KahRie - ခရီး

KahRie - ခရီး Sports and Eco based travel services provider in Myanmar. As our slogan "Unfold the Wild", let's explore the nature of Myanmar.

Backpacking ထွက်တဲ့အခါ တစ်ယောက်တည်းသွားတာနဲ့ အဖွဲ့နဲ့သွားတာရဲ့ကြား ရွေးချယ်ရခက်ဖူးကြတယ်မလား...? တကယ်တော့ ဒီပုံစံနှစ်မျို...
19/08/2026

Backpacking ထွက်တဲ့အခါ တစ်ယောက်တည်းသွားတာနဲ့ အဖွဲ့နဲ့သွားတာရဲ့ကြား ရွေးချယ်ရခက်ဖူးကြတယ်မလား...?

တကယ်တော့ ဒီပုံစံနှစ်မျိုးစလုံးက ပေးတဲ့ feeling နဲ့ အတွေ့အကြုံချင်း လုံးဝ မတူပါဘူး။
ဒီတစ်ခေါက်မှာတော့ KahRie တို့ ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးတွေကတစ်ဆင့် Solo နဲ့ Group Backpacking ဘာတွေကွာခြားလဲဆိုတာ မျှဝေပေးချင်ပါတယ်...

🎒 Solo Backpacking ထွက်ခဲ့စဉ်က ခံစားချက်...

🔴 လမ်းပျောက်တာ၊ မိုးမိတာကအစ ကိုယ်တိုင်ပဲ ချက်ချင်း ဆုံးဖြတ်ပြီး ဖြေရှင်းရတာမို့ တစ်ခါတလေ စိုးရိမ်စိတ်လေးတော့ ရှိတတ်ပါတယ်။

🔴 တိတ်ဆိတ်တဲ့ တောတောင်ထဲမှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့အခါ အတွေးတွေရှင်းသွားပြီး ကိုယ့်ရဲ့ Outdoor Skills နဲ့ ယုံကြည်မှုတွေ အများကြီး တိုးလာစေပါတယ်။

🟢 နောက်တစ်ချက်အနေနဲ့ကတော့ ပင်ပန်းရင် နားချင်တဲ့အချိန်နားလို့ရပြီး ကိုယ်နေချင်တဲ့နေရာမှာ အချိန်အကြာကြီး နေချင်သလောက်နေ... ဘယ်သူ့ pace ကိုမှ လိုက်ညှိစရာမလိုတာကြောင့် အေးအေးဆေးဆေး တစ်ယောက်တည်းသမားတွေကတော့ Solo Backpacking ကိုရွေးကြတာပါ။

👥 Group Backpacking သွားခဲ့စဉ်က ခံစားချက်…

🔴 လူအများနဲ့ သွားတဲ့အခါ ညှိနှိုင်းရတာတွေရှိတဲ့အလျှောက်
တစ်ယောက်ချင်းစီရဲ့ လမ်းလျှောက်နှုန်း၊ အကြိုက်နဲ့ စိတ်ခံစားချက်တွေ မတူကြတဲ့အခါ အချင်းချင်း နားလည်ပေးဖို့နဲ့ အပေးအယူလုပ်ဖို့တော့ လိုအပ်ပါတယ်။

🟢 လမ်းကြမ်းကြမ်းတွေကို အတူဖြတ်ကျော်ရင်း ခရီးတစ်လျှောက် စနောက်တာတွေ၊ ညဘက် Camp Fire ဘေးမှာ အတွေ့အကြုံတွေ ဖလှယ်ရတာက တကယ့်ကို အမှတ်တရပါပဲ။

🟢 Tent တွေ၊ ချက်ပြုတ်စရာ အိုးခွက်တွေကို အတူခွဲသယ်နိုင်တာကြောင့် ပခုံးပေါ်က ဝန်ပေါ့သွားသလို၊ အရေးပေါ်အခြေအနေမျိုးမှာလည်း တစ်ယောက်လက်ကို တစ်ယောက် ဆွဲခေါ်ပေးနိုင်ပါတယ်။

KahRie တို့ရဲ့ Hiking Buddies တို့ရော ကိုယ်တိုင်သွားဖူးတဲ့ အတွေ့အကြုံအရ Solo ရဲ့ လွတ်လပ်မှုကို ပိုကြိုက်လား၊ ဒါမှမဟုတ် မတူညီတဲ့လူတွေအများကြီးနဲ့ ရင်းနှီးခွင့်ရတဲ့ Group Backpacking ကို ပိုသဘောကျကြလား?

ကောမန့်မှာ အတွေ့အကြုံလေးတွေ ပြောပြခဲ့ဦးနော်... ✨

Unfold the wild
Team KahRie

📌 ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို အမြဲတမ်း မျှဝေပေးနေတာမို့ KahRie Page ကို Like & Follow လုပ်ထားလိုက်ပါ။ ✨

#မြန်မာ့တောင်တက် #ခရီးသွား

18/08/2026

🌲 ကလောမှာ လမ်းလျှောက်တဲ့ trekking အပိုင်းလေး ဖြစ်ပါတယ်။
🌲 သဘာဝရဲ့အရသာကို ခံစားပါ။
Unfold the Wild
KahRie - ခရီး

17/08/2026

🌲 ကလောဟာ နေ့ခင်းမှာ ဘယ်လောက်ပူပူ ညဖက်တွေကတော့ သူ့တာဝန်မပျက်တမ်း အေးဆဲပါပဲ...
🌲ကလောရဲ့ ညခင်းမှာ ကိုယ်တွေရဲ့ တညတာတည်းတဲ့ ပလောင်ရွာလေးမှာ ညစာစားပြီးရင် မီးဖိုပြီး ဝိုင်းဖွဲ့စကားပြောကြတာဟာလည်း အရသာပါပဲ.
တနေကုန် အတွေ့အကြုံတွေမျှဝေရင်း မီးလှုံကြတာပေါ့...
နွေးထွေးစွာဖြင့်
KahRie - ခရီး
"Unfold the Wild"

15/08/2026

🌲 ကလောခရီးကိုသွားတဲ့အခါ... တချိန်လုံးလမ်းသွားလျှောက်တာလားဆိုရင် ဘယ်ဟုတ်မလဲနော..
ခုလိုမျိုး မိတ်ဆွေသစ်တွေရပြီး စိတ်လက်ပေါ့ပါးစွာ ညတွေကို ဖြတ်ကျော်ရင်း ဘဝအမောတွေကို ခေတ္တခဏဖြေဖျောက်ကြရတာပေါ့။
မနက်ပိုင်းမှာ - ကျွန်တော်တို့ဟာ စိတ်နဲ့ခန္ဓာကြံ့ခိုင်ဖို့ ကျန်းမာဖို့အတွက် Trekking လျှောက်တယ် သဘာဝရဲ့ Energy ကိုယူတယ်..
ညဖက်မှာတော့ - ခုလိုပေါ့ပါးစွာနဲ့ အဓိပ္ပါယ်ရှိတဲ့ ညလေးတွေကို မိတ်ဆွေတွေနဲ့ ကုန်ဆုံးကြတာပါ။
🥾 KahRie နဲ့အတူ ခရီးတွေတူတူသွားရင်း ဘဝအမောတွေဖြေဖျောက်ရအောင်ပါ.. Let's Go
👉 လာမယ့် August 28 မှာ ကလောခရီးလေးရှိလို့ စာရင်းသွင်းနိုင်ပါပြီ။
နွေးထွေးစွာဖြင့်
KahRie-ခရီး
"unfold the wild"


12/08/2026

🥾🌲 ကလောကိုသွားတဲ့ အခါ ရေအေးကန်ဟာလည်း မသွားမဖြစ်သွားသင့်တဲ့ Trekking ချစ်သူတိုင်း ရောက်တဲ့နေရာပါ။
🌲 ဒီရေအေးကန်ကြီးဟာ တကယ်တော့ ကလောရဲ့ အသက်သွေးကြောဖြစ်ပြီး အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ပေးထားကာ ကလောကို ရေပေးနေတာဖြစ်ပါတယ်။
🌲 ပူပြင်းတဲ့ကာလမှာတင်မကပဲ ရေကို အဆင့်ဆင့် သိုလှောင်ပြီး ပေးဝေနေတာမို့ ကလောဟာ ပူပြင်းပေမယ့် ရေအမြဲရှိနေပြီး မြို့ကိုရေမပြတ်အောင် ဖန်တီးထားတာမျိုးပေါ့.
🌲ပတ်ဝန်းကျင်ဟာလှပပြီး ဒီကနေဆက်သွားရင် ကလောရဲ့ View Point ကိုရောက်ရှိပြီး မြို့ကို ပြန်သွားလို့ရမှာပါ။
ကဲ KahRie နဲ့အတူ သဘာဝထဲတိုးဝင်လိုက်ရအောင်ပါ။
🥰August 28 အတွက် စာရင်းသွင်းနိုင်ပါပြီ... See U!
နွေးထွေးစွာဖြင့်
KahRie - ခရီး
"Unfold the Wild"

11/08/2026

🌲 ကလောမှာ ကျွန်တော်တို့ ဒီလို လှိုဏ်ခေါင်းတွေကိုလည်း ဖြတ်ပြီး သွားတာပါပဲ.
🥾 ခုလိုအုပ်စုဖွဲ့ပြီး အေးအေးဆေးဆေး လမ်းေလျှာက်ကြတာမျိုးေပါ့ ..
🌲 ရာသီဉတု မပူမအေးလေးနဲ့ ကလောရဲ့နေ့ခင်းဟာ နေလို့ကောင်းပါတယ်။
ကဲပါ.. ခုကမိုးရာသီ ရေလည်းကျနေပြီမို့ မိုးရာသီအလှတွေကို KahRie နဲ့တူတူသွားရင်း မြို့ပြမွန်းကြပ်မှုကို ဖြေဖျောက်ရ အောင်ပါ။
နွေးထွေးစွာဖြင့်
KahRie - ခရီး

တောင်တက်တဲ့အခါ ရေငတ်လို့ ရေသောက်ရုံနဲ့တင် အဆင်ပြေပြီလား...!? 💧တောင်တက်ခရီးလမ်းမှာ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကျမသွားဖို့...
10/08/2026

တောင်တက်တဲ့အခါ ရေငတ်လို့ ရေသောက်ရုံနဲ့တင် အဆင်ပြေပြီလား...!? 💧

တောင်တက်ခရီးလမ်းမှာ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကျမသွားဖို့နဲ့ ကျန်းမာဘေးကင်းဖို့အတွက် "ရေဓာတ်ပြည့်ဝနေဖို့" ဆိုတာ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်လို့ ရေဆာမှ ရေသောက်တာမျိုးထက် ရေဓာတ်မခမ်းခြောက်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်နော်။

ဒီတစ်ခေါက်မှာတော့ KahRie တို့နဲ့အတူ တောင်တက်ရင်း ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ အန္တရာယ်တွေနဲ့ စနစ်တကျ ရေသောက်နည်းလေးတွေကို လေ့လာကြည့်ရအောင်…

တောင်တက်စဉ် ရေဓာတ်ခမ်းခြောက်တဲ့အခါ -

🔴 ရေဓာတ်လျော့နည်းသွားတာနဲ့အမျှ ဦးနှောက်ဆီ စီးဆင်းတဲ့ သွေးပမာဏ နည်းသွားပြီး ခေါင်းကိုက်တာ၊ မူးဝေတာတွေကို စတင်ခံစားရတတ်ပါတယ်။

🔴 ရေဓာတ်နဲ့အတူ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့အခါ ခြေသလုံးနဲ့ ပေါင်ကြွက်သားတွေ တောင့်တင်းပြီး ကြွက်တက်လာတတ်ပါတယ်။

🔴 ရေဓာတ် ၂% လောက် လျော့နည်းသွားရုံနဲ့တင် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်နဲ့ သက်လုံတွေ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။

🔴 ရေဓာတ်ခမ်းခြောက်မှု ပြင်းထန်လာရင် ခန္ဓာကိုယ်က အပူချိန်ကို မထိန်းချုပ်နိုင်တော့ဘဲ အသက်အန္တရာယ်ရှိတဲ့အထိ စိုးရိမ်ရပါတယ်။

အပေါ်ကအချက်တွေကို ကြိုတင်ကာကွယ်ဖို့အတွက် -

🟢 တောင်မတက်မီ ကြိုတင်ရေသောက်ပါ
တောင်မတက်ခင် နာရီပိုင်းအလိုမှာ ရေသန့်ဗူးတစ်ဗူးခွဲခန့် ကြိုသောက်ထားပါ။ တောင်စတက်ကတည်းက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။

🟢 နည်းနည်းနဲ့ မကြာမကြာ သောက်ပေးပါ
တစ်ခါတည်းနဲ့ ရေအများကြီး သောက်တာထက် (၁၅) မိနစ်ကနေ မိနစ် (၂၀) အတွင်း ရေကိုနည်းနည်းချင်းနဲ့ အကြိမ်ရေများများသောက်ပေးမယ်ဆို ရေဓာတ်ကို အထိရောက်ဆုံး စုပ်ယူနိုင်မှာပါ။

🟢 ဓာတ်ဆား (Electrolytes) ဖြည့်တင်းပါ

(၁) နာရီထက် ပိုကြာနိုင်တဲ့ တောင်တက်ခရီးတွေမှာ ချွေးနဲ့အတူ ပါသွားတဲ့ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်တွေကို ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည် သို့မဟုတ် Hydration Tablets တွေ ရေထဲထည့်သောက်ပေးပါ။

🟢 ရာသီဥတုအလိုက် ရေသောက်ပါ

အေးတဲ့ ရာသီဥတုမှာတောင် ရှူထုတ်လိုက်တဲ့ အငွေ့တွေကြောင့် ရေဓာတ်ဆုံးရှုံးနိုင်တာဖြစ်လို့ ပူအိုက်တဲ့နေ့တွေမှာဆိုရင်တော့ ပုံမှန်ထက် ရေကို နှစ်ဆပို‌သောက်သင့်ပါတယ်။

KahRie တို့ရဲ့ Hiking Buddies တို့လည်း နောက်တစ်ခေါက် ခရီးထွက်တဲ့အခါ ရေဓာတ်မခမ်းခြောက်ရအောင် စနစ်တကျ ပြင်ဆင်သွားကြဖို့ မမေ့နဲ့နော်။ 🎒✨

Unfold the wild
Team KahRie

📌 ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို အမြဲတမ်း မျှဝေပေးနေတာမို့ KahRie Page ကို Like & Follow လုပ်ထားလိုက်ပါ။ ✨

#မြန်မာ့တောင်တက် #ခရီးသွား

🔥 ကလောရဲ့ ညချမ်းတွေဟာ အေးချမ်းလှပါတယ်။ ,🌲 ညဖက်တွေမှာဆိုရင် တောင်ပါ်က ပလောင်ရွာလေးဟာ အမြဲ တထောက်နားခိုရာနေရာလေးပါပဲ။ ဒေသထ...
10/08/2026

🔥 ကလောရဲ့ ညချမ်းတွေဟာ အေးချမ်းလှပါတယ်။
,
🌲 ညဖက်တွေမှာဆိုရင် တောင်ပါ်က ပလောင်ရွာလေးဟာ အမြဲ တထောက်နားခိုရာနေရာလေးပါပဲ။ ဒေသထွက် လက်ဆတ်တဲ့ အသီးအနှံတွေနဲ့ အရွက်သုတ်တွေဟာ ဘာနဲ့မှ မလဲနိုင်အောင် အရသာတွေ့လှပြီး အစားအသောက်တွေကလည်း တစ်ပန်းကန်ပြီး တစ်ပန်းကန်ကို စားနိုင်လှလို့ ကိုယ့်ဗိုက်ကို အံ့သြမိပါတယ်။
🔥 ညစာစားပြီးရင်တော့ အပြင်ထွက်ပြီး မီးပုံလေးနား ဝိုင်းထိုင် စကားလေးပြောကြ အတွေ့အကြုံတွေမျှဝေကြရင်း ကောင်းကင်သာတဲ့နေ့တွေမှာ ကြယ်တွေကို ရေတွက်ရတာဟာလည်း မြို့ပြမှာမရနိုင်တဲ့ အရသာပဲမလား..?
🔥🌲 ဒါတွေကပဲ ဒီခရီးကို စီစဉ်ဖြစ်ရတဲ့ အကြောင်းတွေပါပဲ..
🥾 ကလောခရီးကနေကြိုဆိုပါတယ်။
နွေးထွေးစွာဖြင့်
KahRie - ခရီး
"Unfold the Wild"



07/08/2026

🌲ကလောမှာ 🥾တောတိုးတာ ဒီလိုမျိုးလေးပေါ့.
✅ အေးချမ်းတယ်..
✅စိတ်လှုပ်ရှားဖို့ကောင်းတယ်
✅ကျန်းမာရေးနဲ့ညီညွတ်တယ်
✅မိတ်ဆွေသစ်တွေရတယ်
ဘာလိုသေးမလဲ? လိုအပ်တာက သင့်ရဲ့စိတ်ပါပဲ ကိုယ့်ကိုယ်ကို မွန်းကြပ်အောင်မနေပါနဲ့ Energy တွေနဲ့ပြည့်ဝအောင် သဘာဝထဲကို တိုးဝင်ကြည့်လိုက်၊ ချွေးတွေထွက်လိုက်ပါ.. ကျွန်တော်တို့ ပြောရဲတယ် KahRie နဲ့တူတူသွားရင်း အမှတ်တရတွေ ကျန်နေမယ်ဆိုတာ....
နွေးထွေးစွာဖြင့်
KahRie - ခရီး
"Unfold the Wild"

Camping သွားရင် အမှိုက်ကို ဘယ်လို စနစ်တကျ စွန့်ပစ်ကြမလဲ? 🏕️ "ခြေရာကလွဲလို့ ဘာမှ မချန်ခဲ့နဲ့" ဆိုတဲ့အတိုင်း သဘာဝကို ချစ်တ...
06/08/2026

Camping သွားရင် အမှိုက်ကို ဘယ်လို စနစ်တကျ စွန့်ပစ်ကြမလဲ? 🏕️

"ခြေရာကလွဲလို့ ဘာမှ မချန်ခဲ့နဲ့" ဆိုတဲ့အတိုင်း သဘာဝကို ချစ်တဲ့ Kha Rie တို့ ဘော်ဒါတွေအတွက် အမှိုက်ရှင်းရတာ လွယ်သွားစေမယ့် Leave No Trace နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

✅ မထွက်ခင်ကတည်းက ကြိုရှင်းခဲ့ပါ
မလိုအပ်တဲ့ ပလတ်စတစ်တွေကို အိမ်မှာတင် ချန်ခဲ့ပြီး အစားအသောက်တွေကို ပြန်သုံးလို့ရတဲ့ ဘူးတွေနဲ့ ထည့်သွားရင် အမှိုက် ပေါ့သွားပါလိမ့်မယ်။
အမှိုက်စွန့်ပစ်ဖို့အတွက်လည်း ခိုင်ခံ့တဲ့ အမှိုက်အိတ် ခပ်ကြီးကြီး (၃) အိတ်လောက် အပိုဆောင်သွားရင် သိမ်းဆည်းရ ပိုလွယ်သွားမှာပါ။

✅​ အမှိုက်ကို ခွဲထည့်ပါ

ပလတ်စတစ်၊ စက္ကူနဲ့ ဘူးခွံလို အမှိုက်ခြောက်တွေကို သီးသန့်အိတ်တစ်အိတ်ထဲ စုထည့်ပါ။
စားကြွင်းစားကျန်လို အမှိုက်စိုတွေကိုတော့ တောထဲ လျှောက်မပစ်ဘဲ လေလုံတဲ့ ဘူး သို့မဟုတ် အိတ်ထဲ သီးသန့် ထည့်သိမ်းပါ။

✅ ဒါတွေကို လုံးဝ မလုပ်ပါနဲ့

​ပလတ်စတစ်တွေကို မီးလုံးဝမရှို့ပါနဲ့။
မီးရှို့ရင် ထွက်လာတဲ့ အဆိပ်ငွေ့က သဘာဝလေထုရော ကိုယ့် အဆုတ်ကိုပါ ထိခိုက်စေပါတယ်။
​မြေမြှုပ်ခဲ့ရင်လည်း တောကောင်တွေ ပြန်တူးဆွပြီး စားနိုင်တာကြောင့် အန္တရာယ်ဖြစ်စေတတ်ပါတယ်။

​✅ အိမ်အထိ ပြန်သယ်ခဲ့ပါ

​ကိုယ်နေခဲ့တဲ့ Camp ပတ်ပတ်လည်ကို အမှိုက်စ မကျန်အောင် သေချာပြန်စစ်ပြီး… စုထားတဲ့ အမှိုက်အိတ်တွေကို အိမ်အထိ စနစ်တကျသယ်လာခဲ့ပါ။

"𝐔𝐧𝐟𝐨𝐥𝐝 𝐭𝐡𝐞 𝐰𝐢𝐥𝐝"
နွေးထွေးစွာဖြင့်
Team KahRie

​📌 တာဝန်ယူမှုရှိတဲ့ ခရီးသွားတစ်ယောက်ဖြစ်ဖို့နဲ့ သဘာဝနဲ့ ပတ်သက်တဲ့ Hiking Tips တွေကို အမြဲ မျှဝေပေးနေတာမလို့ Kha Rie Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်✨

​ #ခရီးသွား

Address

Yangon
11091

Website

Alerts

Be the first to know and let us send you an email when KahRie - ခရီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share