Mekong & Beyond Travels & Events

Mekong & Beyond Travels & Events We are offering tour trips to the Tourist Hotspots across Burma/Myanmar.

ဆိုင်လေးစဖွင့်ကတည်းက Menuလေးမှာ စျေးလေးတွေကပ်ထားခဲ့တယ်ကုန်စျေးနူန်းတွေဘယ်လောက်ပြောင်းပြောင်း ကိုယ်ဆိုင်က စျေးလေးတွေးမပြေ...
30/05/2024

ဆိုင်လေးစဖွင့်ကတည်းက Menuလေးမှာ စျေးလေးတွေကပ်ထားခဲ့တယ်
ကုန်စျေးနူန်းတွေဘယ်လောက်ပြောင်းပြောင်း ကိုယ်ဆိုင်က စျေးလေးတွေးမပြောင်းရဖို့ ကျားကန်ထားခဲ့တာပဲ
ခုတော့
ခရမ်းချဉ်သီးလို ဂေါ်ဖီထုပ်လိုအခြေခံကုန်စျေးတွေကအစ မေးလိုက်တာနဲ့မျက်ဖြူစိုက်မတက်အရမ်းပြောင်းလဲလာလွန်းလို့
ကျမဆိုင်ကစျေးလေးတွေ အချိန်တစ်ခုအခိုက်အတန့်အတွင်း အနည်းငယ်အပြောင်းအလဲလေးရှိမယ်နော်

နားလည်ပေးပါရှင့်🙏🙏🙏

ဘယ်လောက်ပူပူ အပင်ရိပ်လေးတွေရှိတော့အေးတယ်ပန်းလေးတွေကလဲမွှေးတယ်ဒါလဲ ကျမအတွက်တော့သက်ရှည်ကျန်းမာခြင်းအထောက်အပံ့တစ်ခုပေါ့💖💖💖💖...
30/04/2024

ဘယ်လောက်ပူပူ
အပင်ရိပ်လေးတွေရှိတော့အေးတယ်
ပန်းလေးတွေကလဲမွှေးတယ်

ဒါလဲ ကျမအတွက်တော့သက်ရှည်ကျန်းမာခြင်းအထောက်အပံ့တစ်ခုပေါ့💖💖💖💖💖

အာမေးနီးယား - Armenia 🇦🇲 အာမေးနီးယား နိုင်ငံကလဲ တချို့က ခုမှ ကြားဖူးတယ် ဆိုပေမယ့် စိတ်ဝင်စားစရာတွေ အပြည့်နဲ့ နိုင်ငံလေးတ...
24/08/2021

အာမေးနီးယား - Armenia 🇦🇲

အာမေးနီးယား နိုင်ငံကလဲ တချို့က ခုမှ ကြားဖူးတယ် ဆိုပေမယ့် စိတ်ဝင်စားစရာတွေ အပြည့်နဲ့ နိုင်ငံလေးတစ်ခုပါ။

ပထမ ကမ္ဘာစစ်တုန်းက အိမ်နီးချင်း တူရကီတွေက လူမျိုးတုံးသတ် Genocide လုပ်ခဲ့ကြတာ အာမေးနီးယန်း လူမျိုး ၁ သန်း ကျော် သေခဲ့ရတယ်

ဒါပေမယ့် ခက်ခက်ခဲခဲ ပြန် ရှင်သန်ပြီး အာမေးနီးယား နိုင်ငံကို ပြန်ထူထောင်ခဲ့ကြတယ် ။

မြန်မာပြည် အင်းဝ ခေတ် မင်းနေပြည်တော်မှာ အာမေးနီးယန်း လူမျိုးတွေ ရာနဲ့ချီ တာဝန်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းတွေ လဲရှိပါတယ်။ အာမေးနီးယန်းတွေဟာ ရန်ကုန် - မန္တလေးနဲ့ အမရ ပူရ မှာ ကုန်သည်တွေ , စီးပွားရေး လုပ်ငန်းရှင်တွေ အဖြစ်နဲ့ နေထိုင်ခဲ့ကြတယ်

၁၇ ရာစုမှာ ရေကြောင်း ခရီးနဲ့ သံလျှင်ကနေ အာမေးနီးယန်း ကုန်သည်တွေ ဝင်ရောက်လာခဲ့ကြတယ်။မြန်မာ ပြည်နဲ့ အစောဆုံး ထိတွေ့ဖူးတဲ့ ဥရောပ လူမျိုးတွေမှာ ပေါ်တူဂီ ပြီးရင် အာမေးနီးယန်း တွေပါပဲတဲ့။

ရန်ကုန်မြို့က စထရင်း Strand Hotel က အာမေးနီးယန်း ညီအကို ၂ ယောက်က တည်ဆောက်ခဲ့ကြတာပါ။

ရန်ကုန်က ဗိုလ်အောင်ကျော် လမ်းနဲ့ ကုန်သည်လမ်းထောင့်က အာမေးနီးယန်း တွေရဲ့ ဘာသာရေး အဆောက်အဦ ဖြစ်တဲ့ အော်သိုဒေါစ့်ဘုရားကျောင်းကြီးကို ကြည့်ရင် ရန်ကုန်မြို့မှာ တချိန်က အာမေးနီးယန်း တွေ နေထိုင်ခဲ့ဖူးတာ သိပါလိမ့်မယ်

အာမေးနီးယား နိုင်ငံက မွတ်စလင်နိုင်ငံတွေကြားထဲ နယ်မြေချင်းထိစပ်ပြီး လူမျိုးတုံးသတ်ခံရ, ကျူးကျော်ခံရ တာတွေ ကြုံခဲ့ရပေမယ့် ခရစ်ယာန် ဘာသာ ကိုပဲ ကိုးကွယ်တဲ့ နိုင်ငံအဖြစ် ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်။ ရှေးကျလွန်းတဲ့ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းကြီးတွေ အာမေးနီးယားမှာ တွေ့နိုင်ပါတယ်။

ဒေါက်တာ ဆာဆာ ဟာ အိန္ဒိယကတဆင့် အာမေးနေးယား ကိုရောက်ပြီး ဆေးကျောင်းတက်ခဲ့တယ်။ အာမေးနီးယန်း ဘုန်းတော်ကြီး တစ်ပါးက လန်ဒန်ကို ပို့ပေးခဲ့ပါတယ်။

ကော့ကေးဆပ် တောင်တန်းတွေကြားက အာမေးနီးယား နိုင်ငံလေး ကို အခြေအနေ ပေးတဲ့တနေ့ တခေါက်လောက်တော့ သွားလည် ကြပါ။

နေစရိတ် စားစရိတ် လဲ အတော်သက်သာပြီး ဒေသခံတွေက ဖော်ရွေ တတ် ဧည့်သည်ကို ကူညီ တတ်ကြတဲ့ လူမျ်ုးတွေပါ။

ကျွန်မလဲ တစ်ရက်တော့ ရောက်အောင် သွားလည်ဦးမယ့် နိုင်ငံလေးပါ။

Crid

အခုတစ်လော လူတွေစိတ်ဝင်စားမူများနေတဲ့ကျွန်းနိုင်ငံလေး
03/07/2021

အခုတစ်လော လူတွေစိတ်ဝင်စားမူများနေတဲ့ကျွန်းနိုင်ငံလေး

ပါပူအာနယူးဂီနီ နိုင်ငံ ဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိ.....

အခုဒီမြို့လေးထဲမှာကျမရောက်နေပါတယ်။လုံခြုံရေးအတွက်တာဝန်ယူမူတာဝန်ခံမူမရှိပါဘူးတဲ့။ ကိုယ်ပိုင်ကားနဲ့အပြင်ထွက်ရပြီး ကိုယ့်အတ...
15/06/2021

အခုဒီမြို့လေးထဲမှာကျမရောက်နေပါတယ်။
လုံခြုံရေးအတွက်တာဝန်ယူမူတာဝန်ခံမူမရှိပါဘူးတဲ့။ ကိုယ်ပိုင်ကားနဲ့အပြင်ထွက်ရပြီး ကိုယ့်အတွက်စိတ်ချရတဲ့နေရာကစူပါမားကတ်တွေနဲ့ဘဏ်ဘဲရှိပါတယ်ဆိုတဲ့မြို့လေးလေ။
ပင်လယ်ပြင်ကြီးကပတ်လည်ဝိုင်းထားပြီး ဟိုးဝေးဝေးတောင်ထွဠ်တွေရဲ့တစ်ဝက်ကို တိမ်လွင့်လွင့်တွေက နှစ်ဆယ့်လေးနာရီလွမ်းခြုံထားတဲ့မြို့။ ပင်လယ်ကူးသဘောင်္ကြီးတွေကုန်တင်ကုန်ချလုပ်ကြတဲ့မြို့၊ မပူလွန်းမအေးလွန်းဘူး အပြင်ထွက်ခွင့်လဲမရှိဘူး။ ပြီးတော့ လူတန်းစားနှစ်ရပ်လဲ မညီမျှကြဘူး။ ပညာမဲ့လူတန်းစားတစ်ရပ်က ခြေဖဝါးဖလာနဲ့ လမ်းတွေပေါ်မှာ တစ်နေကုန်သွားနေကြတဲ့မြို။့ ဒေသခံတွေက လုပ်ခလစာအနည်းငယ်အတွက် နိုင်ငံခြားသားမှန်သမျှကို ဘုရင်လိုကိုးကွယ်နေကြရတဲ့မြို့။
သူတို့မသိတာတစ်ခုက သူတို့နိုင်ငံက မြေကြီးကရွှေသီးနေတယ်ဆိုတဲ့အဖြစ်။ ဘာစိုက်စိုက်အသီးတိုင်းကချိုပြီး အရည်တွေရွန်းနေတယ်၊ သူတို့မြေကြီးရဲ့အောက်မှာ ရွှေတွင်းတွေရှိတယ် ပင်လယ်ပြင်ကြီးမှာ ငါးပုစွန်နွေအကြိုက်ပေါများနေပြီး တောတောင်ရူခင်းတွေက မြင်တဲ့လူတိုင်းကို မျက်စိကျသွားလောက်အောင် သက်ဝင်လှူရှားနေတဲ့ ပန်ချီကားတစ်ချပ်လို့နေရာမှာ သူတို့နေကြတယ်ဆိုတာလေးတစ်ခုဘဲ သူတို့မရိပ့်မိတာ။
ပညာမဲ့လူတန်းစားများပြီး အလုပ်အကိုင်ရှားပါးလွန်းလို့ လုပ်သမျှအကျိုးခံစားခွင့် နည်းပါးစွာရတဲ့ဘဝမို့ နိုင်ငံခြားသားတွေဆီက ရသမျှခိုးမယ် ဝှက်မယ်ဆိုတဲ့စိတ်အခြေခံတွေက ဆင်းရဲလွန်းလို့ ပညာမဲ့လို့ အသိပည်ာအတက်ပညာရှားပါးလွန်းလို့ ဖြစ်တည်လာတဲ့မြို့ခံအချို့တစ်ဝက်ဆိုမှာတွေနေရပါတယ်။
အရာရာကိုစူးဆန်းတက်တဲ့ကျမ သေခြာသိနေမြင်နေရတာတစ်ခုက အသားမဲမဲရုပ်ဆိုးဆိုးနဲ့ အဲ့လိုလူတွေမှ ဖြူစင်တဲ့သွားတွေတင်မကပါဘူး ဖြူစင်တဲ့ အလိုလောဘတည်းတဲ့ မကောက်ကျစ်တက်တဲ့ ကူညီချင်တက်တဲ့ ရိုးသားတဲ့အရင်းခံစိတ်ကလေးတစ်ခု ရှိနေသေးတယ်။
နောက်ထပ်စပ်စုလို့ရရင် ကျွန်းသေးသေးလေးက အနှစ်ငါးဆယ်လောက် ခေတ်နောက်မှာကျန်နေသေးတဲ့လူတန်းစားတစ်ရပ်အကြောင်း ဖောက်သယ်ချပြအုံးမယ်နော်
မေချို

ထိုင်းစာလေး
04/06/2021

ထိုင်းစာလေး

17/11/2017

Matterport 3D Showcase

10/10/2017
14/09/2017

မိုးကုန်ပြီး ခရီးသွားလို့ကောင်းတဲ့ ရာသီရောက်တော့မယ်နော်
ဘယ်ခရီးတွေသွားဖို့အစီအစဉ်ရှိကြလဲ

Address

R-305, B-3, 8 Miles, Myaing Hay Wun Estate, Mayangone Township
Yangon
11062

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 14:00

Alerts

Be the first to know and let us send you an email when Mekong & Beyond Travels & Events posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category