HAMSA Travels & TOURS
HAMSA Travels & TOURS Well known about our company & services and advertize the up-date programs and activities
Myanmar table tennis association and new generation players are going to Pattaya for international table tennis competit...
02/10/2015
Myanmar table tennis association and new generation players are going to Pattaya for international table tennis competition and visit BKK ..tour arranged by Hamsa Travels & Tours & BTR .
You can make your trip to amazing Krabi Islands ( 3 day / 2 nights ) from Bangkok ...you will get a totally different ex...
15/09/2015
You can make your trip to amazing Krabi Islands ( 3 day / 2 nights ) from Bangkok ...you will get a totally different experiences and feeling in Andaman Sea with un-ruined nature like a beautiful dream .. If you want to combine with Bangkok visits you can just put another 2 more nights in your plan ( 5 days / 4 nights ) ..
James Bone island and Phi Phi island ( the famous movie " the island" created in this island is included in Krabi province ..if you want to visits all famous Krabi islands you need to take more days to cover all visit sites ..
" Run out from your routine days to hold the nature , fresh air and totally different experiences to one the amazing Sea side of the world ..!!!
" At this artistic cultural tourist attraction , the traditions and customs of old Thailand are delightfully encountered...
11/09/2015
" At this artistic cultural tourist attraction , the traditions and customs of old Thailand are delightfully encountered through traditional art "
" Cultural architecture , sculpture and handicrafts ; preserving a vivid glimpse of daily life in the Thai Past "
" We invite you to come join in the celebration of our cherished Thai arts and culture , for all tourists and the new Thai generation. "
Thai တွေ tourism ကနေပြီးပိုက်ဆံရှာတတ်တာတော့ ပြောရတာမောနေပြီ..
ကိုယ့်  artistic cultural ရယ် traditional and customs ကိုလည်းထိမ်းသိမ်းပြီးသား ပိုက်ဆံလည်းရ နောက်မျိုးဆက်သစ်တွေကိုလည်းကိုယ့် ရဲ့ ရိုးရာယဉ်ကျေးမှု ၊ အနုပညာ ဓလေ့ထုံးတမ်းတွေကိုလည်း ဘယ်လိုထိမ်းသိမ်းတန်ဘိုးထားရမယ်ဆိုတာလည်းလက်ဆင့် ကမ်းပညာပေးပြီးသား ...ကျွန်တော်တို့ ဆီမှာဒါမျိုးထက်ကောင်းအောင်လုပ်လို့ ရတယ် ..ဒါပေမဲံမလုပ်နှီုင်ကြဘူး ...တာဝန်ရှိသူတွေဟိုးအဝေးကြီးတွေသွားပြီးလေ့ လာနေကြတာ..တကယ်တော့ နီးနီးလေးမှာတင်လေ့လာစရာတွေအများကြီး..အတုယူစရာတွေအများ ကြီး ..တိုင်းပြည်အတွက်ပိုက်ဆံရှာလို့ ရတာအများကြီး ..ထိုင်းဆိုတော့ လည်း
သမိုင်းအစဉ်အလာအ၇အထင်မကြီးဘူးထင်ပါရဲ့ လေ..ဒါပေမဲ့ reality မှာနှစ်ပေါင်းများစွာခြားသွားပြီ ...။
PATTAYA ရောက်ရင် သွားလေ့လာလို့ ရတယ် .." THAI THANI " Arts & Cultural Village တဲ့ .. ( Credit to Thai Thani )
ဒီ Program လေးက Bangkok & Pattaya ( 5d/4n ) Program လေးပါ..Bangkok & Ayutthaya Program နဲ့ Bangkok & Krabi Beach Program...
03/09/2015
ဒီ Program လေးက Bangkok & Pattaya ( 5d/4n ) Program လေးပါ..
Bangkok & Ayutthaya Program နဲ့ Bangkok & Krabi Beach Program လေးကိုလည်းဆက်တင်ပေးပါမယ်...Krabi Beach နဲ့ တွဲထားတဲ့ ခရီးစဉ်က additional domestic flight ထပ်စီးရတာရယ် နဲ့ ဈေးနည်းနည်းလေးပိုတာရယ်၊ group လေးနဲ့ သွားမှ ပိုပြီးသက်သာသွားမှာဖြစ်ပါတယ် ..လောလောဆယ်တော့ private special tour တွေအတွက်ဘဲစီစဉ်ပေးနှိုင်ပါတယ် ..
" Special private trip to BKK for families "Dear Wanna, Please relay our message to Nan. Thank you so much for very nice...
22/04/2015
" Special private trip to BKK for families "
Dear Wanna,
Please relay our message to Nan.
Thank you so much for very nice trip to Bangkok and Pattaya (Koh Lan Island).
Both families are very happy along the trip.
Thanks again for Safe & Happy Thailand Trip.
We recommended “Koh Lan Island” for others Myanmar people.
Regards,
Thura Nyunt
17/04/2015
Safari World ( BKK ) ရဲ့ အဓိကဆွဲဆောင်မှုကတော့ Elephant Show , Dolphins show , Orang Utan ( monkey ) show , Sea Lion show နဲ့ 
Macaws လို့ ခေါ်တဲ့ parrot အကြီးစားတွေရဲ့ စွမ်းရည်ပြပွဲတွေပါဘဲ ..ဘယ်လောက် train လုပ်ထားလဲဆိုတာ trainer တွေနဲ့ ဘယ်လောက်တသားတည်းကျလဲ ဆိုတာကြည့် မိတော့မှဘဲသိပါတယ် ..ဒီ show တွေအကုန်ကြည့် ဘို့ ဆိုရင်မနက်ကတည်းကသွားတာအကောင်းဆုံးပါဘဲ ..တစ်ချို့ show တွေက တစ်နေ့ တစ်ကြိမ်ထဲ ရှိပြီး တစ်ချို့ ကတော့နှစ်ကြိမ်ရှိပါတယ် ..လာလည်တဲ့ သူတွေသဘောအကျဆုံးကတော့ Orang Utan ခေါ်တဲ့ မျောက်တွေ ရဲ့ show နဲ့ sea lion ( ဖျံအကြီးစား ) တွေရဲ့ show ပါဘဲ ...Giraffe တွေကတော့ ကောင် ၂၅၀ လောက်နဲ့ ကမ္ဘာ zoo တွေထဲမှာအများဆုံးဘဲလို့ ဆိုပါတယ် ...ဒီလောက်များတဲ့ တိရစ္ဆာန်တွေကိုသန့် ရှင်းတဲ့ အစာတွေနေ့ စဉ်ကျွေးနှိုင်တဲ့ ဝင်ငွေနဲ့ များပြားလှတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ လစာ တွေအပြင်ကြီးမားတဲ့ အမြတ်အစွန်းတွေလဲရနေတဲ့ Safari world ကတော့ ကောင်းမွန်တဲ့ paln / management တွေ နဲ့ private company ပိုင်ဖြစ်ပါတယ်..Bangkok ကနေတစ်နာရီလောက်ခရီးအဝေးမှာရှိပါတယ် ..
Delegation Group ( Education ) organized by Bangkok Training International and arranged by Hamsa Tours  ( visit  Trade T...
02/03/2015
Delegation Group ( Education ) organized by Bangkok Training International and arranged by Hamsa Tours ( visit Trade Training Institute -TTI / Myanmar Metropolitan College - MMC / Dagon University / Horizon International School )
နောက်တစ်နေ့ မနက်စာစားပြီးပင်လယ်ထဲကကျွန်းတွေဆီသွားဘို့ လိုအပ်တဲ့ ပစ္စည်းတွေ ၊ ရေငုပ်ကိရိယာတွေ၊အဆာပြေမုန့် တွေနဲ့ towel တွေ...
21/02/2015
နောက်တစ်နေ့ မနက်စာစားပြီးပင်လယ်ထဲကကျွန်းတွေဆီသွားဘို့ လိုအပ်တဲ့ ပစ္စည်းတွေ ၊ ရေငုပ်ကိရိယာတွေ၊
အဆာပြေမုန့် တွေနဲ့ towel တွေထုပ်ပိုးပြီး ကားနဲ့ ပင်လယ်ထွက်တဲ့ boat jetty ကိုသွားရတယ်..ကျွန်တော်တို့ ကတော့  tour company က boat service ကိုသုံးခဲ့ တယ် ..ဒီမှာရွေးချယ်စရာ trip တွေကအများကြီး ..James Bone island ခေါ်တဲ့ james bone ကားရိုက်ခဲ့ တဲ့ ကျွန်းကိုသွာမလား …4 islands trip ကိုသွားမလား ..Phi Phi island ကျွန်းကိုသွားမလား ( ဒီကျွ့န်းကို night stop သွားလို့ လည်းရတယ် ..ဟိုတယ်တွေလည်းရှိတယ် ..နှစ်နာရီလောက် ဘုတ်စီးရတယ် ..သိပ်လှတဲ့ ကျွန်းလေးတစ်ခုဖြစ်ပြီးအနီးနားဝန်းကျင်မှာ လည်ပတ်လို့ ရတဲ့ adventure trip လေးတွေအများကြီး ..ဒီကျွန်းလေးကဟိုးလွန်ခဲ့ တဲ့ နှစ်တွေတုန်းကဆူနာမီမှာတော်တော်လေးသေခဲ့ တဲ့အပန်းဖြေ ကျွန်းလေးပေါ့  ) ...ဒါမှမဟုတ် bird watching လုပ်မလား …ရေအောက်ပင်လယ်ထဲမှာငါးလေးတွေမျိုးစုံနဲ့ ရေးကူးချင်လား ( snorkeling ) …ရွေးချယ်စရာ options တွေကအများကြီး..Mangrove rain forest ထဲမှာလည်း kayaking ခေါ်တဲ့  ဖိုင်ဘာလှေငယ်လေးတွေကိုယ်တိုင်လှော်ပြီးသဘာဝအလှတွေကို ကြည့် ရင်းလမုတောထဲမှာလျောက်သွားချင်လား….rock climbing လုပ်ချင်လား .. jungle tour and elephant ridding လုပ်ချင်သေးလား …အများကြီး..
ကျွန်တော်တို့ ကတော့ ကျွန်ူလေးကျွန်းခရီးစဉ်ကိုရွေးလိုက်ကြတယ် ..day retuen trip ပေါ့ ..အဲဒီထဲမှာ ငါးလေးတွေနဲ့ ရေကူးရင်း snorkeling လုပ်တာပါတယ် ..rock climbing ကတော့ နည်းနည်းအချိန်ယူမှရတယ်.. ပထမဆုံး speed boat ပေါ်ရောက်ပြီးစထွက်တာနဲ့ guide လေးကသူ့ ကိုယ်သူနဲ့ driver ကိုမိတ်ဆက်ပေးပြီး အခုသွားမဲ့ ခ၇ီးစဉ်အကြောင်းကိုရှင်းပြတယ်..ပြီးတော့ dos & donts တွေပေါ့  ...တစ်ချို့ နေရာတွေကအပျော်လွန်ပြီးသတိမထားရင်အန္တရာယ်ရှိတတ်တယ်လေ..ထိုင်းလိုဘဲရှင်းပြတော့ နောက်မှကျွန်တော်ပြန်မေးရတယ် ..ကျွန်းနာမည်တွေကလည်းထိုင်းတွေလိုဆိုတော့သိပ်မမှတ်မိတော့ ဘူး..ပင်လယ်နက်ထဲမှာမောင်းတဲ့ speed boat ရဲ့ အရှိန်ကတော်တော်ကိုမြန်တာ..Life jacket အသေအချာဝတ်ထားရင်းတန်းလေးတွေကိုဆုပ်ကိုင်ထားရတယ်…သူတို့ ကkrabi က beach ထက်ပင်လယ်ထဲက ကျွန်းတွေမှာရေကူးတဲ့ လူတွေပိုများတယ်…ညနေ hotel ပြန်ရောက်တော့ မှဘဲ ဟော်တယ်ရှေ့ က beach မှာရေကူးကြဆော့ ကြနဲ့ …ပင်လယ်ရေရဲ့ ကြည်လင်မှုကလည်း ကမ်းခြေမှာကြည်လင်လွန်းသလို ရေနက်ပိုင်းမှာလဲပေအနက်တော်တော်အထိေ၇အောက်ကိုမြင်ရတယ်..
မိနစ်လေးဆယ်လောက်မောင်းပြီးတာနဲ့ ပထမဆုံးကျွန်းကိုရောက်တယ်..အဲဒီဒေသကပင်လယ်ကဘယ်ကြည့် ကြည့်ရေပြင်ကြီးမဟုတ်ဘဲ isolated islands တွေအများကြီး ..တစ်ချို့ ကျွန်းတွေကတအားမတ်ဆောက်ပြီးမြင့် တော့ တက်လို့ လည်လို့ မရဘူး..ပင်လယ်ထဲမှာထိုးထိုးထောင်ထောင်နဲ့ ထိုင်နေကြသလိုဘဲ ..အဲဒီကျွန်းမှာ rock climbing လုပ်နေတဲ့ အုပ်စုတွေ့ တာနဲ့ ဝင်ကြိုးစားကြည့် သေးတယ် ..လေ့ကျင့်မှုနဲ့ ကြံ့ခိုင်မလုံလောက်တော့ ပေ နှစ်ဆယ်လောက်မှာဘဲကျွန်တော်ပြန်ဆင်းခဲ့ ရတယ်..ပါလာတဲ့ အဖွဲ့ တွေကလည်းအော်ဟစ်ပြီးကန့် ကွက်ကြ စိုးရိမ်ကြပေါ့ ..နောက်တော့ သဘာဝထုံးကျောက်တောင်တွေပေါ်တက်ကြည့် ကြပေါ့ ..ကျွန်တော်ကgeologist လည်းဖြစ်တော့ ကျောက်တောင်တွေမြင်ရင်စူးစမ်းတတ်၊တက်ကြည့်ချင်နေတာချည်းဘဲ ..ထူးစမ်းတာကကျေက်တောင်ကြီးတွေရဲ့ အောက်မှာဂူတစ်ခုရှိတယ်..အဲဒီမှာနတ်နန်းလေးရှိတယ်..ဒီကျွန်းစောင့် တဲ့ နတ်မင်းသမီးရဲ့ နန်းလို့ ပြောကြတယ်..ထူးဆန်းတာကယောင်္ကျားတန်ဆာတွေကိုပုံအမျိုးမျိုးနဲ့ လျှူထားတာတွေ့ ရတယ်..ရယ်ချင်စပ်စုချင်ပေမဲ့ ပင်လယ် ကြီးထဲမှာဆိုတော့ ကြောက်တာနဲ့ ဘာမှမသိသလိုစိတ်ကိုဖျောက်ရတယ် ..ရှစ်ခိုးဆုတောင်းနေတဲ့ သူတွေကတော့ အများကြီး..
အဲဒီကထွက်လာတော့ ကြက်ကျွန်းကိုရောက်တယ်..ကျွန်းပုံစံကကြက်တစ်ကောင်ခေါင်းထောင်နေတာနဲ့ တူလို့ ကြက်ကျွန်းလို့ ခေါ်တာ..အဲဒီမှာဓါတ်ပုံတွေရိုက်ပြီး ဆက်ထွက်လာတော့ ကျွန်းတစ်ကျွန်းရဲ့ မလှမ်းမကမ်း ရေနက်ထဲမှာ boat ကိုကျောက်ချရင်း snorkeling လုပ်ဘို့ ရေငုပ်ကိရိယာတွေဝတ်ပြီးရေထဲဆင်းရတော့ တာပေါ့ …ရေအနက်ကြီးထဲမှာငါးမျိုးစုံနဲ့ နေရတဲ့ ခဏခံစားမှုကတော့ အစုံပါဘဲ.. ရေနက်ပေမဲ့ ကြည်လင်လွန်းနေတာရယ် ..အံ့သြနေတာရယ်..ကြောက်နေတာရယ်..တခြားကမ္ဘာတစ်ခုကိုေ၇ာက်နေသလိုခံစားနေ၇တာရယ် …တစ်ချို့ ငါးအုပ်စုတွေကလာတွတ်နေကြတာလည်းအသဲယားစရာလေ..
အဲဒီကပြီးတော့မှနေလည်စာစားဘို့ TUP island ကိုထွက်ခဲ့ ကြတယ် ..ဒီကျွန်းကထူးတာကဒီေ၇ကျသွား၇င်ကျွန်းက separated beaches နှစ်ခုဖြစ်သွားပြီး ကျွန်း နှစ်ခုအလယ်သောင်ပြင်ကြယ်ကြီးကအ၇ှည်ကြီး…အဲသောင်ပြင်ကြီးကိုဖြတ်ရင်းနဲ့ တစ်ခုထဲသောစားသောက်ဆိုင်လေးမှာနေ့ လည်စာ စားပြီးခဏနား ….ပြီးတော့မှနောက်ဆုံးတစ်ကျွန်းဖြစ်တဲ့ ……ကိုရောက်တော့ သောင်ပြင်မှာနေပူခံနေတဲ့ သူတွေ ၊ ၊ ထင်းရှုးပင်အောက်တွေမှာအနားယူနေတဲ့ သူတွေ ၊ ပင်လယ်ထဲမှာရေကူးနေတဲ့သူတွေ နဲ့ စည်းကားလို့ …ဒီကျွန်းရဲ့ ကမ်းစပ်နားအထိရောင်းစုံငါးလေးတွေအဖွဲ့ လိုက်လူတွေကြားထဲမှာလာဆော့ နေကြတယ်..ခလေးတွေအတွက်တော့ပြန်ခေါ်ဘို့ ခက်တဲ့နေရာပါဘဲ ..ပင်လယ်ကိုမျှော်ကြည့် လိုက်တော့ လည်းရေရဲ့ အရောင်ကနှစ်မျိုးတိတိကျကျကြီးကိုကွဲနေတယ်…ေ၇ပြာရောင်ကသိပ်မနက်ဘဲ အဖြူေ၇ာင်သဲအခံနဲ့ …….အစိမ်းရောင်ေ၇ပြင်ကတော့ ချောက်တွေနဲ့ တော်တော်နက်သွားပါပြီ..လှချက်တော့ စကားလုံးရှာမ၇ဘူး ..late afternoon မှာတော့ မပြန်ချင်လည်းပြန်ခဲ့ ရပေါ့ …ဘယ်တော့မှမမေ့ တော့မဲ့ ခရီးတစ်ခုအဖြစ်နဲ့ အမြဲသတိရနေမဲ့ အတွေ့ အကြုံတွေပါ..
မြို့ ပြတစ်ခုရဲ့ အလှကဘယ်လောက်ဘဲကြီးကျယ်ပါစေ..ငြီးငွေ့ လွယ်တယ်လေ..သဘာဝရဲ့ အလှတရားကတော့ ဘယ်တော့မှမေ့ပျောက်မှာမဟုတ်တဲ့ ရိုးရှင်းတဲံ့ ဆွဲဆောင်မှုတွေနဲ့ လူတွေရဲ့ ဘ၀အမောတွေကိုသက်သာပြေလျှော့ စေတာတော့အသေအချာ …အပြန်ခရီးတလျှောက်လုံးအတွေးပေါင်းစုံနဲ့ ကျွန်တော်ငြိမ်သက်လာခဲ့ တယ် ….. ဒါမျိုးသဘာဝအလှတွေပေါများတဲ့ ကျွန်တော်တို့ တိုင်းပြည်အကြောင်းတွေးပြီးလည်းဝမ်းနည်းလာသလိုဘဲ ….ဘယ်တော့များမှဖြစ်လာမလဲမသိ …ဒါတွေမေ့ပစ်ဘို့  hotel ပြန်ရောက်ရင် happy hour မှာ ၀ိုင်တွေတစ်ခွက်ပြီးတစ်ခွက်သောက် ရင်း…………….သိပ်ပင်ပန်းလာရင်ခရီးထွက်ပါဗျာ …။
ခရီးတွေသွား၇င်အမြဲတိတ်တိတ်လေးဘဲသွားနေတတ်တဲ့ ကိုယ့် စရိုက်ကဒီတစ်ခါတော့ ပြောပြချင်စိတ်တွေဖြစ်လာတယ်..အခုသွားခဲ့ တဲ့ ခရီးလေး...
17/02/2015
ခရီးတွေသွား၇င်အမြဲတိတ်တိတ်လေးဘဲသွားနေတတ်တဲ့ ကိုယ့် စရိုက်ကဒီတစ်ခါတော့ ပြောပြချင်စိတ်တွေဖြစ်လာတယ်..အခုသွားခဲ့ တဲ့ ခရီးလေးတစ်ခုအကြောင်းပေါ့ …မနှစ်က ထိုင်းနှိုင်ငံရဲ့  နှိုင်ငံရေးအခြေအနေတွေကြောင့် new year & Chinese new year နှစ်လလောက်မှာ နှိုင်ငံတကာခရီးသွားတွေ ( ၆)သန်းနီးပါးလောက်ဆုံးရှုံးသွားခဲ့ တယ် ..သူတို့ တွေတော်တော်ခါသွားတယ် ..
ဒါကြောင့် ဒီနှစ်မှာတော့ သေသေချာချာအစီအစဉ်တွေနဲ့ တစ်နှိုင်ငံလုံးရဲ့ ခရီးသွား plan တွေကို reforms တွေကြိုလုပ်နေခဲ့ တာမနှစ်ကတည်းကဘဲ ..tourism နဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ စီးပွားရေး unit တွေအကုန်လုံးကြိုတင်ပြင်ဆင်မှုတွေနဲ့ လိုအပ်တဲ့ training / seminars / promotions and new attraction sites / new strategy to attract tourists တွေနဲ့ tourism associations တွေအကုန်လုံး Ministry of Tourism ရဲ့ major reform plannings အောက်မှာလက်တွဲညီညီကြိုးစားလိုက်ကြတာဒီနှစ်ပြန်လည်ဦးမော့ လာတဲ့ ထိုင်းနှိုင်ငံခ၇ီးသွားလုပ်ငန်းရဲ့ အားကျစရာအခြေအနေတွေကိုမျက်မြင်တွေ့ ခဲ့ ရတယ် …သူတို့ Thai Tourism Federation ကလည်းအားကိုးစရာကောင်းလောက်အောင်ပံ့ပိုးမှုတွေနဲ့ 
တော်တော်အလုပ်လုပ်တာကိုး …ဒီတရုတ်နှစ်ကူးအချိန်လေးမှာတင် airbus charter flight အစီး (900 ) နဲ့ တရုတ်တွေလာမယ်..ဒါစီးလုံးဌားလေယာဉ်တွေဘဲရှိသေးတာနော်..နောက်ပြီး tourist sites တွေတိုင်းမှာဘာမှမဟုတ်တာလေးကအစ tourists တွေပိုက်ဆံသုံးချင်လာအောင်ပြင်ဆင်ထားကြတယ် ..Pattaya နဲ့ HuiHin ကfloating market တွေဆို artificial lake တွေဘဲ .. ကျွန်တော်တို့ ဆီက Inle lake လိုမျိုးသဘာဝ ရေကန်ကြီးတွေမဟုတ်ဘူး ..အင်းလေးကန်ကိုဘယ်လိုမှပြိုင်လို့ မရတဲ့ artificial lake တွေပါ ..ဒါပေမဲ့ လာလိုက်တဲ့ ဧည့် သည်တွေကတော့ လူချင်းတောင်မနည်းရှောင်ရတယ်..သူတို့ ရဲ့ tourism planning & idea arrangement and facilities တွေကသိပ်ကောင်းတယ် ..ရောင်းလိုက်ရတဲ့ အမှတ်တ၇ပစ္စည်းတွေ နဲ့ ရိုးရာအစားအစာတွေ …ကျွန်တော်တို့ တကယ်အတုယူဘို့ ကောင်းတယ် …နောက်တစ်ခုကသူတို့ ဆီမှာ အရမ်းဖွံ့ ဖြိုးနေတာက Eco-tourism …ကျွန်တော်တို့ တိုင်းပြည်မှာ Eco-tourism စစ်စစ်မရသေးဘူး ..Eco-tourism ဆိုတာ ကျေးလက်ဒေသ ကဒေသခံတွေရဲ့ အိမ်တွေမှာ home stay နေ.. သူတို့ နဲ့ အတူချက်ပြုတ်စားသောက်ပြီးဒေသခံတွေရဲ့ ဘ၀အတိုင်းနေထိုင်ခံစားတဲ့ tour ပါ …ကျွန်တော်တို့ ဆီမှာ home stay နေခွင့် မ၇ှိသေးတော ့Natural Tourism လို့ ဘဲပြောရမှာပေါ့  ..ဒါက Thai Tourism business ရဲ့ တစ်ချို့ သော information လေးတွေပါ ..
ကျွန်တော်တကယ်ပြောချင်တာကတော့ အခုကျွန်တော်သွားခဲ့ တဲ့ ကမ္ဘာ့ အလှဆုံးနေရာတစ်ခုဖြစ်တဲ့ ထိုင်းနှိုင် ငံတောင်ပိုင်းဒေသ ရဲ့ 
Krabi Beaches and islands အကြောင်းပါ ..ဖူးခက်နဲ့ လည်းတော်တော်နီးတယ် ..( ၁) နာရီလောက်ဘဲကားမောင်းချိန်ဝေးတာ ..
Bangkok ကတော့ 800 km လောက်ဝေးပြီးလေယာဉ်စီးရင် တစ်နာရီကျော်ကျောက်လောက်လေးဘဲစီးရတယ် ..Krabi Airport ရောက်ရင်တော့  Beaches တွေကိုရောက်ဘို့ မိနစ်လေးဆယ်လောက်ကားထပ်မောင်းရတယ် ..လေဆိပ်ထဲမှာတင်ကိုယ်သွားချင်တဲ့ beach တွေ islands တွေကိုသွားဘို့ car / boat / hotels တွေ အတွက် services counter တွေမှာ ကြိုက်တာရွေးလို့ ရတယ်..ကြိုတင်မစီစဉ်ထားခဲ့ ရင်ပေါ့ …ကျွန်တော်တည်းဖြစ်တဲ့ ဟိုတယ်နာမည်က Sheraton Krabi Beach Resort မှာတည်းဖြစ်တယ် ..ဟိုတယ်ရဲ့ ဝန်ဆောင်မှုကတော့ တကယ် luxury five stars hotel services ပါဘဲ ..ဟိုတယ်ဝန်ထမ်းအားလုံးရဲ့ ချိုမြတဲ့ အပြုံးတွေကဧည့် သည်တွေကိုကျေနပ်စေတယ် ..check-in ၀င်တော့ guest တွေသီးသန့် room card နဲ့ သာဝင်လို့ ရတဲ့ Sfheraton club room မှာ Tea & Coffee မျိုးစုံ ၊ snacks မျိုးစုံ စားရင်းစောင့် ရတယ်..ညနေငါးနာရီကခုနှစ်နာရီအထိ happy hour မှာ Beer / red & white wine /cocktail and many items of snacks / fruits / many of cakes and Cookies တွေက ကြိုက်သလောက်စား free …ပင်လယ်ထဲရေချိုးပြီးဘဲဖြစ်ဖြစ်။ရေကူးကန်ထဲေ၇ကူးဘဲဖြစ်ဖြစ်ဗိုက်ဆာလာရင် happy hour service ကပျော်စရာ..စားတတ်ရင်ညစာလွတ်အောင်ဆွဲလို့ ရတယ် ..ဟိုတယ်ရဲ့ location က ပင်လယ်ကမ်းခြေကိုမျက်နှာချင်းဆိုင်ပြီးကြယ်ဝန်းလှတဲ့ မြက်ခင်းပြင်ကြီးရယ် ၊ထင်းရှုးပင်အမြင့် ကြီးတွေရယ် ချန်ထားပြီးရေကူးကန်အကြီးကြီးလုပ်ထားတယ် ..အဲဒါရဲ့ နောက်မှာတော့ ကြာပန်းတွေစုံတဲ့ ရေကန်ကြီးနဲ့ ပန်းမျိုးစုံရှိတဲ့ ပန်းခြံ ..ဒါပြီးတော့ မှ ဟိုတယ်ကိုသုံးထပ်အဆောင်အဦးအဆောင်လေးတွေက ဝေ့၀ိုပြီးဆောက်ထားတယ် ..ဟိုတယ်ဝန်းကကျယ်လွန်းတာကြောင့် ရယ် ..တောင်ကုန်းတောင်ကြားတွေကြားမှာ ဆောက်ထားတာကြောင့် ရယ်ဝန်ထမ်းတွေတစ်နေရာကတစ်နေရာသွားဘို့ ဂေါက်ကွင်းမှာသုံးတဲ့ ကားငယ်လေးတွေသုံးကြတယ်..ဧည့် သည်တွေရယ် အိတ်တွေကိုလည်းဒီကားလေးတွေနဲ့ ဘဲဝန်ဆောင်မှုပေးတယ် ..room တွေကလည်းအဆင့်မြင့်သုံးပစ္စည်းတွေနဲ့ တကယ်ကို relax ဖြစ်စေတယ် ..ညနေခင်းမှာထင်ရှုးပင်တွေကြားကပင်လယ်ထဲကိုနေလုံးကြီးတဖြည်းဖြည်းဆင်းသွားတာကို မြင်းခင်းတွေပေါ်မှာထိုင်ရင်းကြည့် ရတာလွမ်းစရာ ..နောက်တစ်ရက်ကြမှ ပင်လယ်ထဲ ကအတွေ့ အကြုံတွေကိုကြိုးစားရေးကြည့် ပါအုန်းမယ် …
ATF ,2015
02/02/2015
ATF ,2015
the last day of ATF ( 29th Jan ) ..
02/02/2015
the last day of ATF ( 29th Jan ) ..
2nd Day of ATF 2015
28/01/2015
2nd Day of ATF 2015
Address
Yangon
NAIL
Website
http://goldenland.free.fr/
Alerts
Be the first to know and let us send you an email when HAMSA Travels & TOURS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to HAMSA Travels & TOURS:
Share
Category