MaHar MarTar Tours & Travels Services

MaHar MarTar Tours & Travels Services " A Great Way To Fly "

 ယခုကဲ့သို့လက်ဆောင်ပို့ပေးပါသောမန်းရတနာပုံလေကြောင်းလိုင်းအားမဟာမာတာမိသားစုမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်😍Mann Yadanarp...
27/02/2026


ယခုကဲ့သို့လက်ဆောင်ပို့ပေးပါသော
မန်းရတနာပုံလေကြောင်းလိုင်းအားမဟာမာတာမိသားစုမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်😍

Mann Yadanarpon Airlines

12/12/2025

#အလုပ်ခေါ်စာ
မဟာမာတာ ကုမ္ပဏီ လီမိတက်မှ
အောက်ပါ ဝန်ထမ်းနေရာအား လျှောက်ထားနိုင်ပါသည်

တာချီလိတ်မြို့ မဟာမာတာ လေယာဉ်လက်မှတ် အရောင်းဌာနတွင် လုပ်ကိုင်ရန်..

**Ticketing Staff (Female 1 post)**
👉ကွန်ပျူတာအခြေခံတတ်မြောက်ရမည်
👉တက္ကသိုလ်တက်ရောက်နေသူ /ဘွဲ့ရရှိပြီးသူဖြစ်ရမည်
👉 အသက် (၂၁)နှစ်နှင့် (၃၀)နှစ်ကြားဖြစ်ရမည်
👉အိမ်ထောင်မရှိသူဖြစ်ရမည်
👉အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ရမည်
👉ရေရှည်လုပ်ကိုင်နိုင်လျှင်ဦးစားပေးမည်

နေ/စား စရိတ်ငြိမ်းစီစဉ်ပေးမည်
Salary အား ဆက်သွယ်မေးမြန်းနိုင်သည်

CV Form အား Mail ဖြင့်ပေးပို့နိုင်သည်
[email protected]

မဟာမာတာ ကုမ္ပဏီလီမိတက်
မဟာမာတာလေယာဉ်လက်မှတ်အရောင်းဌာန
Travels and Tours Services
Contact-09791919292,09767676205,09429279376

၂၀၂၅ခုနှစ်၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်မဟာမာတာ ကုမ္ပဏီ ​၏ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်ဖြစ်ပါတယ်...စုပေါင်း၍လှ...
03/11/2025

၂၀၂၅ခုနှစ်
၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်
မဟာမာတာ ကုမ္ပဏီ ​၏ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်ဖြစ်ပါတယ်...
စုပေါင်း၍လှူဒါန်းခဲ့နိုင်မှုအတွက် ကုမ္ပဏီအနေဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် တင်ပြလိုက်ရပါတယ်...

#😘 #

16/09/2025

📣📣📣သတင်းကောင်းဗျို့📣📣📣

သီတင်းကျွတ်အကြိုအထူးပရိုမိုးရှင်းအနေနဲ့မဟာမာတာလေယာဉ်လက်မှတ်ရုံးမှလက်မှတ်ဝယ်ယူသူတိုင်းကို ပြန်အမ်းငွေ 5000 ကျပ်ပြန်ပေးနေပြီဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ် Customers များကိုသတင်း‌ကောင်းပါးအပ်လိုက်ပါတယ်ရှင့်...........

☎️09791919292(Viber)
☎️09767676205(telegram)
☎️09448014148 (KPAY ONLY)
☎️09429279376
&TRAVELS

🥰အခုပဲမဟာမာတာမှာလေယာဉ်လက်မှတ်ဖြတ်ကြစို့🥰

Myanmar National Airlines 77 Years Happy Anniversary
16/09/2025

Myanmar National Airlines
77 Years Happy Anniversary

𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 𝟕𝟕𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲! 🎉✈️

မြန်မာအမျိုးသားလေကြောင်းသည် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့မှစတင်၍ တည်ထောင်ပြီး ပျံသန်းခဲ့ရာ ယနေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် (၇၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ရှင်။
မြန်မာအမျိုးသားလေကြောင်းလိုင်း သက်တမ်းတစ်လျှောက် အားပေးစီးနင်း ကြသော ခရီးသွားပြည်သူများကို ယခု လေကြောင်းလိုင်း (၇၇) နှစ်မြောက် မွေးနေ့မှာ ကျေးဇူးတင်ဂါရဝပြုရင်း ခရီးသည်များ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်မပြတ်ကြိုးစား လျက်ရှိ ပါတယ်ရှင်။

[English]
Myanmar National Airlines was founded in 15 September 1948 and today marks the 77 years of flying as the National Carrier of Myanmar. We would like to thank each and every one of the passengers who have been traveling with us throughout the time.
On the occasion of the 77th Birthday of Myanmar National Airlines, we promise to constantly provide excellent services.

𝑺𝒕𝒂𝒓𝒕 𝒚𝒐𝒖𝒓 𝒋𝒐𝒖𝒓𝒏𝒆𝒚 𝒐𝒇 𝒂 𝒍𝒊𝒇𝒆𝒕𝒊𝒎𝒆 𝒘𝒊𝒕𝒉 𝒖𝒔

လေယာဉ်လတ်မှတ်၀ယ်ဖို့ အချိန်မရှိဘူးလား 🤔? ✈️ပိတ်ရက်တွေမှာ ခရီးသွားဖို့စီစဉ်ထားတယ်မနက်ရုံးသွား ညနေရုံးကပြန်နဲ့ လေယာဉ်လတ်မှ...
24/07/2025

လေယာဉ်လတ်မှတ်၀ယ်ဖို့ အချိန်မရှိဘူးလား 🤔?

✈️ပိတ်ရက်တွေမှာ ခရီးသွားဖို့စီစဉ်ထားတယ်
မနက်ရုံးသွား ညနေရုံးကပြန်နဲ့
လေယာဉ်လတ်မှတ်တောင် မဖြတ်ရသေးဘူး
အနီးကပ်မှ ၀ယ်ရင် စျေးတွေကတက်ဦးမယ်
ဘယ်အချိန်လေယာဉ်လတ်မှတ်သွား၀ယ်ရမလဲ ?????

✈️ လေကြောင်းလိုင်းတွေကအများကြီး
Agent တွေလည်းအများကြီး
ဘယ်လေကြောင်းလိုင်း စီးပြီး
ဘယ်မှာ လေယာဉ်လတ်မှတ်၀ယ်ရမလဲ မသိတော့ဘူး?????

✈️ လေယာဉ်လတ်မှတ် ဖုန်းနဲ့ Booking တင်ထားတယ်
Payment ပေးဖို့အတွက် သွားရဦးမယ် ?????

အစရှိတဲ့ အခြေအနေတွေ မေးခွန်းတွေနဲ့
အချိန်ကုန်ခံ ခေါင်းကိုက်မခံပါနဲ့တော့။

လေယာဉ်လတ်မှတ်၀ယ်ဖို့ တကူးတက အချိန်ယူစရာမလိုပါဘူး
Online ပေါ်ကနေပဲ Page ရဲ့Messengerကို Hi လိုက်ပါ။ (သို့မဟုတ်)
Ph – 09791919292 (Viber)
09767676205 (Telegram) တို့တွင်
🚨 (24 Hours) ပိတ်ရက်မရှိ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ ။
လူကြီးမင်းတို့ ခရီးစဉ်အတွက် ပူပန်သမျှ ကူညီဖြေရှင်းပေးရန်အသင့်ရှိနေပြီး မိမိသိချင်တာမှန်သမျှ မေးမြန်းစုံစမ်းနိုင်ပါတယ်ဒါ့အပြင် ခရီးစဉ်အတွက် လိုအပ်သမျှကိုလည်း ကူညီဆွေးနွေးပေးနေတာမို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 👩🏼‍💻

#ခရီးသွားဝန်ဆောင်မူ
#မဟာမာတာ
#တာချီလိတ်

🤗 FYI
22/07/2025

🤗 FYI

မန်းရတနာပုံလေကြောင်းလိုင်းနဲ့အတူ စီးနင်းလိုက်ပါကြမယ့် ခရီးသည်များအတွက် သက်တောင့်သက်သာနဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝပေးနိုင်ဖို့ royal service program ရှိနေပါပြီရှင့် 💁🏻‍♀️✈️

✈️ ပုံပုံနဲ့အတူပျံသန်းမယ့် ခရီးစဉ်တစ်ခုအတွက် မိမိစိတ်တိုင်းကျ
💺ထိုင်ခုံနေရာ
🍩အစားအသောက်
🥇ဦးစားပေး ဝန်ဆောင်မှုများကို
လက်မှတ်နှင့်အတူ တစ်ခါတည်း ဝယ်ယူရရှိနိုင်နေပါပြီနော်

Royal Service မှာ ဝယ်ယူရရှိနိုင်တဲ့ Service များကတော့

1️⃣ All In One Service (MMK 25,000) for per person
✨ Front Seat (1st to 4th row) + Special Meal + Priority Check-in and Boarding

2️⃣ Ancillary Service (MMK 10,000) for per person
✨ Special Meals

3️⃣ Seat Selection (MMK 10,000) for per person
✨ Window Seat / Aisle Seat တို့ပဲဖြစ်ပါတယ်

Royal Service ကိုဝယ်ယူရရှိ‌နိုင်မဲ့နေရာများကတော့

🧑‍💻တရားဝင် အရောင်းကိုယ်စားလှယ်များ (Travels and Tours)
👩‍💻 မန်းရတနာပုံ ရုံးချုပ် နှင့် နယ်ရုံးခွဲများ
💻 MYP Website https://www.airmyp.com/ တို့ပဲဖြစ်ပါတယ်ရှင့်

အထက်ပါ service များအတွက် အသေးစိတ်အချက်အလက်များနဲ့ Terms and Conditions များအား အောက်ပါ MYP Website Link - https://airmyp.com/index.php/plan-my-trip/royal-service တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို

Sales and Marketing ဖုန်း 09-888905600, 09-888904500, 09-889348656
များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 💁🏻‍♀️








ခရီးသွားရွှေဧည့်သည်တော်များခင်ဗျာ Zuly လအတွက် တာချီလိတ်မြို့မှ ပြည်တွင်းခရီးစဉ် လတ်မှတ်စျေးနူန်းများကို ဖော်ပြလိုက်ပါတယ်...
10/07/2025

ခရီးသွားရွှေဧည့်သည်တော်များခင်ဗျာ Zuly လအတွက် တာချီလိတ်မြို့မှ ပြည်တွင်းခရီးစဉ် လတ်မှတ်စျေးနူန်းများကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ.....

✈️ Mann Yadanarpon Airlines ✈️

တာချီလိတ် ✈ ရန်ကုန် 👉 461000 ကျပ်
တာချီလိတ် ✈ မန္တလေး 👉 323000 ကျပ်
တာချီလိတ် ✈ ဟဲဟိုး 👉 282000 ကျပ်

✈️ Myanmar Airways International (KBZ) ✈️

တာချီလိတ် ✈ ရန်ကုန် 👉 447500 ကျပ်
တာချီလိတ် ✈ မန္တလေး 👉 375500 ကျပ်
တာချီလိတ် ✈ ဟဲဟိုး 👉 299500 ကျပ်
တာချီလိတ် ✈ နေပြည်တော် 👉 335000 ကျပ်

✈️ Air Thanlwin Airlines ✈️

တာချီလိတ် ✈ ရန်ကုန် 👉 486000 ကျပ်
တာချီလိတ် ✈ မန္တလေး 👉 376000 ကျပ်

✈️ Myanmar National Airlines ✈️

တာချီလိတ် ✈ ရန်ကုန် 👉 642000 ကျပ်
တာချီလိတ် ✈ မန္တလေး 👉 443000 ကျပ်
တာချီလိတ် ✈ ဟဲဟိုး 👉 393000 ကျပ်
တာချီလိတ် ✈ နေပြည်တော် 👉335000 ကျပ်

မှတ်ချက်။ ။ ဖော်ပြပါစျေးနူန်းများသည် ခရီးစဉ်တစ်ကြောင်းစာအတွက် အနည်းဆုံးစျေးနူန်းများကို ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ခရီးသွားမည့်နေ့ပေါ်မူတည်၍စျေးနူန်းများ အနည်းငယ်ပြောင်းလဲမူရှိနိုင်ပါသည်။

🤗 လူကြီးမင်းတို့အနေဖြင့် အခြား ပြည်တွင်း / ပြည်ပ ခရီးစဉ်များအတွက် One way / Round Trip လတ်မှတ်များကို...
🔔- MaHar MarTar Tours & Travels Services Page Messenger
🔔- 09791919292 (Viber)
🔔- 09767676205 (Telegram) တို့တွင် (24 Hours ) 🚨ပိတ်ရက်မရှိ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ ။

🤗 လူကြီးမင်းရဲ့လေကြောင်း ခရီးစဉ်ကို လုံခြုံမူ နှင့် အဆင်ပြေမူ အပြည့်ရရှိနိုင်ရန် Mahar Martar Tours and Travels နှင့်အတူ စတင်လိုက်ပါ....

#ခရီးသွားဝန်ဆောင်မူ
#မဟာမာတာ

💁‍♀️တခါတလေ ခရီးထွက်ရတဲ့အခါမှာ လေယာဉ်ကွင်းထဲက signage တွေ၊ စကားလုံးတွေကြောင့် နားလည်ဖို့ အတွက်🤔… အချိန်ခဏတော့ တွေးရတတ်ပါတ...
29/06/2025

💁‍♀️တခါတလေ ခရီးထွက်ရတဲ့အခါမှာ လေယာဉ်ကွင်းထဲက signage တွေ၊ စကားလုံးတွေကြောင့် နားလည်ဖို့ အတွက်🤔… အချိန်ခဏတော့ တွေးရတတ်ပါတယ်။
ဒါကြောင့်ပဲ ဒီလို အခက်အခဲတွေမဖြစ်စေဖို့ လေယာဉ်ကွင်းတွေမှာ အသုံးများတဲ့ အင်္ဂလိပ် စာလုံးတွေကိုမြန်မာလိုနားလည်ဖို့ အဓိပ္ပာယ်လေးတွေကို တွဲပြီးဖော်ပြပေးလိုက်ပါတယ်....

- Airport - လေဆိပ်
- Flight - ခရီးစဉ်
- Departure - ထွက်ခွာခြင်း
- Arrival - ရောက်ရှိခြင်း
- Terminal - လေဆိပ်ရုံ
- Gate - တံခါး
- Check-in - စာရင်းသွင်းခြင်း
- Boarding - လေယာဉ်တက်ခြင်း ( လေယာဥ်ထွက်ခွာချိန်တွေသုံးပါတယ် )
- Baggage - ခရီးဆောင်အိတ်
- Luggage - ခရီးဆောင်ပစ္စည်း
- Airplane/Aircraft - လေယာဉ်
- Pilot - လေယာဉ်မှူး
- Flight attendant - လေယာဉ်ဝန်ထမ်း
- Passenger - ခရီးသည်
- Seat - ထိုင်ခုံ
- Aisle - လမ်းကြား
- Window - ပြတင်းပေါက်
- Overhead bin - ခေါင်းပေါ်သိမ်းသော သေတ္တာအကန့်
- Security check - လုံခြုံရေးစစ်ဆေးခြင်း
- Immigration - လူဝင်မှုကြီးကြပ်ရေး
- Customs - အကောက်ခွန်
- Passport - နိုင်ငံကူးလက်မှတ်
- Visa - ဗီဇာ
- Boarding pass - လေယာဉ်တက်ကတ်
- Ticket - လက်မှတ်
- Reservation - ကြိုတင်မှာယူခြင်း
- Schedule - အချိန်ဇယား
- Delay - နောက်ကျခြင်း
- On time - အချိန်မှန်
- Cancelled - ပယ်ဖျက်ခြင်း
- Layover - ကြားခရီးစဉ်
- Waiting area - စောင့်ဆိုင်းရာနေရာ
- Lounge - အနားယူခန်း
- Information desk - သတင်းအချက်အလက်စုံစမ်းရန်နေရာ
- Restroom - အိမ်သာ
- Gift shop - လက်ဆောင်ပစ္စည်းဆိုင်
- Restaurant - စားသောက်ဆိုင်

ပြည်တွင်းကိုပဲသွားသွား၊ပြည်ပကိုပဲသွားသွားဝေးကွာလွန်းတဲ့လေယာဉ်ခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ကိုစျေးသက်သက်သာသာနဲ့ စိတ်ချယုံကြည်လို့ရတဲ့ Air Ticket Services ကို ရှာနေတယ်ဆိုရင်တော့ MaHar MarTar Tours & Travels Services ရဲ့ (24 Hours)ပိတ်ရက်မရှိ
မေးမြန်းဆွေးနွေးလို့ရတဲ့ ဝန်ဆောင်မူက လူကြီးမင်းတို့အတွက် ဖြစ်ပါတယ်နော်...💁‍♀️

ဆက်သွယ်ရန်-
-09 842052454
-09 429279376
-09 791919292-(Viber)
-09 767676205-(Telegram)

ကိုယ်တိုင်ကိုယ်ကျလာရောက်မေးမြန်းဆွေးနွေးတိုင်ပင်ဝယ်ယူချင်တဲ့ ရွှေဧည့်သည်တော်များအတွက် ရုံးလိပ်စာလေးကတော့....

အမှတ်(၉ / ၁၄၇)၊ရတနာ(၁၂လမ်းနှင့်၁၃လမ်းကြား)သံဃာ့ဆေးရုံလမ်း(ဘုရင့်နောင်စျေးအနီး)၊ဝမ်ကောင်းရပ်ကွက်၊တာချီလိတ်မြို့။ သို့လဲ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့် 🙆‍♀️

#ခရီးသွားဝန်ဆောင်မူ

#မဟာမာတာ

19/06/2025

🤔 𝐀𝐢𝐫 𝐓𝐢𝐜𝐤𝐞𝐭 ဝယ်ဖို့စီစဉ်မယ်ဆိုရင် ဘာတွေသိထားရမလဲ ???

လူကြီးမင်းတို့အနေနဲ့ ကိုယ်က ပြည်ပခရီးစဥ်တွေသွားဖို့ Air Ticket ဝယ်တဲ့အခါ သိထားသင့်တဲ့အရာတွေရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့Air Ticket ဝယ်ယူတော့မယ်ဆို သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်ရှင့် ။🙆‍♀️

👉𝐑𝐞𝐟𝐮𝐧𝐝 .....
လေယာဉ်လက်မှတ်တိုင်း Refund ထုတ်လို့ မရပါဘူး။ အဲဒီအတွက် မဝယ်ခင် လက်မှတ်ကို စတင်စုံစမ်းကတည်းက ကိုယ်ဝယ်မယ့် လက်မှတ်ဟာ Refund ရ၊မရ ကြိုမေးထားသင့်ပါတယ်။တကယ်လို့ ကိုယ့်ရဲ့လေယာဉ်လက်မှတ်က Refund ရတယ်ဆို ဝယ်ပီးထားမှ ခရီးစဉ်မသွားဖြစ်ရင် ကြိုပြီး Cancel အရင်လုပ်ရပါမယ် ပြီးရင် Refund ထုတ်ဖို့ စီစဉ်ရပါမယ်။ Refund Amount ကတော့ လေကြောင်း လိုင်းရဲ့ သတ်မှတ် ရာခိုင်နှုန်းပဲ ပြန်ရမှာပါ။
ဒီနေရာမှာ Promotion Ticket တွေကတော့ Cancel လုပ်ပီး Refund ထုတ်လို့ ၊ Date change လို့ မရပါဘူး။ Budget Airline တွေဆိုရင်လည်း Refund မပေးပါဘူး ။ ဒီလိုမျိုး Ticket တွေကိုတော့ Non Refund Ticket လို့လဲ ခေါ်ကြပါတယ်။

👉 𝐃𝐚𝐭𝐞 𝐂𝐡𝐚𝐧𝐠𝐞 .....
Date Change တာကလဲ Refund လိုပါပဲ။လက်မှတ်ဝယ်ကတည်းက ကိုယ်ဝယ်တဲ့ လက်မှတ်က Date Change လို့ ရ ၊မရ အရင်မေးထားသင့်ပါတယ်။ ရတယ်ဆိုရင် လေကြောင်းလိုင်းက ကိုယ့်လက်မှတ်အတွက် သတ်မှတ်ထားတဲ့ Date change fee ကိုပေးဆောင်ရပါမယ်။ကိုယ့်လက်မှတ်က Date Change Fee ကို Free ရတယ်ဆိုရင်လဲ Free ချိန်းလို့ ရပါတယ်။ Business Class တွေကတော့ Date Change Fee ကို Free ရတာများပါတယ်။အဲ့အတွက် ကိုယ်ဝယ်တဲ့ Ticket က validity ဘယ်လောက်ဆိုတာကို ကြိုပြီး မေးထားရပါမယ်။

👉 𝐍𝐚𝐦𝐞 𝐂𝐡𝐚𝐧𝐠𝐞 / 𝐓𝐲𝐩𝐢𝐧𝐠 𝐄𝐫𝐫𝐨𝐫 ....
လက်မှတ်ထုတ်ထားတဲ့နာမည်နဲ့ Passport ထဲက နာမည် လွဲလို့မရတဲ့အတွက် လက်မှတ်တွေကို Agent တွေထံကနေ ဝယ်ယူတဲ့အခါ ကိုယ့် Passport ထဲက နာမည်နဲ့ လက်မှတ်က နာမည် တူညီမှု ရှိ ၊မရှိ စစ်ဆေးပေးဖို့ လိုပါတယ်။အကယ်၍ မှားနေခဲ့တယ်ဆို Agent ကို တစ်ခါထဲ ပြောပြီး ပြန်လည် ပြင်ဆင်ခိုင်းရမှာပါ။ကိုယ်က လက်မှတ်ကို မစစ်ဆေးမိလို့ လေယာဉ်ကွင်းရောက်မှ သိတယ်ဆိုရင်တော့ သက်ဆိုင်ရာလေကြောင်းလိုင်းရဲ့ Name Change ခ ပေးဆောင်ပြီးမှသာ စီးနင်းနိုင်မှာဖြစ်ပါတယ်။

👉 𝐓𝐢𝐜𝐤𝐞𝐭 𝐄𝐱𝐩𝐢𝐫𝐞 ....
ကိုယ်ဟာ ခရီးစဉ်ကို မသွားဖြစ်လို့ Cancel လုပ်ပြီး ၃၀ ရက်(သို့) ၄၅ရက် အတွင်း Refund မထုတ်ဖြစ်ဘူးဆိုရင် Ticket Expired ဖြစ်ပြီး Refund ပြန်ထုတ်လို့မရတော့ပါဘူး။

‼️ လေယာဉ်လက်မှတ် ဝယ်တဲ့အခါ အရေးကြီးဆုံးကတော့ Passport သက်တမ်း ၆လ ကျန်ဖို့ပါ။မိမိရဲ့ Passport သက်တမ်းက ၆ လမကျန်ဘူးဆိုရင်တော့ သက်တမ်းတိုးဖို့ကို အရင်ဆုံး စီစဉ်သင့် ပါတယ်။‼️

လူကြီးမင်းတို့ ခရီးသွားဖို့ Air Ticket ဝယ်ဖို့ တွေးနေပြီဆိုရင်တော့ ပြည်တွင်း/ ပြည်ပ Airport ရှိတဲ့ မည်သည့်နိုင်ငံမဆို MaHar MarTar Tours & Travels Services မှာ 🚨(24)hrs ၊ ပိတ်ရက်မရှိ အကောင်းဆုံးဝန်ဆောင်မူတွေကို အတွေ့အကြုံရှိဝန်ထမ်းများနှင့် လူကြီးမင်းတို့စိတ်ကြိုက်ညှိနိူင်းတိုင်ပင်၍ Air Ticket များဝယ်ယူရရှိနိုင်ပါတယ်ရှင့်
🤍
ဆက်သွယ်ရန်....
🔔-09791919292(viber)
🔔-09842052454
🔔-09429279376
🔔-09767676205 (Telegram) တို့အပြင်

ရုံးသို့ကိုယ်တိုင်ကိုယ်ကျ လတ်မှတ်လာဖြတ်ချင်တဲ့ ရွှေဧည့်သည်တော်များအတွက် ရုံးလိပ်စာလေးကတော့.......

အမှတ်(၉ / ၁၄၇)၊ရတနာ(၁၂လမ်းနှင့်၁၃လမ်းကြား)သံဃာ့ဆေးရုံလမ်း(ဘုရင့်နောင်စျေးအနီး)၊ဝမ်ကောင်းရပ်ကွက်၊တာချီလိတ်မြို့။ သို့လဲ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့် 🙆‍♀️

#ခရီးသွားဝန်ဆောင်မူ

#မဟာမာတာ


❝ မှန် ရမယ်၊ တန် ရမယ်၊ စိတ်ချ ရမယ် ❞လေယာဥ်လက်မှတ် ဝယ်မယ်ဆို ယုံကြည်စိတ်ချရဖို့က အရေးကြီးဆုံးပဲ ဟုတ် 😉လေကြောင်းလိုင်းများ...
16/06/2025

❝ မှန် ရမယ်၊ တန် ရမယ်၊ စိတ်ချ ရမယ် ❞

လေယာဥ်လက်မှတ် ဝယ်မယ်ဆို ယုံကြည်စိတ်ချရဖို့က အရေးကြီးဆုံးပဲ ဟုတ် 😉

လေကြောင်းလိုင်းများရဲ့ တရားဝင် Authorized Agent ဖြစ်တဲ့ Mahar Martar Tours & Travels နဲ့ဆိုရင် စိတ်ချ ယုံကြည်ရတဲ့အပြင် ..

✈️ လိုချင်တဲ့ ရက်၊ အချိန် နဲ့ Budget အလိုက် ဆွေးနွေးတိုင်ပင်ပေးတယ်၊
✈️ ဝယ်ယူပြီး အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါကလည်း ကူညီဆောင်ရွက်ပေးတယ်၊
✈️ One Way၊ Round Ticket နဲ့ Transit ကိုမှ ပြည်တွင်းသာမကပဲ ပြည်ပခရီးစဉ်များထိလည်း ဝယ်ယူနိုင်ပါတယ်နော်

ဒီလိုမျိုး ဝန်ဆောင်မှုတွေကို ခရီးသွားဧည့်သည့်တော်တို့ အဆင်ပြေလွယ်ကူစေဖို့အတွက် Mahar Martar မှ ( 24 ) hours ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပါပီနော် 💁‍♀️

အသေးစိတ်သိရှိလိုပါက -
🔔- MaHar MarTar Tours & Travels Services (Page Messenger)
☎️ - 09791919292 (Viber)
☎️ - 09767676205 (Telegram) တို့တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ။

မဟာမာတာမှာ လွယ်ကူ ၊ မြန်ဆန်ပီး လုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မူတွေပဲရှိတာမို့ အခုပဲလတ်မှတ်ဖြတ်ပီး လူကြီးမင်းရဲ့သာယာတဲ့ခရီးစဉ်လေးကိုစတင်လိုက်ပါနော် 🤍

Address

Yangon

Telephone

+958452454

Website

Alerts

Be the first to know and let us send you an email when MaHar MarTar Tours & Travels Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MaHar MarTar Tours & Travels Services:

Share

Category