Unicorn Travels

Unicorn  Travels Great Unicorn Com;Ltd.

28/12/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

14/06/2025

💥မင်္ဂလာဒုံဘက် အရောင်းလေးတွေတင်ဦးမယ်
🫰ငွေ အများကြီးလိုချင်တာမမအလုပ်
😘ပေးနိုင်တဲ့စျေးပြောရမှာ ဆစ်/ညှိရမှာ
မောင်လေးတို့ ညမလေးတို့အလုပ်
👍ပိုင်ဆိုင်မှုခိုင်မာတာအာမခံတာဝန်ယူရမှာမမအလုပ်
ငွေအကျေအလည်ပေးချေရမှာ 💜မောင့်💜 အလုပ်
အော်... ညမလေးတွေလည်းပါတယ်😉

💥မင်္ဂလာဒုံ ပေါက်ကုန်းရပ်ကွက် ဧရာဝတီလမ်း
#66×180 မြေလွတ် ဘိုးဘွားပိုင်မြေ
#သိန်း၈၅၀၀ လိုချင်တယ်ကွယ်
အားပေးကြပါဦး😘

💥မင်္ဂလာဒုံ မြသီတာရပ်ကွက် ဗဟိုလမ်း(ဗိုလ်ခြံလမ်းအနီး )နေရာကောင်း 0.92 ဧက
#ဘိုးဘွားပိုင် မြေ
ယာယီအဆောက်ဦးလေးပဲခြံစောင့်နေရန်ရှိ
#သိန်း၁၈၅၀၀ လျော့တင်းရှိ .....

⛔️Edit -၁၆၀၀၀ လာပေးနေပြီ လက်မလွတ်ချင်သေးဘူး
ဈေးလေးတိုးလိုက်ပါဦး

🤷ဗိုလ်တထောင်မြို့နယ်
ကုန်သည်လမ်းမှ ဂုတ်ကွက်နှစ်၆၀ဂရမ်
25×60 သစ် လုံးချင်းအိမ်ဟောင်းပါ
#သိန်း၂၁၅၀၀

🫰တိုက်ခန်းလည်းရမယ်နော် လူစည် ဘုရားနီး ပလီနီးကျောင်းနီး ဆေးရုံဆေးခန်း ရဲစခန်း ဘာပဲလိုလို
တလှန်းထခုန်ရင်ရောက်တဲ့ ၅၄ လမ်း (အောက်)

#18×70 ၇လွှာ
ရေလှောင်ကန်အပိုပါလို့တပတ်ရေပြတ်လည်းစိတ်မပူရဘူး
အိမ်ခန်း ၂ခန်း ဧည့်ခန်း AC 1.5ကောင် တပ်ဆင်ထား ဘုရားခန်းသီးခြား ဖွဲ့ပြီး ကိုယ်ပိုင်မီတာ မော်တာ အားလုံးအသင့်လက်တင်နေပါပဲ

#သိန်း၂၅၀၀

💥Ph 095095126
09795638469
09880595975

😘အလုပ်ကိစ္စဆိုအချိန်မရွေးဆက်လို့ရတယ်နော်

ကြည့်ချင်တယ်ဆိုရင်တော့ ကြိုချိန်းနော်
မမ မအားတာများတယ်နော်

အကျိုးဆောင်လည်း 1% ဖြင့် လက်ခံသည်

၁၂​ယောက်စီး​လေး​တွေနဲ့ ရန်ကုန်​နေအိမ်ထိလာကြိုပုပ္ပါး​တောင်​ပေါ်​ရောက်ပို့​ပေးမယ်အစီစဥ်​လေး ၁၂.၉.၂၄ မှစ​ကားထွက်​နေ့စဥ်ရှိ...
26/08/2024

၁၂​ယောက်စီး​လေး​တွေနဲ့ ရန်ကုန်​နေအိမ်ထိလာကြို
ပုပ္ပါး​တောင်​ပေါ်​ရောက်ပို့​ပေးမယ်အစီစဥ်​လေး
၁၂.၉.၂၄ မှစ​ကားထွက်​နေ့စဥ်ရှိပါပြီ
ကားထွက်ချိန် ညှိနှိုင်းနိုင်သည်
မနက်ခင်သွားလိုသူ​ရော
ည​နေခင်းသွားလိုသူ​ရော
အဆင်​ပြေ​စေမည်
တစ်ဦးကို သွားပြန် ကားခ
မြန်မာ​ငွေ ၉၀၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပြီး

Ph 095095126
09880595975

သို့မြန်မြန်​လေးဆက်သွယ်ထား​နော်

ဒွါရာဝတီ သံတွဲမြို့ (သို့) မသေသောမြို့တော်၏ သမိုင်းကျဉ်း____________________________ဒွါရာဝတီသံတွဲမြို့သည် ရခိုင်ပြည်တောင...
12/07/2024

ဒွါရာဝတီ သံတွဲမြို့ (သို့) မသေသောမြို့တော်၏ သမိုင်းကျဉ်း
____________________________

ဒွါရာဝတီသံတွဲမြို့သည် ရခိုင်ပြည်တောင်ပိုင်းတွင် တည်ရှိပါသည်။ သံတွဲမြို့ကို ဒွါရာဝတီမြို့ ဟုလည်းခေါ်ဆိုကြပါသည်။ ဒွါရာဝတီမြို့မှာ သံတွဲမြို့၏ မူလအစ အမည်ဖြစ်ပြီး ယနေ့တိုင် ခေါ်တွင်ဆဲပင် ဖြစ်ပါသည်။
ဒွါရာဝတီ၊ သံတွဲမြို့အား မသေသောမြို့ (အစ္စုတမြို့) ဟု မှတ်တမ်းများတွင်တွေ့ရသည်။
ကမ္ဘာ့ နိုင်ငံအသီးသီးတွင် မသေသောမြို့ သုံးမြို့သာရှိသည် ဟုတ်ဆိုပါသည်။
၎င်းမြို့များမှာ-
(၁) အရှေ့အလယ်ပိုင်းဒေသဆီးရီးယားနိုင်ငံတွင် ဒမတ်စကတ်မြို့
(၂)ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာအိန္ဒိယနိုင်ငံတွက် ဗာရာဏသီမြို့
(၃) မြန်မာနိုင်ငံတွင် ဒွါရာဝတီ သံတွဲမြို့ တို့ ဖြစ်ကြသည်။

ဒွါရာဝတီမြို့ ကိုမသေသောမြို့ဟုဆိုခြင်းမှာ ကဿမဘုရားရှင် လက်ထက်မှစတင်၍ ယခုထိတိုင်အောင်ပင်ဖြစ်သည်။
ရခိုင်တို့၏ ဒွါရာဝတီ
*****************
အာရက္ခဒေသ(သို့) ရက္ခပူရ-မဟိံသက-တိုင်းဓည
မည်သော ရခိုင်တို့၏ ဒွါရာဝတီသည် ကုသမင်း သက္ကရာဇ် -၄၀၀၀ မတိုင်မီ ဘီစီ - ၆၀၀၀ ခန့်ကာလကပဲ ဒွါရာဝတီဟူသော အမည်နာမဖြင့် ယင်းနေရာ၌ ယနေ့ထက်တိုင်တည်ရှိနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်၌ ဒွါရာဝတီ ဟူသော အမည်နာမသည် မည်သည်အခါမှ တိမ်ကောသွာခြင်း မရှိသလို မြို့ကိုလဲ ဖျက်ဆီးခံရခြင်းမရှိခဲ့ပါ။ ခေတ်အဆက်ဆက် ဒွါရာဝတီ အမည်နာမဖြင့် တည်တံ့လျှက်ပင် ရှိပါသည်။ ရခိုင်လူမျိုးတို့ ဖြတ်သန်းလာခဲ့ကြသော ခေတ်ကာလ သမိုင်ကြောင်းသည် အလွန်ရှည်လျှား ကြာမြင့်ခဲ့ပြီဖြစ်သည်။
အလွန်ရှေး​ကျသောမြို့ဖြစ်သည့် ရခိုင်တို့၏
ဒွါရာဝတီမြို့ ( သံတွဲမြို့)နှင့် ရခိုင်လူမျိုးတို့၏ ဖြတ်သန်းလာခဲ့သော ခေတ်ကာလကို စစ်တမ်းထုပ်ပြမှသာလျှင်
ပိုပြီး ပြည်စုံလိမ့်မည် ဖြစ်သည်။
၁။ ဒွါရာဝတီခေတ် = ဘီစီ - ၆၀၀၀
၂။ ရှေ့ဦးဝေသာလီခေတ် = ဘီစီ၅၃၁၅ မှ ၃၃၂၅ အထိ
ဓညဝတီခေတ်
၃။ ပထမဓညဝတီ = ဘီစီ ၃၃၂၅ မှ ၁၅၀၇အထိ
ဒုတိယဓညဝတီ = ဘီစီ ၁၅၀၇ မှ ၅၈၀ အထိ။
တတိယဓညဝတီ = ဘီစီ ၅၈၀ မှ ၃၂၇ အထိ။
၄။ ဝေသာလီ ကျောက်လှေကားခေတ် = အေဒီ ၃၂၇ မှ ၈၁၈ အထိ။
၅။လေးမြို့ခေတ် = အေဒီ ၈၁၈ မှ ၁၄၃၀ အထိ။
မြောက်ဦးခေတ်
၆။ ပထမမြောက်ဦး = အေဒီ ၁၄၃၀ မှ ၁၅၂၁ အထိ
ဒုတိယမြောက်ဦး = အေဒီ ၁၅၂၁ မှ ၁၆၃၈ အထိ။ တတိယမြောက်ဦး = အေဒီ ၁၆၃၈ မှ ၁၇၈၄ အထိ။
၇။ ဗမာ မြို့ဝန်များခေတ် = အေဒီ ၁၇၈၄ မှ ၁၈၂၄ အထိ
၈။ ဗြိတိသျှခေတ် ပထမအကြိမ် = အေဒီ ၁၈၂၄ မှ ၁၉၄၁ အထိ။
၉။ ဂျပန်ခေတ် = အေဒီ ၁၉၄၁ မှ ၁၉၄၅ အထိ
၁၀။ ဗြိတိသျှခေတ် ဒုတိယအကြိမ် = အေဒီ ၁၉၄၅ မှ ၁၉၄၈ အထိ
၁၁ ။ ဖ ဆ ပ လ ခေတ် ပါလီမန် ဒီမိုကရေစီခေတ် အေဒီ = ၁၉၄၈ မှ ၁၉၆၂ အထိ
၁၂။ တော်လှန်ရေးကောင်စီခေတ် အေဒီ = ၁၉၆၂ မှ ၁၉၇၄ အထိ
၁၃ ။ မ ဆ လ ခေတ် အေဒီ ၁၉၇၄ မှ ၁၉၈၈ အထိ ။
၁၄ ။ နဝတခေတ် အေဒီ =၁၉၈၈ မှ ၁၉၉၇ အထိ ။
၁၅ ။ န အ ဖ ခေတ် အေဒီ = ၁၉၉၇ မှ ၂၀၁၀အထိ။
၁၆ ။ ပါတီစုံ ဒီမိုကရေစီခေတ် အေဒီ ၂၀၁၀ မှ စ၍ ယနေ့ထက်တိုင်ဖြစ်သည်။

ဒီလောက်အထိ ရှည်လျှားလှသည့်ကာလမှာ ဒွါရာဝတီသံတွဲမြို့သည် ဖြတ်သန်းလာခဲ့ပြီး ဖြစ်ပါသည်။
ဒွါရာဝတီကို စတင် တည်ထောင်သောမင်းကို ဝါသုဒေဝ ဗလဒေဝ ဒသဘာသိတ ညီနောင် တစ်ကျိပ်ဟု စာစောင် တချို့တွင် တွေ့နေရပါသည်။ ဒါက မှားပါသည် ။အမှန်က ဒွါရာဝတီမြို့နှင့် ထီနန်းကို ဘီစီ =၆၀၀၀ ခန့်ကစတင်တည်ထောင်ခဲ့သောမင်းမှာ သီရိကုမ္မာမင်း ( ခေါ်) ဥလာကမင်း သာ ဖြစ်ပါသည်။
ဒသဘာတိတ ညီနောင်တစ်ကျိပ်တို့မှာ သိရိကုမ္မာမင်းကို အောင်နိုင်ခဲ့သော မင်းများသာဖြစ်ပါသည် ။
ဘီစီ ၆၀၀၀ ခန့်နှင့် ကုသမင်း လက်ထက်ကနေ ယခုအချိန် အထိ ဒွါရာဝတီ အမည်နာမနှင့် ဒွါရာဝတီ သံတွဲမြို့ဟာ တည်ရှိနေဆဲပါ ။ ထိုအချိန်ကာလသည် ဗုဒ္ဓမြတ်စွာဘုရားလဲ ပွင်တော်မမူသေးပါ ။

ဒီထက် အမည်နာမမပျောက်ကွယ်ဘဲ သက်တမ်းရှည်သောမြို့ အဘယ်မှာ ရှိအံ့နည်း ။
ကမ္ဘာမှာ "မသေတဲ့မြို့ဟေ့" လို့ ရခိုင်တွေ ဂုဏ်ယူဝင့်ကြွားနိုင်ရန် ဒွါရာဝတီ သံတွဲမြို့ရဲ့သမိုင်းကို ဖေါ်ပြပေးလိုက်ပါသည်။

(က) ဒွါရာဝတီသံတွဲမြို့ ဟုတ် ခေါ်တွင်လျက် နာမည် မသေခြင်း ။
(ခ) တစ်ဖက်မှပင်လယ်၊ တစ်ဖက်မှတောင်တန်းများတည်ရှိလျက် ပထဝီအနေအထား မပြောင်းလဲဘဲ ယခုတိုင်တည်ရှိနေခြင်း။

ယင်းကဲ့သို့ မြို့တော်အမည်နှင့် ပထဝီအနေအထားတို့ မပြောင်းလဲဘဲ တည်တံ့နေမှုတို့ကြောင့် မသေသောမြို့ဟု မှတ်တမ်းပြုကြသည့်အပြင်
သမိုင်းရာဇဝင်တွင် ‘မြို့ရှင်ပျံ’ ဖြစ်ကြောင်းပြဆိုထားကြလေသည်။ သံတွဲဘုရင်မစောယာဉ်မိ (ကောဇာ ၇၉၅-၈၂၀၊ မြောက်ဦးခေတ်) မှ။

မင်းစောဒေသ၊ ဘာတိကတို့
ဒိပဇမ္ဗူ၊ လုံးလုံးချူ၍
ခွန်ယူသိမ်းမြန်း၊ ထီးနန်းတည်ရာ
မယ်တို့ရွာလည်း၊ ဒွါရာဝတီ
သိင်္ဂီရောင်လျှံ၊ မြို့ရှင်ပျံဝယ် ။
ဟု ဖွဲ့ဆိုထားခဲ့လေသည်။

အင်းစောက်ရာဇဝင်တွင် (၁၀)မြောက် အန္တရကပ်ဖြင့် သောကဿပ သာသနာတော်အတွင်း ကောရပ္ပတိုင်းတွင် ကောရပ္ပမင်း(၁၂)ဆက်စိုးစံခဲ့ကြသည်။ ယင်းကောရပ္ပမင်း(၁၂)ဆက်မြောက်မင်းစောလက်ထက်တွင် နဂါးညီနောင်ဖျက်ဆီးသဖြင့် ကောရပ္ပတိုင်းပျက်ရလေသည်။ ထိုင်(၁၂) ဆက်မြောက်မင်း ‘မင်းစော’ သည် အခြံအရံများနှင့် တိမ်းရှောင်လာခဲ့ရာ ယခင်ဒွါရာဝတီအမည်ရှိသော မြို့တော်ဟောင်းကိုပင် မြို့တော်တည်လိက် ဒွါရာဝတီမြို့ အမည်ဖြင့်ပင်လျင် စိုးစံအုပ်ချူပ်ခဲ့လေသည်။

ဘုရင်မင်းစော၏ သား၊မြေး၊မြစ်၊ တိုင်အောင် ဒွါရာဝတီထီးနန်းကို မင်းဆက် (၉)ဆက်တိုင် အုပ်စိုးခဲ့လေ၏။ ယင်းမင်းစောမှ (၈)ဆက်မြောက်မင်းစောသည် ပန်းစားနတ်ဘီလူးမအားမိဖုရားမြှောက်မိသဖြင့် သားတော်သုံးပါးနှင့် သမီးတော် တစ်ပါးဖွားမြင်ခဲ့လေသည်။ သားတော်ကြီး တစ်ပါးသာလူစစ်ဖြစ်ပြီး ကျန်သားတော်နှစ်ပါးနှင့် သမီးတော်မှာဘီလူးများဖြစ်ကြကုန်သည်။ ထို့နောက် ပန်းစားနတ်ဘီလူးမဟုသိရှိ၍ သားတော်ကြီးမှတစ်ပါး၊ မိဖုရားကြီးနှင့် သားတော်နှစ်ပါးနှင့် သမီးတော်(၁)ပါးတို့ပိုနန်းတော်မှ ရှောင်ခွာစေလျက် ဒွါရာဝတီမြို့တော်၏ အရှေ့ဘက်ကမ်းတွင် တောင်ခြေကိုအမှီပြူလျက် နေထိုင်ရန် တစ်ဘက်ကမ်းတောင်ခြေတစ်ခုလုံးအားအပိုင်းစားပေးလေသည်။ ၎င်းတောင်မှာ ဝါသုရတောင်ကြော(အံတော်တောင်ကြောအားလုံး)ကိုအပိုင်စားရလေသည်။

သားတော်ကြီးမှာအစွယ်သာပါ၍ လူဖြစ်ကာအစွယ်ခေါခေါ မင်းစောဟုတ်တွင်ကာဘခမည်းတော်မင်းစောနတ်ရွာစံသော် အစွယ်ခေါခေါမင်းစောနန်းတက်လေသည်။ အစွယ်ခေါခေါမင်းစောသည် မင်းစော (၉)ဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်လေသည်။ အစွယ်ခေါခေါမင်းစောလက်တက်တွင် ပန်းစားဘီလူးဖြစ်သူမယ်တော်နှင့် ညီတော်နှစ်ပါး၊ နှစ်မတော်တို့မှ ဒွါရာဝတီမြို့တော်အားစောင့်ရှောက်ပေးကြလေသည်။
ပန်းစားနတ်ဘီလူးတို့၏ တန်ခိုးအာနုဘော်ကြောင့် ဒွါရာဝတီမြို့တော်သည် ရန်သူများတိုက်ခိုက်ရန်လာသော် ကောင်းကင်သို့ပျံတက်၍ သမုဒ္ဒရာကျွန်းငယ်တွင် တည်ကြောင်းအဆိုရှိလေသည်။ သို့ဖြစ်၍ ဘီလူးစောင့်ပြည်ဟူ၍ တင်စားရေဖွဲ့ကြလေသည်။

ထိုအချိန်တွင် မဇ္ဇျိမတိုင်းမှ ဥပကံသအမျိုးအနွယ်ဖြစ်သော ဝါသုဒေဝ၊ ဗလဒေဝ မင်းညီနောင်တစ်ကျိပ်တို့သည် ဒွါရာဝတီမြို့တော်ကိုတိုက်ခိုက် သိမ်းပိုက်ရန်ရောက်ရှိလာကြ၏။ ထိုအခါမြို့တော်အားရှာဖွေ၍ မတွေ့ပေ။ မြို့တော်ကိုစောင့်ရှောက် ကုန်ကြသောပန်းစားနတ်ဘီလူးမိသားစုတို့၏ တန်ခိုးအာနုဘော်တို့ကြောင့် ကောင်းကင်သို့ပျံတက်၍ သမုဒ္ဒရာကျွန်းဝယ်တည်လေသည်။ မယ်တော်ကြီးနှင့် ညီတော်(၂)ပါးတို့မှာ မြို့တော်၏တစ်ဘက်ကမ်းဝါသုရတောင်ကြော(အံတော်တောင်ကြော)တွင် နေ၍ ညီမဖြစ်သူပန်းစားဘီလူးမမှာ ဒွါရာဝတီမြို့တော်တွင်နေထိုင်သည်။ ရန်သူများတိုက်ခိုက်ရန်လာသည်ရှိသော် မြို့စောင့်နတ်ဘီလူးမမှာတစ်ဘက်ကမ်းမှ မယ်တော်တို့သိရှိအောင် အချက်ပေးလေသည်။ အချက်ပေးပုံမှာ မြို့တော်အလယ်ရှိရေကန်သာတွင် ကျောက်မြည်းရုပ်ရှိသည်။ ရန်သူလာသော် မြို့စောင့်ဘီလူးမမှာယင်းကျောက်မြည်းရုပ်၏ ကျောပြင်အားပွတ်သတ်ပေး၏ ထိုအခါ ကျောက်မြည်းရုပ်သည် ကျယ်လောင်စွာ မြည်ဟီးလေသည်။ ထိုအခါ တစ်ဘက်ကမ်းမှ ပန်းစားဘီလူးတို့သိရှိပြီး မြို့စောင့်နတ်ဘီလူးနှင့် တစ်ဘက်ကမ်းမှ နတ်ဘီလူးမိသားစုတို့၏ တန်ခိုးကြောင့် မြို့အလုံးမှာကောင်းကင်သို့ ပျံတက်သွားလေတော့သည်။

၀ါသုဒေဝ ညီနောင်တစ်ကျိတ်တို့သည် အကြိမ်ကြမ်ချီတက်တိုက်ခိုက်သော်လည်းအောင်မြင်မှုမရရှိသဖြင့် ကုန်သည်ယောင်ဆောင်လျက် မြို့တော်တွင်းသို့ ဝင်ရောက်ကြလေသည်။ ဒွါရာဝတီမြို့တော်တွင်းဒိဗ္ဗစက္ခုအဘိစျာန်ရရှိသောကဏှာဒီပါယနရသေ့ကြီး၏ ထံပါးသို့ ဆည်းကပ်ကြလေသည်။

မင်းညီနောင်တစ်ကျိပ်တို့သည် ရသေ့ကြီးထံမအကြံဉာဏ်များရယူလျက် မြို့မျက်နှာ အစွတ်တို့တွင် သံတံတင်းမြေတွင် စိုက်တည်ကြကုန်လေသည်။ ထိုအခါ မြည်းရုပ်မှာကျယ်လောင်စွာ မြည်ဟီးသော်လည်း မြို့တော်မှ ပျံတက်ခြင်းငှာအားထုတ်သော်လည်းတံခါးလေးဘက်မြို့မျက်နှာ အစွန်တို့တွင်တည်ရှိကြကုန်သောမင်းညီနောင်တစ်ကျိပ်တို့သည် လေးခုသောသံချောင်းတို့ဖြင့် ကိုင်ကုန်လျက် သံချောင်းတို့ဠ် ဖွဲ့အပ်သောသံကွင်းများကိုသံတံတင်းတို့ဠ် ချိတ်ဆွဲကြရာ မြို့တော် ကောင်းကင်သို့ ပျံတက်ခြင်းငှမစွမ်းဆောင်နိုင်တော့ချေ.။

ထိုကဲ့သို့ တိုက်ခိုက်သိမ်းယူလျက် ဒွါရာဝတီပြည်တွင် မင်းညီနောက်တစ်ကျိပ်တို့ စိုးစံအုပ်ချုပ်ကြလေသည်။ သံချောင်းများဖြသ့် ချိတ်တွဲ္ပ၍ တိုက်ခိုက် သိမ်းယူရသောကြောင့် ဒွါရာဝတီမြို့သည် ‘သံတွဲ’ ဟူ ၍ အမည်နာမထိုးလျက် ဒွါရာဝတီ သံတွဲမြို့ ဖြစ်လာခဲ့ရပေသည် ။ ညီနောင်တစ်ကျိပ်တို့ သည် အမကြီး အဥ္စနာဒေဝီအား ဒါွရာဝတီ သံတွဲမြို့ကိုအပိုင်စားစေသည်။ မကြာပီးညီနောင်တစ်ကျိတ်တို့သည် သူတော်စင်ရဟန်းတစ်ပါးကို ပြစ်မှားမိ၍ ပျက်စီးခြင်းသို့ ရောက်ကြလေရာ ဒွါရာဝတီ သံတွဲမြို့လည်းဆိပ်သုံဉ်းသွားခဲ့ရလေသည်။

မြတ်စွာဘုရားရှင်သည် ဘီစီ(၆)ရာစုတွင် သံတွဲမြစ်အတိုင်းလျောက်ဝင်လေလျှင်မြို့တော်၏ အရှေ့ဘင်နှစ်ဂါတ်ခန့် အကွာကုန်းမြင့်တစ်ခုဖြစ်သောဗာသုတတောင်တော်ဠ် ရပ်တော်မူရာယင်းတော်တော်ကိုတန့်တော်မူတောင်ဟု ခေါ်ဆိုကြသည်။ ယခုအခါ ဒန့်ဒေးတောင်(တန့်တေးတောင်) ဟုတ်ခေါ်ကြသည်။မြတ်စွာဘုရားရှင်သည် ထိုဗာသုတတောင်(ခေါ်) တန်းတော်မူတောင်ထိပ်မှ အနောက်အရပ်သို့ ပြုံးတော်မူပြီးနောက် ဗျာဒိတ်စကားမိန်းကြားတော်မူခဲ့လေသည်.။ မြတ်စွာဘုရားရှင် ဗျာဒိတ်ပေးတော်မူခဲ့သောစေတီတော်မှာ အံတော်စေတီ၊ နံတော်စေတီ၊ ဆံတောင်စေတီတို့ဖြစ်ကြပါသည်။ ရခိုင်ဘုရင် အဆက်ဆက် ၎င်းစေတီတော်များကိုခေတ်အဆက်ပြုပြင်ထိန်းလာခဲ့ကြသည်မှာယနေ့တိုင် တည်ရှိဆဲဖြစ်ပါသည်။

ထို့နောက် ဒွါရာဝတီသံတွဲမြို့သည် ရခိုင်သမိုင်းတွင် လွန်စွာအရေးကြီးသောနယ်ပယ်တစ်ခူဖြစ်လာတော့သည်။ သို့ဖြစ်၍ မင်းဆွေမင်းမျိုး၊ ယုံကြည်ရသောအမတ်တို့သာခန့်အပ်ထားသည်။ထို့အပြင် မြောက်ဦး (၁၄၃၁-၁၇၈၄ )ရခိုင် ဧကရာဇ်နိုင်ငံတွင် သံတွဲသည် အရှေ့ဘုရင်ခံ၏ ထီးနန်းစိုက်ရာမြို့ဖြစ်ခဲ့သည်။ ထို့အပြင် သံတွဲ၏ ရေတပ်အင်အားသည် ရခိုင်ပြည်တွင် ဒုတိယအင်အားအကောင်းဆုံးဖြစ်ခဲ့သည်။
ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရက သံတွဲမြို့ကို Sandoway ဟုလည်းခေါ်တွင်ခဲ့သည်။

ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန မှ ၉-၁၁-၁၉၇၂ ရက်စွဲပါ စာအမှတ် ၁၀၃/၃၂ ၊ စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် သံတွဲမြို့ဟု သမုတ်ခဲ့သည်............

ကိုးကား
ရခိုင်ရိုးရာယဉ်ကျေးမှုအမွေအနစ်များ
Re-sharer - Arakkha Zin Myo
12 July 2024
Photo - Google
#ရခိုင်သမိုင်း
#မသေသောမြို့
#ဒွါရာဝတီ
#သံတွဲ0

ကျားတို့၏ ခြံခုန်ခြင်း အနုပညာဆိုသည်မှာ...  ခပ်သွယ်သွယ် …မိန်းမတယောက်ရဲ့…ယောကျာ်းက …သူမပိန်လို့ …မကိတ်လို့ဆိုပီး… ဖောက်ပြ...
09/07/2024

ကျားတို့၏ ခြံခုန်ခြင်း အနုပညာဆိုသည်မှာ...

ခပ်သွယ်သွယ် …မိန်းမတယောက်ရဲ့…
ယောကျာ်းက …သူမပိန်လို့ …မကိတ်လို့ဆိုပီး… ဖောက်ပြန်သည်…

အသားမဲမဲ …မိန်းမတယောက်ရဲ့ဟောကျာ်းက …သူမ…မဖြူလို့ …မဲလို့ဆိုပီး ဖောက်ပြန်သည်…

ခပ်၀၀ …မိန်းမတယောက်ရဲ့… ယောကျာ်းက… သူမ ၀လို့ မသေးသွယ်တော့လို့ဆိုပီး ဖောက်ပြန်သည်…

ခပ်ရိုးရိုး… မိန်းမတယောက်ရဲ့ယောကျာ်းက… သူမ ရိုးလို့ …အလို့ဆိုပီး ဖောက်ပြန်သည်…

ခပ်လည်လည် …မိန်းမတယောက်ရဲ့… ယောကျာ်းက… သူမ…ရိုးသားအေးဆေးမှု မရှိဟု …ဆိုကာ ဖောက်ပြန်သည်…

ထက်မြက်တဲ့… မိန်းမတယောက်ရဲ့ယောကျာ်းက… နေရာတိုင်းမှာ… ရှေ့ကနေလို့ …လင်သားကို …ဦးထိပ်မထားလို့ဆိုပီး ဖောက်ပြန်သည်…

စည်းနဲ့ကမ်းနဲ့… ထိန်းသော… ထားသော… မိန်းမတယောက်ရဲ့… ယောကျာ်းက …တင်းကြပ်လွန်းလို့ဆိုပီး… ဖောက်ပြန်သည်…

မထိန်းမကွပ်ပဲ… ထားသော …မိန်းမတယောက်ရဲ့ယောကျာ်းက …လွပ်လပ်အားကြီးလို့ …လွှတ်ထားလွန်းလို့ဆိုပီးဖောက်ပြန်သည်

သ၀န်တိုတတ်သော… မိန်းမတယောက်ရဲ့…
ယောကျာ်းက… သံသယတေနဲ့ …မနေနိုင်ဟုဆိုကာ… ဖောက်ပြန်သည်…

သ၀န်မကြောင်တတ်သော… မိန်းမတယောက်ရဲ့… ယောကျာ်းက …သ၀န်ကြောင်တတ်သွားအောင်ဟုဆိုကာ… ဖောက်ပြန်သည်…

အလွန်ဖလန်းသော …မိန်းမတယောက်ရဲ့…
ယောကျာ်းက… အိမ်မှုကိစ္စမနိုင်ဟုဆိုကာ…
ဖောက်ပြန်သည်…

အိမ်တွင်းပုန်း …မိန်းမတယောက်ရဲ့… ယောကျာ်းက …အပြုအစု …အယုအယညံ့သည်ဟုဆိုကာ… ဖောက်ပြန်သည်

သိမ်မွေ့လွန်းသော… မိန်းမတယောက်ရဲ့
ယောကျာ်းက… အိစိအိစိမို့ဆိုပီး…
ဖောက်ပြန်သည်…

ကြမ်းတမ်းလွန်းသော… မိန်းမတယောက်ရဲ့ယောကျာ်းက… စရိုက်ဆန်သည်…ဟုဆိုပီးဖောက်ပြန်သည်…

ကလေးမရသော… မိန်းမတယောက်ရဲ့
ယောကျာ်းက… ကလေးမရှိလို့ဆိုပီး…
ဖောက်ပြန်သည်…

ရှင်မွေးလွန်း… မိန်းမတယောက်ရဲ့…
ယောကျာ်းက… ကလေးတွဲလဲတေကို… စိတ်ကုန်လို့ဆိုပီး… ဖောက်ပြန်သည် …

အလှအပ …မထိန်းသိမ်းသော… မိန်းမတယောက်ရဲ့… ယောကျာ်းက… ရွဲနေပီဆိုပီး… ဖောက်ပြန်သည်…

အလှအပထိန်းသိမ်းသော… မိန်းမတယောက်ရဲ့ယောကျာ်းက… အလှအပ… မက်လွန်းသည်ဆိုကာ…ဖောက်ပြန်သည်…

အလွန်တရာ… ချောမောလှပ၍… ဘော်ဒီတောင့်တောင့် …ခပ်ဖြောင့်ဖြောင့်နှင့် …ပညာတတ်ကာ …မျိုးရိုးဂုဏ်မြင့်မားပီး …အိနြေ္ဒသိက္ခာရှိလွန်းသော …အိမ်ထောင်မှု …နိုင်နင်းလွန်းကာ …လင်ကိုဦးထိပ်ပန်ဆင်ထားတတ်သည့် …မိန်းမတယောက်ရဲ့ယောကျာ်းက…

…အဆီအနှစ် ြပည့် နေတဲ့ ဟင်းကြီး အီသည်ဟုဆိုကာ…

**ဖောက်ပြန်တတ်ကြပေသည်တကား းးးးးး…😁😜

Crd

08/05/2024

ငါ့စကားဝါ​မြေဂိတ်ကလည်း အုံနာ ဒရိုင်ဘာနဲ့မှ မိန်း၁၁သိန်း​ကျော်ရတာမြင်ဖူးတယ်
ငါ့ကား​တွေတခါမှအဲ့လိုမရခဲ့ဘူး​နော်
ငါ့ဘဝငါသနားတယ်

ဆန်​စေ့​လေး ​ပြောင်း​စေ့ ​လေး​​ကျွေးသူကို မနက်ခင်းတိုင်း မျက်နှာရိပ်ကြည့်တတ်တဲ့မင်းတို့ကို တိရိစ္ဆာန် လို့ ​ခေါ်ကြတဲ့ လူ...
01/02/2024

ဆန်​စေ့​လေး ​ပြောင်း​စေ့ ​လေး​​ကျွေးသူကို မနက်ခင်းတိုင်း မျက်နှာရိပ်ကြည့်တတ်တဲ့မင်းတို့ကို တိရိစ္ဆာန် လို့ ​ခေါ်ကြတဲ့ လူဆိုတာ ကား​ ရွှေ​ ငွေ စိန် ​ပေးထားလည်း
မင်းတို့​လောက် နှလုံးသားမလှကြဘူး မဖြူစင်ကြဘူး
​ကျေးဇူးကန်းတတ်ကြတယ်

ကိုယ်ထူကိုယ်ထ မိန်းမသားဟဲ့ 😆၇.၁.၂၀၂၄  ကုန်ထမ်းအလုပ်သားကဖျားတခြားလူ​တွေကတခြားကိစ္စနဲ့မို့ ငါတ​ယောက်တည်းရှိလည်း ဖြစ်တယ် အစ...
08/01/2024

ကိုယ်ထူကိုယ်ထ မိန်းမသားဟဲ့ 😆
၇.၁.၂၀၂၄ ကုန်ထမ်းအလုပ်သားကဖျား
တခြားလူ​တွေကတခြားကိစ္စနဲ့မို့
ငါတ​ယောက်တည်းရှိလည်း ဖြစ်တယ်
အစွမ်းပြခြင်း
စာ​ရေးလည်းမ​နေရ လာခဲ့ ငါနဲ့ကူလုပ် ဒါပဲ

31/12/2023

နှစ်သစ်မှာ ကိုယ် စိတ်နှစ်ပါး ကျန်းမာ​ပျော်ရွှ ချမ်း​မြေ့ပါ​စေလို့ "စကားဝါ​မြေ express" မိသားစုမှ ဆုမွန်​ကောင်း​​​တောင်းပါတယ်ရှင့် 🙏
Happy New Year 🧡 2024

17/12/2023

အိမ်​တွေ ခြံ​တွေ လာအပ်ထားသူ​တွေအများကြီးပဲ ​နော်

ငွေရှင်တို့​ရေ
ရန်ကုန်မြို့အတွင်း ရင်းနှီးမြှုပ်နှံထားချင်လို့ဖြစ်​စေ
​အေးချမ်းစွာ​နေချင်လို့ လုံးခြင်း​လေးမှဆိုရင်ဖြစ်​စေ

ခြံ​လေးနဲ့ ​ကျယ်ကျယ်ဝန်းဝန်း​နေရမှဆိုရင်ဖြစ်​စေ

အကျိုး​ဆောင်ခ​လေးရချင်လို့
လက်တွဲပါရ​စေဆိုရင်ဖြစ်​စေ

မမီး ကို Hello လိုက်​နော်

095095126
09880595975

မမီးဆိုတာ အလုပ်ကိုအဖြစ်သ​ဘောမလုပ်တတ်သူမို့ အရာရာ စိတ်ချမ်းသာ​စေရမှာပါ

မ​နေ့ည ၆နာရီကဆီတန်းစီတာ ခုအပြည့်ထည့်လို့ရပြီဆို​သောအခါ  ထီ​ပေါက်သလို​ပျော်ရတဲ့ဘဝ ငါ့တို့လည်းပါပြီ​လေ
09/12/2023

မ​နေ့ည ၆နာရီကဆီတန်းစီတာ ခုအပြည့်ထည့်လို့ရပြီဆို​သောအခါ ထီ​ပေါက်သလို​ပျော်ရတဲ့ဘဝ ငါ့တို့လည်းပါပြီ​လေ

Address

(54th Street Lower Block)Botahtaung
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00

Telephone

+9595095126

Website

Alerts

Be the first to know and let us send you an email when Unicorn Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Unicorn Travels:

Share