09/04/2022
⛔ ဆော်ဒီအာရေဗျနိုင်ငံ Hajj နှင့် Umrah ဝန်ကြီးဌာန ကြေငြာချက်⛔
🕋 1443H/2022 ကမ္ဘာတစ်ဝှမ်းရှိ မွတ်စ်လင်မ်များ ယခုနှစ်အတွက် သတ်မှတ်ထားသော နိုင်ငံများမှ ဟာဂ်ျပြုလုပ်ရန် လာရောက်သူ လူဦးရေ အရေအတွက် အား နိုင်ငံတစ်ခုစီအတွက် ခွဲဝေပေးထားသည့် ခွဲတမ်းများနှင့်အညီ ပြည်ပ ဟာဂ်ျပြုလုပ်ခွင့် ဦးရေ #တစ်သန်းခန့် ခွင့်ပြုထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံရှိ Hajj နှင့် Umrah ဝန်ကြီးဌာန ကြေညာခဲ့သည်။
🕋 ယခုနှစ် Hajj ကို Hajj နှင့် Umrah ဝန်ကြီးဌာန မှ အသက် 65 နှစ်အောက် နှင့် အသက် 6 နှစ် အထက် ဟာဂ်ျပြုလုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
🕋 ဆော်ဒီနိုင်ငံ ပြင်ပမှ ဟာဂ်ျပြုလုပ်မည့် ဧည့်သည်များ Covid-19 ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု အားလုံးကို ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်သည်။
#ဟစ်ဂ်ျရီ_၁၄၄၃ခုနှစ်
#ဟာဂ်ျ
#ဟာဂ်ျနှင့်အွမ္မရာဟ်ဝန်ကြီးဌာန
#ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန
🚫 မြန်မာနိုင်ငံအတွက် ခွဲဝေပေးသည့် ဟာဂ်ျပြုလုပ်ခွင့် လူဦးရေ ခွဲတမ်း ရရှိခြင်းမဟုတ်သေးပါ။ 🚫