Myanmar Royal Land Travels & Tours

Myanmar Royal Land Travels & Tours Myanmar Royal Land Travel
No.75, Shwe Htee Estate, Station Road, 1st Quarter,
Mayangone Township, Yangon, Myanmar. Tel: (+95-1) 655233, 522960,09-73026640

22/01/2020

မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာယာဉ်အို၊ ယာဉ်

Asean Tourism Forum 2015
29/01/2015

Asean Tourism Forum 2015

MERRY CHRISTMAS! Wish you all the best!
22/12/2014

MERRY CHRISTMAS! Wish you all the best!

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေးမှာ မိသားစုမိတ်သဟာများနှင့်အတူ ကောင်းမှုကုသိုလ်များပြုလုပ်ရင်း စိတ်နှလုံးချမ်းမြေ့စေကြော...
07/10/2014

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေးမှာ မိသားစုမိတ်သဟာများနှင့်အတူ ကောင်းမှုကုသိုလ်များပြုလုပ်ရင်း စိတ်နှလုံးချမ်းမြေ့စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Myanmar Royal Land Inbound Tour Services & Packages
07/10/2014

Myanmar Royal Land Inbound Tour Services & Packages

ကရင်ပြည်နယ်ရှိ ရသေ့ပျံဂူ    ကရင်ပြည်နယ် သည် မြန်မာနိုင်ငံရှိ လှပသော ဒေသများထဲမှ တစ်ခုဖြစ်သည်။ဖားအံမြို့အနီးဝန်းကျင်တွင် ...
17/07/2014

ကရင်ပြည်နယ်ရှိ ရသေ့ပျံဂူ


ကရင်ပြည်နယ် သည် မြန်မာနိုင်ငံရှိ လှပသော ဒေသများထဲမှ တစ်ခုဖြစ်သည်။
ဖားအံမြို့အနီးဝန်းကျင်တွင် ဆဒ္ဒန်ဂူ ။ ကော့ကသောင်ဂူ။ ကော့ကွန်းဂူ။
ပတ္တမြားဂူ။ ဘုရင့်ညီဂူ။ ခရုံဂူ။ လင်းနို့ဂူ။ ရသေ့ပျံဂူ အစရှိသည့် ဂူများ
သို့ သွားရောက်လည်ပတ်နိုင်သည်။ ထိုအထဲတွင် ဆဒ္ဒန်ဂူ မှာ အကြီးဆုံးနှင့်
အရှည်လျားဆုံးသောဂူကြီးဖြစ်သည်။ ၄င်းနောက် ဒုတိယ အကြီးဆုံးသော ရသေ့ပျံ
ဂူကြီးမှာ နိုင်ငံခြားသားများနှင့် ဒေသတွင်း Domestic Visitor
များအားဆွဲဆောင်ဖိတ်ခေါ်နေသည်။

ဖားအံမြို့မှ သံလွင်မြစ်ကူးတံတားဖြတ်ပြီး လက်ဝဲဖက်ကွေ့ကာ
ကျောက်သားလမ်းအတိုင်း အနောက်ဖက်သို့ ချိုးဝင်ပါက ရသေ့ပျံဂူ အထိ
ရောက်နိုင်သည်။ တောင်ဖက်သို့တန်းတန်းသွားလျင် ကော့ကွန်းဂူသို့
ရောက်ရှိပါမည်။ လမ်းဘေးဝဲယာ တစ်လျှောက် စပါးခင်းများတွေ့ရပြီး
စိမ်းလမ်းသောရှုခင်း များတစ်ဝကြီးခံစားရသည်။
ကျောက်တောင်မြင်မြင့်ကြီးအတွင်း သဘာဝလိုဏ်ဂူအဖြစ်ရှိနေသည့် ရသေ့ပျံဂူ
မရောက်မီ လှပသောရေကန်တစ်ခုတွေ့ရပြီး တောရှိုင်းမျောက်များ၏ ဆော့ကစား
အော်ဟစ်နေသံကိုကြားရသည်။ တစ်ခါတစ်ရံ စပါးအုံး မြွေကြီးများ
ဂူကြီးအပြင်ဖက် နံရံပေါ် ထွက်လာတတ်သဖြင့် မျောက်များကြောက်ရွံ့ကာ
အသံကုန်ဟစ်အော်တတ်ကြသည်။ အမှန်က မြွေကြီးမှာ မျောက်များကို ဖမ်းမစားပါ။
ဂူကြီးရဲ့အောက် ကျောက်ကလောင် မြောင်းကြား လအတန်ကြာနေရ၍ တစ်ခါတစ်ရံ
အပြင်ထွက်လာခြင်းဖြစ်သည်။
အချိန်တန်လျင် ၄င်းမြွေကြီး ဂူအတွင်းပြန်ဝင်သွားတတ်သည်။ လူတွေကို
အန္တရယ်မပေးကြောင်း ဂူကြီးအနီး သီတင်းသုံး နေထိုင်သော
ဆရာတော်တစ်ပါးကပြောပါသည်။ စပါးအုံးမြွေကြီးတွေ တောင်ကမ်းပါးယံ အနှံ့
တွေ့ရတတ်သလို ငန်းစောင်း မြွေများလည်းရှိကြောင်းသိရသည်။ သို့သော်
မြွေကိုက်ခံရသူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း။ သူတို့ဘာသာ သူတို့
လူတွေနဲ့ဝေးရာ သွားနေကြကြောင်း ဆရာတော်ပြော၍သိရသည်။

ယခု ရသေ့ပျံဂူမှာ အတွင်းအလျားပေ ၈၀၀ ခန့် ရှိပြီး အကျယ်ဆုံးဂူဝမှာ ပေ ၈၀
အမြင့် ပေ ၅၀ ရှိသည်။ ဂူလျှောက်လမ်း အလယ်လောက်တွင် sink hole
မြေချိုင့်တွင်းနက်ကြီးရှိသည်။အနက်ပေ ၅၀ ခန့်ရှိသဖြင့်
အသဲယားဖွယ်ဖြစ်သည်။
ပုံပြင်စကားအရဆိုလျင် အခါတစ်းပါးကဂူအတွင်းတွင် ရသေ့တစ်ပါး တရားအားထုတ်
ဖို့ သီတင်းသုံးခဲ့ကြောင်း ။ များမကြာမီ ဈာန်ရပုဂ္ဂိုလ်ဖြစ်လာပြီး
အရပ်တစ်ပါးသို့ ဂူ အပေါ်အလွှာအားထိုးဖေါက်ပျံတက်သွားခဲ့ကြောင်း။ ထို
ဂူထိပ်ပိုင်းတွင် ယနေ့အထိ ဂူ အပေါက်ဝကြီးကိုတွေ့ရကြောင်း
ဆရာတော်မှရှင်းပြသည်။ ထို့ကြောင့် ရသေ့ပျံဂူဟု နာမည်တွင်ကြောင်းသိရသည်။
ဂူကြီး၏ ဝင်ပေါက်ကို အုတ်လှေကားဖြင်တက်ရသည်။ ပထမဆုံးတွေ့ရသော ဂူထဲတွင် ၁၉
ရာစု ဘုရားဆင်းတုတော်များကိုတွေ့ရသည်။ ကျောက်စက်ကျောက်ခတ်များအကြား
ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ချထားသည်မှာ တော်တော်ကြည်ညိုစရာကောင်းသည်။
၎င်းနောက်အတွင်းဖက်ကို ဆက်ဝင်လျင် ဥာဏ်တော်အမြင့် ပေ ၄၀ ခန့်ရှိ
စေတီတစ်ဆူအား ဂူကြီးအလယ်တွင် တည်ထားတာဖူးရသည်။ စေတီ၏ ထီးတော်မှာ
ရသေ့ကြီးပျံတက်သွားသော လိုဏ်အပေါက်အား ညွှန်ပြသည်။ ရသေ့ပျံဂူသည်
အတွင်းမှောင် ထုံးကျောက်လိုဏ်ဂူ တစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ဂူနံရံ
အချို့မှာ လိပ်သဲကျောက် ရောနေတာတွေ့ရသည်။ အတွင်းကို လက်နိပ်ဓါတ်မီးထွန်း၍
ဆက်ဝင်လျင် အတွင်းလှိုဏ် နှစ်ထပ်သုံးထပ်ဆက်ခါဆက်ခါဖြစ်နေသော
အူလမ်းကြောင်းတွေ့ရသည်။ ထိုအူလမ်းကြောင်းမှတစ်ဆင့် ဂူ၏ တစ်ခြားအပေါက်ဝကို
ရောက်သည်။ အတွင်းပိုင်းရောက်လေလေ ဂူနံရံ ပိုကျယ်လာလေဖြစ်သည်။
တစ်ဖက်ပိတ်ဂူ မဟုတ်သည့်အတွက် လေတစ်ဖြူးဖြူးနှင့် စွတ်စိုအိုက်စပ်မှု
ကင်းသည်။ သို့သော် အဝင် ဂူ ဝမှာကဲ့သို့ ဘုရားဆင်းတုတော်များ
မတွေ့ရတော့ပါ။
ဂူကို တိုးလျိုပေါက် ဝင်လာခဲ့ပြီး အနောက်မျက်နှာမူ ရှုခင်းကို တွေ့ရသည်။
ဂူကြီး၏ တစ်ခြားတစ်ဖက်မှာ ကျောက်ခက်ပန်းများ အဆုပ်လိုက်ဖြစ်ပေါ်နေ၍
အတော်လှသည်။ ဂူအာက်ရှိ လယ်ကွင်းများလှပသဖြင့် နေဝင်ချိန် ကြည့်ချင်သော
နိုင်ငံခြားသားများ အား တစ်မျိုးတစ်ဖုံ ဖမ်းစားနိုင်ပေသည်။
လက်နိပ်ဓါတ်မီးယူခဲ့ရန်မမေ့သင့်ပေ။ အကြောင်းမှာ
ငန်းမြွေများရှိနေတတ်သောကြောင့်ဖြစ်သည်။
ကြားရသည်မှာ လွန်ခဲ့သော နှစ် နှစ်သန်းကျော်လောက်က ဘားအံမြို့ဝန်းကျင်သည်
ပင်လယ်အောက်မှာတည်ရှိခဲ့သည်။ ယခု လိုဏ်ဂူကြီးမှာလည်း မြေအောက် ရေအောက်
ချောင်းတစ်ခုဖြစ်ဖွယ်ရှိသည် ဟု ဘူမိဗေဒ ပညာရှင်များ ခန့်မှန်းခဲ့ကြသည်။

ကော့ဂွန်းဂူသည်မော်လမြိုင်မြို့မှ၂၈-မိုင်၊ ဖားအံမြို့မှ၈-မိုင်၊ သံလွင်အနောက်ဖက်ရှိ ဖားကပ်ကျေးရွာမှ ၂-မိုင်၊ သံလွင်အနောက်ဖ...
02/06/2014

ကော့ဂွန်းဂူသည်မော်လမြိုင်မြို့မှ၂၈-မိုင်၊ ဖားအံမြို့မှ၈-မိုင်၊ သံလွင်အနောက်ဖက်ရှိ ဖားကပ်ကျေးရွာမှ ၂-မိုင်၊ သံလွင်အနောက်ဖက်ရှိကော့ဂွန်းကျေးရွာမှ နှစ်ဖာလုံအကွာရှိ အမြင့်ပေ ၁၀၀၀၊ အလျားပေ ၆၀၀၀ ရှိသော ထုံးကျောက်တောင်၏ အရှေ့ မြောက်မျက်နှာစာတွင် တည်ရှိသည်။ သမိုင်းအရ ရှေးအကျဆုံးနှင့် လေ့လာဖေါ်ထုတ်၍ မပြည့်စုံနိုင်သော လိုဏ်ဂူများအနက် ကော့ဂွန်းဂူသည် တခုပါဝင်ဖြစ်သည်။ စင်စစ်တွင် ကော့ဂွန်းဂူသည် သုတေသီတို့ ဖေါ်ထုတ်၍ မကုန်နိုင်သော သမိုင်းဝင်အကြောင်းအရာများ လျှို့ဝှက်စွာ တည်ရှိနေပေသည်။
ကော့ဂွန်းဂူသည် အလျား ပေ-၁၃၀၊ အနံ ပေ-၇၀၊ အမြင့် ၂၅-ပေရှိပြီး တစ်ဖက်ပိတ်ဂူဖြစ်ကာ ကျောက်စက်ပန်းဆွဲ၊ကျောက်စက်မိုးမျှော်များလည်း ရှိသည်။ ဂူအ၀သည် ကျောက်ကမ်းပါးယံအမိုးနောက်တွင် ရှိသောကြောင့်လည်းကောင်း၊ အရှေ့အရပ်သို့မျက်နှာမူသဖြင့် နေရောင်ရသောကြောင့်လည်းကောင်း မိုးပက်ခြင်း၊ စိုထိုင်းထိုင်းဖြစ်နေခြင်းတို့မရှိပေ။
မြန်မာသက္ကရာဇ် ၄၁၉ခုနှစ်တွင် အနော်ရထာမင်းသည် မနုဟာမင်းကိုတိုက်ခိုက်သဖြင့် သထုံပျက်သည်။ ပိဋကတ်တော်များ၊ ပညာရှင်များကိုလည်း ယူဆောင်သွားကြသည်။ ထွက်ပြေးလွတ်မြောက်လာသော မုတ္တမမိဖုရားသည် ကော့ဂွန်းဂူသို့ရောက်ရှိပုန်းအောင်းနေသည်။ ပုန်းအောင်နေစဉ်အတွင်း ကော့ဂွန်းဂူနှင့် ဂူအနီးနားတစ်ဝိုက်တွင် စေတီ၊ဆင်းတု၊ရုပ်ကြွများကို ဂူတွင်ပြုလုပ်ခဲ့သည်။
ထို့ပြင် ဂူအတွင်း၌ ဆင်ဖြူတော်အရုပ်ကြီးတစ်ခုရှိသည်။ ထိုဆင်ဖြူတော်သည် မင်းတို့သာစီးခွင့်ရှိပြီး သာမန်အရပ်သားတို့  စီးပါကအသက်ဆုံးတတ်သည်ဟု ဆိုကြသည်။ ယနေ့တိုင် မည်သူမျှ တက်စီးခြင်း မပြုဝံ့ကြချေ။ ထို့အတူ ဂူအတွင်း၌ ထူးဆန်းလှသော ခြောက်မြောက်စေတီဖြစ်အောင် တည်ဆောက်ပြီးပထမံ
အုတ်ခွက်ဘုရားများ အပြည့်ကပ်ထားလေသည်။ စေတီတော်၏အထွတ်အထိပ် တစ်ဘက်တစ်ချက်တွင်
ရပ်တော်မူဆင်းတုတော် ခြောက်ဆူကို တည်ထားလေသည်။ ဂူအ၀င်မြောက်ဘက်၌မူ နှောင်းလူတို့၏ လက်ရာဖြစ်ဟန်တူသော ရပ်တော်မူဘုရားများ၊ တင်ပျဉ်ခွေဘုရားများ အမြောက်အများရှိပြီး
အခါအားလျော်စွာ အလှူရှင်များက ပြုပြင်ခဲ့ကြသည်။ သို့ဖြစ်၍ ကော့ဂွန်းဂူသည် ကရင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံတွင် ထူးဆန်းအံ့သြဖွယ်ကောင်းသည့် ဂူတစ်ဂူဖြစ်ပေသည်။

မွေတော်ကက္ကူဘုရားရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပအိုဝ်းဒေသရှိ မွေတော်ကက္ကူဘုရားသည် ဗုဒ္ဓဘာသာဝင်ဘုရားဖူးများ သွားရောက်ဖူးမြော...
07/05/2014

မွေတော်ကက္ကူဘုရား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပအိုဝ်းဒေသရှိ မွေတော်ကက္ကူဘုရားသည် ဗုဒ္ဓဘာသာဝင်ဘုရားဖူးများ သွားရောက်ဖူးမြော်ထိုက်သော ရှေးဟောင်းစေတီပုထိုးပေါင်း ၂၅၀၀ခန့် တစ်စုတစ်ဝေး တည်ထားသောနေရာဖြစ်သည်။ သမိုင်းဆရာကြီးဦးသန်းထွန်း၏ မှတ်တမ်းအရ ၂၀၀၁ခုနှစ်တွင် စေတီပေါင်း၂၄၇၈ဆူရှိသည်ဆိုသည်။ ၁၉၂၈ မှတ်တမ်းအရ ၂၅၄၈ကျော်၊ ၁၉၁၈ မှတ်တမ်းအရ ၂၄၀၂ဆူ၊ ပါးစပ်ပြောရာဇဝင်အရ တောင်သူကွမ်းညှပ်(တဖြတ်ဖြတ်) ဆိုပြီး ၇၆၂၃ ဆူရှိသည်ဟုဆိုသည်။
ရှမ်းပြည်နယ်တွင်တည်ရှိသော ရှေးဟောင်း မွေတော်ကက္ကူဘုရားသမိုင်းကြောင်းမှာ မွေတော် ကက္ကူသည် ပအိုပ်းဘာသာစကား ကက် ကူ ( ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား) ဖြစ်သည်၊။ နယ်ခြားစခန်းကဘုရားဟု အဓိပ္ပာယ်ကောက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မွေတော်ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်တည်ရှိခြင်းကြောင့်ဖြစ်ပါသည်။ ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်းလိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖောင်ဆိုက်ရာမှ တည်ထားကိုးကွယ်သည်ဟုဆိုသည်။ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆိုသည်။ ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏ ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊။ သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊ ၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။
(၁) သရီရဓါတ်မွေတော်များကို ဌာပနာသွင်းပြီး တည်ထားကိုးကွယ်သည့် စေတီဘုရား (ဓါတုစေတီ) ရှိခြင်း
(၂) ညေယျငါးဖြာလေးသစ္စာကို ထိုးထွင်းသိမြင်ပြီး မာန်ငါးပါးအောင်မြင်ရာ အပရာဇိတပလ္လင်ပေါက်ရောက်ရာ မဟာဗောဓိပင် (ညောင်ပင်)ကို စိုက်ပျိုးထားရှိခြင်း (ပရိဘောဂစေတီ)
(၃) ရှင်သောန နှင့် ရှင်ဥတ္တရတို့ သမုတ်ထားသော ရှေးဟောင်း ရဟန္တာ သိမ်တော်တည်ရှိခြင်း
(၄) ကျောင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော ရှေးဟောင်းကျောင်းအထိမ်းအမှတ်အဖြစ် အဆောက်အဦးများ ကြွင်းကျန်ခြင်းမရှိသော်လည်း ရှေးဟောင်းကျောင်းနေရာ တည်ရှိခြင်း
(၅) ရေတွင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေတွင်းရှိခြင်း
(၆) ရေကန်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေကန်ရှိခြင်း
ဤအရာခြောက်မျိုးတို့ အခိုင်အမြဲထင်ရှားတည်ရှိခြင်း ဖြစ်သည်။

ရှားပါးရှေးဟောင်း အမွေအနှစ်များတည်ရှိရာ ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု ...
30/04/2014

ရှားပါးရှေးဟောင်း အမွေအနှစ်များတည်ရှိရာ ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်ဇုန်တွင် အထင်ရှားဆုံးသော ဘုရားပွဲတော်ဖြစ်သည့် ရှစ်သောင်း၊ ကိုးသောင်း၊ အံတော်သိမ်၊ ထုက္ကန့်သိမ်နှင့် လေးမျက်နှာဘုရားပွဲတော်ကို မေလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ မြောက်ဦးမြို့၌ ကျင်းပမည်ဖြစ်သည်။
ထိုဘုရားပွဲတော်ကို နှစ်စဉ်ကဆုန်လရောက်တိုင်း ရှေးရခိုင်ဘုရင်မင်းများ လက်ထက်ကပင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး အမြို့မြို့အနယ်နယ်မှ ဘုရားဖူးများ လာရောက်၍ အလွန်စည်ကားသည့် ပွဲတော်တစ်ခု ဖြစ်သည်။
ပွဲတော်ကာလအတွင်းရခိုင်ရိုးရာကျင်ကိုင်ပွဲ(နပန်းလုံးပွဲ)၊ လှေလှော်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ဘောလုံးပွဲများနှင့်အတူ ရခိုင်ရိုးရာယဉ်ကျေးမှု ဆီမီးထွန်းအကနှင့် ဇာတ်ပွဲသဘင်များနှင့်လည်း ကျင်းပလေ့ရှိသည်။
ဘုရားပွဲ၏ထူးခြားချက်မှာ ရေပေါ်သင်္ကြန်ပွဲတော်ကို မြောက်ဦးမြို့ သင်္ဘောဆိပ်ရှိရာ အောင်တပ်ချောင်းအတွင်း၌ လှေပြိုင်ပွဲနှင့်အတူ ကျင်းပခြင်းဖြစ်သည်။ ရေပေါ်သင်္ကြန်ပွဲတော်တွင် အပျို၊ လူပျိုများ လှေစီးရင်း ရေပက်ကစားကြလေ့ရှိကြသည်။ ဒုတိယရခိုင်သင်္ကြန်ပွဲလို့လည်း ခေါ်ဆိုကြသည်။
ထိုကြောင့် ရခိုင်ပြည်နယ်ရှိ သမိုင်းဝင်ရှေးဟောင်းဘုရားများကို သွားရောက်လေ့လာရင်း ကြုံတောင့်ကြုံခဲ ဘုရားပွဲကိုဝင်ရောက်ဆင်နွှဲရန်မှာ လက်မလွှတ်သင့်သောအခွင့်အရေးတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ တောင်ဘက် တနင်္သာရီတိုင်း၊ မြိတ်မြို့တ၀ိုက်ရှိ တောတောင်ရေမြေ သဘာဝအလှတရားတို့ ပေါင်းစုရာ ကျွန်းပေါင်း ၈၀၀ကျော်...
09/04/2014

မြန်မာနိုင်ငံ တောင်ဘက် တနင်္သာရီတိုင်း၊ မြိတ်မြို့တ၀ိုက်ရှိ တောတောင်ရေမြေ သဘာဝအလှတရားတို့ ပေါင်းစုရာ ကျွန်းပေါင်း ၈၀၀ကျော်ရှိသည့် မြိတ်ကျွန်းစုများ သည် ယခုအခါ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေသည်။ မြိတ်ကျွန်းစုများသည် ဖူးခက်ကျွန်းသဖွယ် အလွန်လှပသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများက ဒုတိယဖူးခက်ဟု ခေါ်ဆိုရလောက်အောင် ကျွန်း၏ အလှအပတို့မှာ ထင်ရှားသည်။ ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အချက်မှာ ဖူးခက်ကျွန်းနှင့်မတူပဲ မြိတ်ကျွန်းစုများတွင် သဘာဝအတိုင်း မပြုမပြင်ရသေးသည့် ကျွန်းစုပေါင်း၈၀၀ကျော် တည်ရှိနေခြင်းနှင့် ပင်လယ်ရေနှင့်သဲများသည် အခြားသော ကမ်းခြေများထက် ပိုမိုလှပခြင်းဖြစ်သည်။ နာမည်ကြီးကျွန်းများမှာ ဘိုချိုကျွန်း၊ သရဲကျွန်း၊ စလုံ၊ မျောက်နီ၊ မျောက်ဖြူ၊ ငါးမန်းကျွန်း၊ ကျွန်း ၆၀၊ ကျွန်း ၁၁၅၊ ငပလီကဲ့သို့လှပသော ကမ်းခြေနှင့် ထင်းရှူးတောကြီးများ နောက်ခံရှိသော ၂၅၄ ကျွန်း၊ မကြုံကလပ်ရွာ စသောနေရာများ၊ ကျွန်းများဖြစ်သည်။ ယင်းကျွန်းစုများတွင် အပျော်တမ်းငါးမျှားခြင်း၊ ရေအောက်ငါးကြည့်ခြင်း၊ ရေအောက်သတ္တ၀ါများ လေ့လာခြင်းနှင့် အခြားသော ရေအောက်အားကစားများ ပြုလုပ်နိုင်ခြင်း တို့အပြင် ဒေသခံရွာများနှင့် ဆလုံလူမျိုးများ၊ အခြားသော တိုင်းရင်းသား လူမျိုးတို့၏ နေထိုင်မှုဘ၀ပုံစံ တို့ကိုပါလေ့လာနိုင်သည်။ ထို့ကြောင့်မြန်မာပြည် တောင်ဘက်ဖျားရှိ မြိတ်ကျွန်းစုများသည် မကြာခင်ပင် နိုင်ငံခြားသားခရီးသည်များအတွက် သာယာလှပသည့် အပန်းဖြေ လည်ပတ်စရာ နေရာတစ်ခုဖြစ်လာနိုင်သည်။

08/04/2014
အသဲပုံရေကန် ခေါ် ရိဒ်ရေကန်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ဒေသဖြစ်သော ချင်းပြည်နယ်ရှိ ကလေးမြို့မှတီးတိန်မြို့သို့ မိုင်၆...
07/04/2014

အသဲပုံရေကန် ခေါ် ရိဒ်ရေကန်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ဒေသဖြစ်သော ချင်းပြည်နယ်ရှိ ကလေးမြို့မှတီးတိန်မြို့သို့ မိုင်၆၀၊ တီးတိန်မြို့မှ ဖလန်းမြို့သို့ ၃၂မိုင်အကွာတွင်တည်ရှိသည်။ အမြင့်ပေ ၁၉၀၀ကျော်သော တောင်တန်းပေါ်တွင်တည်ရှိပြီး ပတ်လည်အကျယ် ၂.၅မိုင်ရှိသော တောင်ပေါ် ရေကန်တစ်ခုဖြစ်သည့် ထိုရေကန်သည် ချင်းလူမျိုးများ၏ ထူးခြားအံ့သြဖွယ်ရာ ဒဏ္ဍာရီဆန်သော ရာဇ၀င်များ၊ ယုံကြည် စွဲလမ်းမှုများ၊ အမြတ်တနိုး တန်ဖိုးထားမှုများနှင့် ပြည့်နှက်နေသည့် စိတ်ဝင်စားဖွယ်ရာ ကန်ကြီးတစ်ကန်ဖြစ်သည်။ ရိဒ်ရေကန်သည် ရိဒ်နတ်မင်းကြီး ကိုယ်စားပြု ခေါ်ဝေါ်ခြင်းဖြစ်ပြီး ရိဒ်နတ်မင်းစံစားရာ ရေအိုင်ဟုအဓိပ္ပါယ်သည်။ ရိဒ်ရေကန်သည် ကမ္ဘာပေါ်ရှိ ရေကန်များအနက် သဘာဝအတိုင်းဖြစ်ပေါ်နေသော အသဲပုံသဏ္ဍာန်ရှိသည့် တစ်ခုတည်းသော ရေကန်ကြီးဖြစ်သည့်အတွက် ယခုအခါတွင် မြန်မာလူမျိုးများသာမက ကမ္ဘာကပါစိတ်ဝင်စားခြင်းခံရသော အလွန်သာယာ လှပသည့်ရေကန်ဖြစ်သည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ အထက်ပိုင်း တောင်ပေါ်ဒေသဖြစ်သည့်အလျောက် ထိုရေကန်သို့ သွားရာတွင် အမြင့်ပေငါးထောင်ကျော်ခန့်ရှိသော တောင်ကြီးများကို ဖြတ်ကျော်၍ သွားရမည်သာ ဖြစ်သည်။ ထိုရေကန်ကြီးတွင် ထူးဆန်းသော သမိုင်းဒဏ္ဍာရီများ ရှိသည့်အလျောက် ချင်းလူမျိုးတို့သည် ပွင့်လင်းရာသီရောက်သည့် အခါတိုင်း ရိဒ်ရေကန်ကြီး သို့လာရောက်လည်ပတ်ကာ ရက်လည်၊ နှစ်လည်ကဲ့သို့သော နာရေးပွဲများ ပြုလုပ်လေ့ရှိသည်။ အိန္ဒိယလူမျိုးများ သည်လည်း ၄င်းတို့၏ ဘိုးဘေးဘီဘင်များ ထိုရေကန်တွင်စံပျော်နေသည်ဟု အစွဲရှိ၍ နှစ်စဉ်ထိုနေရာသို့ လာရောက်လည်ပတ်ကြသည်။ ထိုရေကန်၏ ထူးခြားချက်မှာ ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့တွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ်(၃)ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်းတွင် ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပြီး ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်န၀ါရီလဆန်းကဲ့သို့သော ဆောင်းနှင်းထန်သည့်ကာလများတွင် ကန်ရေပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ထူးဆန်းအံ့သြဖွယ်တို့နှင့် ပြည့်နှက်နေသော ထိုရေကန်ကြီးသည် ယခုအခါတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းတာအနေဖြင့် လူသိမများသေးသော်လည်း မကြာမီကမ္ဘာလှည့် ခရီးသွားဧည့်သည်များအတွက် အထူးစိတ်ဝင်စားစရာနေရာ တစ်ခုဖြစ်လာမည်ဖြစ်သည်။

Address

Yangon
11062

Alerts

Be the first to know and let us send you an email when Myanmar Royal Land Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Royal Land Travels & Tours:

Share

Category