
29/03/2025
နေပြည်တော်လေဆိပ်နှင့် မန္တလေးလေဆိပ် ယာယီပိတ်ခြင်းနှင့် ခရီးစဉ်များဖျက်သိမ်းခြင်း
လတ်တလောကြုံတွေ့ခဲ့ရသော မြေငလျင်လှုပ်ခတ်မှု၏ နောက်ဆက်တွဲအခြေအနေများကြောင့် နေပြည်တော်နှင့် မန္တလေး လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှစတင်၍ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ခရီးသည်များအတွက် ဘေးကင်းလုံခြုံစိတ်ချရသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိမှသာ သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အဆိုပါခရီးစဉ်များတွင် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည် -
✅ ခရီးသွားရက်ပြောင်းလဲခြင်း တစ်ကြိမ်အခမဲ့ (ခရီးစဉ်များ ပြန်လည်ပြေးဆွဲသည့်ရက်မှ တစ်ပတ်အတွင်း)
✅ ငွေအပြည့်ပြန်အမ်းခြင်း (ဝယ်ယူထားသည့်တန်ဖိုးအတိုင်း)
🔹Online Booking Platform များနှင့် Travel Agent များထံမှ ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် မိမိဝယ်ယူထားသည့်နေရာမှတဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးသည်သာ MAI ၏ ပထမဦးစားပေးဖြစ်ပါသည်။ ခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက် အခြေအနေအရပ်ရပ်ကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး ခရီးသည်များ၏ သည်းခံနားလည်ပေးမှုများအတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။
[English Version Below]
𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰 & 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐀𝐢𝐫𝐩𝐨𝐫𝐭𝐬 𝐂𝐥𝐨𝐬𝐮𝐫𝐞 & 𝐅𝐥𝐢𝐠𝐡𝐭 𝐂𝐚𝐧𝐜𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧𝐬
Due to the earthquakes experienced, all flights to and from 𝗡𝗮𝘆 𝗣𝘆𝗶 𝗧𝗮𝘄 & 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 are canceled, effective 𝟮𝟴 𝗠𝗮𝗿, 𝟮𝟬𝟮𝟱, until further notice. We will resume operations once we receive approval from the relevant authorities and the condition is safe for our guests and colleagues.
Affected passengers may opt for:
✅ 𝗢𝗻𝗲-𝘁𝗶𝗺𝗲 𝗳𝗿𝗲𝗲 𝗱𝗮𝘁𝗲 𝗰𝗵𝗮𝗻𝗴𝗲(within a week after airport reopening, subject to seat availability)
✅ 𝗙𝘂𝗹𝗹 𝗿𝗲𝗳𝘂𝗻𝗱
🔹 For OTA and travel agency bookings, please contact your agent directly.
Our passenger safety is our priority. As the situation is dynamic, we continually monitor ongoing developments to make informed decisions. We appreciate your patience and understanding and look forward to welcoming you on board as soon as possible.