပ်တွင် ၂း၀၀ နာရီခန့် ရေခဲတောင်ရှုခင်းအလှများကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူပြီး နေ့လည်စာကို ရေခဲစပ် စခန်းတွင် ပြန်စားပြီး ခမ်းသောက်မြစ် စခန်းသို့ ပြန်ဆင်းပြီး ညအိပ်အနားယူ ပါမည်။ ( တောင်ဆင်း ၅ မိုင်၊ တစ်နေ့လုံး လမ်းလျှောက်ချိန် ၈း၀၀ နာရီ၊ ဖုန်ကန်ရာဇီတောင်ထိပ် အမြင့်ပေ ၁၁,၉၂၀ ပေခန့်)

(၇) ရက်နေ့ ။ ခမ်းသောက်မြစ် စခန်းတွင် မနက်စာစားပြီး မနက် ၀၇း၀၀ နာရီတွင် ဇီယာဒမ်း ကျေးရွာသို့ စတင်ထွက်ခွာပါမည်။ သစ်ပင်ကြီး စခန်းသို့ ရောက်သောအခါ နေ့လည်စာစားပြီး ဆက်လက်ထွက်ခွာပါမည်။ ဇီယာဒမ်း ကျေးရွာသို့ ရောက်သောအခါ ညအိပ်အနားယူပါမည်။ ယနေ့သည် တောင် အဆင်းဖြစ်ပြီး ခရီးမိုင် ရှည်လျားသောကြောင့် မနက်စောစော ထွက်ပြီး လမ်းခရီးတွင်လည်း သိပ်မနားပဲ ပုံမှန် လမ်းလျှောက်ရမည့် နေ့ ဖြစ်ပါသည် ။ (တောင်တက်၊ တောင်ဆင်း-၁၄ မိုင်၊ လမ်းလျှောက်ချိန်-၈ နာရီ၊ အမြင့်ပေ-၈,၀၀၀ မှ ၃,၅၀၀ ပေ သို့)

(၈) ရက်နေ့ ။ ဇီယာဒမ်းကျေးရွာတွင် မနက်စာစားသုံးပြီး ဆိုင်ကယ်ဖြင့် ပူတာအိုသို့ ခရီးဆက်ကာ မိမိတည်းခိုသည့် နေရာသို့ ရောက်ရှိ အနားယူကြရမည်ဖြစ်ပါတယ်။

(၉) ရက်နေ့ ။ ယနေ့တွင် မိမိအစီအစဉ်အဖြင့် မနက်ပိုင်းတွင် ပူတာအိုမြို့မစျေးနှင့် ခါကာဘိုရာဇီအမျိုးသားဥယာဉ် ၊ ရ၀မ် မနောကွင်း ၊ မူလာရှီးဒီသို့ လည်ပတ်နိင်ပြီး ပူတာအိုမြို့မှ လေကြောင်းဖြင့် မြစ်ကြီးနား- မန်းလေး - ရန်ကုန်သို့ ပြန်လည်ထွက်ခွာနိင်ပါသည်။

( ဖုန်ကန်ရာဇီ ရေခဲတောင် အနေအထား )

ဖုန်ကန်ရာဇီ ရေခဲတောင်သည် အမြင့်ပေ - ၁၁၉၂၀ ပေရှိပြီး ပူတာအိုမြို့မှ မိုင်ပေါင်း ၅၃ မိုင်ကွာဝေးကာ သွားပြန် ၁၀၆ မိုင် ရှိပါသည်။ ဖုန်ကန်ရာဇီရေခဲတောင်သို့ လမ်းလျှောက်ရမည့် မိုင်ပေါင်းမှာ ၈၆ မိုင် ရှိပြီး ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်အတွင်း လမ်းခရီး နေ့အပူချိန် ၁၅ ံ C မှ ၂၀ ံ C ရှိနိင်ပြီး ညအပူချိန် ရေခဲတောင်ပေါ်တွင် ၅ ံC မှ - 0 ံ C အထိရှိနိင်ပါသည် ၊ ရာသီဥတု ဆိုးပြီး ရေခဲမိုးကျလျှင် - ၀ ံ C မှ - ၅ C အများဆုံး ရှိနိင်ပါသည်။

ဖုန်ကန်ရာဇီရေခဲတောင်တွင် နို၀င်ဘာလ မှ စတင်ကာ ရေခဲများ တွေ့ရှိရနိင်ပြီး မေလကုန် ဂျွန်လအထိ ရေခဲများ တွေ့ရှိရနိင်ပါသည်။
ပူတာအိုမှ ဖုန်ကန်ရာဇီရေခဲတောင်ခရီးသည် လမ်းတစ်လျှောက်လုံး မြေသားတောင်တွေသာ ဖြတ်လျှောက်ရပြီး ဖုန်ကန်ရာဇီရေခဲတောင် တောင်ခြေကနေ ဖုန်ကန်ရာဇီတောင်ထိပ်တက်တဲ့ရက် တစ်ရက်သာ ရေခဲပေါ်မှာ နင်းလျှောက်ရတာဖြစ်ပါသည်၊ တောင်ခြေ(ရေခဲစပ် ) စခန်းတွင် ဖေဖော်ရီလ မှ မေလအထိ ရေခဲများ အလွန် ရှိနိင်ပြီး ရေခဲကျသည့် ရက်နှင့်ကြုံခဲ့လျှင် ရေခဲပြင်ပေါ်မှာ ၂ ညခန့် အိပ်ရမှာဖြစ်ပါသည် ။

ဖုန်ကန်ရာဇီ ရေခဲတောင်မှာ ဖေဖော်ဝါရီ လမှ မတ် ဧပြီ မေ လထိ ရေခဲဆက်တိုက်ကျတက်ပြီး မေလ အကုန် နဲ့ ဂျွန်လတွေမှာတော့ ရေခဲတွေ ပြန်ပျော်သွားတက်ပါသည် ၊ ဖုန်ကန်ရာဇီရဲ့ ရေခဲအထူဆုံးကာလဟာ မတ် ဧပြီ မေ မှာ အထူဆုံးဖြစ်တက်ပြီး ရာသီဥတု အနေအထားအရ တောင်ခြေမှစပြီး မိုးများတက်ပါတယ် ရေခဲတောင်မှာတော့ ရေခဲ အဆက်မပျက် ရွာကျနေတက်ပါသည်။

ဖုန်ကန်ရာဇီတွင် အောက်တိုဘာလမှ ရေခဲမိုးများ စတင်ရွှာတက်ပြီး မိုးရေနှင့် ရေခဲ နှင်းများ ရောကျကာ ရာသီဥတု ကောင်းလိုက် မိုးရွာလိုက်ဖြစ်တက်သောကြောင့် ဖုန်ကန်ရာဇီ တောင်ထိပ်သို့ သာမှန်သူများ အနေဖြင့် အောက်တိုဘာလတွင် ရောက်နိင်သော်လည်း တောင်ထိပ်တွင် ရေခဲ နှင်း မြင်တွေ့ဖို့ရန် ၃၀ % ခန့်သာရှိပါသည် ။ ရေခဲမိုးကျသည့်နေ့နှင့် ကြုံလျှင် ရေခဲ အထူကြီးကို ဖြတ်လျှောက်ရမှာ ဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် အကောင်းဆုံး အချိန်ဟာ နို၀င်ဘာလမှ ဧပြီလကုန်ထိသာ တက်ရောက်လို့ အကောင်းဆုံးဖြစ်ပါသည် ။ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်မည်ဆိုလျှင် အအေးကြိုက်သူများ အနေဖြင့် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ လများသည် အအေးများပြီး ဖော်ဝါရီ ၊ မတ် ၊ ဧပြီလသည် အအေးပေါ့သောကာလဖြစ်သောကြောင့် မိမိကြိုက်နစ်သက်သော ကာလကို ရွေးချယ်တက်လို့ရမှာ ဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင် လမ်းခရီးမှာတော့ ဇီယာဒမ်းရွာကျော်ပြီး တောစခန်းစပြီဆိုတာနဲ့ သောက်ရေ ချိုးရေ အရမ်းကို ရှားပါးသွားပြီး ညအိပ် စခန်းတွင်သာ သောက်ရေ ရရှိမှာ ဖြစ်ပါသည် ။ ဒါကြောင့် သောက်ရေအတွက်သာ စိမ့်ရေကို ကြိုချက် အသုံးပြုရမှာဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် တစ်နစ်ပတ်လုံး တက်ရောက်လို့ ရပေမယ့် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီ ၊ မေ လတွေမှာသာ ရာသီဥတု ကောင်းမွန်နိင်ပြီး ရေခဲ နှင်းများ တွေ့ရှိရနိင်မည်ဖြစ်ပါသည်။ တောင်ထိပ်ကို အဓိက ရည်ရွယ်ထားသူများ အနေဖြင့် အကောင်းဆုံးအချိန်ဟာဆိုရင် နို၀င်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ လတွေဟာ ရေခဲပါးသောကြောင့် တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိင်ပါသည်။ ရေခဲ ထူထူ မြင်ဖူးချင်သူများ ရေခဲ နှင်းရွာကျတာ မြင်ချင်သူများ အနေဖြင့် ဖေဖော်ဝါရီ ၊ မတ် ၊လတွေမှာ တက်ရောက်လျှင် ရေခဲ အထူဆုံးကို မြင်တွေ့ရမှာဖြစ်ပါသည် ၊ ဖေဖော်ဝါရီ ၊ မတ် လတွေဟာ ရေခဲ အလွန် ထူသောကြောင့် တောင်ထိပ်သို့ ရည်ရွယ်သူများ အနေဖြင့် တောင်တက် ပစ္စည်း ပြည့်စုံမှသာလျှင် တောင်ထိပ်သို့ ရောက်ရှိနိင်မှာ ဖြစ်ပါသည်။
ရေခဲ ထူထူပေါ် လမ်းလျှောက်ချင်သူများ တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့် ဧပြီ ၊ မေ လတွေမှာ တက်ရောက်လို့ ရမှာဖြစ်ပါသည် ။ ဧပြီ ၊ မေ လတွေမှာ ဆိုရင် ရေခဲ နှင်းအရမ်းမကျတော့ပဲ ရေခဲ ကျစ်လစ်ကာ ရေခဲ ထု အထူဆုံးသော ကာလ ဖြစ်ပါသည်။ ဧပြီ ၊ မေ လတွေမှာ မိုးအနည်းငယ်ရွာတက်ပြီး အအေး ပေါ့သော ကာလဖြစ်တက်ပါသည်။

ရေခဲတောင်တန်းတွေ အားလုံးဟာဆိုရင် ရေခဲ ရွာလိုက် ပြန်ပျော်ပြီး တိမ်ခိုး တိမ်ငွေ့ဖြစ်လိုက် နှင့် သံတရာ လည်နေသော နေရာတွေ ဖြစ်ပါသောကြောင့် တစ်နစ်ပတ်လုံး မိုးရွာလိုက် နေပူလိုက်ဖြစ်တက်ပါသည် ။
ထို့ကြောင့် ရေခဲတောင် တက်မည်ဆိုလျှင် ဆိုင်ကယ်စီး မိုးကာ (သို့မဟုတ်) မိုးကာအကြည် အမြဲ ဆောင်ထားရမှာဖြစ်ပါသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်သည် ရေခဲတောင်များ အားလုံးထဲမှ ပူတာအိုနှင့် အနီးဆုံး ဖြစ်ပြီး သာမှန်သူများ အနေဖြင့် ရေခဲတောင်များကို တက်ရောက်မည်ဆိုလျှင် ဖုန်ကန်ရာဇီ ရေခဲတောင်ကို ပထမဦးဆုံး တက်ရောက် လေ့လာသင့်သော တောင်တစ်လုံး ဖြစ်ပါသည်။

ရေခဲတောင်များ အားလုံးသည် မမြင်ရသော သဘာ၀ ဘေးအန္တရာယ်များ ရှိနိင်ပါသောကြောင့် ရေခဲတောင်များ တက်ရောက်မည်ဆိုလျှင် စိတ်ချလုံခြုံမှု ရှိစေရန် ကျွမ်းကျင်သော ဒေသခံများ နှင့်သာ သွားရောက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

ခရီးသွား ဧည့်သည်များအား အစစအရာရာ စိတ်ချ လုံခြံမှုများ ရရှိစေရန် တောင်တက် ကျွမ်းကျင်သူများ နှင့် တောင်တက် အတွေ့အကြုံများသော အထမ်းသမားများကိုသာ အသုံးပြုသွားမှာ ဖြစ်ပါသည်

(ဖုန်ကန်ရာဇီ ရေခဲတောင်တက်ချင်သော မိတ်ဆွေများ လေ့ကျင့်မှု့များ ပြင်ဆင်ထားရန်)

- သာမှန်သူများ အနေဖြင့် ရေခဲတောင် ခရီးစဉ် မစမှီ ရက် ၂၀ လောက် အဆင်းအတက် လမ်းလျှောက်ထားရန် လိုအပ်ပါသည်။ ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်မစမှီ ၁၀ ရက် လောက် အလိုတွင် တစ်ရက် ၁ မိုင်နူန်းဖြင့် ၁ နာရီခန့် အပြေးလေ့ကျင့်လျှင် ပို၍အဆင်ပြေနိင်ပါသည်။
- တစ်ရက်ကို ၃ မိုင်လောက် လမ်းလျှောက်ကျင့်ထားလျှင်ပိုအဆင်ပြေပါလိမ့်မည်။
- တစ်နေ့ ထိုင်ထအကြိမ် ၃၀ မှ ၄၀ ကြား ထိုင်ထလုပ်ခြင်း၊ စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများ ပုံမှန်လေ့ကျင့်ထားလျှင် ပို၍အဆင်ပြေပါလိမ့်မည်၊
- တောင်တက်အတွေ့ အကြုံ မရှိသေးသူများအနေဖြင့် ပုံမှန် လမ်းလျှောက်ထားရန် လိုအပ်ပါသည်။
- အသေးစိတ် သိချင်သူများ ဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးနိင်ပါသည်။
- လမ်းလျှောက်လေ့ကျင့်မှု့ များများလုပ်ထားပြီး အိပ်ယာစောစောထနိင်အောင်လည်း လေ့ကျင့်ထားလျှင် ပိုအဆင်ပြေပါလိမ့်မည်။
- လမ်းခရီးတွင် ပုံမှန် မနက် ၆ နာရီ အိပ်ယာထပြီး ပြင်ဆင်ရမည်ဖြစ်ပါသည်။
- တောင်တက်လမ်းခရီးတွင် ကိုယ်လွှတ်လမ်းလျှောက်ရသော်များလည်း မိမိကိုယ်တိုင်က အပင်ပန်းခံနိင်အောင် လေ့ကျင့် ထားရပါမည်၊
- မိမိကျန်းမာရေး အခြေအနေများကိုလည်း စစ်ဆေးချက်များ ပြုလုပ်ထားပါက ပို၍ အဆင်ပြေပါသည်။
- လမ်းခရီးတွင် မိမိအသုံးပြုထားသော ပလပ်စတစ် အမှိုက်များကို သေခြာ သိမ်းဆည်းပြီး စခန်းရောက်ချိန်တွင် မီးရှို့ ဖျက်စီး ပေးရပါမည်၊

( ရေခဲတောင်ခရီးစဉ်အတွင်း (၀န်ဆောင်မှုများ)

၁ ။ စတင်ရောက်ရှိသောနေ့တွင် မိမိယူဆောင်လာသောပစ္စည်းများကို စစ်ဆေးပေးပြီး လိုအပ်တာ စီစဉ်ပေးမှာဖြစ်ပါသည်။
၂ ။ အစား အသောက် 6 ညအိပ် 7 ရက်စာ ။
၃။ သောက်ရေများကို လမ်းခရီးတွင် အခက်အခဲ ရှိနိင်ပါသောကြောင့် စိမ့်ရေများကို ရေကျက်အေးများ နှင့် ရေစိမ်းရအောင် စီစဉ်ပေးသွားမည်ဖြစ်ပါသည် ၊
၄ ။ လမ်းခရီးတွင် ချက်ပြုတ်ကျွေးမွေးမည့် စားဖိုမှူးအဖွဲ့၊ ( ထမင်းချက် အဖွဲ့) ။
၅ ။ အဖွဲ့ခေါင်းဆောင် တစ်ဦးလိုက်ပါမည်ဖြစ်ပါသည် ၊
၆။ခရီးစဉ်အတွင်း လုံခြုံ စိတ်ချရမှု ရှိစေရန် တောင်တက်ကျွမ်းကျင်သော အထမ်းများ နှင့် ထမင်းချက် ၊ ဧည့်လမ်းညွန်များကိုသာ အသုံဲးပြုသွားမှာ ဖြစ်ပါသည်။
၇။ (မိုးကာရွက်ဖျင်တဲ) Tent ၊ (လေမွေ့ရာ) Air Mattness ၊ (အိပ်ယာလိပ်) Sleeping Bag များကို ငှားရမ်းပေးသွားမှာ ဖြစ်ပါသော်လည်း မိမိ စိတ်ကြိုက် မိမိမှာ ရှိပါက သယ်ယူလာနိင်ပါသည်။
၈ ။ တစ်ဖွဲ့လုံး ညအိပ်မည့် ကျေးရွာအတွင်း နေအိမ်များ ။
၉ ။ လမ်းခရီးတွင် လိုအပ်နိင်သော ရှေ့ဦးသူနာပြု ဆေးသေတ္တာ နှင့် ရေခဲတောင်တွင် အသုံးပြုရမည့် တောင်တက် ပစ္စည်းများကို စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။
၁၀ ။ ခရီးစဉ် အစဆုံးလိုက်ပါမည့် အထမ်းများ နှင့် စားဖို အဖွဲ့၀င်များ၏ အခကြေးငွေ အကုန်ပါ၀င်မှာဖြစ်ပါသည်။


(၀န်ဆောင်မှုမပေးသော အရာများ)

- လေယာဉ်လက်မှတ် ။ လေယာဉ်လက်မှတ်များကို မိမိအစီအစဉ်ဖြင့် ၀ယ်ယူရပါမည် ။
-
- မိမိကိုယ်ပိုင် အသုံးအဆောင်ဆေးဝါးများ နှင့် တောင်တက် ပစ္စည်းများ ။
-
- ခရီးစဉ်နှင့် မသက်ဆိုင်သော အပိုကုန်ကျမှုများ၊ အရက်၊ ဘီယာ၊ဆေးလိပ် ။

ခရီးစဉ် ဈေးနှုန်းများ

တစ်ဦးလျှင် (၁၀) သိန်းကျပ်ပါခဗျား

ဖုန်ကန်ရာဇီရေခဲတောင် ခြေလျင် တောင်တက် ခရီး
ပူတာအိုမှ စတင်ထွက်ခွါတဲ့ အချိန်မှ စပြီး ပူတာအို ပြန်ရောက်လာ‌တဲ့ အချိန်ထိ ဖြစ်ပါတယ်ခဗျား

ကျေးဇူး အထူးတင်ရှိလျှက် ။
09449490769(Putao)
09972900004(Putao)

095137496(Yangon)

ပူတာအိုဆိုသည်မှာ သဘာဝ အလှတရားတွေ ပြည့်နက်နေတဲ့ ဒေသ လေးတစ်ခုဖြစ်ပါတယ်
05/12/2021

ပူတာအိုဆိုသည်မှာ သဘာဝ အလှတရားတွေ ပြည့်နက်နေတဲ့ ဒေသ လေးတစ်ခုဖြစ်ပါတယ်

မကြာခင်​ ကျွန်​​တော်​တို့ ပူတာအို ခရီးသွား လုပ်​ငန်းမှ ကချင်​ပြည်​နယ်​ ပူတာအို ခရီးစဉ်​များကို ပြန်​လည်​ စတင်​​ပေးသွားမ...
19/11/2021

မကြာခင်​ ကျွန်​​တော်​တို့ ပူတာအို ခရီးသွား လုပ်​ငန်းမှ ကချင်​ပြည်​နယ်​ ပူတာအို ခရီးစဉ်​များကို ပြန်​လည်​ စတင်​​ပေးသွားမှာ ဖြစ်​ပါသည်​ ။
ပူတာအိုသို့ လည်​ပတ်​ချင်​သူများ အ​နေဖြင့်​ ရန်​ကုန်​ရုံးဖုန်း 095137496 ပူတာအိုရုံးဖုန်း 09260992016 သို့ ဆက်​သွယ်​ထားနိင်​ပါသည။

Address

No. 4/A, Room 7. Parami Road, Mayangone T/S
Yangon
11062

Alerts

Be the first to know and let us send you an email when ပူတာအို ခရီးသွား လုပ်ငန်း #Putao Tours by Putao Expert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပူတာအို ခရီးသွား လုပ်ငန်း #Putao Tours by Putao Expert:

Share

Category