23/07/2020
ကမ်းခြေတွေပြန်ဖွင့်စေ ချင်နေပါပြီနော်
အပျိုစင်ကမ်းခြေ ဂေါ်ရင်ဂျီ သို့တစ်ခေါက်တော့အရောက်သွားခဲ့ကြောင်းလေး review လုပ်ပေးပြစေ
ကမ်းခြေအနေအထားအရပြောမယ်ဆိုရင် ကြွေချိုင်ဖက်မှာနေစေချင်တယ်။ လှတယ်။ ရေအနေအထားကတော့ ကြည်ပါတယ်။ သူ့ရဲ့အဓိကအလှတရားက ကျွန်းတွေပါ။ သဘာဝအတိုင်း မပျက်စီးသေးပဲ လှချင်တိုင်းလှနေတဲ့ ကျွန်းတွေပါပဲ။ အဲ့အလှတွေကတော့ ဒီကနာမည်ကြီးကမ်းခြေတွေမှာမတွေ့ရပါဘူး။
မီးလဲမရသေးတဲ့အတွက် ညဆို ၆ နာရီမှ ၁၁ နာရီအထိပဲစက်မီးပေးပါတယ်။
မီးလာတဲ့အချိန် ph အားသွင်းပေါ့။ များသောအားဖြင့် အဲ့ဖက်က တည်းခိုဆောင်တွေက no aircon ပေမယ့် မထင်မှတ်ထားရအောင် အေးအေးလေးနဲ့နေလို့ကောင်းပါတယ်။ emergency light တွေကတော့ အခန်းတိုင်းထွန်းပေးထားပါတယ်။
ဂေါ်ရင်ဂျီမှာ သိပ်မဖွံ့ဖြိုးသေးတော့ စျေးတောင်မရှိပါဘူး။ ဟင်းသီးဟင်းရွက်တွေကို အိမ်ဆိုင်လေးတွေမှာဝယ်နိုင်ပြီး ပင်လယ်စာ နဲ့သားငါးတွေကို တော့ နံသာပုကျေးရွာက ဒိုင်မှာလဲရသလို ဗန်းနဲ့အိမ်တွေလိုက်ရောင်းတဲ့ဆီကပဲဝယ်လို့ရပါတယ်။
ကြွေချိုင်ဖက်မှာတော့ စားစရာဆိုင်လေးတွေနဲတယ်။ တည်းတဲ့နေရာမှာပဲ မှာစားရတာပါ။ စားကောင်းတယ်နော်။ သူတို့ဆီမှာ အလယ်တန်းအထိပဲကျောင်းရှိပါတယ် ။ မြေပဲစိုက်တယ် ဖရဲခင်းတွေလဲတွေ့ခဲ့တယ်။ လယ်လဲစိုက်တယ်။ ငါးဖမ်းလုပ်ငန်းလုပ်တယ်။
နံသာပု ဖက်မှာတော့ စားစရာဆိုင်လေးတွေများတယ်။ ဒါပေမယ့်ကမ်းခြေက အချို့ငါးဖမ်းလှေတွေကပ်တော့ ကိုယ်ကတော့ သိပ်သဘောမကျဘူးရယ်။
ကျွန်မတို့က ကြွေချိုင်က သီရိစံမှာတည်းဖြစ်ခဲ့တာပါ။ အဆင်လဲပြေခဲ့ပါတယ်။
ဒီ post လေးမှာ Hotel နဲ့တည်းခိုဆောင်တွေကို ရသလောက်ရှာဖွေပြီးစုစည်းပေးထားပါတယ်။ နာမည်နဲ့ FB မှာရှာပြီး အခန်းအနေအထားလေးတွေဝင်ပြီးလေ့လာကာ ရွေးချယ်လို့ရတာပေါ့နော်။
🏘Adventure Paradise Hotel
Ph : 09444489990, 09444489991, 09444489992
ကြွေချိုင်ကျေးရွာ၊
🏘G7 Plage Gawyangyi
Ph : 09453235252, 09458816685
🏘Gawyangyi Lodge
Reception Ph : 09262710040, 09262710050
Yangon Office: 0926271006
ကြွေချိုင်ကမ်းခြေ
🏘Heaven Beach
Ph: 09403989843, 09799272019, 09966955887
နံ့သာပုချိုင်။
🏘Htee Hta Resort
Ph: 09451875500, 09261818017, 09250116026
နံ့သာပုကျေးရွာ
🏘Khine Goyangyi Resort
Ygn Office: 01 226627, 01 226628, 01 226629
Reception: 09 422412415
🏘မြသောင်ယံဦး အပန်းဖြေစခန်း
Ph : 09441982486, 09450121125, 09444457572
ကြွေချိုင်ကမ်းခြေ
🏡The Log
Ph: 09250908848
နံ့သာပုချိုင်
🏝Top Mother Beach Resort
Ph:09260667711
ကြွေချိုင်ကမ်းခြေ
🏘ရေပြာကျွန်း resort
Ph:09797944770/09799140699
ကြွေချိုင်ကမ်းခြေ
🏘Thiri San Beach Resort
Ph:09422680662
ကြွေချိုင်ကမ်းခြေ
🏘The One Goyangyi Resort
Ph: 09404777322, 09404777323, 09404777084, 09404777085
ကြွေချိုင်ကျေးရွာ
🏘White Sand
Ph: 095138883
နံသာပုကျေးရွာ
🏘Shwe Aye Yeik တည်းခိုဆောင်
Ph: 09450567518
နံသာပုကျေးရွာ
🏘Sea Angel Resort
Ph: 09444555493
နံသာပုကျေးရွာ
🏘Yay Paw Thuang (ရေပေါ်သောင်) Resort
Ph: 098554040, 09250441234, 09425092162
: ရေပေါ်သောင်
🏘Za Ba Htar View Resort
Ph: 09445070011, 09445070022, 09445070033
နံ့သာပုချိုင်
🏘Happy Days Rustic Inn
Ph: 09260667711
ကြွေချိုင်ကျေးရွာ၊
လည်စရာကျွန်းတွေကတော့
မြဝတီဘုရား (လေှကားထစ် ၄၀၀ ကျော်)
လိပ်ချိုင့်
ကြွေချိုင်
ပုဂံသိုက်
မန်ကျည်းချိုင်
လသာ
ကျောက်ခြေထောက်
ကုလားမချိုင်
စံပါးထာကျွန်း ( snokelling လုပ်လို့အရမ်းလှ)
လမ်းအနေအထားအရပြောမယ်ဆိုရင် တည်းခိုဆောင်အရှေ့အထိ ကားမောင်းလာလို့ရပါတယ်။ ကားသေး ကားကြီး ဝင်လို့ရပါတယ်။ ဒါပေမယ့် လမ်းသည် ပိုးစိုးပက်စက်ကြမ်းပါတယ်။ မှန်လုံမဟုတ်လျှင် မျောက်ဖြူဖြစ်ဖို့များပါတယ်။ ဒီအကြောင်းတွေကြောင့် ဂေါ်ရင်ဂျီကိုသွားမာ်ဆိုပါလျှင် ကိုယ်ပိုင်ကားထက် tour နဲ့သွားစေချင်ပါတယ်။ ကိုယ့်ကားသက်သာတာပေါ့နော်။ နောက်တစ်ချက်က ဂေါ်ရင်ဂျီကိုသွားရတဲ့အကြောင်းမှာ ကျွန်းတွေကိုစုံအောင်ပတ်စေချင်တာပါ။ ကိုယ့်အစီအစဥ်နဲ့ကိုယ် အဖွဲ့လိုက်ဆိုရင် စက်လှေငှားရတာအဆင်ပြေပေမယ့် မိသားစုနဲရင် စက်လှေငှားခ ဆိုင်ကယ်ငှားခတွေများပါတယ်။
ကျွန်မတို့လဲဘယ်ခရီးသွားသွား ကားလေးမောင်းသွားနေကြ။ လမ်းကြောင်းအဆင်မပြေလို့ ဂေါ်ရင်ဂျီတော့ ရောက်ဖူးတယ်ရှိအောင် Tour နဲ့လိုက်သွားတာ။
ထူးမြတ်ကျော် ခရီးသွားဝန်ဆောင်မှူ tour နဲ့လိုက်မိတယ်။ အပြီးအစီးပေါ့။ ကျွေးတာကလဲ sea food တွေပါပဲ။ နေရတာလဲ အဆင်ပြေတယ်။ သူ့စျေးနဲ့သူပေါ့လေ။ ပင်ပန်းပေမယ့် ပျော်ခဲ့တယ်။ မမြင်ဖူးတဲ့ သဘာဝအလှတွေမြင်ခဲ့ရလို့ ကျေနပ်မိတာ။
ဂိုက်ညီမလေးကလဲ ချစ်စရာကောင်းပြီး ဧည့်သည်တွေကို အရမ်းဂရုစိုက်ပါတယ်။
နှစ်ညလောက်ဟိုမှာနေမှ လည်စရာစုံစုံလင်လင်သွားရမယ်။
ထူးမြတ်ကျော် page လေးမှာ အမြဲတမ်း ခရီးစဥ်လေးတွေအတွက် free လိုက်ခွင့် မဲဖောက်ပေးသေးတယ် ကိုယ်လဲ ဂေါ်ရင်ဂျီတော့ လိုက်ချင်မိတာနဲ့ ကံစမ်းရင်း မဲပေါက်သွားတာ။ လူတိုင်းကံစမ်းလို့ရတယ်နော်။
သူ့ page လေးလဲထည့်ထားပေးတယ်။
သူ့ကို recommand ပေးရတာက ကိုယ်ကတော့ မဲပေါက်လို့သွားတာပေမယ့် အမျိုးသားနဲ့ သမီးငယ်လိုက်လာတယ်။ သမီးငယ်လေးအတွက် တစ်ဝက်စာပေးရတယ်။ အခြား tour တွေတော့ ဘယ်လိုပေးရတယ် ဘယ်လို service တွေရတယ်မသိဘူး။ ကိုယ်ကတော့ သမီးငယ်အတွက် ခုံတစ်ခုံရတယ် အခန်းထဲမှာ ကုတင်သီးသန့်တစ်ယောက်စာရတယ် ထမင်းစားတော့လည်း တစ်ယောက်စာ လူကြီးအတိုင်းရတယ်။ ဒါကြောင့်ပါ။
ဓာတ်ပုံလေးတွေမှာ သွားခဲ့သမျှ စားခဲ့သမျှ မှတ်သားထားသမျှလေးတွေ ထည့်ပေးထားပါတယ်။
ခရီးလမ်းကြမ်းပေမယ့် တစ်ခေါက်တော့ ရောက်အောင်သွားပြီး အခြားကမ်းခြေတွေမှာ မတွေ့ရတော့တဲ့ သဘာဝအလှတွေခံစားစေချင်တယ်။
မိုးတွင်းဖက်သွားမယ်ဆိုရင်တော့ တည်းမယ့် hotel ကို လမ်းအခြေအနေအရင်စုံစမ်းစေချင်တယ်။
အချိန်တွေငွေတွေရင်းပြီးစုဆောင်းထားတဲ့ information တွေဖြစ်လို့ ကူးယူခြင်းမလုပ်ပဲ လွပ်လပ်စွာ share နိုင်ပါတယ်ရှင့်
TasteOfCulture
#ဂေါ်ရင်ဂျီ